အရင်ရိုမန်းတစ်တွေ ကဗျာကိုဖန်တီးပုံနဲ့ တန်ဖိုးထားတဲ့အလှနဲ့ အခုပို့စ်မော်ဒန်ခေတ်မှာ ကဗျာကိုချည်းကပ်ပုံ ကွာသွားတာကို ပြောလိုခြင်းဖြစ်တယ်။ အနောက်တိုင်း ကဗျာတစ်ပုဒ်ကို ဘယ်နည်းနဲ့ချဉ်းကပ်ပါသလဲ။ အဓိပ္ပါယ်ဖွင့်တာလား။ ခွဲခြမ်းစိတ်ဖြာတာလား။ အနောက်တိုင်းရဲ့ ဘယ်ဝေဖန်ရေးစနစ်ကို အခြေခံသလဲ။ ဒါမျိုးကို သိချင်ပါတယ်။ သူတို့ဆီမှာလည်း ကဗျာတစ်ပုဒ်အပေါ်မှာ ချဉ်းကပ်နည်းတွေမတူပါဘူး။ BU ကမာဂျိုရီပါးလော့ကတော့ Free Verse ပြီးရင်ဘာဖြစ်မလဲဆိုတဲ့ကျမ်း ကိုရေးသားခဲ့တဲ့သူ၊ လက်ရှိမှာ LP ကိုစနစ်ကျကျ လေ့လာသူဖြစ်တော့ သူ့ရဲ့ကဗျာကို ချဉ်းကပ်တဲ့ပုံစံဟာ ပို့စ်မော်ဒန်စနစ်နဲ့ အိုင်ဒီယာကို အခြေခံပါတယ်။ ဒါပေမယ့် ဂျက်ဖရီဝန်းရိုက်ကတော့“Poetry-the basics" ကို ရေးသူဖြစ်လို့ သူများထက်စူးရှတဲ့ အမြင်ရှိတယ်။ ဆရာမဒိုင်နက်(ရှ်)ရို (Dinah Roe) ကတော့ လူပုဂ္ဂိုလ် တစ်ဦးချင်းကို အခြေခံပြီးဝေဖန်တာဖြစ်တယ်။ သူက ခရစ်တီးနားရိုဆက်တီ မိသားစုကို ကျကျနနစာအုပ် ရေးထားလို့ဝိတိုရိယ အမျိုးသမီးကဗျာ ဆရာမများလို့လည်း တစ်အုပ်ထွက်ထားပါတယ်။ ဂျွန်ပက် (John Peck) တို့ကျတော့ ကဗျာဆရာကို ဘယ်လိုလေ့လာမလဲ (How to study A Poet) မှာ ကဗျာကိုလေ့လာတဲ့အခါမှာသူကတော့ အောက်ပါအတိုင်း ချဉ်းကပ်တယ်။ သူက ဂွန်က(သ်) (John Keats) ရဲ့ ဂရိပန်အိုး ကိုဝေဖန်တော့ သူသတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ချဉ်းကပ်ခဲ့တယ်။ (John Peck ) ရဲ့ How to study A Poet ရဲ့ စာမျက်နှာ 29 မှာ "ဂရိပန်အိုး" ကိုဝေဖန်ပါတယ်။
1. Look for central opposition in the poem.
ကဗျာ၏ ပင်မကျောရိုးတုန့်ပြန်မှုကိုကဗျာထဲ၌ရှာဖွေခြင်း
2. Begin to look at the details of the poem, trying to see how the poem is progressing
ကဗျာ၏ လက်တစ်ဖက်ကိုရှာဖွေခြင်းနှင့် ကဗျာမည်သို့ အလုပ်လုပ်သည်ကို ကြိုးစား၍ ကြည့်ခြင်း
3. Look at how to the poem concludes.
ကဗျာက မည်ကဲ့သို့ ကောက်ချက်ချသလဲ။
4. Sum up your sense of the poem as a whole
ဖတ်သူရဲ့အာရုံခံစားမှုအားလုံးကို တစ်စုတစ်ဝေးတည်းပေါင်းချပြီးခံစားကြည့်ခြင်း။
အဲဒီလိုနည်းစနစ်တွေနဲ့ချဉ်းကပ်ပါတယ်။
ဘန်စတိန်းတို့ LP ၊ ဒါမှမဟုတ် အက်ရှဘရီတို့လိုင်းမှာတော့ FV ကိုအမြင့်ဆုံးချိုးဖောက်ထားလို့ Poetic Devices မလိုပါဘူး။ ဒါ့အပြင် စကားပြေကဗျာမှာလည်း မလိုပါဘူး။ ဘန်စတိန်းရဲ့ဆန်နီဘတ်ဖလိုကျောင်းမှာတော့ အရင်က ကဗျာဆရာတွေလေ့လာကြတဲ့ Poetic Devices အစားအခြားသော ပို့စ်မော်ဒန်နည်းစနစ်များနဲ့ ကဗျာကိုလေ့လာပါတယ်။ ဒါဟာလည်းပို့စ်မော်ဒန်အောက်မှာ LP တို့ CP တို့ရဲ့ ကဗျာတွေကို ချဉ်းကပ်တဲ့အလှပါပဲ။ ဘာသာ (Subject) အားလုံးဟာ Postmodern သီအိုရီတွေကို အခြေခံပါတယ်။(wing.buffalo.ed) မှာ အကျဉ်းရှင်းထားပါတယ်။ ရေးတဲ့သူကတော့ အဲဒီကျောင်းမှာ စာသင်တဲ့ ကဗျာကျမ်းများကို ရေးသားသူ မာဂျိုရီပါးလော့ (Marjorie Perloff) ပဲ ဖြစ်တယ် ။
1. DIGRESSION
Conceptual Poetry ရဲ့ စရိုက်လက္ခဏာထဲကတစ်ချို့နဲ့ ပို့စ်မော်ဒန်ရဲ့ လက္ခဏာတွေကို ရောစပ်ထားတဲ့ ချားလ်ဘန်စတိန်းရဲ့ UB မှာသင်တဲ့ သင်ရိုးထဲက ကဗျာတစ်ပုဒ်ကို တည်ဆောက်တဲ့အခါမှာ ရှိပြီးသား ကဗျာတစ်ပုဒ်ကို Main Subject အဖြစ်တည်လိုက်တယ်။ ပြီးတော့ အဲ့ဒီမူလကဗျာမှ အဝေးကိုသွားတဲ့နည်းပါ။ digression ဆိုတာက စကားပြော (speech) နဲ့ စာအရေး (writing) မှာ မူလ (main subject) ကနေအခြားကို စွန့်ခွာသွားတာကို ဆိုလိုပါတယ်။
2. DIVERSION
မူလ (main subject) မှ သွေဖယ်ကာ စဉ်းစားတည်ဆောက်ခြင်းဖြစ်သည်။ Divert ဟူသောအဓိပ္ပါယ်က to turn (a person or thing) aside from a course or direction ဟု အဘိဓါန်အလိုအရ မူလကဘေးဘက်သို့သွေဖယ်ကာ ကဗျာသစ်တည်ဆောက်သည်။
ဥပမာ။ မောင်ချောနွယ်၏ ဆတ်သွားကို (main subject) အဖြစ်တည်ပေးပြီး ထို "ဆတ်သွား" ကို သွေဖယ်ကာအခြားသောကဗျာသစ်များကို တည်ဆောက်ခြင်းပင်ဖြစ်သည်
3. DETOUR
ပင်မသုံးတဲ့လမ်းကိုပြင်လို့ပိတ်ထားရတယ်။ အခြားတစ်လမ်းကို ယာယီအသုံးပြုတဲ့အခါ အဲဒီစကားလုံးကိုသုံးပါတယ်။ ပိုက်လိုင်းတွေမှာတော့ by pass လို့သုံးပါတယ်။ ကဗျာတစ်ပုဒ်ကို တည်တယ်။
ဥပမာ။ မောင်ချောနွယ်ရဲ့ ဆတ်သွားပေါ့။ အဆုံးသတ်မှာ မောင်ချောနွယ်ပေးချင်တဲ့အဖြေကို သူ့အတိုင်းမသွားပဲ တခြားကဗျာပုံစံသစ်တစ်မျိုးနဲ့ သွားတာပါ။
4. ERRANCY
မှားယွင်းတဲ့အခါ ဖြစ်တဲ့အခြေအနေ ဒါမှမဟုတ် အား (Capacity) ကိုဆိုလိုပါတယ်။ အမှားလုပ်လိုက်တဲ့အတွက်အခြေအနေတစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒါကို အသုံးချပစ်တာပါ။ Errancy ကို အဓိပ္ပါယ်ဖွင့်တာက “Condition of being n error.” ပါ။ တစ်ခုခုမှားလုပ်မိရင် မှားတဲ့အတွက် အခြေအနေသစ် တစ်ခုဖြစ်လာပါတယ်။ ချာလ်းဘန်စတိုင်းတို့ရဲ့ LP သင်ရိုးထဲမှာ မှားတဲ့အကျိုးကိုရဖို့ ကဗျာကို မှားတဲ့ဘက်က ချဉ်းကပ်ရပါ တယ်။ တစ်ခါတစ်လေတမင်တကာမှားပစ်ရပါတယ်။ ကွန်ဆက်ချူရယ် ပိုထရီ (N+7) မှာလဲ ဒါကိုပဲ အခြေခံပါ တယ်။
မောင်ချောနွယ်ရဲ့ "ဆတ်သွား" ကို ခလေးတစ်ယောက် ကို အလွတ်ကျက်ခိုင်းပြီး သူမရနိုင်တဲ့အချိန်မှာ ချရေးခိုင်းရင် သူဟာအမှားတွေကို ရေးပါလိမ့်မယ်။ ဒါကို အခွင့်ကောင်းယူပြီး ကဗျာကို ဖန်တီးတာပါ။ မှားရင်ဘာဖြစ်သလဲ။ တခြားမှာတော့ မှားရင်အပြစ်ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ကဗျာကျောင်းမှာတော့ မှားရင်အသစ်ဖြစ်ပါတယ်။
5. OBSTRUCTION
အတားအဆီးပါ။ မူရင်းရဲ့ စီးဆင်းမှုမပြီးဆုံးသေးခင်မှာ အတားအဆီးတစ်စုံတရာကြောင့် ရပ်တန့်သွားပြီးဖြစ်ပေါ်လာတဲ့ အတားအဆီးကို ကျော်ဖြတ်ဖို့ကြိုးစားတဲ့အခါ ရလာတဲ့ အခြေအနေ သစ်ကိုပြောတာဖြစ်တယ်။
- ဇော်ဇော်ထွန်း