ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

တေးထပ်စပ်နည်း

တေးထပ်စပ်နည်းကို လေ့လာသင်ယူလိုတဲ့ သူငယ်ချင်းများအတွက် ရှေးစာဆိုကြီးများရဲ့ မူအတိုင်း မျှဝေ
လိုက်ပါတယ် သူငယ်ချင်းတို့ရေ။ နမူနာတေးထပ်များနဲ့ပါဒတစ်ကြောင်းချင်းစီ အသေးစိတ်ရှင်းပြထားပါ
တယ်။ စိတ်ရှည်ရှည်နဲ့ နမူနာတေးထပ်တွေချထားပြီးမှ တစ်ပါဒချင်းနှိုင်းယှဉ်လေ့လာကြပါ။ ဖွဲ့နည်းဥပဒေသ
အတိုင်းဖွဲ့ကြည့်ပါ။

တေးထပ်

တေးထပ် ဆိုတာ အအုပ် အခံ အထပ်များစွာနဲ့ ဖွဲ့ဆိုရတဲ့တေးကဗျာဖြစ်ပါတယ်။ တေးသီချင်းဖြစ်တာမို့
သတ်မှတ်ထားတဲ့ဖွဲ့နည်းဥပဒေသအတိုင်း ဖွဲ့ပါမှ နရီ စည်းဝါးနဲ့ကိုက်ပါမယ်။ ချီသံ/ချသံတွေမမှားရပါဘူး။
တေးထပ်(၃)မျိုးရှိပါတယ် ။
(၁) ရိုးရိုးတေးထပ်
(၂) ရှစ်ဆယ်ပေါ်တေးထပ်
(၃) တေးထပ်ဆန်း တို့ဖြစ်ပါတယ်။

တေးထပ် ၃ မျိုးအနက် တေးထပ်ရိုးရိုးကိုပဲ အရေးများ အဆိုများပါတယ် ။

တေးထပ်ရိုးရိုး

တေးထပ်ရိုးရိုးမှာ ပါဒပေါင်း (၁၈) ပါဒ ရှိပါတယ်။အပိုဒ်အားဖြင့် (၇) ပိုဒ် ဖွဲ့စည်းထားပါတယ်။
ပထမပိုဒ် = (၄)ပါဒ
ဒုတိယပိုဒ် = (၂)ပါဒ
တတိယပိုဒ် = (၂)ပါဒ
စတုထ္တပိုဒ် = (၂)ပါဒ
ပဉ္စမပိုဒ် = (၂)ပါဒ
ဆဋ္ဌမပိုဒ် = (၄)ပါဒ
သတ္တမပိုဒ် = (၂)ပါဒ တို့ဖြစ်ပါတယ်။

အကြမ်းဖျဉ်း (၆)ပါဒစီ အပိုင်းကြီး(၃) ပိုင်းခွဲလို့ရတယ်။ အပိုင်းကြီးတွေရဲ့အချပိုဒ်ပါဒ(၆ / ၁၂ / ၁၈)တို့မှာ
အမြဲစာလုံး(၇)ပဲချရမယ်။ နို့မို့ နရီတုန်းမကိုက်ဘူး။

တေးထပ်စပ်နည်းဥပဒေသ

၁။ အပိုင်း(၇)ပိုဒ်ရှိပြီး ပါဒပေါင်း(၁၈)ပါဒရှိရပါမယ် ။
၂။ ပထမပိုဒ်(၄)ပါဒခံ ဒုတိယပိုဒ်(၂)ပါဒအုပ်။
၃။ တတိယပိုဒ်(၂)ပါဒတက်၍စတုထ္တပိုဒ်(၂) ပါဒခံ ပြီးရင် ပဉ္စမပိုဒ်(၂)ပါဒနဲ့အုပ်ရမယ်။
၎။ တဖန် ဆဋ္ဌမပိုဒ်(၄)ပါဒခံပြီး နောက်ဆုံးသတ္တမပိုဒ်(၂)ပါဒနဲ့အုပ်ရမယ်။
၅။ အတွင်းကာရန် အချင်းချင်း အဆုံးချကာရန် အချင်းချင်း တူညီစေရမယ်။
၆။ တေးထပ်ကို ဆုံးတဲ့အခါ "လေး"ထည့်ပြီးဆုံးရမယ်။
၇။ ပါဒ(၁)မှာစာ ၆ လုံး/ပါဒ(၁၆)မှာစာ ၄ လုံး/ပါဒ (၆/၁၂/၁၈) တို့မှာစာ ၇ လုံး/ပါဒ(၄/၈/၁၀)
    တို့မှာစာ    ၅ လုံး စီပဲရှိရမယ်။
၈။ ပါဒ(၄/ ၆ /၈)တို့အဆုံးချကာရန်ဟာ ချသံဖြစ်ရပြီး ပါဒ(၉ /၁၀)မှာအတွင်းကာရန်ပြန်ယူရမယ်။
၉။ ထို့အတူ ပါဒ(၁၀ /၁၂)တို့ရဲ့အဆုံးချကာရန်ဟာချီသံ ဖြစ်ရပြီး ပါဒ(၁၃ /၁၄)မှာ အတွင်းကာရန်ပြန်
    ယူရမယ်။
၁၀။ ပါဒ(၁၅)ရဲ့နောက်ဆုံးကာရန်ကို ချီသံနဲ့ယူပြီး ပါဒ(၁၆)ရဲ့အဆုံးချကာရန်အဖြစ်ပြန်ယူရမယ်။
၁၁။ အဲဒိ ပါဒ(၁၅/ ၁၆)တို့ရဲ့ အဆုံးချကာရန်ချီသံကို ပါဒ(၁၇ /၁၈)တို့မှာ အတွင်းကာရန် ပြန်ယူရမယ်။
၁၂။ ပါဒ(၁၈)ရဲ့အဆုံးချကာရန်ကို "လေး"နဲ့ဆုံးရမယ်။

ဒါကတော့ တေးထပ်အခြေခံဖွဲ့နည်းဥပဒေသတွေပါ လက်တွေ့အသေးစိတ် တေးထပ်ဖွဲ့နည်းကိုတော့
ရှေးစာဆိုကြီးများရဲ့တေးထပ်နမူနာတွေနဲ့ အတူတူစပ်ကြည့် ရအောင်။နမူနာ အဖြစ် စလေဦးပုညရဲ့
ပန်းဖွဲ့တေးထပ်ကလေး နဲ့စကြပါစို့ ။ ရိုးရိုးတေးထပ်အသေးစိတ်ဖွဲ့နည်းတေးထပ်မှာ အချိုးကဗျာတွေအ
တိုင်း ပါဒတစ်ကြောင်းမှာ ပါဒဝက်စီ ၂ ပိုင်းပါရမယ်။ ပါဒ(၁၆)စာ ၄ လုံးကလွဲလို့ ပါဒဝက်စီကြားကို
စာချဲထားရပါမယ်။

ပထမပိုဒ် (ပါဒ ၁ /၂ /၃ /၄)
ပါဒ(၁)
စာ ၆ လုံးသာရှိရမယ်။ မပိုရ။ ပါဒလင်္ကာရ ထည့်လည်းရ။ မထည့်လည်းရ။ ရှေ့ပါဒဝက် စာ ၃ လုံး
ကို ချီသံဖြင့်ဆုံးပါ။ နောက်ပါဒဝက် စာ ၃ လုံးတွင် ချသံဖြင့် ကာရန်စယူပါ။ (နောက်ဆုံးစာလုံးဟာပါဒ
လင်္ကာရအဖြစ်ယူထားပါက သူ့ရှေ့က စာလုံးကို ကာရန်ယူပါ ။)

နမူနာ

၁။ မုလေးရုံ တောအ(စ)
--------
{ မြစမ်းရေ စမ်းတွေ့(တွေ့)
--------
ဟေမန္တာ လေ(သွေး)တော့
--------
အဏ္ဏဝါ ကုန်(မြောက်)လို့ } ဥပမာများ

ပါဒ(၂)
စာ ၅ လုံးသာရှိရမယ်။ရှေ့ ၃ လုံး နောက် ၂ လုံး ။ ပါဒလင်္ကာရမထည့်ရ။ ရှေ့ပါဒဝက် ၃ လုံးတွင် ပါဒ(၁)
နောက်ပါဒဝက်မှ ချသံအတိုင်း အတွင်းကာရန်ညီပြန်ယူပါ ။ နဘေထပ်ရင်ရ မထပ်လည်းရ ။ နောက်ပါဒ
ဝက် စာ ၂ လုံးတွင် နောက်ဆုံးစာလုံးကို ချီသံ ဖြင့်ဖွဲ့ပါ ။

နမူနာ အဆက်
၂။ ဒေါ(န)လမ်း မြေ(ညီ)
---------

ပါဒ(၃)
စာ ၆/၇လုံးထားနိုင်။ ပါဒလင်္ကာရထည့်ဖွဲ့ရ။ ရှေ့ပါဒဝက်စာ ၃ လုံးကို ပါဒ(၂)ရှေ့ပါဒဝက်အတိုင်း
နဘေထပ်ရင်ရ မထပ်လည်းရ။ နောက်ပါဒဝက် စာ ၃/၄ လုံးကို ပါဒ(၂)ရဲ့ နောက်ပါဒအဆုံးစာလုံးက
ချီသံအတိုင်း အတွင်းကာရန်ယူ။ နဘေထပ်ရင်ရ။ မထပ်လည်းရ။ [ ပါဒ(၃)ကို ပါဒ(၂)အတိုင်း တစ်ပါဒ
လုံးနဘေ ယူလို့ရ။]

နမူနာ အဆက်
၃။ လျောကျစမ်း ရေသွင်း(ချီ)တယ်
-----------

ပါဒ(၄)
စာ ၅ လုံးသာရှိရမယ်။ ရှေ့ ၃ နောက် ၂ ။ ရှေ့ပါဒဝက် စာ၃လုံးကို ပါဒ(၃)နောက်ပါဒဝက်မှချီသံအတိုင်း
အတွင်းကာရန်တူပြန်ယူပါ။ နဘေထပ်ယူရင်ရ။ မယူလည်းရ။ နောက်ပါဒဝက် စာ၂လုံးတွင် နောက်ဆုံး
စာလုံးကို ချသံဖြင့် ပိတ်ပါ ။ ပုဒ်မ( ။ )ချပါ ။

နမူနာအဆက်
၎။ ရွှေနှင်း(ဆီ) ကန်[ချောင်း] ။


ဒုတိယပိုဒ်(ပါဒ ၅ / ၆)
ပါဒ(၅)
စာ(၆ / ၇)လုံး ။ ပါဒလင်္ကာရထည့်ဖွဲ့ပါ။ ရှေ့ပါဒဝက် စာ ၃လုံးကြိုက်သလိုဖွဲ့။ နောက်ပါဒဝက် စာ ၃ /၄ လုံး
တွင်ပါဒလင်္ကာရရှေ့ စာလုံးကို ချီသံကာရန်ဖြင့်ဖွဲ့ပါ။

နမူနာ အဆက်
၅။ လွမ်းမတတ် စကားဝါ(ငူ)မှာ
----------

ပါဒ(၆)
စာ ၇ လုံးရှိရမယ်။ရှေ့၃ နောက် ၄။ ရှေ့ပါဒဝက် စာ ၃ လုံးကို ပါဒ ၅ နောက်ပါဝက်မှချီသံကာရန်
အတိုင်း အတွင်းကာရန်တူပြန်ယူပါ။ နဘေထပ်ယူရင်ရ ။ မယူလည်းရ။ နောက်ပါဒဝက် စာ၎လုံးတွင်
နောက်ဆုံး စာလုံးကို ပါဒ(၄)မှအဆုံးချကာရန် ချသံ အတိုင်း ကာရန်တူ ချပါ ။ ပုဒ်မ ( ။ ) ချပါ ။

နမူနာအဆက်
၆။ နံ့သာဖြူ လေးမောင့်စံ[ကျောင်း] ။


တတိယပိုဒ်(ပါဒ ၇ / ၈)
ပါဒ(၇)
စာ ၆ /၇ လုံး ။ရှေ့၃ နောက် ၃ /၄ ။ ပါဒလင်္ကာရ ထည့်ရမယ်။ ရှေ့ပါဒဝက် စာ ၃ လုံးကို ကြိုက်ရာစ ။
နောက်ပါဒဝက် စာ၃/ ၄ မှပါဒလင်္ကာရ ရှေ့စာလုံးကို ချီသံဖြင့်စပါ ။

နမူနာအဆက်
၇။ စပယ်ချပ် သရဖီ(ချောင်)မှာ
---------

ပါဒ(၈)
စာ၅လုံးသာရှိရမယ်။ရှေ့၃ နောက်၂။ ရှေ့ပါဒဝက်စာ ၃ လုံးကို ပါဒ(၇)နောက်ပါဒဝက်မှ ချီသံအတိုင်း
အတွင်းကာရန်တူယူပါ။ နဘေထပ်လည်းရ ။ မထပ်လည်းရ။ နောက်ပါဒဝက် စာ ၂ လုံးတွင် နောက်
ဆုံးစာလုံးကို ပါဒ(၄ / ၆)တို့မှ အဆုံးချကာရန် ချသံ အတိုင်း ကာရန်တူယူ၍ူအဆုံးချပါ ။ ပုဒ်မ ( ။ )ချပါ ။

နမူနာ အဆက်
၈။ ခွာညို(တောင်) ခို[အောင်း] ။

စတုထ္တပိုဒ်(ပါဒ ၉ /၁၀)
ပါဒ(၉)
စာ ၆/ ၇ လုံး ။ရှေ့၃ နောက် ၃ /၄။ ပါဒလင်္ကာရပါထည့်ဖွဲ့ပါ ။ ရှေ့ပါဒဝက်ကို ကြိုက်ရာစ ။ နောက်ပါဒ
ဝက်စာ၃ / လုံးတွင် ပါဒလင်္ကာရရှေ့မှစာလုံးကို ပါဒ(၄/ ၆ /၈) မှအဆုံးချကာရန်ချသံများအတိုင်း အတွင်း
ကာရန်တူ ခွာထောက်ယူပါ ။

နမူနာအဆက်
၉။ မွှေးနံ့သာ စု[ပေါင်း]လို့
-------

ပါဒ(၁၀)
စာ ၅ လုံးသာရှိရမယ်။ရှေ့၃ နောက်၂ ။ ရှေ့ပါဒဝက်စာ၃လုံးကို ပါဒ(၉)နောက်ပါဒဝက်မှ ချသံအတိုင်း
အတွင်းကာရန်တူယူပါ။ နဘေယူလည်ရ။ မယူလည်းရ။နောက်ပါဒဝက် စာ၂လုံးတွင် နောက်ဆုံးစာလုံး
ကို ချီသံဖြင့်ပိတ်ပါ။ ပုဒ်မ( ။ )ချပါ။

နမူနာ အဆက်
၁၀ ။ နုညောင်[စောင်း] ထက်{မှာ}

ပဉ္စမပိုဒ်(ပါဒ ၁၁/ ၁၂)
ပါဒ(၁၁)
စာ၆ /၇ လုံး ။ရှေ့၃ နောက်၃/ ၄ ။ ပါဒလင်္ကာရ ထည့်ဖွဲ့ပါ။ ရှေ့ပါဒဝက် စာ၃လုံးကြိုက်ရာစ ။ နောက်ပါဒ
ဝက် စာ၃ /၄လုံးတွင် ပါဒလင်္ကာရ ရှေ့စာလုံးကို ချသံဖြင့်ကာရန်ယူပါ။

နမူနာအဆက်
၁၁ ။ ပဒုမ္မာ ကြာသ(င်္ကန်း)ငယ်နှင့်

ပါဒ(၁၂)
စာ ၇ လုံးသာရှိရမယ်။ရှေ့၃ နောက်၎ ရှိရမယ်။ ရှေ့ပါဒဝက် စာ၃လုံးကို ပါဒ၁၁ နောက်ပါ ဒဝက်မှ ချသံ
အတိုင်းအတွင်းကာရန်ယူပါ ။ နဘေထပ်ယူလည်းရ။မယူလည်းရ။ နောက်ပါဒဝက်စာ၎လုံးတွင် နောက်
ဆုံးစာလုံးကိုပါဒ(၁၀)မှ အဆုံးချကာရန် ချီသံအတိုင်း ကာရန်တူ ပိတ်ပါ။ ပုဒ်မ( ။ )ချပါ ။

နမူနာ အဆက်
၁၂။ ခါဆင်(မြန်း) တောမွေ့ပျော်{ရာ} ။

ဆဋ္ဌမပိုဒ်(ပါဒ ၁၃/ ၁၄/ ၁၅/ ၁၆)
ပါဒ(၁၃)
စာ၆ /၇လုံး။ရှေ့၃ နောက်၃ /၄။ ပါဒလင်္ကာရပါထည့်ဖွဲ့ပါ။ရှေ့ပါဒဝက် စာ၃ လုံးကိုကြိုက်ရာဖွဲ့။ နောက်ပါဒ
ဝက် စာ၃/ ၄ လုံးတွင် ပါဒလင်္ကာရရှေ့မှ စာလုံးကို ပါ(၁၀/၁၂)တို့မှအဆုံးချကာရန် ချီသံဖြင့် ကာရန်တူ
ခွာထောက် ပြန်ယူပါ။

နမူနာ အဆက်
၁၃။ ပန်းသော်က တံတိုင်း(ကာ)တယ်

ပါဒ(၁၄)
စာ၆လုံးသာ။ရှေ့၃ နောက်၃။ ပါဒလင်္ကာရထည့်ဖွဲ့ပါ။ ရှေ့ပါဒဝက်စာ၃လုံးတွင် ပါဒ(၁၃)နောက်ပါဒဝက်မှ
ချီသံအတိုင်း အတွင်းကာရန်တူယူပါ။ နဘေ ထပ်လည်းရ။မထပ်လည်းရ။ နောက်ပါဒဝက်စာ၃လုံးတွင်
ပါဒလင်္ကာရရှေ့စာလုံးကို ချသံဖြင့်ကာရန်ယူပါ ။

နမူနာ
၁၄။ ဇီဇဝါ မုခ်ခြားလို့
---------

ပါဒ(၁၅)
စာ၆လုံးသာရှိရ။ရှေ့၃နောက်၃ ။ပါဒလင်္ကာရ မလို။ ရှေ့ပါဒဝက် စာ၃လုံးကို ပါဒ(၁၄)မှနောက်ပါဒဝက်ရဲ့
ချသံအတိုင်း အတွင်းကာရန်ယူပါ။ နဘေထပ်လည်းရ။ မထပ်လည်းရ။ နောက်ပါဒဝက် စာ၃လုံးတွင်
နောက်ဆုံးစာလုံးကို ချီသံဖြင့်ကာရန်ယူဆုံးပါ။

နမူနာအဆက်
၁၅။ တံ(ခါး)က ချယား[ ကြိုင်]
----------

ပါဒ(၁၆)
စာ၎လုံးသာ ။
တြိချိုးပထမအချိုးမှာလိုပဲ နောက်ဆုံးစာလုံးရဲ့အဆုံးချကာရန်ကိုပါဒ(၁၅) မှအဆုံးချကာရန် ချီသံအတိုင်း
ကာရန်တူပြန်ယူပါ။ပုဒ်မ( ။ )ချပါ။

နမူနာ အဆက်
၁၆။ သင်းတဲ့ဂနိုင် ။

သတ္တမပိုဒ်(ပါဒ ၁၇ /၁၈ )
ပါဒ(၁၇)
စာ ၇ လုံး ။ရှေ့၃ နောက်၎။ပါဒလင်္ကာရလို ရှေ့ပါဒဝက် စာ၃လုံး ကြိုက်ရာစ ။ နောက်ပါဒဝက် စာ၎လုံး
တွင် ပါဒလင်္ကာရရှေ့စာလုံးကို ပါဒ(၁၅/၁၆)မှ အဆုံးချကာရန် ချီသံ အတိုင်း အတွင်းကာရန်တူ
ခွာထောက်ပြန်ယူပါ။

နမူနာ အဆက်
၁၇။ ယုဇန မဟာ(မြိုင်)မှာ
-----------

ပါဒ(၁၈)
စာ ၇ လုံးတိတိရှိရမယ်။ ရှေ့၃ နောက်၎။ရှေ့ပါဒဝက် စာ၃လုံးကို ပါဒ(၁၇)နောက်ပါဒဝက်မှချီသံအတိုင်း
အတွင်းကာရန်ယူပါ။ နဘေထပ်လည်းရ။ မထပ်လည်းရ။ နောက်ပါဒဝက် စာ၎လုံး နောက်ဆုံးစာလုံး
ကို လေး ဖြင့်ဆုံးပါ။ ပုဒ်မကြီး( ။    ။ )ချပါ ။

တေးထပ်ကို ရေးစပ်ပြီးရင် အသံနေအသံထားဖြင့် ရွတ်ဆိုကြည့်ပါ။ မကွယ်မထောက်ပဲချောချောမောမော
ဆိုလို့ရရင် တေးထပ်အကောင်းတစ်ပုဒ်ဖြစ်ပြီလို့ယူဆပါ။ ကိုယ်တိုင်ရွတ်ဆိုတတ်အောင်လည်း လေ့ကျင့်
ထားပါ။ ဆိုလျှင် ပါဒ(၁ ၅ ၇ ၁၃ ၁၇)တို့ကို ၂ ထပ်ရွတ်ပါ။ ပါဒတစ်ခုလုံးနဘေတူ အတွန့်ပိုဒ် ထည့်ဆို
လည်းရပါတယ်။ နောက်ထပ် ရှေးစာဆိုများရဲ့ နမူနာ တေးထပ်တွေတင်ပေးပါမယ်။လေ့လာပြီးရေးစပ်
ကြည့်ပါ။ တေးထပ်ရေးပြီး ပျော်ရွှင်ပါစေ ။

- နေဘုန်းမိုရ်