ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ကွန်တမ်ပိုရာရီ ကဗျာ - Comtemporary (၃)

နမ် (Nam)

'နမ်' တွင် ကျွန်တော်၏အလုပ်ဆိုသည်မှာ မြွေများကို နှိမ်နင်းရန်သာဖြစ်သည်။ ဗိုက်ပါယူနစ်ဟု တရားမဝင်ဖွဲ့စည်းထားသည့်အဖွဲ့တွင် ကျွန်တော်သည် အသင်းဝင်တစ်ယောက်ဖြစ်ခဲ့သည်။ ကျွန်တော်တို့ဆောင်ရွက်ရသောညွှန်ကြားမှုများက အကောင်ရှည်ကြီးများ အဆိပ်ရှိကုန်းသတ္တဝါများ ခြိမ်းခြောက်မှုတစ်ခုကိုဖြစ်စေနိုင်သောမည်သည့်အမျိုးအစားသတ္တဝါမျိုးကိုမဆို ကင်းရှင်းသောအခြေအနေတစ်ခုကိုဖန်တီးထိန်းသိမ်းရန်သာဖြစ်သည်။ ဤပေးအပ်သောတာဝန်အတွက် ကျွန်တော်မည်သို့မည်ပုံအရွေးခံခဲ့ရသည်ကိုမူကား ကျွန်တော်မသိသောအရာပင်။ တစ်နေ့တွင် ကျွန်တော်သည် မိမိသေနတ် အမ် ၁၄ အား ဆေးကြောနေခိုက် အရာရှိတစ်ဦးက ကျွန်တော်၏ တာဝန်အသစ်အတွက်အကြောင်းကြားခဲ့သည်။

- မိုက်ကယ်ပါးမား ၏ ချည်မျှင် ( Thread ) မှ

မိုက်ကယ်ပါးမားဟာ သူ့ ကဗျာတွေနဲ့ ပတ်သက်ပြီး ပြောစရာလေးတွေကတော့ အများသားပါပဲ ။ သူ့ ကဗျာတွေနဲ့ ပတ်သက်ပြီးတော့ မိုက်ကယ်သုံးခဲ့တဲ့ အသုံးအနှုန်း တစ်ခုရှိပါတယ် ။ အဲဒါကတော့ ကွဲရှလွယ်ခြင်း ( Fragility ) ပဲဖြစ်တယ် ။ မိုက်ကယ်ဟာ ဘာသာဗေဒနဲ့ ပတ်သက်ပြီး ရှေ့ ဆောင်တွေးခေါ်သူ စတန်လေလူးဝစ်(စ)ကာဗဲလ် ( Stanley Louis Cavell ) ရဲ့ အနာလက်တစ်အဆိုကို ထောက်ခံပြီး ဘာသာစကားရဲ့ အခြေအနေ ( Condition of Language ) ရဲ့ အပြီးသတ်သဏ္ဍန်နဲ့ ပတ်သက်ပြီး လိုက်နာတယ်လို့ ပြောဆိုခဲ့ဖူးတယ် ။

အဲဒါက ဘာလဲဆိုတော့ ဘာသာဗေဒရဲ့ စကားလုံးအဓိပ္ပါယ်ဟာ ကဗျာဗေဒအတွင်းမှာ ပြသနာ (ဝါ) အငြင်းအခုံဖြစ်စေတယ်ဆိုတဲ့အချက်ကို သူလက်ခံတယ် ။ ဘာသာဒေရဲ့  စကားလုံးအဓိပ္ပါယ်ကို " Signification "လို့ ခေါ်တယ် ။

ဘာသာစကားမှာရှိတဲ့လက္ခဏာ (ဝါ) အမှတ်အသား (sign) မှာတော့ကဗျာနဲ့ ဝင်ရောက်ပူးကပ်လိုက်တဲ့အခါမယ် အောက်ပါတို့ ပါဝင်လာတယ် ။

(၁) အတိမ်းအစောင်း ( slippage )
(၂) အဖိတ်အစင် ( loss )
(၃) အပိုဆာဒါး ( accretions ) အဲဒီအချက် ၃ ချက် မလွဲမသွေပါဝင်လာတဲ့လက္ခဏာ ( sign ) ဟာ ကဗျာနဲ့ ပူးကပ်လိုက်တော့ ကဗျာဆရာဟာ ကဗျာထဲက အဲဒီလက္ခဏာ " sign " ကို ပြန်လည်ဆန်းသစ်အောင်ကြိုးစားရပါတယ် ။ ကဗျာထဲက စကားလုံးတွေရဲ့  ဘာသာဗေဒ အကျအပေါက် အဖိတ်အစင်ကို ဆန်းသစ်အောင် ကဗျာဆရာကပြန်ပြီးသုံးသပ်ပြရတယ် ။

မာတိ(စ်) ( Matisse ) ပန်းချီကျော်က ပန်းချီကားထဲက လက္ခဏာ / အဓိပ္ပါယ်ကို ( new sign ) အဖြစ် ပန်းချီဆွဲခြင်းနဲ့ ချိတ်ဆက်အောင်လုပ်ပေးတာဟာ ပန်းချီဆရာရဲ့ အလုပ်လို့ ဆိုသလိုပဲ ကဗျာထဲက တိုးလျော့ သွားတဲ့ လက္ခဏာ ( sign ) ကို အသစ်ပြန်လုပ်ပေးတာ " Renew " လုပ်ပေးတာက ကဗျာဆရာရဲ့ အလုပ်ဖြစ်တယ် ။ ဒါကတော့ကွဲပြားခြားနားသော ဒေသများ ၊ ကာလပေါ်ကဗျာအား ရှင်းလင်းခြင်း ( Regions of Unlikeness : Explaining Contemporary Poetry ) လို့ ခေါင်းစဉ်တပ်ထားတဲ့ သောမတ်(စ်)ဂါ့နာ ( Thomas Gardner ) ရဲ့ စာအုပ် စာမျက်နှာ ( ၂၃၈ ) မှာ မိုက်ကယ်နဲ့ ပတ်သက်ပြီး ရှင်းပြထားတာဖြစ်တယ် ။

မိုက်ကယ်ဟာ ကဗျာနဲ့  ပတ်သက်ပြီး ကွန်တန်ပိုရာရီ စာရင်းအသွင်းခံထားရသူပါ ။ ဝီကီအဘိဓာန်ကတော့ မိုက်ကယ့်ရေးဟန်နဲ့ ပတ်သက်ပြီး အမျိုးအစားခွဲခြားရာမှာတော့ ဘာသာစကားဗဟိုပြု ကဗျာ ( အယ်(လ)ကဗျာဆရာ ) နဲ့  ပို့ စ်မော်ဒန်ကဗျာဆရာ အဖြစ်နှစ်မျိုးစလုံးဖော်ပြတယ် ။ ၁၉၄၃ မေလ (၁၁) ရက်ဖွား မိုက်ကယ်ဟာ ဟားဗတ်(စ)ကျောင်းပြီးသူတစ်ယောက် ၊ သူရတဲ့ ဘီအေ ကတော့ ပြင်သစ်ဘာသာစကားပါ ။ နောက် အမ်အေ ကို ကွန်ပါရေးတစ်(ဗ) စာပေနဲ့ ပြီးတယ် ။ အနှစ် သုံးဆယ်လောက် ခေတ်ပေါ်အကမှာ မြှုပ်နှံခဲ့သူလည်းဖြစ်တယ် ။ ၂၀၀၆ မှာတော့ ဝေါလေ့စတီဗင် ဆုကိုရတယ် ။ ဒီဆုကတော့ အမေရိကန်ကဗျာဆရာ အကယ်ဒမီက ကဗျာမှာအများနဲ့ မတူ ထူးချွန်ဆောင်ရွက်သူတွေကို ဒေါ်လာတစ်သိန်းတိတိ ချီးမြင့်တာဖြစ်တယ် ။ မိုက်ကယ်အပေါ်သြဇာ လွှမ်းခဲ့တဲ့ ကဗျာဆရာကြီးနှစ်ဦးကတော့ ရောဘတ်ခရီလေ ( Robert Creeley ) ? ရောဘတ်ဒန်ကန် ( Robert Dancan ) တို့ ပဲ ဖြစ်တယ် ။ မိုက်ကယ်နဲ့ ပတ်သက်ပြီး အသုံးအနှုန်းတစ်ခုပေါ်လာတယ် ။ အဲဒါကတော့ အနာလက်တစ်လစ်ရစ် ( Analytic Lyric ) ဆိုတာပါပဲ ။ မိုက်ကယ်ရဲ့  အနာလက်တစ်လစ်ရစ် နဲ့ ပတ်သက်ပြီး သောမတ်စ် ဂါထနာ ရဲ့  ကာလပေါ်ကဗျာအား ရှင်းလင်းခြင်းကျမ်းမှာတော့ -

" addressing the problematic of the purely private utterance by taking over the condensation of lyric emotion and focusing it then on the mechanic of language "

( စစ်မှန်စွာရှိတဲ့ ပုဂ္ဂလ ဖော်ပြချက်ရဲ့  ပြသနာများလို့  ခေါင်းစဉ်တပ်သတ်မှတ်ထားတာတွေကို လစ်ရစ်ပုဂ္ဂလ ဗဟိုဖွဲ့ ဆိုမှု ခံစားချက်၏ အနှစ်သာရနှင့် ဘာသာဗေဒ အလုပ်လုပ်ခြင်းကို တည်၍ ချဉ်းကပ်ခြင်း အားဖြင့်သာ ကျော်ဖြတ်ရမည်ဖြစ်သည် ။ )

မိုက်ကယ်ဟာ ကခုန်ခြင်းရော ၊ ပန်းချီဆွဲခြင်းမှာပါ ထူးချွန်တဲ့သူဖြစ်တယ် ။ ဒေးဗစ်ဘရိုမဂီ ( David Bromige ) ကတော့ မိုက်ကယ်အပေါ် အယ်လ်ကဗျာဆရာ ဖြစ်တယ် မဖြစ်ဘူးဆိုတာကို အခုလိုဖြေပါတယ် ။

" But then Micheal Plamer might not be a language poet . We won't know until he dies and they cut his heart open and see if L=A=N=G=U=A=G=E can be found there "
( သို့ သော်လည်း မိုက်ကယ့်ကိုကြည့်ရတာ အယ်လ် ကဗျာဆရာတော့မဖြစ်နိုင်ပါဘူး ။ သူသေသွားတဲ့တိုင် ကျုပ်တို့ သိလိမ့်မှာ မဟုတ်ဘူး ။ သူတို့ သူ့ နှလုံးကို ဖြတ်ထုတ်ပြီးကြည့်ရင် တစ်ကယ်လို့ အဲဒီမှာ L=A=N=G=U=A=G=E ကိုတွေ့ ရမယ်ဆိုရင်တောင်မှပဲ ) လို့ ဆိုပါတယ် ။


We await
We await the angelos, the messenger. Is it the blind woman robed in ochre silks, gold hoops piercing her ears, her jet-black guide dog beside her? The young Latina with the deep-eyed child on her lap? The hip-hop master? The blond girl with braces and backpack and violin case? The withered, white-haired man, his face covered in fresh bruises? The driver of the tram? The slender nurse in white shoes and cap? I ask my companion Bei Dao, seated beside me, who it might be, but he gives no answer. You may wonder about the name of this city we are weaving through by tram, whatever city it is we are in.
- Michael Palmer,from Thread

ငါတို့ စောင့်မျှော်တယ်

ငါတို့ဟာ နတ်သားများ တမန်တော်တစ်ပါးကိုမျှော်တယ် ။ ဒါဟာ မြေသားရောင် ပိုးသားသင်တိုင်းရှည်ထဲက မျက်မမြင်မိန်းမတစ်ဦးလား ၊ သူမရဲ့ နားရွက်တွေထဲ ရွှေနားကွင်းကြီးဖောက်ချိတ်ထားခြင်းလား ၊ သူမရဲ့ ကျောက်မီးသွေးလိုမဲနက်တဲ့လမ်းပြခွေးဟာ သူမနဘေးမှာလား ။ ငယ်ရွယ်တဲ့လက်တင်အမေရိက မိန်းကလေးနဲ့ အတူ မျက်လုံးလှလှ ကလေးငယ်လေးက သူမရဲ့ ပေါင်ပေါ်မှာလား ။ ဟစ်ဟော့ ဆရာကြီးလား ။ ရွှေဝါရောင်ဆံပင်နဲ့ မိန်းခလေးဟာ သွားချုပ်ဝါယာကျိုးနဲ့  ကျောပိုးအိတ်နဲ့  တယောသေတ္တာနဲ့  ။ ဒီအိုမင်းမစွမ်း ၊ ဆံဖြူငနဲကြီး ၊ သူ့ မျက်နှာကိုလတ်ဆတ်တဲ့ အညိုအမည်းဒဏ်ရာနဲ့ ဖုံးအုပ်ထားသလား ။ တောင်ဘက်ကေဘယ်ကားမောင်းတဲ့ ဒရိုင်ဘာလား ။ ဖိနပ်အဖြူခေါင်းဆောင်းအဖြူကိုဝတ်ဆင်ထားတဲ့ ပိန်သွယ်သွယ် နာ့စ်မလေးတစ်ယောက်လား ။ ကျုပ်အဖော် ပေတောက်ကို ကျုပ်ဘေးမှာ ထိုင်ခိုင်းတယ် ။ အဲဒါဘယ်သူဖြစ်နိုင်ချေရှိသလဲ ။ ကိုယ့်လူက ဘာမှလဲပြန်မဖြေဘူး ။ ခင်ဗျားကတော့ ကျုပ်တို့ ကေဘယ်ရထားနဲ့ လျှောက်လိမ့်နေတဲ့ ဒီမြို့ ကြီးရဲ့ နာမည်ကို အံ့သြကောင်းအံ့သြနေမှာဘဲ ။ ဘယ်လိုမြို့ ဘဲဖြစ်ဖြစ် အဲဒီမှာကျုပ်တို့ ရှိတယ် ။

မိုက်ကယ်ပါးမား၏ ချည်မျှင် ( Thread ) မှ

Ref: Regions of Unlikeness :Thomas Gardner: Explaining Contemporary Poetry
Michael Palmer : Thread

- ဇော်ဇော်ထွန်း