ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁၇)‎

‎သာမညတေးထပ်‎‎

ပဓာနကာရန်ကိုးချက်မှာ တလုံးချင်းပဲ ကာရန်ယူပြီး ‎ဝမ်းတွင်းကာရန်တွေ (နဘေ) မယူဘဲ၊ အကွန့်
အတွန့်တွေ မပါဘဲ ‎သာမန် ရိုးရိုး ရေးထားလို့ ‎သာမညတေးထပ်လို့ခေါ်ပါတယ်။ အပေါ်ကပြခဲ့တဲ့ ဇယား‎
ပါအချက်အားလုံးနဲ့ ကိုက်ညီအောင် ‎ရေးလိုက်ရင် သာမညတေးထပ်ကိုရပါတယ်။ သာမညတေးထပ်အ
တွက် ‎ဥပဒေသဆောင်ပုဒ် ‎တေးထပ်တပုဒ်ကို ကြည့်ပါ။ ဇယားထဲ ထည့်ပြပါမယ်။‎‎

‎ဥပဒေသဆောင်ပုဒ် ‎တေးထပ်‎‎

တေးထပ်စာ ဉာဏ်ကွန့် (ဘို့)၊‎
နည်းညွန့်ညွန့် ရေးမည်၊‎
ပဓါန ကာရန်ညီ (အောင်)၊‎
ရေးကြံစည် ကြမြဲ၊‎
ဤနည်းဖြင့် ရှေးဦးစွာ၊‎
ငြိရုံသာ ရေးတတ်ဘို့ခဲ။‎

ထို့နောင်မှ ကာရန်သာ (အောင်)၊‎
ရှာကြံကာ စပ်တွဲ၊‎
အဓိပ္ပာယ် ပါအောင်ဆွဲ (ပါလို့)၊‎
စကားလဲ ကျဉ်းစေ၊‎
ဖတ်ရွတ်ပုံ စည်းသေကျ (လျှင်ဖြင့်)၊‎
တေးနယ တတ်မဲ့ကဝေ။‎

ပိုဒ်ထားနှင့် ဘယ်ညာလေ (မှာ)၊‎
မြဲပုံသေ တည်အကျ (ဟာမို့)၊‎
အာဂုံရ ရှိနမူ၊‎
ရေးတော့ထပ်တူ၊‎
ချင်းတို့ချင်း ကာရန်ယူ (သော်)၊‎
ခေါင်တဆူ ဖြစ်အုန်းလိမ့်လေး။‎

[12+Tayhtat+Sample01_Tharmanya.jpg]


ဒါဆို ဘယ်နေရာတွေမှာကာရန်ယူရမလဲ ဆိုတာလည်း ‎ရှင်းမယ်လို့ ထင်ပါတယ်။ အနက်ရောင် ခြယ်ထား
တဲ့ အကွက်တွေက ‎ပဒါလင်္ကာရတွေ၊ ‎ကြိယာတွေ၊ ဝိဘတ်တွေ ဖြစ်ပါတယ်။ သူတို့ကို သက်ဆိုင်ရာအပိုဒ်
က ကာရန်နဲ့ ဂရု၊ လဟု ‎‎အတူတူ ယူထားကြောင်း သတိပြုပါ။ ဥပမာ - အပိုဒ်-၁၄ မှာ အပိုဒ်ကာရန်က 'ကျ'
 (လဟု) ‎ဖြစ်ပြီး ပဒါလင်္ကာရ ကလည်း ‎‎'ဟာမို့' (လဟု) ပဲဖြစ်ပါတယ်။ အပိုဒ်-၁၇ မှာ အပိုဒ်ကာရန်က ‎‎'ယူ'
 (ဂရု) ဖြစ်ပြီး ပဒါလင်္ကာရ ကလည်း 'သော်' (ဂရု) ‎ပဲဖြစ်ပါတယ်။‎ စလေဦးပုည ရေးတဲ့ သစ္စာတိုင်တေးထပ်
တပုဒ်ကို နမူနာအဖြစ် ဖော်ပြလိုက်ပါတယ်။‎

‎သွေမကွက်ပါနှင့်‎‎
ခိုင်စပယ်ငွေရည်ဥ၊‎
မာလာယုမျက်ခြယ်၊‎
မောင်ဆွဲတဲ့ပုလဲသွယ်ငယ်၊‎
ထယ်တော်လေမူအား၊‎
ဆောင်ညွန့်တဲ့ သဉ္စာကို၊‎
မသေချာစွဲမည်စိတ်ထား။‎

ရွှေစိတ်တော် ခုခါခံသည်၊‎
ဘယ်ဂုဏ်မာန်ထောက်ပွား၊‎
ညာပင်သူမြသားက၊‎
စိမ်းကားမည့်အနေ၊‎
ရွှေဘောတော်သွေမကွက်ပါနှင့်၊‎
စိန်ဘယက် နန်းကြော့ညာမေ။‎

မောင်ကဖြင့် သက်ဝေကို၊‎
ကမ္ဘာလေ အကုန်တိမ်းစေတော့၊‎
‎ယိမ်းပါဘု မောင့်သစ္စာ၊‎
စွဲတဲ့စိတ်မှာ၊‎
ငွေသင်္ခ သော်တာငယ်၊‎
မှန်သေချာပြောလိုက်ပါ့လေး။ ။‎


‎အရိုးခံတေးထပ်‎

အရိုးခံတေးထပ် ကတော့ ‎...‎ ပဓာနကာရန် (၉)ချက် အလုံးစုံတူရပါမယ်။‎ အဲဒီကာရန်တွေရဲ့ရှေ့က ဝမ်း
တွင်းကာရန် (၂) လုံးကိုပါ နဘေကိုက်အောင် အစပ်ကာရန် ‎ယူရပါမယ်။‎ အပိုဒ် (၂) နဲ့ အပိုဒ် (၃) ဟာ
တပိုဒ်လုံး ကာရန်ထပ် (နဘေထပ်) ရပါတယ်။‎ အပိုဒ် (၈) နဲ့ အပိုဒ် (၉) ဟာလည်း တပိုဒ်လုံး ကာရန်
ထပ် (နဘေထပ်) ရပါတယ်။‎ ကျန်တာအားလုံး သာမညတေးထပ်နဲ့ အတူတူပါပဲ။‎ အောက်မှာ ဇယားနဲ့ပြ
ထားပါတယ်။ ဇယားကွက်မှာ ဝမ်းတွင်းကာရန်ယူရမယ့် စာလုံးတွေကို ‎အရောင်တူ ပြထားပါတယ်။

[13+Tayhtat+Template_AyoeKhan.jpg]


အရိုးခံတေးထပ် အတွက် ဥပဒေသဆောင်ပုဒ်တေးထပ် ကို ကြည့်ပါ။‎

[14+Tayhtat+Sample02_AYoeKhan.jpg]

ဒီ ဥပဒေသဆောင်ပုဒ် အရိုးခံတေးထပ်မှာ ပဓာနကာရန် (၉)ချက်ကို စာလုံးနက် နဲ့ ‎စာလုံးစောင်း (Bold &
Italic) နဲ့ ပြထား ပါတယ်။ ‎နဘေထပ်ရမယ့်အပိုဒ်တွေကို အရောင်တူ ‎ပြထားပါတယ်။ တပိုဒ်လုံး နဘေယူ
ရမယ့် လေးပိုဒ် (၂-၃၊ ၈-၉) ကိုတော့ ‎အရောင်ခြယ် ‎‎(Highlight) ပြထားပါတယ်။‎
နမူနာ အရိုးခံတေးထပ်တွေကို ဆက်လေ့လာဖို့ ရေးပေးလိုက်ပါတယ်။

လက်ဖက်ရည်တော် ရွာစဉ်ရွာစား မင်းလှသင်္ခယာဘွဲ့ခံ စလေဦးပုည ရေး - တေးထပ်စပ်မူနည်း‎‎‎‎

တေးထပ် တေးထပ် ရယ်နှင့်၊‎
ရေးစပ်ကြ သူငါ၊‎
တွေးကပ်လှ နမူနာ၊‎
ချူအချာ လွန်ပေါ၊‎
‎ယခုခေတ် ပြုသစ်စာ မှာ၊‎
‎ရှုချစ်စရာ ရွေးမျှမနှော။‎

သို့မို့ကြောင့် ကျွန်ုပ်ညီငယ်၊‎
မဟုတ်သည် နယော၊‎
နှုတ်ဝသီ သဘောမှာ၊‎
အဟောသိ ပယ်ပါ၊‎
သပြေမှာ စလေနည်း ကိုမှ၊‎
ဆွေမှီး၍ ပြုသင့်သည်သာ။‎

စပ်မူနည်း ရေးလိုပါလျှင်၊‎
တေးကိုသာ ရအောင်ကျက် ပါတော့၊‎
ခက်လှဘူး မျိုးသိင်္ဂါ၊‎‎‎
စိုးရိမ်နှင့်ဗျာ၊‎‎‎‎
ဖြိုးထိန်တဲ့ ကိုးစိန်လွှာမှာ၊‎‎‎‎
ခိုးရှိန်ဝါ‎‎ ‎တောက်ပါလိမ့်လေး။ ။‎


အပိုဒ်-၁၅ မှာ စာလုံးရေ (၆)လုံး ပဲရှိတဲ့အတွက် ၁၅၊ ၁၆၊ ‎‎၁၇၊ ၁၈ အပိုဒ်တွေက ‎အဆုံးစာလုံးတွေကိုပဲ
 (ဇယားမှာ ၉-‎ပြထားတဲ့ အကွက်တွေ) စာလုံးတလုံးချင်းစီကိုပဲ (ဂါ-ဗျာ-လွှာ-ဝါ) ‎အချင်းချင်း ကာရန် ချိတ်
ထားတာ တွေ့ရပါမယ်။‎

လှိုင်ထိပ်ခေါင်တင်ရေး ‎‎- တေးထပ်‎

ကုမ္မာရီ ရွယ်ဓလေ့ပေမို့၊
ငယ်ကလေ့ ဂေါရီ၊
ဘယ်အတွေ့ လောကီကို၊
ဇောမသီခင်က၊
စပယ်ခက် စုံနှစ်ပင်မှာ၊
မငုံခင် တုန်းကအစ။

ပန်းဒွါရ ဆင့်စီ၊
မပွင့်မှီ အခါက၊
ကျင့်ဝသီ စာဂနှင့်၊
ခါပထမ အရွယ်၊
ငယ်သွားတွေ ကြွေမလဲခင်က၊
မေအမြဲ ချစ်ဖို့ကြံရွယ်။

ကလေးစိတ်ဓါတ်မပျယ်၊
ခပ်ငယ်ငယ် စာမတတ်ခင်က၊
ကညာနတ် ကောင်းမှုပွေလီ၊‎
‎တောင်းဆုစေတီ၊‎
စိတ်မှန်းနှင့် မေကျောက်ချီတယ်၊
သွေဖေါက်ပြီနိုင်ဘု ဖျာ့လေး။ ။

အပိုဒ် (၁၅) မှာ စာလုံးရေ (၇)လုံးရှိလို့ အပိုဒ်၁၅ရဲ့ အဆုံး (၄)လုံး (ကောင်းမှုပွေလီ) နဲ့ အပိုဒ် ‎‎(၁၆) ရဲ့
အစ (၄)လုံး (တောင်းဆုစေတီ) ကို လေးလုံးစလုံး နဘေ ‎ကိုက်အောင်ယူပြီး အပိုဒ် (၁၅)၊ (၁၆)၊ ‎‎(၁၇)
နဲ့ (၁၈) တွေရဲ့ အဆုံးစာလုံးတွေ (လီ-တီ-ချီ-ပြီ) ကို ‎ကာရန်ထပ်ချိတ်ထားတာ ‎တွေ့ရပါမယ်။‎ ‎ဒါ့အပြင်
အပျိုဖော်မဝင်မီကပင် ကနောင်ကိုယ်တော်ကို ချစ်မိရပုံအကြောင်း ‎ဖွဲ့ဆိုသွားတဲ့နေရာမှာ အရိုင်းကို ‎
အယဉ်ဖြစ်အောင် ရေးနိုင်တဲ့ လှိုင်ထိပ်ခေါင်တင်မင်းသမီးရဲ့ ‎စာဆိုတော်ဂုဏ်မြောက်ပုံ ကိုလည်း
'စပယ်ခက် စုံနှစ်ပင်မှာ၊ ‎မငုံခင် တုန်းကအစ'၊ 'ပန်းဒွါရ ‎ဆင့်စီ၊ မပွင့်မှီ အခါက' ဆိုတဲ့အပိုဒ်တွေမှာ
ထင်ထင်ရှားရှားမြင်နိုင်လို့ ဒီတေးထပ်ကို ‎‎ရွေးပြလိုက်တာပါ။‎ သုံးချက်ညီ တေးထပ် အကြောင်းကို
ဆက်ပါမယ်။

‎သုံးချက်ညီတေးထပ်‎

သုံးချက်ညီတေးထပ်ကတော့ အရိုးခံတေးထပ်ရဲ့ စည်းကမ်းချက်အားလုံးအပြင် အတက်ပိုဒ် နဲ့
‎အအုပ်ပိုဒ် တွေရဲ့ မ-ပိုဒ်နဲ့ စုံ-‎ပိုဒ် တွေကို ကာရန်စပ်တဲ့အခါ ဝမ်းတွင်းကာရန် (၂)လုံးစီ ကို ‎စုံပိုဒ်
မှာပါ အညီထပ်ယူလိုက်ရပါတယ်။ ဒါကြောင့် မ-ပိုဒ်မှာ ‎‎(၂)ချက်၊ စုံ-ပိုဒ်မှာ (၁) ချက်၊ ဒီ ‎ကာရန်
သုံးချက်ညီ ရတဲ့အတွက် သုံးချက်ညီတေးထပ် လို့ ခေါ်ခြင်းဖြစ်ပါတယ်။ ‎‎အခံပိုဒ်အတွက် မ-ပိုဒ်နဲ့
စုံ-ပိုဒ် ဝမ်းတွင်းကာရန် ညီစရာမလိုပါဘူး။ ‎‎ဒါကြောင့် အပိုဒ် (၁-၂၊ ၅-၆၊ ၇-၈၊ ၁၁-၁၂၊ ၁၃-၁၄၊
၁၇-၁၈) တွေမှာသာ ‎သက်ဆိုင်ရာနှစ်ပိုဒ်ချင်းစီ နဘေ ‎သုံးချက်စပ်ရမှာဖြစ်ပါတယ်။‎
ဇယားကွက်မှာ ဝမ်းတွင်းကာရန်ယူရမယ့် စာလုံးတွေကို အရောင်တူ ပြထားပါတယ်။

[15+Tayhtat+Template_ThoneChetNyi.jpg]


ဥပဒေသဆောင်ပုဒ်မှာ ကြည့်လိုက်ရင် ရှင်းပါတယ်။‎

[16+Tayhtat+Sample02_ThoneChetNyi.jpg]

ဒါဆိုရင် တေးထပ် ရဲ့ ပင်မ အမျိုးအစား သုံးမျိုး ပြီးသွားပြီမို့ ကာရန်ယူပုံတူပြီး အပိုဒ် ‎အနေအထား ကွဲပြား
သွားတဲ့ တေးထပ် ‎အမျိုးအစားခွဲလေးတွေကို ဆက်လက်ဖော်ပြပါမယ်။

- ဟယ်ရီလွင်