ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

အသံလေးမျိုး

မြန်မာစကားမှာ ပကတိအသံ လေးမျိုး ရှိပါတယ် ။ ဒီအသံလေးမျိုးကိုသိမှ နေရာမှန်ထားမှ ကဗျာရေးဖွဲ့ 
ရာမှာ တုတိ ရွတ်/ဆို/ဖတ်ကောင်းပြီး သာယာမှုရှိမှာဖြစ်တယ်။ ဒါကြောင့် မြန်မာကဗျာရေးဖွဲ့ သူများအ
တွက် ရေးကြီးပါတယ်။နောက်ပိုင်းတွေ့ လာမယ့် ကဗျာစပ်နည်းတွေမှာအသက်ပါပဲ။ဖြစ်နိုင်ရင် ချီသံ 
(၁၃)မျိုးကိုတော့ အလွတ်ကျက်ထားပြီး သူကလွဲရင် ချသံလို့ မှတ်ထားပေးပါ။ မြန်မာစကားရဲ့ အသံလေးမျိုး
ဆိုတာ ဒီအသံတွေပါ--
(၁) တက်သံ= ၁၈ ပါး
(၂) သက်သံ = ၁၈ ပါး 
(၃) နိမ့်သံ = ၁၈ ပါး
(၄) တိုင်သံ = ၁၀ ပါး
တို့ ဖြစ်ပါတယ် ။
တက်သံ (၁၈ )ပါး
တက်သံ။           ။ အသံမြင့်ပြီးဆိုရတဲ့အသံ။ ညာသံ။ ချီသံ။ သံတို ။ သံပြတ် ။ ဂရုသံ ။
တက်သံ(၁၈)ပါး = အာ/အီ/အူ/အေ/အော်/အင်/အော်/အင်/အဉ်/အည်/အန်/အိန်/အုန်/အမ်/အိမ်/
                        အုမ်/အယ်/အိုင်/အောင်/အိုဝ် တို့ ပါပဲ ။

သက်သံ(၁၈)ပါး
သက်သံ ။          ။ ဘယ်သံ ။အောက်သံ။ သံမ ။ အောက်မြစ်သံ။ ချသံ။ လဟုသံ။

သက်သံ(၁၈)ပါး = အ/အိ/အု/အေ့/အော့/အင့်/အဥ့်/အည်/အန့် / အိန့် /အုန့် /အမ့် /အိမ့်/အုံ့ /အယ့်/
                        အိုင့်/အောင့်/အို့ / တို့ ပါပဲ။
နိမ့်သံ (၁၈)ပါး
နိမ့်သံ ။        ။ တက်သံတွေကိုဝစ္စံပေါက်ထည့်လိုက်ရင်ရတဲ့အသံတွေဖြစ်ပါတယ်။အသံရှည်လည်း
                   မစွန့် လွှတ် ပြတ်ပြတ်နဲ့ တင်းတင်းမာမာရွတ်ဆိုရတဲ့အသံမျိုး။ ညာသံငယ်။ သံဖို။
                   ချသံ။လဟုသံ ။ဝဇ္ဇသံနီသံလို့ ခေါ်ပါတယ်။
နိမ့်သံ(၁၈)ပါး = အား/အီး/အူး/အေး/အော/အင်း/အဉ်း/အည်း/အန်း/အိန်း/အုန်း/အမ်း/အိမ်း/အုမ်း/
                      အဲ/အိုင်း/အောင်း/အိုး တို့ ပါပဲ။
တိုင်သံ(၁၀)ပါး
တိုင်သံ။       ။နိမ့်လို့ မြင့်လို့ မရတဲ့ အသံရပ်အသံပြတ် / တက်သံ နဲ့ နိမ့်သံနှစ်ခုကြားကအသံဖြစ်ပါတယ် ။
                  ချသံ။လဟုသံ။(ကသတ်/စသတ်/တသတ်/ပသတ်)အသတ်၎မျိုးပါ ။ကစတပ ကွမ်းစားတတ်
                  ပြီလို့ အလွယ်မှတ်ပါ။ သံမှန်/သံလတ်လို့ ခေါ်ပါတယ်။

တိုင်သံ(၁၀)ပါး = အက်/အစ်/အတ်/အိတ်/အုတ်/အောက်/အိုက်/အပ်/အိပ်/အုပ်/တို့ ဖြစ်ပါတယ်။

သူငယ်ချင်းတို့ ရေအသံတွေနဲ့ ဆူညံကုန်ပလား။ အဲအသံတွေကို၂မျိုးပဲပြန်ချုံးပေးပါမယ်။ပြောခဲ့ သလို
ချီသံ(၁၃)မျိုး ကိုတော့ ကျက်ထားရမယ်နော်။

ချီသံ နှင့် ချသံ (ဂရု နှင့်လဟု)
ပါဠိလို ဂရု နှင့်လဟု လို့ လည်းပြောကြတယ်။ ချီသံ=ဂရု ။ချသံ=လဟု ။
ပကတိ အသံလေးမျိုးကို သိလာတဲ့ အခါ မြန်မာကဗျာစပ်ဆိုတဲ့ အခါကျတော့ အသံလေးမျိုးကို အသံနှစ်
သံ အဖြစ်ချုံ့ လိုက်ပါတယ်။ ဒါကတော့ ချီသံ(ဂရု)နဲ့ ချသံ(လဟု)ပါ။အသံအသစ်မဟုတ်ပါဘူး။နောက်ပိုင်း
မှာ ချီသံနဲ့ ချသံလို့ ပဲအတိုသုံးပါမယ်။အချိုးကဗျာများနဲ့ တေးထပ်အတွက်အရေးကြီးပါရဲ့ ။ ချီသံ ချသံခွဲတတ်
မှရေးလို့ ရပါမယ်။

ချီသံ ။      ။အသံကိုမြှင့်ပြီးဆိုရတဲ့အသံ။
              ပကတိအသံလေးမျိုးထဲက တက်သံ(၁၈)ပါးဖြစ်ပါတယ်။ဒါကြောင့်- ချီသံ = တက်သံ
ချသံ ။       ။ တဖြည်းဖြည်းနှိမ့်ပြီး ကျဆင်းသွားအောင် ဆိုရတဲ့အသံ။ ပကတိအသံလေးမျိုးထဲက သက်
                (၁၈)ပါး+နိမ့်သံ(၁၈)ပါး+တိုင်သံ(၁၀)ပါးကိုပေါင်းပြီး ချသံလို့ ခေါ်ပါတယ်။ဒါကြောင့် -
                ချသံ = သက်သံ+နိမ့်သံ+တိုင်သံ

ချသံနဲ့ ချီသံကိုနေရာမှန်သုံးနည်း
မြန်မာကဗျာရေးဖွဲ့ ရာမှာ ချီသံနဲ့ ချသံကို နေရာမှန်အောင် သုံးတတ်ဖို့ အရေးကြီးပါတယ်။ ချီသံနဲ့ စရမယ့်နေ
ရာမှာ ချသံနဲ့ စထားရင် ဆိုလို့ ဖတ်လို့ ရွတ်လို့ မကောင်းဘူး ။ဒီလိုပဲ ချသံနဲ့ ဆုံးရမယ့်နေရာမှာ ချီသံနဲ့ ဆုံး
ထားရင်လည်းမကောင်းဘူး ။ ဒီလိုနေရာမမှန်ရေးထားတဲ့ ကဗျာကတော့ ကဗျာပဲ ။ဒါပေမယ့် ကဗျာကောင်း
တို့ ရဲ့ ဂုဏ်အင်္ဂါနဲ့ မညီတဲ့အတွက် တုတ ဆိုတဲ့ သာယာနာပျော်ဖွယ်မဖြစ်ဘူး။ထောင့်ထောင့်အောင့်အောင့်
ကြီးဖြစ်တယ်။ ရွတ်လို့ဖတ်လို့ ဆိုလို့ မကောင်းဘူး။ အထူးသဖြင့် အချိုးနဲ့ တေးထပ်မှာသိသာရဲ့ ။ လင်္ကာနဲ့ 
ရတုရေးရင် ချီသံ/ချသံတွေကိုအလှည့်ကျရေးဖွဲ့ နိုင်ရပါမယ်။ မလွှဲသာမှနစ်ခါထပ်ပါ။သုံးခါဆက်ရင်
မကောင်းတော့ဘူး။ချီသံနဲ့ ချသံကို မျှမျှတတ စပ်ဆိုပါ ။နှုတ်နဲ့ ရွတ်ဆိုကြည့်ပါ။နောက်ဆုံးကျက်ထားဖို့ 
နော်။ ချီသံကိုရရင် ကျန်တာ ချသံမှတ်ပါ။

ချီသံများ

အာ
အီ/အည်/ဤ
အူ/ဦ
အေ/ထေရ်/ဧ
အော်/သြော်
အင်/အဉ်
အန်/အမ်/ဖလ်
အိန်/အိမ်
အုန်/အုမ်/အုံ
အယ်
အိုင် 
အောင်
အို/အိုဝ်/ဂြိုလ်/သိုလ်/ဗိုလ်/ဟိုဠ်/မိုရ်/ဓိုရ်
အတို(၁၃)လုံးကျက်ရန်
အာအီအူအေအော်အင်
အိမ်အန်အုန်အယ်
အိုင်အောင်အို
အလွယ်မှတ်ရန် နမူနာပါ အခြားမိမိနှစ်သက်ရာစာကဗျာများနဲ့ မှတ်ပါ။ချီသံ၁၃လုံးမရရင် မြန်မာကဗျာရေး
လို့ မရပါဟု သိထားပါ ။ ကျနော်ကျက်ထားတဲ့ချီသံ၁၃လုံး (မာမီ လူတွေခေါ်ရင် အိမ်ပြန်ကုန်တယ်နိုင်
အောင်ဆို)တဲ့ ။

နေဘုန်းမိုရ်