ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ဒွေးချိုး စပ်နည်း

အချိုး ကဗျာစပ်နည်းများ

အချိုးကဗျာစပ်နည်း (၃) နည်းရှိပါတယ်။
၁။ ဒွေးချိုး
၂။ တြိချိုး
၃။ လေးချိုး

အချိုးကဗျာတွေ မဖွဲ့ မီ ပကတိအသံများဖြစ်တဲ့ ချီသံ(တက်သံ)နဲ့  ချသံ( သက်သံ +နိမ့်သံ+တိုင်သံ)များ
အကြောင်းပြန်လေ့လာထားပါ။ ချီသံနဲ့ ချသံဟာအချိုးဖွဲ့ ရာမှာ အခရာပါ။ နေရာလွဲ ဖွဲ့ ပါကမမှားဘူးဟုဆို
ပါငြားရွတ်ဆို၍မကောင်းပါ။ အချိုးကဗျာများအားလုံးဟာ တေးဆိုလို့ ရတဲ့အနွဲ့ တွေပါ။ဒါကြောင့် ချီသံ
အတိုချုပ် ( ၁၃) လုံး [ အာအီအူအေအော်အင် အန်အိမ်အုန်အယ် အိုင်အောင်အို = မာမီလူတွေခေါ်ရင်
အိမ်ပြန်ကုန်တယ် နိုင်အောင်ဆို] ကိုပြန်သတိရထားပါ ။ ဒီ ၁၃ လုံးကလွဲရင် ကျန်တာကိုချသံဟုမှတ်ပါ။

______________________________________________________________________

ဒွေးချိုး

အခံ အချိုးတစ်ခု နဲ့ အအုပ်အချိုးတစ်ခုပေါင်း ၂ ချိုးရှိလို့  ဒွေးချိုးလို့ ခေါ်တာပါတဲ့။ အဲဒီ အခံအချိုး နဲ့ အအုပ်
အချိုးတွေကိုလည်း စာကြောင်းရေလိုက်ပြီးတော့ (၅)မျိုးခွဲခြားပြန်တယ်။

၁။ ၂ပိုဒ်ခံ ၂ပိုဒ်အုပ် ဒွေးချိုး
၂။ ၂ပိုဒ်ခံ ၃ပိုဒ်အုပ် ဒွေးချိုး
၃။ ၃ပိုဒ်ခံ ၃ပိုဒ်အုပ် ဒွေးချိုး
၎။ ၃ပိုဒ်ခံ ၄ပိုဒ်အုပ် ဒွေးချိုး
၅။ ၃ပိုဒ်(သို့ ) ၄ပိုဒ်ခံ ပိုဒ်ရေ အကန့် အသတ်မရှိအုပ် ဒွေးချိုး

ဒွေးချိုးစပ်နည်း ဥပဒေသများ

၁။ အခံ တစ်ချိုး အအုပ် တစ်ချိုးဆိုပြီး အချိုး (၂)ချိုး ရှိရပါမယ် ။
၂။ အခံ အချိုး(ပထမအချိုး)ရဲ့ ပထမပါဒ (စာကြောင်း)ကို စာလုံး(၃)လုံး/(၄)လုံးဖြင့်စရပါမယ်။အဆုံး
    စာလုံးကို ချီသံဖြင့်ကာရန်ယူပါ။
၃ ။ ဒုတိယပါဒ(စာကြောင်း)ရဲ့ ရှေ့ဆုံး(သို့ ) ဒုတိယစာလုံးကို ပထမပါဒမှ ချီသံကာရန်နှင့်ကာရန်တူ
     ယူ၍ဖွဲ့ ပါ။စာလုံး(၄) လုံးသာရှိရပါမယ်။ဒုတိယ ပါဒရဲ့ အဆုံးချ ကာရန်ကို ချသံဖြင့် ဆုံးပါ။ ချသံမှ
    [အောက်မြစ်သံ/ဝသဇ္ဇနီသံ] ကိုသုံး၍ ဆုံးပါက ပိုသင့်ပါတယ်။
၎။ ပါဒတိုင်းမှာ အတွင်းကာရန်များတူရပါမယ်။
၅။ အအုပ်ချိုး (ဒုတိယအချိုး)ပထမပါဒကို စာလုံးရေ အကန့် အသတ်မရှိ ချသံဖြင့် ကာရန်ယူ၍စပါ။
   ဒုတိယပါဒကို ပထမပါဒမှ ချသံဖြင့် ကာရန်တူ ညှိ၍ စာလုံး (၄)လုံးဖြင့်ပိတ်ပါ။နောက်ဆုံးစာလုံး
   အဆုံးချကာရန်ကို ပထမအခံအချိုးရဲ့ အဆုံးချကာရန်အတိုင်း ချသံဖြင့် ကာရန်တူယူ၍ အဆုံးချပါ။

နမူနာ

၁။ ၂ ပိုဒ်ခံ ၂ပိုဒ်အုပ် ဒွေးချိုး

ဒွေးချိုး (မူ)
ဥာဏ်(ကူ)စပ်[ ပေး ] ။

တွင်းကာရန် မူမှန်(လှ)အောင်
စိတ်(က)မျှော် [ ရေး ] ။    ။

အခံအချိုး(၁)ရဲ့ ပထမ ပါဒကို စာလုံး (၃)လုံးဖြင့် ဒွေးချိုးမူ ဟု စ၍ ပါဒ အဆုံးစာလုံး(မူ)ကို ချီသံဖြင့် ကာရန်
စယူပါတယ်။ ဒုတိယပါဒကို စာလုံး(၄)လုံး "ဥာဏ်ကူ စပ်ပေး" ဖြင့်ပိတ်ထားပြီး ပထမပါဒမှ(မူ)ကာရန်နှင့်
ကာရန်တူ(ကူ)ကို အတွင်းကာရန်တူယူထားပါတယ်။ နောက်ဆုံးစာလုံး [ပေး]ကို ချသံဖြင့် အဆုံးချကာရန်
ယူပိတ်ပါတယ်။ အအုပ်အချိုး(၂)ရဲ့ ပထမပါဒကို စာလုံးရေကန့် သတ်မထားပဲ " တွင်းကာရန်မူမှန်
လှအောင်"ဟု ချသံကာရန်(လှ)ဖြင့် စထားပါတယ်။ ဒုတိယပါဒကို စာလုံးလေးလုံးဖြင့် "စိတ်ကမျှော်ရေး"
ဟုပိတ်ထားပါတယ်။ ပထမပါဒမှ(လှ)ဖြင့် ကာရန်တူ(က) ကို အတွင်းကာရန်ယူထားပြီး နောက်ဆုံး စာ
လုံး[ရေး]ကို ပထမအခံအချိုးရဲ့  အဆုံးချကာရန်[ပေး]နဲ့ ချသံဖြင့် ကာရန်တူ ပိတ်ထားပါတယ် ။

(၁) ၁ ၂ (ချီ)
၁ (ချီ) ၃ ၄ ၅ ၆ ------ [ချ] ။

(၂) ၁ ၂ ---------(ချ) --
၁ (ချ) ၃ [ချ] ။    ။

နမူနာလေ့လာပါ

နိဗ္ဗာန်ကို(ရွယ်)
(ကယ်)ပါတော့[လား] ။

ရေလယ်မှာ တစ်ကောင်(ထဲ)
ဖော်(ကွဲ)တဲ့[ငါး] ။    ။

အသားရယ်(ဖြူ)
(လူ)ပေမို့ [လား] ။

အသားတော်ညိုပြာ(ညက်)ကယ်
နန်း(ထက်)တော်[ဖွား] ။     ။

ပြည်မြန်(မာ)
သာ(ယာ)အ[ရေး] ။

တရားမှန်ကျင့်(သုံး)မယ်
(ပြုံး)ချစ်ကြည်[အေး] ။    ။

တောင်တောရယ်(သာ)
မာ(လာ)ကငုံ[ဖူး] ။

တစ်ပင်ကို နှစ်ပင်(ယှက်)တယ်
ကျေး(ငှက်)က[မြူး] ။   ။

[မာလာကငုံဖူး မှာ စာလုံး ၄ လုံးသာရှိရမယ်ဆိုထားပေမယ့် {က}တစ်လုံးပိုနေပါတယ်မလွဲသာမှသုံးပါလို့ 
ရှေးဆရာတွေကညွှန်ခဲ့ပါတယ်။} ကိုယ်တိုင်နမူနာစပ်ကြည့်ကြပါ။

ချိန်ခါမီ
ရာသီ နွေပြောင်း ။

ပိတောက်တွေ ဝေကာလန်း ပေမင့်
ငယ်ကျွမ်းကနှောင်း ။    ။


ဆူဆူညံညံ
ဘာသံလဲမေး ။

နှစ်လုံးထီ ဝင်ကံစမ်းတယ်
ရဲဖမ်းလို့ ပြေး ။    ။

________________________________________________________________

၂။ ၂ ပိုဒ်ခံ ၃ ပိုဒ်အုပ် ဒွေးချိုး

အခံ အချိုး(ပတမအချိုး) ဖွဲ့ နည်းအတိုင်းဖွဲ့ ပါ ။ အအုပ်အချိုး (ဒုတိယအချိုး)တွင် ပါဒတစ်ကြောင်းပိုလာသည့်
အတွက် စာသုံးကြောင်းစလုံးကို ချီသံ/ချသံ တို့ ဖြင့်တစ်လှည့်စီ ဖြစ်စေ lချီသံချည်းဖြစ်စေ ကာရန်ညှိပါ။
အောက်ဆုံးပါဒဟာစာလုံး(၄)လုံးပါပဲ။ နောက်ဆုံးစာလုံး အဆုံးချကာရန်ဟာလည်း ရှေ့ကအတိုင်း အခံ
အချိုးရဲ့နောက်ဆုံးစာလုံးနဲ့ ကာရန်တူ ချသံအတိုင်း ပိတ်ပါ။

၁ ၂ ၃ (ချီ)
၁ (ချီ) --------[ချ] ။

------------(ချီ)--
-- (ချီ)---------(ချ)--
၁ (ချ) ၃ [ချ] ။    ။

(သို့ မဟုတ်)

-------------(ချီ)--
-------------(ချီ)--
၁ (ချီ) ၃ [ချ] ။    ။

{ (ချီ) သုံးလုံးစလုံးသည် ကာရန်တူ}

နမူနာ[၁]

လေး သွေး ရာ (ချီ)
ရွှေ ( ဖီ ) က [ မွှေး ] ။

ဝတ် ပန်း ငယ် ငုံ ( ခိုင် ) နှင့်
မဲ ဇာ( မြိုင် ) ရေ ယဉ် ( စမ်း ) မှာ
( လွမ်း ) ဖော်မဲ့ [ ဝေး ] ။   ။

နမူနာ[၂]

လေ သွေး ငယ် (ဆော်)
ပြည်(တော်) က [ဝေး] ။

လေး ငဲ့ ဖြစ် (အင်)
ပူ ရေး သည် မှာ( မြင် ) တော့ တယ်
နန်း (ပင်) မြင့် [သွေး] ။     ။

နမူနာ[၁] တွင် အခံအချိုးမှ အတွင်းကာရန် ချီသံ (ချီ)နှင့်(ဖီ)တိုဟာ တူကြပြီး အဆုံးချကာရန်[မွှေး]ကို
ချသံနဲ့ ပိတ်ထားပြီး စာလုံး၎လုံးပါပဲ။ အအုပ်အချိုးရဲ့ အတွင်းကာရန်(ခိုင်) နှင့်(မြိုင်) l (စမ်း) နှင့် (လွမ်း)
တို့ ဟာ တူကြပြီးချီသံနဲ့ ချသံကို တစ်လှည်စီသုံးထားပါတယ်။ထို့ အတူ အဆုံးချကာရန် [ဝေး]ကိုအခံ
အချိုးမှ အဆုံးချကာရန် [မွှေး]နဲ့ ချသံချင်း ကာရန်တူယူပြီး ပိတ်ထားပါတယ် ။ နမူနာ[၂]တွင် အခံအချိုး
မှအတွင်းကာရန် ချီသံ (ဆော်)နဲ့ (ဘော်)တို့ ဟာတူကြပြီး အဆုံးချ ကာရန်[ဝေး]ကို ချသံနဲ့ ပိတ်ထားပြီး
စာလုံး ၄ လုံးပါပဲ။ အအုပ်အချိုးရဲ့ အတွင်းကာရန်တွေကိုညှိတဲ့အခါ ပါဒ ၃ ကြောင်း စလုံးတူအောင်ချီသံ
(အင်)l(မြင်)နဲ့ (ပင်)တို့ ကိုယူထားပါတယ်။ ထို့ အတူအဆုံးချကာရန်[သွေး]ကို အခံအချိုးမှ အဆုံးချကာရန်
[ဝေး]နဲ့ ချသံချင်းကာရန်တူယူပြီးပိတ်ထားပါတယ်။စာလုံး ၄ လုံးပါပဲ။ နမူနာများ -

မိုးယံမြင့်(လယ်)
ပြို(မယ်)ခု[တိုင်း] ။
မြကြောငယ် ညို(ညို)နှင့်
လွမ်း(ပို)အောင် သာလေ(ညှင်း)မှာ
ငွေ(နှင်း)က[ဝိုင်း] ။    ။

လောင်သဲကြွေ(ရန်)
ငှက်(သံ)က[ကြွေး] ။
တန်ခိုးစီ(စီ)နှင့်
မှိုင်းဝေ(ရီ) ခါနွေ(ဆန်း)ကို
ထုံ(ပန်း)က[မွှေး] ။    ။

မြင်လှည့်ပါ(ကွယ်)
သူ(မယ်)နှင့်[ဝေး] ။
ရွှေလောင်းငယ် လှေ(ငယ်)နှင့်
ရိုးပင်(လယ်) နဒီ(ဝဲ)မှာ
ဆူ(သဲ)က[ဆွေး] ။    ။

နမူနာများစပ်ကြည့်ကြပါဦး။

ချစ်သူနှင့်(ဆို)
ဘယ်(ကို)မြန်း[မြန်း] ။
နေရာ(စုံ)
အချိန်တွေ တစ်နေ(ကုန်)လည်း
ပြန်(ရုံ)နှင့်[လွမ်း ] ။    ။

ချစ်သူ့ ခေါ်(ရာ)
လိုက်(ပါ)ဖို့ [တွေး] ။
လူလစ်လျှင် အသား(ယူ)လို့ 
ခင့်ပါး(ကြူ) သူလေ(နမ်း)မှာ
မျှော်(မှန်း)လို့ [နွေး] ။    ။

_________________________________________________________________

၃။  ၃ပိုဒ်ခံ ၃ပိုဒ်အုပ် ဒွေးချိုး

အခံအချိုးမှာပါဒ တစ်ကြောင်းပိုလာတာကို ၂ပိုဒ်ခံ ၃ပိုဒ်အုပ် ဒွေးချိုရဲ့  အအုပ်အချိုးက စာသုံးကြောင်း
ကာရန်ယူပုံအတိုင်း ကာရန်ယူ ဖွဲ့ ပါ။  နမူနာ -

ချိုးနှစ်(ကောင်)
ထနောင်းပင်ညီ(နောင်)က
လွမ်း(အောင်)ကူ[ ချွဲ ] ။

ပန်းတော်(ဖြူ)
ပင်မြက်နေဇာ(ထူ)လှ
ဖိုးတောင် (သူ) [တဲ] ။    ။

အခံအချိုးရဲ့ ပါဒသုံးကြောင်းစလုံးကို ချီသံ (ကောင် lနောင် lအောင်) ဖြင့် အတွင်းကာရန်တူယူထားပြီး
ချသံ [ချွဲ] ဖြင့် အဆုံးချကာရန်ယူပိတ်ပါတယ်။ အအုပ်အချိုးရဲ့ ပါဒ သုံးကြောင်းစလုံးကိုလည်း ချီသံ
(ဖြူ  ၊ ထူ ၊ သူ) ဖြင့် အတွင်းကာရန်တူ ယူထားပြီး အဆုံးချကာရန်[တဲ]ကို အခံအချိုးမှ အဆုံးချကာရန်
[ချွဲ]ဖြင့်ကာရန်ညီပိတ်ထားပါတယ်။  နမူနာများ -

ဝေလွင်(လွင်)
ငွေသ(ဇင်) ဟိုပင်(မြင့်)ဆီက
လေ(သင့်)ရာ[ မွှေး ] ။
သူ့ ခြံ(တွင်း)ပေမို့ 
လဲ့(ဝင်း)ကို အယူ(ခက်)တယ်
နီး(ရက်)နှင့်[ ဝေး ] ။     ။

သူမ(လာ)
မကြီးဖြူ(ပြာ)က
မူ(ရှာ)ဆင့် [လေး] ။
နယ်အ(ကြေ)
အလွမ်း(ပြေ)နာရည်(အုပ်)ကို
အုန်း(လုပ်)လို့ [ပေး] ။    ။

နမူနာ ဒွေချိုးများစပ်ကြည့်စမ်းပါလား။

ညအကြို
လမ်းအိုအို နွယ်ခြံစွန်းက
ထုံမွှန်းအီမွှေး ။
နေ့ ကိုသွေဖီလို့ 
ညရာသီ သူပျော်ချက်ကို
ခေါင်းခက်စွာတွေး ။    ။

_____________________________________________________________________

၎။  ၃ ပိုဒ်ခံ ၄ ပိုဒ်အုပ် ဒွေးချိုး

အခံအချိုးမှာ ၃ပိုဒ်ခံအတိုင်းရေးဖွဲ့ ပါ။ အအုပ်အချိုးမှာလည်း ပါဒတစ်ကြောင်းပိုလာသည်ကလွဲ၍ ချီ/ချ
သံများ တစ်လှည့်စီ ရေးဖွဲ့ သွားရန်ဖြစ်ပါတယ်။ နမူနာ -

ထုံးမ(တိမ်)
ငုံး(အိမ်)ကြူ(လ)နှင့်
တူ(မျှ)စံ[နှိုင်း] ။
ထပ်တ(ညီ)
ကပ္ပ(ဋီ)တင်(ထိုက်)တဲ့
ယင်(သိုက်) ဝင်သည်မေ(နှင့်)ရယ်
ငါး(ဆင့်)သ[မိုင်း] ။     ။

ရှုတိုင်းရယ်(စို)
မြရေ(ညို)တောင်သ(မန်)နှင့်
မြောက်ပတ်(ရံ)[ဆီး] ။
မီးစုံပွင့်(ရေ)
ဗျာသိုက်ကယ်ရန်အောင်(ခြွေ)တဲ့
မန်းခေါင်(ဗွေ)ညာမြေ(မော့်)မှာ
ဘိုး(တော့်)ပြည့်[ကြီး] ။     ။

ချစ်ခြင်းငယ်(ပြိုင်)
မြစ်မင်း(ပိုင်)အဏ္ဏ(ဝါ)က
ပြန်မ(သာ)[ကဲ] ။
ယွင်းစေဝ(သုန်)
ငွေဝန်းသော်တာ(ယုန်)သို့ 
ကမ္ဘာ(ကုန်)ကျယ်သ(ရွေ့ )ငယ်ကို
ဘယ်(မေ့)လိမ်[လဲ] ။ ။

ရစ်သိုင်းငယ်(မှောင်)
မကန်းစူကာ(နှောင်)လို့ 
ရွာ(ယောင်)မာန်[ပျိုး] ။
ကြွေးရင့်ငှက်(သံ)
နွေရက်ကယ်မိန်အ(ကျန်)မို့ 
ချိန်မ(တန်)ရွာစေ(ဖွဲ)တယ်
တင့်(ရဲ)တဲ့[မိုး] ။     ။

နမူနာဒွေးချိုးများစပ်ကြည့်ကြပါ။

၅။ ၄ ဒ်ခံ ၄ ပိုဒ်အုပ် ဒွေးချိုး နှင့် ပိုဒ်ရေ အကန့် အသတ် မရှိ ဒွေးချိုးများ

အထက်ပါနည်းများအတိုင်း ချီ/ချသံများတစ်လှည့်စီ စပ်ဖွဲ့ သွားပါ။ နမူနာများ -

ပန်းစ(ပယ်)
နန်း(လယ်)မပေါ်(ခိုက်)ဟာမို့ 
အ(လိုက်)တော်တန်(သင့်)ရုံပ
ခံ(ပွင့်)ကို[ကုံး] ။

နန်းရ(ဝေ)
မန်း(မြေ)မှာစပယ်(လှိုင်)တော့
ခံပန်း(ခိုင်)ယာယီ(ရွေ့ )တယ်
တော(လေ့)ရွာ[သုံး] ။    ။

ညှင်းသည့်ငြိမ်(လွင်)
အိမ်(ရှင်)စည်တော်(စုံ)က
သည်း(အုံ)ကြွေစေ(ရော့)လေလ
သာ(တော့)သီ [ကျူး ] ။
ခြိမ့်တ(မည်)
တိမ်မင်(ခြည်)ချယ်ရောင်(ဖန်)လို့ 
ဘယ်ငြိုး(မာန်)သန်မ(တုန့် )ငယ်လေ
အ(မ္ဗုန့် )ထွတ်မှူး ။    ။

မှုန်ပြာငယ်(ရီ)
ကုံရာ(သီ)တပို့ (တွဲ)လမှာ
ပေါက်(လဲ)တွေ အရောင်(တောက်)လို့
တောင်(မြောက်)လေ[နှော] ။
ညီးလို့ ငယ်(ဝါ)
မီးရှို့ (ခါ)ဘယ်သူ(မြိုက်)ခဲ့ပါလိမ့်
ပူ(လိုက်)လေအကျိုးဘာမျှမ(နပ်)ခဲ့ပါကလာ့
လူမိုက်တွေပိုးသတ္တဝါ(သတ်)ကြတယ်
ရိုး(ပြတ်)လယ်[တော] ။    ။

နေမှိန်(မှိန်)
ဆင်ဗောင်းတော် ရွှေပု(သိမ်)နှင့်
လာ(ချိန်)တန်[တော့] ။
ထပ်ထပ်ကယ်(မျှော်)
ပြဿဒ်ကယ်ဆောင်ဘုံ(ပေါ်)က
အကြို(တော်)ဒီမယ်(ထောက်)ရတယ်
ကိုး(ခေါက်)ပြန်[ပေါ့] ။    ။

သာပေါင်းငယ်(ထွေ)
ခါ(ဟေ)မာန် ရာသီ(ချိန်)မို့ 
ဖလ်(ရှိန်)ဝယ် မြူအ(ပြိုင်)နှင့်
နှင်လေ(ဆိုင်)[ဖြန်း] ။
သင်းပျံ့ တဲ့(အင်)
ပုလဲစုံကြိုင်လှိုင်(ရွှင်)သည့်
ခိုင်ငွေ(ဇင်)ညှာတံ(ညွတ်)ကယ်မှာ
ရွှေ(ဝတ်)ဆင့်[ပန်း] ။     ။


- နေဘုန်းမိုရ်