ပထမမျိုးဆက် (1St Generation)
နယူးယောက်မြို့တော်ရဲ့ ပုံမှန်မဟုတ်သောအနုပညာအုပ်စုတစ်စုဖြစ်တယ်။ ၁၉၅ဝ နဲ့ ၁၉၆ဝ နှစ်များဆီက အသွင်ကွဲပြီး အရာရာကို ချိုးဖောက်ဖို့ဆန္ဒပြင်းတဲ့အနုပညာရှင်အုပ်စုတစ်စုပါ။ ကဗျာဆရာတွေ ၊ ပန်းချီသမားတွေ ၊ ကချေသည် တစ်ချို့နဲ့ဂီတသမားတစ်ချို့ ပါဝင်တယ်။ သူတို့ဟာ ဆာရယ်ရီလစ်ဇင်ဝါဒ ကို ယုံကြည်သူတွေဖြစ်တယ်။ အဓိကအပြောင်းအလဲကိုစသူတွေကတော့ ဆာရယ်ရီလစ်ဇင် ပန်းချီဆရာတွေပါပဲ။ နောက်တော့ အဲဒီပန်းချီအမျိုးအစားကိုယုံကြည်သက်ဝင်သူကဗျာဆရာတွေ ပါဝင်လာခဲ့တယ်။ အဲဒီနောက်မှာ စိတ္တဇ ပန်းချီသမားတွေပါဝင်လာသလို သူတို့ နဲ့ပတ်သတ်တဲ့ ဂျက်ဇ် (Jazz) ဂီတ သမားတွေပါဝင်လာခဲ့တယ်။ နောက်ပိုင်းမှာပြဇာတ်ရုံတွေဆီက ကချေသည်တွေလည်းပါဝင်လာခဲ့တယ်။ အဓိကပြောစရာရှိတာက ပန်းချီနဲ့ ကဗျာသမားတွေပါပဲ။ နယူးယောက်ကျောင်းတော်အုပ်စုရယ်လို့ ပြောစမှတ်တွင်ခဲ့တာလည်း ဒီလူတွေကြောင့်ပါပဲ။ ဆရီရယ်လစ်ဇင်ပန်းချီကို ယုံကြည်သက်ဝင်သူ ကဗျာသမားတစ်ချို့ဟာနယူးယောက်မြို့တော်မှာ သူတို့မိတ်ဆွေပန်းချီသမားတွေ နဲ့ပူးပေါင်းပြီး ခေတ်သစ် ကဗျာတစ်ချို့ကို ဖန်တီးဖို့ကြိုးစားကြတယ်။ သူတို့ဟာ ပန်းချီဆွဲဖို့ဆန္ဒပြင်းနေသူ ကဗျာဆရာတွေပါပဲ။ သူတို့ဟာ ဆာရီရယ်လစ်ဇင် ပန်းချီရေးဟန်အတိုင်းကဗျာကိုဖွဲ့နွဲ့ဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီအခါမှာ ပန်းချီနဲ့ ကဗျာ ကြားကနံရံဟာလည်းပါးလွှာကြိုးပြတ်သွားခဲ့ရတယ်။ ဒီလိုနဲ့ နယူးယောက် (New York School) ကဗျာ ဂိုဏ်းပထမ မျိုး ဆက်ပေါ်ထွက် လာခဲ့တယ်။ နယူးယောက်ဂိုဏ်းပထမမျိုးဆက်က သူတို့ရဲ့ ကဗျာ အကြောင်း အရာ ( Subject ) တွေကို သူတို့သတ်မှတ်ပြီး အောက်ပါအတိုင်းမှတ်ချက်ပေးခဲ့တယ်။
- ပေါးပါးသော (Light)
- ပြင်းထန်ပေါက်ကွဲသော (Violent) - လေ့လာစူးစမ်းသော (Observational)
- အရှိအတိုင်း (သို့မဟုတ်) ပြင်ပ ပယောဂကင်းသော (Spontaneous)
- အတိတ်ကို ပြန်လှန်သော (Manner reminiscent of word)
- သိစိတ်အလျဉ်ရေးသာဟန် (Stream of Consciousness writing)
စသောအချက်များကိုအကြောင်းအရာများတွင် ပါစေ၏ ။
ပန်းချီစကားနဲ့ပြောရရင် စူးတောက်သော အရောင်းများရှိခြင်း (Vivid) နှင့် အတွေးမြင်ကွင်းများဖန်တီးမှု (Visual imagery) နည်းစနစ်များသုံး၍ ကဗျာကို ဖန်တီးခြင်းပဲဖြစ်တယ်။
ပုံသဏ္ဍန်ဆင်းသက်မှု သို့မဟုတ် ဖန်တီးမှု၏မြစ်ဖျား (Drew on Inspiration)
၁။ ဆာရီရယ်လစ်ဇင်ဝါဒ (Surrealism) နှင့် ပန်းချီ ၊ ကဗျာ တံတိုင်းကျိုးပျက်ခြင်း
ပထမမျိုးဆက်ကဗျာဆရာများသည် ဆာရီရယ်လစ်ဇင်ဝါဒကို ယုံကြည်သူများဖြစ်၍ ဆာရီရယ်လစ်ဇင် ပန်းချီသမားများ နှင့် ရဲဘော်ရဲဘက်များ ( သို့မဟုတ်) ချစ်သူများအဖြစ် နေခဲ့ကြသည်။ ဥပမာ ဖရန့်အိုဟားရား ( Frank O’ Hara ) နှင့် လယ်ရီရေးဗား ( Larry Rivers) ။ ထို့အတူ ကဗျာဆရာ ၊ ပန်းချီဆရာအတူဖန်တီးမှုများ ( joint works and collaborations ) ကိုလည်းပြုလုပ်ခဲ့ကြသည် ။ ပန်းချီဆရာ လယ်ရီရေးဗာ ( Larry Rivers) ရဲ့ပြဇာတ်ကို ကက်နက်ကုခ်ျ ( Kenneth Koch ) ကရေးတယ် ။ ကက်နက်ကုခ်ျ နဲ့ ဂျွန်အက်ဘရီ ( John Ashbery ) တို့နှစ်ယောက်ပေါင်းပြီး “ ပွန်ပီရေးသို့ ပို့စကတ်တစ်ခု” ( APostcard to Popeye ) ကိုရေးတယ် ။ အက်ဘရီ နဲ့ စချိုင်လာ ( Jame Schuyler ) တို့ပေါင်းပြီး “ နင်နီးရဲ့အသိုက်တစ်ခု” ( A Nest of Ninnies ) ဝတ္တုကိုရေးတယ် ။ စချိုင်လာ နဲ ဖရန့်အိုဟာရာ တို့ပေါင်းပြီး တေးကဗျာတစ်ပုဒ်ကို ရေးခဲ့တယ် ။ သူတိုတွေကို ပုံတူကိုတော့ လယ်ရီရေးဗား ကိုဆွဲပေးခဲ့တယ်။ နယူးယောက်ဂိုဏ်း ကဗျာဆရာ အတော်များများ ရဲ့ ပထမဆုံးစာအုပ်တွေကို ဂျွန်ဘားနတ်ဒ်မေယာကထုတ်ပေးတဲ့အခါမှာ ရေးဗား တို့အုပ်စုကိုပဲမျက်နှာဖုံးဆွဲနိုင်ခဲ့တယ် ။
၂။ ခေတ်ပြိုင်အနုပညာ လှုပ်ရှားမှု (Contemporary Art Movement)
အဗတ်ဂါဒီ (Avant – garde) အနုပညာလှုပ်ရှားမှုဟာ သူတို့ကိုလွှမ်းမိုးတယ် ။ ဒီလှုပ်ရှားမှု ဟာ ပိုစ့်မော်ဒန်လှုပ်ရှားမှုပါပဲ ။ ဒီလှုပ်ရှားမှုထဲမှာ ၁၉၁၇ ခုနှစ်က ဒူးဂျွန့်  ရဲ့ ရေပန်း ( Marcel Duchamp , Fountain -1917 ) ရောဘတ်ဖလိုရီရဲ့ ၁၉၇၂ က “ သုည၏ အချစ် ” ( Love of Zero – 1927 by Robert Florey ) ဟာထင်ရှားတယ် ။ ဒီလှုပ်ရှားမှုရဲ့ သီအိုရီက အီတလီ လူမျိုး စာပေပညာရှင်နဲ့ အက်ဆေးဆရာ ရီနာတိုပိုဂျီအိုလီ ရေးတဲ့ အဗတ်ဂါဒီ၏ သီအိုရီ ( The Theory of the Avant – Garde by Renato Poggioti – 1962 ) မှာအကျယ်ဖတ်ရူနိုင်တယ်။ နယူးယောက်ဂိုဏ်း ပထမမျိုးဆက်ဟာ နယူးယောက် အနုပညာပန်းချီစက်ဝန်း ဖြစ်တဲ့ ဂျေဆန်ပိုးယော့( Jackson Pollock ) နဲ့ ဝီလမ်ဒီကူးနင်း ( Willem de Kooning ) သံသရာထဲက ရုန်းမထွက်နိုင်ခဲ့ပြန်ဘူး။ ပထမမျိုးဆက် ရဲ့အဓိပတိလေးယောက်ဖြစ်တဲ့ ဂျွန်အက်ဘရီ ၊ ဖရန့်အိုဟားရား ၊ ကက်နက်ကုခ်ျ၊ ဂျိမ်းစချိုင်လာ တို့လေးဦးဟာ ပန်းချီပညာရှင် ဂျက်စပါဂျွန် (Jasper Johns) နဲ့ ရောဘတ်ဂိုချင်ဘတ် (Robert Rauschenberg ) တို့ရဲ့ လောင်းရိပ်မိထားတယ်လို့ ပညာရှင်များက သုံးသပ်တယ်။
၃။ အဓိပတိများ၏ တူညီမှုများ (Common Personal)
- သူတို့လေးဦး ( ကုခ်ျ ၊ အိုဟားရား ၊ စချိုင်လာ နဲ့ အက်ရှ်ဘရီ) တို့ဟာ ကွဲပြားတဲ့ကဗျာရေးဟန် တွေရှိပေမယ့် တစ်ဦး နဲ့တစ်ဦး သိပ်ကိုလေးစားချစ်ခင်ကြတယ်၊
- စချိုင်လာကလွဲပြီး ကျန်တဲ့ သုံးယောက်ဟာ ဟားဗတ်တက္ကသိုလ်မှာဆုံ ခဲ့ကြတယ်။
- ကုခ်ျကလွဲပြီး ကျန်တဲ့ သုံးယောက်ဟာ လိင်တူဆက်ဆံသူတွေဖြစ်တယ်။
- အက်ရှ်ဘရီက လွဲပြီးကျန်တဲ့ သုံးယောက်ဟာ စစ်မှုထမ်းခဲ့ ဖူးတယ်။
- ကုခ်ျကလွဲပြီး ကျန်တဲ့ သုံးယောက်ဟာ ပန်းချီ ဝေဖန်ရေးတွေရေးတယ်။
- အက်ရှ်ဘရီတစ်ယောက်ပြင်သစ်ကို ပြောင်းရွှေ့သွားတာကလွဲပြီး ကျန်တဲ့သုံးယောက်ဟာ ဂိုဏ်းရဲ့ ပထမမျိုးဆက် ကာလတစ်လျောက်လုံး နယူးယောက်မှာ ပဲနေခဲ့ကြတယ်။
- လေးယာက်စလုံးဟာ ပြင်သစ် ဆာရီရယ်လစ်ဇင် ပန်းချီဆရာတွေဖြစ်တဲ့ ရေမွန်ရာဆယ် ( Raymond Roussel ) ၊ ပီရာရီဂိုမာဒီ ( Pierre Reverdy ) နဲ့ အပေါ်လီနာရီ ( Guillaurne Apollinaire ) တို့ကိုနှစ်သက်ကြောင်းဝန်ခံဖူးတယ်။
၎။ ဝင်းရိုး (Center of the Group)
ဖရန်အိုဟားရာဟာ နယူးယောက်ဂိုဏ်း ပထမမျိုးဆက်ဖြစ်ပေါ်စေဖို့( ပန်းချီ - ကဗျာ ) အုပ်စုရဲ့ ဝင်းရိုးပါပဲ ။ ပန်းချီ - ကဗျာ တံတိုင်းကို ကျိုးပေါက်စေတဲ့တရားခံဟာ သူပါပဲ ။ သူဟာကွယ်လွန်တဲ့ အချိန် ၁၉၆၆ အထိဂိုဏ်းထဲကို ပန်းချီဆရာ နဲ့ ကဗျာဆရာမိတ်ဆွေပေါင်းများစွာကို ခေါ်ဆောင်ခဲ့သူဖြစ်တယ်။ အဓိက အကြောင်းပြချက်ကတော့ သူဟာ မော်ဒန် အနုပညာ ပြတိုက် (Museum of Modern Art ) မှာဝန်ထမ်းလုပ်ခဲ့ဖူးလို့ သူ့မှာ ပန်းချီဆရာ မိတ်ဆွေပေါင်းများစွာရှိပါသတဲ့။ စချိုင်လာ ဟာလည်း အနုပညာပြတိုက်မှာ လုပ်ဖူးပြီး ပန်းချီဆရာ တွေနဲ့ဆက်စပ်မူရှိတာပါပဲ။ ဒီလိုနဲ့ပန်းချီ - ကဗျာ နယူးယောက် ပထမမျိုးဆက် ပေါ်ထွက်လာခဲ့တယ် ။ ပထမ မျိုးဆက်မှာ အဓိပတိလေးယောက်အပြင် အမျိုးသမီးကဗျာဆရာမ အာဘရာဂတ်စ် ( Barbara Guest ) နဲ့ ပန်းချီဆရာမဂရော့ဟာတီဂန် ( Grace Hartigan ) တို့ပါဝင်ကြည်တယ် ။ အခြား ပန်းချီ သမားတွေကတော့ ကိုနင်း ( Willem de Kooning ) ၊ ဂျေဆန်ပိုးလော့ ( Jackson Pollock ) ၊ မက်ခ်ရော့ကို ( Mark Rothko ) နဲ့ ရောဘတ်မာသာဝဲလ် ( Robert Motherwell) တို့ပါဝင်တယ် ။
၅။ လွှမ်းမိုးမှု (Continue to Influence Poets)
သိပ်မကြာသေးခင်ကာလက ထုတ်ဝေထားတဲ့ ကဗျာသဘောတရားစအုပ်နှစ်အုပ်ကိုညွန်းချင်ပါတယ် ။ တစ်အုပ်ကတော့ ဒယ်နီယယ်ကိန်း ( Daniel Kane) ရေးတဲ့ All Poets Welcome : The LowerEast Side Poetry in the 1960s ပါ ။ နောက်တစ်အုပ်ကတော့ ဒေးဗစ်လီမန်း ( David Lehman ) ရေးတဲ့ The Last – AvantGarde : The Making of the New York School of Poets ပါ ။ နှစ်ပေါင်းငါးဆယ်လောက် ကဗျာလောကကို လွှမ်းမိုးထားတဲ့ နယူးယောက်ဂိုဏ်း ပထမမျိုးဆက်ရဲ့လွှမ်းမိုးနိုင်မှု ကိုရေးထားတဲ့ စာအုပ်နှစ်အုပ်ပါ ။
--------------------။--------------------။--------------------။--------------------။
ဂျွန်အက်ရှ်ဘရီကို ဘယ်လိုဖတ်မလဲ (How to Read John Ashbery)
ဂျွန်ဟာ ရှစ်နှစ်သားအရွယ်ကတည်းက ကဗျာစရေးတယ်။ ကာရန်ကဗျာလေးပါ၊ ( The tall haystack are great sugar mounds/ These are the fairies camping grounds) တဲ့။ အဒီချာတိတ် ဂျွန်ကလေးဟာ ကာရန်သုံးဖို့ အပျင်းနဲနဲထူတဲ့အပြင် အရွယ်နှင့်မလိုက်အောင် “ဇ” ရှိတဲ့သူပါတဲ့။ သူပြန်စဉ်းစားပြီးပြောခဲ့တာက သူဟာ ကာရန်ကဗျာကို အထွတ်အထိပ်ရောက်အောင်မရေးဖွဲ့နိုင်ခဲ့ပါဘူးတဲ့။ ဒါပေမယ့် သူကဗျာကို ပြန်ပြီးရေးတဲ့အချိန်မှာ အဲဒီလိုကာရန်ကဗျာတွေ၊ ရစ်သစ်တွေ၊ ခံစားချက်တွေအစား ဝေဖန်ရေးဆရာတွေစကားတစ်လုံးမှ မပြောနိုင်လောက်တဲ့ ကဗျာတွေရေးမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီအတိုင်းပဲလေ အဲဒီခေတ်က အကြီးကျယ်ဆုံး ဝေဖန်းရေးဆရာကြီးကတောင် ဂျွန်ကို မော်ဒန်ဝါဒ၏ ဒေါရစ်ဒေး လို့အမည်ပေးခဲ့တယ်၊ ဒေါရစ်ဒေးဟာ အဲဒီခေတ်က ထင်ရှားတဲ့သရုပ်ဆောင်အမျိုးသမီး အဆိုတော်ပါ။ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့သူတစ်ဦးပေါ့။ သူမဟာ အဲဒီခေတ် သီချင်းရဲ့ ဘုရင်မပါပဲ။ ဂျွန်ကို အဲဒီလို ခိုင်းနှိုင်းခဲ့ကြတယ်။ အဲဒီနေ့ခေတ်ဝေဖန်ရေးဆရာမ ဟင်လင်ဗန်ဒလာ (Helen Vendler) က ဂျွန့် ကဗျာတွေကို ဝေဖန်ရာမှာ သူဆိုလိုရင်းကိုလိုက်မမီပဲ သူမဟာ အကြိမ်အတော်များများ အမှားလုပ်ခဲ့မိတယ်လို့ ဆိုရှာတယ်။ ဒါကတော့ခင်ဗျားလည်း သိတဲ့အတိုင်းပဲလေ။ ဂျွန့်ရဲ စကားလုံးတွေကို အတိအကျမိဖို့ ကြိုးစားလေလေ အလွန် ထိန်းရသိမ်းရခက်လေလေဖြစ်ပြီး အလွယ်တကူစာဖတ်သူကကောက်ချက်မချရဲလေလေ ဖြစ်လို့ပါပဲ။ (အခုတော့ ဝေဖန်ရေးသမားတွေဟာ ဂျွန်ဘာကိုပဲရေးရေး တစ်ခုခု ဝေဖန်ပစ်ဖို့လုံလောက်တဲ့အချိန် လိုအပ်နေပြီ မဟုတ်လား)။
အကယ်၍များ - တဲ့ စာဖတ်သူတစ်ယောက်ဟာ ဂျွန်ရဲ့ကဗျာစာအုပ်ကို စာအုပ်ဆိုင်မှာ မတ်တပ်ကလေးရပ်ပြီး မြည်းကြည့်မယ် ဆိုပါတော့။ ဂျွန်က အဲဒီရန်ကို သူ့ကဗျာတွေကကာကွယ်ထားပါတယ်တဲ့။ အဲဒီလိုစာအုပ်မြည်းသူတွေဟာ ဂျွန်ကဗျာကို မြည်းမှာမဟုတ်သလို ဝယ်မှာလည်းမဟုတ်ပါဘူးတဲ့။ ဆိုလိုတာက ဂျွန်ဟာ သူ့ကဗျာတွေကို အချိန်ယူဖတ်စေချင်သလို အဲဒီလိုလူမျိုးတွေရဲ့ လက်ထဲမှာပဲရှိစေချင်တယ်။ အဲဒီလိုပဲ ဂျွန်ဟာ သူ့ရဲ့ကဗျာတွေထဲမှာ စာဖတ်သူတွေအတွက် ရင်းနှီးမြုပ်နှံမှုတွေ အများကြီးလုပ်ထားတယ်လို့ ဆောင်းပါရှင်ကဆိုပါတယ်။ သူရဲ့နောက်ဆုံးကဗျာ စာအုပ်ဖြစ်တဲ့ “ဘယ်အနီးအနားသွားရလေမလဲ” ? (Where Shall I Wander) ဟာ အနှစ်သာရရှိပြီး ရှုပ်ထွေးမှုများရဲ့ ကသောကလေအနေအထားကို ရေးဖွဲ့တဲ့ သေခြင်းတရားအတွက်ပေါ့ပါးတဲ့ ကဗျာစာအုပ်ဖြစ်တယ်လို့ ဝေဖန်သူတွေကဆိုတယ်။ သူဟာ ခုနှစ်ဆယ့်ခုနှစ်နှစ် ပြည့်ခဲ့ပြီ။ သူ့ရဲ့ကဗျာဘဝအစ နယူးယောက်ကျောင်းတော်လို့ လူသိများတဲ့ နယူးယောက် ကဗျာအုပ်စုရဲ့ ရွှေရောင်နေ့တွေကို အမှတ်ရစေတဲ့စာအုပ်လည်းဖြစ်တယ်။ ဂျွန့်ရဲ့အပြောအရ တော့ ဒါဟာ “အတွေ့အကြုံရဲ့အတွေ့အကြုံ”လို့ဆိုရဲ့။ ဝေဖန်သူတွေဟာ ဂျွန့်ရဲ့ကဗျာ တွေဟာရှေ့ကိုပိုပြီး မြင်နိုင်တဲ့ စွမ်းရည်နဲ့ ပေါ့(ပ်) ယဉ်ကျေးမှုခံစားချက် ပိုစ့်မော်ဒန်ဝါဒ (Feel of pop-culture post modernism) ဖြစ်တယ်။ အဲဒါတွေဟာ ဒါဒါဝါဒနဲ့ ဆာယ်ရီလစ်ဇင် အရင်းအမြစ်များရဲ့ အိုင်ဒီယာအသစ် (Radical Innovation Dada and Frensh Surrealism) ဖြစ်တယ်လို့ဆိုကြတယ်။ အခြားတစ်ဖက်မှာတော့ဖြင့် အားလုံးအတွက် ပြင်းပြတဲ့ ရိုမင်တစ်ဝါဒ ( High Romatic Yearning ) ဖြစ်တယ်ဆိုပဲ။ ပြီးတော့ ဘယ့်တော့မှမဆုံးတဲ့ ရိုးသားတဲ့ အလိုဆန္ဒများအကြောင်း ဖြစ်ပြန်သတဲ့။
ဖွဲ့စည်းမှုဗဟိုချက် (center) နှင့် အစီအစဉ်ချမှု (Arrangement)
ဝေဖန်သူတွေက ဂျွန့်ကဗျာတွေရဲ့ ဗဟိုချက်ဟာ ပြင်သစ်ပန်းချီသမား လာကင်( aဲ La Phillp Larkin ) ရဲ့ အကြောင်းအရာ ( Subject ofPhillp Larkin ) သာမက၊ ပန်းချီသမား ဂျက်ဆန်ပိုးလော့ခ်ရဲ့ ခံစားချက်တစ်ခု (A Feelingof Jackon Pollock) ကို ရောမွှေထားတယ်။ ဝေဖန်ရေးဆရာ တစ်ယောက်က ဂျွန်ကဗျာကို မဖတ်ခင်မှာလိုက်နာရမယ့်အချက်ကို ရေးပြထားတယ်။ “ The best thing to do, then , is not to try to understand the poems but try to take pleasure from their arrangement ” တဲ့။ ဆိုလိုတာက ဂျွန်ရဲ့ ကဗျာတွေကို နားလည်ဖို့မကြိုးစားပဲ သူ့ ရဲ့ စကားလုံးအစီအစဉ်တွေထဲက ပျော်ရွှင်ကျေနပ်မှုကိုရယူတာ အကောင်းဆုံးပါပဲတဲ့။ ဥပမာအားဖြင့် -
And cannot know it knew, expert
Here and there, in cold pockets .......... ဆိုတဲ့ ဝါကျတွေလို ဂျွန်က ကဗျာကိုတည်ဆောက်တတ်တယ်။
၁ ။ အကြောင်းအရာများ (Subjects)
ဂျွန်အက်ရှ်ဘရီတည်ခင်းတဲ့ ကဗျာတွေရဲ့အကြောင်းအရာများက ခပ်ကြီးကြီးတွေဖြစ်တယ်။
- ၁။ ကာလ (Time)
- ၂ ။ အမှတ်ရခြင်း (Memory)
- ၃ ။ အတိတ်ကိုတသသလွမ်းဆွတ်ခြင်း (Nostalgia)
- ၄ ။ အလွယ်တကူရှင်းပြပြောပြ၍မရသော (Vague) စတာတွေပါပဲ။
၂ ။ ဘယ်လိုဖတ်မလဲ (How to Read)
ဒါတွေကိုစိတ်မပျက်ပါနဲ့လို့ ဝေဖန်လေ့လာသူတစ်ဦးဆိုပါတယ် ။ အကယ်၍ ငြီးငွေ့လာရင် အသေးစိတ်မဖတ်ပါနဲ့ကျော်ဖတ်ပါ ။ ဒါပေမယ့် မူရင်း အနှစ်သာရကိုတော့ ဆုပ်ကိုင်ထားပါ ။ ကဗျာလေ့လာ သူတွေကတော့ (Skip and Skim) လို့ဆိုပါတယ်။
၃ ။ ပါဝင်မှုများ (Components of a Mixture)
၁ ။ အနက်အဓိပ္ပါယ် ထွေပြားခြင်းများ (ဝါ) လိုသလို အဓိပ္ပါယ် ကောက်နိုင်ခြင်း (Ambiguities)
၂ ။ ပုံမှန်မဟုတ်သော (ဝါ) ခွဲထွက်ထားသော (Odd)
၃ ။ အမြီးအမောက် မတည့်သော (Nonsensical)
၎ ။ နာမ်စားများ ရွှေ့ပြောင်းနေရာချခြင်း (Shifting of Pronouns)
၅ ။ အမျိုးမျိုးအသုံးချ၍ရသောအချက်အလက်တည်ဆောက်မှု (Array)
၆ ။ မမျှော်လင့်ပဲ လမ်းကြောင်းပြောင်းခြင်း (The abrupt shifts in direction).
စတာတွေပါဝင်ပြီး ဗဟိုချက်မမဲ့ (Not totally without a center) ပါ ။
နောက်တစ်ချက်က ဂျွန်ဖြစ်ချင်တဲ့ သူရဲ့ကဗျာဟာ ဂျက်စပါဂျွန်ရဲ့ပန်းချီကားတွေလို ပေါင်းစပ်တဲ့ ပျက်စီးခြင်း (Organized Chaos) တွေ ပါစေချင်တယ်။ ဂျွန်ဟာစကားလုံး အသစ်တွေကိုပဲ တီထွင်ပါသတဲ့။ ဥပမာ ပျားအော်သံ (The bee’s hum) အစား(The bee’s hymn) လို့ရေးခဲ့တယ် ။ ဒါကြောင့် ဂျွန်ဟာသူလေးစားခဲ့တဲ့ အဲလီဇဘက်ဘစ်ရှော့ (Elizabeth Bishop) ထက်တောင် ဖန်တရာထေ စကားတွေကို အသစ်တီထွင်တဲ့နေရာမှာ သာပါသေးတယ်လို့ ဝေဖန်ရေးဆရာများက တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ပါသတဲ့။
ရွှေ့ပြောင်းနာမ်စားများ (Shifting Pronouns) အကြောင်း
ပုံမှန်အားဖြင့် နာမ်စားများဟာ ကဗျာဖတ်သူကိုကဗျာထဲက စကားပြောနေသူဟာ သင်လား၊ ချစ်သူလား ၊ သင့် သမီးလား ၊ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုသိဖို့ အထောက်အကူပြုတယ်။ ဒါပေမယ့် ဂျွန်ဟာ သူ့ ကဗျာမှာ ရိုးရာကို ဆန့်ကျင်ပါတယ်။ သင်၊ သင်တို့ (You) ၊ ကျွနှ်ပ် တို့ (We) ၊ ကျွနှ်ပ် (I) စတဲ့ နာမ်စားများကို ရွှေ့ပြောင်းခြင်းဟာ ဂျွန့်ရဲ့ စိတ်ကြိုက်နည်းစနစ်ပါပဲ ။
ဂျွန်ရဲ့“ကျွန်ုပ် တို့” (We) ။ ။ အထီးကျန်မှု မီးရောင်လက်ပါသောကဗျာဆရာနှင့်သူရဲ့ မြို့ပြ အမေရိကန် လူမှု စရိုက်ရဲ့သားကောင်များ
ဂျွန်ရဲ့သင်တို့ (You) ။ ။ ကဗျာဆရာ၏ ကိုယ်ပွားအဖော်၊ နှင်ထုတ်ခြင်း ခံရတဲ့ ခံစားချက် ၊ သူကိုယ်တိုင် (himself)
ဂျွန်ရဲ့သင် (You) ။ ။ တစ်သီးပုဂ္ဂလ ၊ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ ပုဂ္ဂိုလ်ရေး
ဂျွန်အက်ရှ်ဘရီဖမ်းယူခဲ့သော ဘာသာစကားအတိုင်းအတာ (Capture the range of language)
ဂျွန်ဟာ စာသားတွေ ၊ စကားလုံးတွေဟာ ဘယ်ကလာသလဲဆိုတဲ့မေးခွန်းဟာစိတ်ဝင်စားစရာ ကောင်းပါတယ်၊ လမ်းတွေ ၊ အိပ်ဆောင်ကျယ်တွေ၊ ရုပ်ရှင်ရုံတွေဆီက လာတာဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုတယ်၊ “Attention, Shoppers” နဲ့ စဖွင့်တဲ့ ကဗျာရှိသလို “Say, doc” လိုစကားလုံးတွေနဲ့ စဖွင့် တာတွေလဲရှိတယ်။ သေချာတာကတော့ဂျွန်ဟာ အားလုံးကိုချိုးဖောက်ခဲ့တယ်ဆိုတာပါပဲ။
Poem at the New Year
Once, out on the water in the clear, early nineteenth-century twilight,
you asked time to suspend its flight. If wishes could beget more than sobs,
that would be my wish for you, my darling, my angel. But other
principles prevail in this glum haven, don't they? If that's what it is.
Then the wind fell of its own accord.
We went out and saw that it had actually happened.
The season stood motionless, alert. How still the dropp was
on the burr I know not. I come all
packaged and serene, yet I keep losing things.
I wonder about Australia. Is it anything about Canada?
Do pigeons flutter? Is there a strangeness there, to complete
the one in me? Or must I relearn my filing system?
Can we trust others to indict us
who see us only in the evening rush hour,
and never stop to think? O, I was so bright about you,
my songbird, once. Now, cattails immolated
in the frozen swamp are about all I have time for.
The days are so polarized. Yet time itself is off center.
At least that's how it feels to me.
I know it as well as the streets in the map of my imagined
industrial city. But it has its own way of slipping past.
There was never any fullness that was going to be;
you waited in line for things, and the stained light was
impenitent. 'Spiky' was one adjective that came to mind,
yet for all its raised or lower levels I approach this canal.
Its time was right in winter. There was pipe smoke
in cafés, and outside the great ashen bird
streamed from lettered display windows, and waited
a little way off. Another chance. It never became a gesture.
- John Ashbery
နှစ်သစ်ဆီကကဗျာ
(တစ်ခါတုန်းအချိန်,ရေစင်ကထွက်ခွာ၊ ကြည်လင်သန့်စင်မှုအတွင်းဆီက, ဆယ့်ကိုးရာစု အစောပိုင်း ညနေဆည်းဆာ, ထိုအရာ၏ ပျံသန်းထွက်ခွါမှု နောက်ဆုတ်ရပ်တန့်ရန်အလို့ငှာ အချိန်ကို သင်မေးခဲ့၏ အကယ်၍သာ ဖန်တီးခြင်းများထက် ပို၍ ဆုတောင်းခြင်းများအားရနိုင်မည်ဆိုလျှင် ထိုအရာသည် သင့်အတွက် ငါ့ရဲ့ဆုတောင်းခြင်းများ ဖြစ်ပါလိမ့်မည် , ငါရဲ့ ချစ်သူ,ငါရဲ့နတ်သမီး ။ ဒါပေမယ့် အခြားသော စည်းကမ်းများအား ဤဝမ်းနည်း နိဗ္ဗာန်တွင်လုပ်သလား , သူတို့မလုပ်ဘူးလား? အကယ်၍ရှိလျင် ထိုအရာသည် ဘာလဲ။ နောက်တော့ ဘယ်လိုခိုင်းစေမှုမှမပါပဲ လေဟာသူ့အလိုလိုကြွေကျ။ အဲဒါတကယ်ဖြစ်ခဲ့သလားလို့ ငါတို့ ထွက်ကြည့်ခဲ့သေးသည်။ ဥတုဟာ ခံစားချက်မဲ့စွာ တည်ရှိနေဆဲပဲ,တက်ကြွနေဆဲပဲ ။ ရေစက်တွေ ကျောက်စက်ပန်းတွေမှာ ကျနေတာ ငါမသိဘူး။ ငါဖြတ်သန်းခဲ့ပြီးပြီ။ အမြင်ကောင်းအောင် ဟန်ဆောင်မှုနဲ့ ကျက်သရေတည်ကြည်မှုကို, ခုထိငါဆုံးရှုံးမှုတွေ သိမ်းထားဆဲ။ ငါဟာ သြစတေးလျကို အံ့သြတယ်။ ကနေဒါ အတွက်ရော ကျန်ပါသေးလား ? ခိုတွေ တောင်ပံခတ်ပါသလား? ငါဆီက တစ်စုံတစ်ခုဟာ ပြီးပြည့်စုံရန် အဲဒီမှာ ထူးဆန်းမှုတစ်ခု ရှိပါလား ? ဒါမှမဟုတ်ငါ၏ ဖြည့်ဆည်းမှုစနစ်အား ပြန်လှန်သင်ကြားရန်လိုအပ် ပါသလား ?
အပြေးအလွှား ညနေခင်းနာရီ များကြားကတွေ့တဲ့လူတွေဆီက ငါတို့အပေါ်ထားတဲ့ စုံစမ်းမှုနဲ့ ဘယ်တော့မှ မရပ်တဲ့အတွေးအခေါ်တွေကို ယုံကြည်ပေးရမလား? O, မင်းအတွက် ငါတောက်ပခဲ့ဖူးရဲ့ ။ ဟိုတုန်းဆီက ငါ၏ တေးသီငှက်။ အခုတော့, ရေစိုကုန်းမြေပေါ်ကကိုင်းပင်တွေပျက်စီးခြင်းသည်ပင်လျှင် ငါအချိန်ရခြင်း အကြောင်းအရင်းပါပဲ။ ရက်စွဲများကတော့ဖြင့် ဆန်ကျင်ဘက်လားရာဆီသို့သာ။ အခုထိ အချိန်ဟာ ဆန်ကျင်ဘက်လားရာရဲ့ အလယ်ဗဟိုမှာ မရှိသေးဘူး။
အနည်းဆုံး သူတို့တွေ ငါအပေါ်ဘယ်လိုဘယ်ပုံခံစားနေကြတယ်ဆိုတာကိုပါ။ ငါ့ရဲ့စိတ်ကူး မြို့တော်က လမ်းတွေလို ငါသိတယ်။ ဒါပေမယ့် သူ့မှာကိုယ်ပိုင်ခြေချော်မှု အတိတ်တွေ သူနည်း သူဟန်နဲ့ ရှိကြရဲ့။ အဲဒီမှာ သူတို့ကို ဖြစ်ပေါ်စေမယ့်တစ်စုံတစ်ရာပြည့်ဝမှုဘယ်တုန်းကမှ မရှိခဲ့။ သင်လည်း အရာဝတ္တုအတွက် မျဉ်းထဲကစောင့်ခဲ့တာပဲ, ပြီးတော့ ဖယ်ရှားရခက်တဲ့အလင်းတွေဖြစ်ပေါ်ခြင်းခံရတယ်။ “ အဖျားချွန်ထက်သော’’ ဟူသည့်ကြိယာ စာလုံးတစ်လုံး အတွေးထဲဝင်ခဲ့။ အခုထိ အားလုံးအတွက် မြင့်တက်ပြီးခြင်း သို့မဟုတ်ပို၍ နိမ့်ကျသောရေပြင်ကို တူးမြောင်းထဲမှာ ငါချဉ်းကပ်ခဲ့။
ဒီဟာက ဆောင်းရာသီမှာအချိန်မှန်ပဲ။ ကော်ဖီဆိုင်ထဲကေ ဆးလိပ်မီးခိုးက ပိုက်ထဲက ထုတ်သလို ရှိခဲ့ ..။ နောက် မဟာပြာပုံငှက်ဟာ အမှိုက်သရိုက်လိုဖေါ်ပြထားတဲ့ ပြတင်းပေါက်ဆီက စီးမျောခဲ့ ….။
နောက်ထွက်ခွာဖို့လမ်းကိုစောင့်နေခဲ့တယ်။ နောက်ထပ် အခွင့်အရေးတစ်ခု ။ ဒါဟာ စကားပြောရင် လှုပ်တတ်တဲ့ ကိုယ်အမူအရာတစ်ခုဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။)
- ဇော်ဇော်ထွန်း