ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ကာရန်ကဗျာရေးသူ သိသင့်သောအချက်များ (အကျဉ်း)

ကာရန် 
ကဗျာရဲ့အသက်ဟာ ကာရန် ၊ ကာရန် ၆၄ ပါးရှိတယ် ။

ကာရန်တူ
အသံတူတာကိုပြောတာ။ ဖွဲ့စည်းပုံအက္ခရာ မတူတူ အသံတူပြီးရော ။

နမူနာ
ကား=စား အား ထား ကြွား ပွား ပြား
ကီ=စီ တီ ပြီ ချီ မည်
လေ=တေ စေ နွေ ကြွေ ခြေ ကျေ
အိုင်=ကိုင် ဆိုင် ကြိုင် ကွိုင် ချိုင်
စသဖြင့် ---

ချီသံ/ချသံ
မြန်မာစကားမှာ ပကတိအသံ ၄ မျိုးရှိပါတယ်။
၁ ။ တက်သံ ၁၈ ပါး
၂ ။ သက်သံ ၁၈ ပါး
၃ ။ နိမ့်သံ ၁၈ ပါး
၎ ။ တိုင်သံ ၁၀ ပါး
စုစုပေါင်း = ၆၄ ပါး

ချီသံ (ဂရုသံ)
တက်သံ ၁၈ ပါးကို ချီသံ ပါဠိလို ဂရုသံ လို့ခေါ်ပါတယ် ။ အာ အီ(အည်) အူ အေ အော်   အင်(အဉ်)
အန်(အမ်) အိန်(အိမ်) အုန်(အုမ်) အယ် အောင် အိုဝ် - ချီသံ ၁၈ ပါးကို အသံတူတွေချုံ့လိုက်ရင် ၁၃
လုံးရှိပါတယ်။

အာ အီ အူ အေ အော် အင်
အန်(မ်) အိန်(မ်) အုန်(မ်) အယ်
အိုင် အောင် အို

အလွယ်စာသားတစ်ခုခု အစားထိုးမှတ်ထားနိုင်ပါတယ်။
ဥပမာ - မာမီ လူတွေခေါ်ရင် ( အိမ်ပြန်ကုန်တယ် နိုင်အောင်ဆို )

ချသံ(လဟုသံ)
သက်သံ(၁၈)ပါး + နိမ့်သံ(၁၈)ပါး + တိုင်သံ(၁၀)ပါး = (၄၆)ပါးကို ချသံ ပါဠိလို လဟုသံလို့ခေါ်ပါတယ်။

သက်သံ(၁၈)ပါး [ အောက်မြစ်သံ ]
အ(အာ့) အိ အု(အူ့) အေ့ အော့ အင့် အဥ့် အည့် အန့်(မ့်) အိန့်(မ့်) အုန့်(မ့်) (အုံ့) အယ့် အိုင့် အောင့် အို့

နိမ့်သံ(၁၈)ပါး
အား အီး အူး အေး သြော အင်း အဉ်း အည်း အန်း(မ်း) အိန်း(မ်း)အုန်း(မ်း) အုံး အဲ အိုင်း အောင်း အိုး

တိုင်သံ(၁၀)ပါး
အက် အောက် အိုက် အစ်
အတ်(ပ်) အိတ်(ပ်) အုတ်(ပ်)
[က စ တ ပ]= ကွမ်းစားတတ်ပြီ ဟု အလွယ်မှတ်ပါ။ ချသံ ၂ခါထပ်လိုပါက တိုင်သံ ၁၀ပါးကို ကြား
ညှပ်စပ်ပါ။

သက်သံ(အောက်မြစ်)နှင့် နိမ့်သံ(ဝစ္စပေါက်) သံများကို ဒွေးချိုးအချများတွင်လည်းကောင်း / တြိချိုးနှင့်
လေးချိုးတို့၏ တတိယအချိုး=စတုတ္တအချများတွင်လည်းကောင်းသုံးပါ။  ချီသံနှင့်ချသံကို အလျဉ်းသင့်
သလို အလှည့်ကျ တစ်လှည့်စီ စပ်ရပါမယ်။

ကာရန်ယူနည်းများ
ကဗျာတိုင်းမှာ ကာရန်ယူနည်းရှိပါတယ်။
သံပေါက် / လင်္ကာ(လေးလုံးစပ်) / အချိုး ကဗျားများရဲ့ အခြေခံကာရန်ယူနည်းများကို ဖော်ပြပါမယ်။
ရတု/တေးထပ်/ဘောလယ်/လွမ်းချင်း/တျာချင်း စတာတွေက တစ်ဆင့်ချင်းတက်သွားရုံပါပဲ။ ကဗျာတိုင်း
ရဲ့ ဖွဲ့နည်း ဥပဒေသ အတိုင်း ကာရန်ယူနည်းတွေရှိပါတယ်။ ချီသံနဲ့ချသံ ကို ဥပဒေသတွေနဲ့ အညီ ထည့်
ပေးရပါမယ်။

သံပေါက် 

"သံပေါက်စပ်နည်း (၇)နည်း ကာရန်ယူပုံ"

၁။ ၄ ၃ ၂ ကာရန် /၅ လုံးချ
၂။ ၄ ၃ ၁ ။
၃။ ၄ ၃ ၂ ကာရန်/၇လုံးချ (၄/၇) ကာရန်ယူ
၎။ ၄ ၃ ၁ ။
၅။ ၄ ၃ ၂ ကာရန်/၇ လုံးချ
၆။ ၅ ၃ ၂ ကာရန်/၅ လုံးချ
၇။ ၅ ၃ ၂ ကာရန်/၁၀လုံးချ(၅/၁၀) ကာရန်ယူ

မှတ်ရန်။    ။ အကြောင်းအရာတစ်ခုကို ခေါင်းစဉ်တစ်ခုအောက်တွင် ၃ ကြောင်းတွဲ သံပေါက်များဖြင့်
စုပေါင်းစပ်ဖွဲ့ရင် အဆုံးချ ကာရန်တွေကို ကာရန်တူ တစ်မျိုးတည်း(သို့)ကာရန်တစ်လုံးတည်းကိုအကြိမ်
ကြိမ်ယူုရမယ်။ သံပေါက် ၇ နည်းအနက် နည်းတစ်ခုတည်းကို သာပဲ စပ်ရမယ်။ နည်းတွေရောမစပ်ရ ။
ဥပမာ -

အဝမြို့ဘွဲ့ ရွှေနန်းတည် မော်ကွန်း

လက်ျာပေါ်(ထွန်း)
အောင်ချာ(ကျွန်း)
ကြ(ငှန်း)ဇမ္ဗူ[ ချာ] ။
ရွှေမြေမင်း(နေ)
အောင်ချာ(ဗွေ)
ဝ(ရွှေ)နန်းတည်[ ရာ ] ။
သုံးဖြာပတ်(ရစ်)
ဆုံသည့်(မြစ်)
ရန်(စစ်)ပယ်ရှောင်[ခွာ] ။
စဉ်လာမင်(ရိုက်)
ညီသည့်(လိုက်)
စိုး(ထိုက်)နန်းသ[ င်္ဂါ ] ။
ထက်မြေလျှံ(ချီး)
မြန်ဘုန်း(ကြီး)
စော(မီး)ဧက[ ရာ ] ။
စကြ်ာဖြူ(ဝန်း)
ထိပ်ခေါင်(စွန်း)
ဖြန့်(ဝှန်း)ချဆီး[ ကာ ] ။
သိင်္ဂါကြ(ငှန်း)
ပွင့်သည့်(နန်း)
လှစ်(သွန်း)ကျူးသံ[ သာ ။    ။

- ရှင်မဟာသီလဝံသ

ထွန်း=ကျွန်း= ငှန်း
ငှန်း=နန်း=သွန်း တို့သည် နသတ်တူကာရန်များယူထားတယ်။အသံပေါ် ကာရန်မူမတည်ဘဲ
အသတ်ပေါ်မူတည်တယ်။ ယခုခေတ်တွင် အသံကိုသာအဓိကထား ကာရန်ချိတ်လေ့ရှိကြ
ပါတယ်။

ချာ ရာ ခွာ ဂါ ရာ ကာ သာ တို့ဟာ
ကာရန်တူ အာ ကာရန်များကိုသာယူထားတယ်။

စပ်နည်း
၎ ၃ ၂/၅လုံးချ ပထမနည်းတစ်ခုကိုသာသုံးထားပါတယ်။

လင်္ကာစပ်နည်း (လေးလုံးစပ်) ကာရန်ယူပုံ
၁။ ၄ ၃ ၂ ကာရန်/၄-၇ -၈-၉ ချ
၂။ ၄ ၃ ၁ ကာရန်/ ။
၃။ ၄ ၂ ကာရန်/ ။
၎။ ၄ ၁ ကာရန်/ ။

မှတ်ရန်

၁။ ၄ ၃ ၂ သုံးချက်ညီ စပ်နည်းကိုပင်တိုင်ထားပြီး ကျန်တဲ့  ၄ ၃ ၁(အထူးသုံးချက်ညီစပ်နည်း)
၎ ၂(ဘီလူးရယ်) စပ်နည်း၎ ၁(ဦးတိုက်) စပ်နည်း တို့ကိုရောနှောပြီး ကြိုကြားထည့်ဖွဲ့လို့ရပါတယ်။

၂။ ၄ ၃ ၂ ကာရန်ချည်းလည်းစပ်သွားလို့ရပ်တယ် ။လှေခါးထစ်လိုအင်မတန်လွယ်ကူပြီး အသံလှပါတယ်။

၃ ။ ၄ ၃ ၂ /၄ ၃ ၁ ကာရန်အတွဲ ကို ဆုံးအောင် ယူရပါတယ်။ ဖြတ်ပြီးတော့ (၄ / ၃ )တင်ယူပြီး
နောက်ကာရန်အတွဲ တစ်ခုကိုပြောင်း ရင် အသံသာယာမှုကိုထိခိုက်ပါ တယ်။(၄ ၃ )ကာရန်ကိုယူလို့ရပါ
တယ်။ဒါပေမယူရင်ပိုကောင်းတယ်။ ကာရန်ခြေကျိုးလို့ခေါ်တယ်။ ကာရန်ခြေကျိုး အလွန်ရုပ်ဆိုးသတဲ့ ။

၎ ။ ချနည်းကိုတော့ ၄လုံး ၇ လုံး ၈ လုံး ၉လုံး စသဖြင့် ချလို့ရပါတယ်။ အများအားဖြင့်တော့ ၇ လုံးနဲ့ချတဲ့
(ခိုင်ညွန့်ခက်ဖြာချနည်း) ကိုသုံးပါတယ်။ ထို့အတူ သံပေါက်ချနည်း(၇)နည်းနဲ့လည်းချနိုင်ပါတယ်။

၅ ။ လေးလုံးတစ်ပါဒစီကို တစ်ကြောင်းတည်းဖြစ်စေlနှစ်ကြောင်း ယှဉ်လျက်ဖြစ်စေ ရေးလို့ရပါတယ်။အရင်က ဆက်ရေးပါတယ်။

၆ ။ ၄ ၃ ၂/ ၄ ၃ ၁ ကာရန်ချည်း ဆိုရင်ဒုတိယပါဒတိုင်းကို ပါဒဆက် (ပါဒလင်္ကာရ)နဲ့ ဆက်ပေးရမယ်။

နမူနာ - 

မပယ်မ(ရှား) ၊ မိဘ(အား)ကို
ဆ(ပွား)သိမ်(မွေ့) ၊ လုပ်ကျွေး(လေ့)ဖြင့်
စု(တေ့) နတ်ရွာ ရောက်စေမင်း ။

ကိုနှင့်ဖြင့် တို့သည် ဒုတိယပါဒများ၏ ပါဒဆက်(ပါဒလင်္ကာရ)များဖြစ်သည်။

အချိုးကဗျာများတွင် ချီသံ/ချသံ ကာရန်ထားနည်းများ (ဒွေး တြိ လေး )

-----------------------------
ပချိုး ဂရုချီ လဟုချီ လဟုချီ
လဟုချ ဂရုချ ဂရုချ
------------------------------
ဒုချိုး ကြိုက်ရာ ဂရုချီ
လဟုချ လဟုချ ။
-------------------------------
တချိုး - ကြိုက်ရာ ကြိုက်
လဟုချ လဟု
-------------------------------
စချိုး - - ။
-------------------------------
ဂရု=ချီသံ ၁၃လုံးကိုသုံးပါ။ (တက်သံ)
လဟု=ချသံ မှ အောက်မြစ်နှင့် ဝစ္စံပေါက်ကိုသုံးပါ ။(သက်/နိမ့်)

မှတ်ရန်
၁။ လေးချိုးရဲ့ တတိယအချိုးကို ကြိုက်ရာချီ ဆိုပေမယ့် ချသံနှင့် ချီတာပိုသင့်။
၂။ လေးချိုးရဲ့ စတုထ္ထအချိုးကို လည်း ကြိုက်ရာချီ ဆိုပေမယ့် ချီသံဖြင့် ချီတာပိုသင့်။

ခွာထောက်ကာရန်ယူနည်း
ခွာထောက်ကို ကာရန်ပြန်/ခြင်္သေ့လည်ပြန်လို့လည်းခေါ်တယ်။ တြိချိုးနဲ့ လေးချိုးမှာ ယူရတယ်။

တြိချိုး
တြိချိုးမှာ ပထမအချိုးရဲ့အချစာလုံးချီသံကို ဒုတိယအချိုးရဲ့ အချစာ၂ကြောင်းမှာ ကာရန်ပြန်ယူရပါ
တယ်။ အချအပေါ်ပါဒနောက်ဆုံးနဲ့ အချပါဒမှာ အတွင်းကာရန်ဆက်ယူတာကို ခွာထောက်ယူတယ်
ခေါ်ပါတယ်။ နမူနာ -

ပချိုး-
ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွပ်သည့် အဖိုး( အို )
ဟော ကြည့်ပါ( ဆို )။

ဒုချိုး -
ဆိုသာ(ဆို)
ပို(မို)သည့်စကား ။

အို=ဆို=ဆို=မို သည် ခွာထောက်

လေးချိုး
လေးချိုးမှာတော့ ပ/ဒုချိုးအချက ကာရန်တူ ချီသံတွေကို တတိယအချိုးရဲ့မောက်ဆုံးအချပါဒနဲ့
သူ့အပေါ်ပါဒ အဆုံးမှာတြိချိုးလိုပဲယူရပါမယ်။ နမူနာ -

ပချိုး -
ရိုးတစ်လျှောက်
ဖြိုးမောက်ပါတဲ့ လယ်ပ(တူ) ။

ဒုချိုး -
အရွက်ချွန်းကန်စွန်းပုစွန်စာနှင့်
လွန်တရာ ကညွှတ်ပေါတယ်
တောဖြစ်လို့(ထူ) ။

တချိုး -
မှိုနားတို ငွေရောင်ဖျော့ငယ်နှင့်
ရွှေကနဖော့ ကြာရိုး(ဖြူ)
ချိုး(ယူ)လို့ မကုန်ခမ်း ။


ပါဒလင်္ကာရ
ပါဒလင်္ကာရဆိုတာ ပုဒ်/ဝါကျ/အဓိပ္ပာယ် အချင်းချင်း ဆက်ပေး သော ဝိဘတ် ပစ္စည်း သမ္ဗန္ဓ စကား
ဆက်တွေ ဖြစ်ပါတယ် ။

စကားဆက် ၃မျိုး
ဝိဘတ် ပစ္စည်း သမ္ပန္ဓ တို့ဖြစ်ပါတယ်။ အကျယ်သိချင် မြန်မာသဒ္ဒါ မှာကြည့်ပါ။ မူ/လယ်/ထက် အကုန်
ပါပါတယ်။ နမူနာ -

ဝိဘတ်
သည်/က/ကို/အား/သို့/မှ/ဖြင့်/နှင့်
၌/ရှာ/တွင်/ဝယ်/အတွက်/၏/ပြီ/
မည်/သို့/ထိ/အထိ/ထိအောင်/
တိုင်အောင်/ဖြင့်/နှင့်/ကြောင့်/အ
လိုက်/အရ/အတိုင်း/အလျောက်/
အားလျော်စွာ/နှင့်အတူ/နှင့်

သမ္ဗန္ဓ
ဘဲနှင့်/နှင့်တပြိုင်နက်/သော ကြောင့် /သော်လည်း/မှ/သော်/သဖြင့်/သို့မဟုတ်/သောအခါ/လျှင်/ခိုက်/
က/သာမက/၍/လျက်/သို့ရာ တွင်/ထို့ကြောင့်/ထိုအခါ/တုန်း/ဖြစ်စေ/ထို့ပြင်/အတွက်/စသဖြင့်/

ပစ္စည်း
များ/တို့/သော/တည့်/မည့်/သာ/
ရဲ့/သင့်/ပင်/ငဲ့/ရက်/ရှာ/တော့/နှင့်/
ချည်း/ပါ/နှယ်/လို့/မို့/ရ/ခဲ့/နိုင်/ကြ/ကုန်/ပေ/အတိုင်း/မလား/စသည်နှင့်
ဖြစ်စေ/သောအခါ/သာမက/လည်း/
လည်းပဲ/သော်လည်း/၍/စသည်ဖြင့်

နဘေထပ်
ကာရန် ၂လုံးကနေ ကြိုက်သလောက် စာလုံးချင်းထပ်တူကာရန်ယူတာပါ။
လောက ပြောပြ ဒေါသ မောစွ ကံကြမ္မာ သံသရာ မှန်မကွာ ပြန်အလာ ရန်တကာ
မြန်မကြာ မဲဇာတောင်ခြေ ပွဲခါညောင်ရေ သဲသာသောင်မြေ ချစ်သူတစ်ယောက်
အပြစ်ယူလောက် အသစ်လူရောက် စာ၎လုံးထက်ကျော်ရင်(မန်းကျည်းရွက်နဘေ)
လို့ခေါ်တယ် ။

တံတားကြီးပေါ်က /ကုလားကြီးချော်ကျ /ငါးကျည်းကြော်ချ

ကာရန်ထပ်တူကျရုံနဲ့ မပြီးဘူး အဓိပ္ပာယ် လည်းရှိရမယ်။

မြင်းမူကကျောက်ငနွား
အဆင်းရူပခြောက်ပြား
(ငါက)
မင်းတူမယောက်ျား ဆိုရင် အဓိပ္ပာယ်မဲ့နေလို့ ဇွတ်ယူတဲ့ နဘေဖြစ်တယ်။

ရိုးမြင့်ရွက်ရှေ /တိုးဆင့်ကျက်သရေ/ဂိုးဂွင့်ဂွက်ဂွေ လိုဟာမျိုး
အဓိပ္ပာယ်ပြည့်တဲ့နဘေကျတော့ -

ခန်းဆောင်ရွှေ ရဝေတွင်း
ချမ်းပေါင်လေ တဖေတင်း
သည်အလွှာအကုန်ထွေး
ကြည်အသာမလုံသေး

အချိုးကဗျာများနဲ့ တေးထပ်မှာ နဘေပါမှ နဘေပိုင်မှ ပိုပြီးထိရောက်ပါတယ်။ အထူးသဖြင့် လေးချိုးကြီး
တွေမှာပိုပြီး အသုံးတည့်ပါတယ်။ အချိုးကဗျာတွေမှာ အပေါ်အောက် ထပ်တွန့် နဘေထပ်ရင် ပါဒလင်္ကာရ
တွေကို ထည့်ပြီး နဘေမထပ်ရပါ။

မြပုဏ္ဏမာ သော်တာဦး(ရယ်က)
လယုန်စန္ဒာ ဘော်ခွာလူး(ရင်ဖြင့်)
နှမမှုန်ကညာ မော်ကာဖူး(ပါလို့)

ပဓာနကာရန် ဦး လူး ဖူး ပါအောင်ထပ်တွန့်တဲ့ နဘေပါ ပါဒလင်္ကာရ (ရယ်က) (ရင်ဖြင့်)
(ပါလို့) စတဲ့ ပါဒလင်္ကာရတွေကို နဘေမထပ်ရပါ ။

ဝဂ်နင်း
ဝဂ်ဆိုတာ (ကမှမအထိ) ငါးလုံးစီ အစုလိုက်တည်သော ဗျည်းစု ။
(က ခ ဂ ဃ င) ကို ကဝဂ် ။
(စ ဆ ဇ ဈ ည) ကို စဝဂ် ။
(ဋ ဌ ဍ ဍ္ဎ ဏ) ကို ဋဝဂ် ။
(တ ထ ဒ ဓ န) ကို တဝဂ် ။
(ပ ဖ ဗ ဘ မ) ကို ပဝဂ် ဟူ၍ ခေါ်သည်။
ဝဂ်ဗျည်း= ဝဂ် ငါးခု၌ ပါဝင်သော ကမှမအထိ ဖြစ်သော ဗျည်း နှစ်ဆယ့်ငါးလုံး ။

ဝဂ်နင်း - ကဗျာစပ်ရာတွင် ရှေ့အခံကာရန်၏ အက္ခရာနှင့် အသံကို မလိုအပ်ပဲ ထပ်တူပြု၍ နောက်
ကာရန်ထပ်ယူကာ ရေးစပ်နည်း ။ အခံကာရန်နှင့် အအုပ်ကာရန်နှစ်ခု ရှိရာတွင် ယင်းတို့နှင့်တူသော
ကာရန်တစ်ခု ကြားဝင်နေခြင်း။ သာဓက -

တောတောင်ကသာ
မြစ်ညာက လေ(သွေး) ။

ရနံ့ထုံ မာလာ(မွှေး)တယ်
စိတ်ပျော်ဖို့(လေး) ။   ။

ဤတွင် မွှေးသည် ဝဂ်နင်းဖြစ်သည်။

မြိုင်အတွင်းမှာလ
ဂေါ်ဖီမင်းတို့ တဝေဝေ ။

လေယူရာ ကြိုင်အေးပါလို့
ပျံ့မွှေးလို့နေ ။

တပေါင်နွေ
သိင်္ဂီရွှေ ဝါနီ(မြန်း) ။

ဖော်ဝေးသူ
ဖေကူကာ ဘယ်ရော်(ရမ်း)ပါလို့
ပန်းပေါင်းစုံ နွေမီ(လမ်း)မှာဖြင့်
(ကွယ်)
တစိမ့်စိမ့်(လွမ်း) ။    ။

ဤတွင် ရမ်း/လမ်း သည် ဝဂ်နင်း

- နေဘုန်းမိုရ်