မတူပါ။ ကာရန် အနေအထား သီဆိုပုံ စတာတွေမှာ အနည်းငယ်ကွဲပြားခြားနားပါတယ်။ သံချိုအစ
ရုပ်သေးက ။ သံချိုကို ရှေးတုန်းက ရုပ်သေးပွဲတွေမှာ ထည့်သွင်းသီဆိုရာက စတင်ပေါ်ပေါက်လာ
တာလို့ သိရပါတယ်။ ရှေးခေတ် ရုပ်သေးပွဲတွေမှာ စာဆိုပညာရှိတွေ လိုက်ပါ အမှုထမ်းလေ့ရှိပါတယ်။
စာဆိုတွေဟာ စာဆိုရုပ်လို့ ခေါ်တဲ့ လက်စွဲတော်ရုပ်ကို ကိုင်ပြီး မြိုင်ထ မစမီ သံချိုကို ရွတ်ဆိုလေ့ရှိပါ
တယ်။ အသံနေ အသံထားနဲ့ ရွတ်ဆိုရပါတယ်။ နောက်တော့ ရှင်ပြုရဟန်းခံ အလှူပွဲတွေမှာ ရုပ်သေး
ကပြတော့ ဇဝနဥာဏ်နဲ့ လက်တန်းဖွဲ့ ဆိုလေ့ရှိကြပါတယ်။ "လက်တန်း"ဆိုတဲ့ အဓိပ္ပာယ်က ရုပ်သေး
စင်ရဲ့ လက်တန်းကိုကိုင်ပြီး ချက်ခြင်း လျှင်မြန်စွာ ဖွဲ့ ဆိုခြင်းကိုဆိုလိုတာပါ။
ဥပဒေသ -
(၁) အချိုး(၄)ချိုးပါရမယ်။
(၂) အတွင်းကာရန်နဲ့ အဆုံးချကာရန်တွေကို လေးချိုးအတိုင်းယူပါ။
(၃) အသံပေါ့ပေါ့နဲ့ ရွတ်ဆိုနိုင်အောင် နဘေထပ် ကာရန်များ မယူပဲ တစ်လုံးချိတ်/နှစ်လုံးချိတ်
ကာရန်လောက်ဖြင့် တွဲ၍ ရေးဖွဲ့ ပါ ။
နမူနာ(၁)
ရတနာပုံခေတ်က ပညာရှိ ဦးမျှင် ရေးဖွဲ့ ခဲ့သံချို
ဆွတ်ပါ(လဲ့)ပါဟု
ညွှတ်(နွဲ့ )ကာ မြူမျှော်(မျှော်)၍
လူကဲ့(နော်) မခေါ်(ရှိ)သော်လည်း
ခေါ်(ဘိ)သယောင်(ယောင်)ပါ့
သရေ(ဆောင်)လေလှောင်(လှုပ်)ရှာကြ
တော(အုပ်)လုံး ပန်းထွေ[ ထွေ ] ။
အစိမ်းနှင့်အ(ပြာ)
နီအ(ဝါ) ဖြူတ(ချို့ )သာပ
သူ(တို့ )ကိုဘယ်(ဆီ)က
ဘယ်ပန်း(ချီ) စုတ်မင်(ဆေး)ငယ်နှင့်
ယဉ်(ကျေး)အောင် တ(မင်)လာ၍
ဆင်(ယင်)ရှာ လေသ(မှန်း)ပါဘိ
(ပန်း)တို့ အခြေ ။
တစ်ပင်ကို တစ်ပင်(ပြိုင်)သည့်ပြင်
တစ်(မြိုင်)ကို တစ်မြိုင်(ကျော)အောင်ဟု
မ(နော)ကံ အာရုံ(ယူ)သည့်နှယ်
တကြူ(ကြူ) ထုံအ(ကြိုင်)နှင့်
စုံဂ(နိုင်)မှာ ဂုဏ်ပြိုင်၍(ပွင့်)ရှာကြ
တော(တင့်)တဲ့ ပုံအ[ နေ ]
စုံသ[ ရေ ] ရွှင် { လန်း } ။
ပမာရယ်(ဆို)
စံက(ပိုလ်)ပြည်တော်(ဟောင်း)ဆီသို့ 
နှစ်(သောင်း)ခြံရံသ(င်္ဃာ)နှင့်
ဒေသ(စာ)ရီ အ(မြန်း)မှာလ
စ(ခန်း)စဉ် မြိုင်ရ(ဂုံ)တို့ မှာ
လှိုင်အ(ထုံ) တကြူ(ကြူ)နှင့်
သယ( မ္ဘ္ဘ္ဘူ) ကိုယ်တော်(မြတ်)ကိုလ
ထွက်(နပ်)ကယ် ကြို(ဆို)၍
ပန်းထို(ထို) ပူဇော်(ပွင့်)ရှာကြ
ယ(ခင့်)ခါ သည်တ(ပုံ)သို့ 
သည်ရ(ဂုံ)လိုပင် (ရှိ)ရှာလိမ့်
တောအ(တိ) { ပန်း } ။ ။
နမူနာ(၂)
နေပုလဲ
နံနက်(လင်း)သော်လဲ
ငွေ(နှင်း)မြူတွေ(ဝေ)တော့
(နေ)ရှင်မှာ မှုန်ပု(လဲ)သာပ
မ(ရဲ)နိုင် မကြည်(ပွင့်)နိုင်ဘု
မား(မြင့်)တဲ့ ကောင်းကင်[ မှာ ] ။
ငါ့အ(နီး)
မြေ(ကြီး)မြေပြင်(သာ)၌
သည်မာ(လာ) ပြာနွဲ့ (နှောင်း)ဟာဖြင့်
ခေါင်း(လောင်း)ပုံသ(ဏ္ဌာန်)သို့ 
ပွင့်(ဟန်)မှာ လည်တိုင်(မော်)၍
မှန်ရီ(ယော်) နယ်အ(တွင်း)မှာလ
အ(လင်း)ဘယ်မှာ(နေ)လို့ 
စံ(လေ)တယ်မျှော်တော်(ဇော)ရယ်နဲ့ 
(မော)တဲ့ မျက်[ နှာ ] ။
သည်ခါ(တွင်း)မှာဖြင့်
ငွေ(နှင်း)ရည်ရည် တစ်(ပေါက်)ဟာ ဖြင့်
ခုန်ရောက်(လာ) အကျ(ဆန်း)လေ တော့
သည်(ပန်း)ပြာဘယ်ညာ(တိမ်း)ကာပ
(ယိမ်း)နွဲ့ ပေါ့ သာ[ ယာ ]စွာ
လှ [ ပါ ] ဘိတ { ကား } ။
သည်တော့(ကို)
ပြာလဲ့မာလာ(ပျို)က
နောင်ကြည်(ညို) နောင်မြတ်(နိုး)ရင်ဖြင့်
လှ(မျိုး)စုံလင်(စွာ)ပ
ဘုံပြင်(မှာ) အရှိသားပါတဲ့
စ(ကား)ခြွေကာ (ဆင်)လိုက်တော့
ဟိုကောင်း(ကင်) မြူအ(ထဲ)ဆီက
နေမင်းရှင် မှုန်ပု(လဲ)သော်မှ
(ရဲ)ခဲ့ရွှေ { သား } ။ ။
- ဇော်ဂျီ
တစ်ယောက်သောမေ့ချစ်သူ
နွေတ(ကြော့)ဆီ၌
ပွေ(နော့) ကဗျာ(ဆန်)တဲ့
သာယာ(ဟန်) အလှ(ကျင်း)ပါဘိ
မြ(ဆင်း) သီက(ရီ)နဲ့ 
အလီ(လီ) ပုရစ်(ဖူး)ပြန်တော့
ချစ်(ဦး)မေ အတိတ်(ကျေး)ဆီသို့ 
ကြိတ်(ဆွေး)လို့ ပူမိ [ ပြန် ] ။
ဟိုခါ(တုန်း)ဆီက
ချို(ပြုံး) မူအ(ရာ)နှင့်
သူတ(ကာ) မြင်သူ(ငေး)အောင်ပ
ချစ်(ရေး) ဗျူဟာ(ဆင်)တော့
သူဇာ(ခင်) မေပျို(နု)မှာဖြင့်
(ယု)ယစွာ အချစ်(သွေး)ကိုကွယ်
(ပေး)ခဲ့တန်[တန်] ။
ခင်လေးမယ် ထိုထို(ချစ်)ပေမယ့်
ဘွင်ဆွေးဖွယ် ပိုမို(ညစ်)အောင်ပ
အ(သစ်)မာလာ(ခိုင်)က
တလှိုင်(လှိုင်)မြူချို(သွေး) ပြန်တော့
ခင်( လေး )ကို သူမ ( ကြင် )လို့ 
ချစ်သွေး(မျှင်) ပယ်ဖြတ်(ချိုး)ကာ့ဖြင့်
(ဆိုး)မိုက်ခဲ့ အဖန်[ ဖန် ]
မ [ ဟန် ] တဲ့ စိတ် { ထား } ။
သို့ မို့ ကြောင့်(လေ)
ဆို့ ဆို့ ရင်မာ(ဝေ)လို့ 
ရွှင်စရာ(လေ) စိတ်ရှိ(ကင်း)တာမို့ 
ခင်ကညာမေ ဣတ္တိတ(သင်း)တို့ ရဲ့ 
ထင်(လင်း)အောင် ပမာပြခဲ့ရ
စာ(ဂ)သွင် ဟန်မ(ညီ)နဲ့ 
ဝင်္ဂန္တီ လူ့ ယော( င်္ကျား )ကိုလ
ရှောင်(ရှား)ခါ ချစ်ပင်(ပျိုး)ပါမှ
ချစ်(မိုး)တွင်တွင်(ရွာ)၍
ရွှင်စ(ရာ)တွေ ဆထက်(ပွား)ရမယ်
(မှား)နဲ့ နောင် { များ } ။ ။
- တက္ကသိုလ်စန်း
- နေဘုန်းမိုရ်