ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

လင်္ကာ စပ်နည်း

လင်္ကာ = လင်္ကာဆိုတာ "နားရဲ့တန်ဆာဆင်ခြင်းလို့  အဓိပ္ပာယ်ရပါတယ်။

လင်္ကာဟာ စာဖတ်သူနဲ့ နားထောင်သူတို့ ရဲ့ နားထဲမှာ သာယာနာပျော်ဖွယ်ဖြစ်အောင် "လေးလုံးတစ်ပါဒ"
ချင်းစီ စပ်ဆိုရတဲ့ ကဗျာဖြစ်ပါတယ်။ သံပေါက်(လင်္ကာတို)စပ်နည်းများကိုကောင်းကောင်းနားလည်ခဲ့ရင်
လင်္ကာကဗျာ ဆိုတာလည်းနားလည်သွားမှာပါ။ လင်္ကာကဗျာကိုစပ်ဖို့ အတွက် သံပေါက်ကဗျာစပ်တုန်းက
( ၄ l ၃ l၂ )နဲ့ ( ၄ l ၃ l ၁ ) ကာရန်ယူပုံရယ်  တတိယ၊ စတုတ္တ၊ ပဉ္စမ သံပေါက်ကဗျာစပ်နည်းရဲ့ ခုနစ်လုံး
နဲ့ အဆုံးချတဲ့နည်းရယ်lချီသံနဲ့ ချသံ ကို တစ်လှည့်စီ လှည့်ပြီးစပ်ဆိုရပုံနဲ့ အတိုချုပ်ချီသံ(၁၃)လုံးကိုသတိရဖို့ 
လိုအပ်ပါတယ်။

လင်္ကာစပ်နည်း

အခြေခံအားဖြင့် (၂) နည်းရှိပါတယ်။

ပထမလင်္ကာစပ်နည်း

စာလုံးလေးလုံးစီပါတဲ့ စာကြောင်းသုံးကြောင်း(သုံးပါဒ)ကို တွဲပြီး ( ၄ ၊ ၃ ၊ ၂) သို့ မဟုတ် ( ၄ ၊ ၃ ၊ ၁ )
ကာရန်ယူစပ်ဆိုနည်းဖြစ်ပါတယ်။

၁ ၂ ၃ ( ) ၊
၁ ၂ ( ) ၄ ၊
၁ ( ) ၃ ၄ ။

၁ ၂ ၃ ( ) ၊
၁ ၂ ( ) ၄ ၊
( ) ၂ ၃ ၄ ။

ဥပဒေသ -
ပထမပါဒရဲ့ နောက်ဆုံးစာလုံး (၄ ) ၊ ဒုတိယပါဒရဲ့ တတိယစာလုံး ( ၃ ) ၊ တတိယပါဒရဲ့ ဒုတိစာလုံး ( ၂ )
သို့မဟုတ် ပထမဆုံးစာလုံး ( ၁ ) တို့ ကို ကာရန်တူအောင် ချိတ်ဆက်ပြီးစပ်ဆိုရတာ ဖြစ်ပါတယ်။ ချီသံသုံး
လုံးနဲ့ ပဲစချိတ်ချိတ် ချသံသုံးလုံးနဲ့ ပဲစချိတ်ချိတ် ရပါတယ်။

ဥပမာ -

ဆ န္ဒ သို ဝှက် ၊ (၁ ၂ ၃ ဝှက်)
မ နမ်း ရက် ခဲ့ ၊ (၁ ၂ ရက် ၄)
လန်း လျက် မြင် ချင် ၊ (၁ လျက် ၃ ၄ )
( ၄ ၃ ၂ ) ကာရန်ယူထားပါတယ်။

ဖူး ငုံ ပု ရစ်(၁ ၂ ၃ ရစ်)
ငယ် နု မျစ် က ၊ (၁ ၂ မျစ် ၄)
ချစ် ခဲ့ ရ သည် ၊ (ချစ်  ၂ ၃ ၄)
( ၄  ၃  ၁ ) ကာရန်ယူထားပါတယ်။

သိထားရန် - အထက်ပါ ပထမနည်းကိုပဲ စပ်နည်းသုံးနည်း ထပ်ခွဲကြည့်ရအောင် ။

သတ်စေ့နှက် သုံးချက်ညီ စပ်နည်း

ကာရန် အသတ်တွေတူရမယ်။ န သတ်ဆို နသတ် ချင်း၊ ပ သတ်ဆို ပသတ်ချင်း စသဖြင့် . . . .
ဥပမာ - ၁

ဆ န္ဒ သို ( ဝှက်)
မ နမ်း ( ရက် ) ခဲ့
လန်း ( လျက် ) မြင် ချင် ။

( ၄  ၃ ၂ ) ကာရန် ယူထားသော ( ဝှက် ၊ ရက် ၊ လျက် ) တို့ သည် က် (ကသတ်) ချင်းညီကာရန်တူ
ယူထားပါတယ်။

ဥပမာ - ၂

မြူ မှောင် အ ( သစ်)
တိမ် ခိုး ( ဖြစ် )ခဲ့
( မြစ်) လည်း တစ် ထွေ ။

( ၄  ၃  ၁ ) ကာရန်ယူထားသော( သစ် ၊ ဖြစ် ၊ မြစ် ) တို့ သည် စ်( စသတ်) ချင်းညီ ကာရန်တူ ယူထားပါ
တယ်။

ချိန်ခွင်လျှာ စပ်နည်း

ပထမ ပါဒ ရဲ့ ကာရန် (၄) နဲ့ တတိယ ပါဒရဲ့ ကာရန် (၂) တို့ ကို အသတ်ချင်းတူ စပ်နည်းပါ။

ကြေညာခပ် (သိမ်း) ၊ ----- ၁ ၂ ၃ သိမ်း
ရန်စစ်(ထိန်း) လည်း ၊ ------ ၁ ၂ ထိန်း ၎
(တိမ်း) ပါဘူး ။ ------ ၁ တိမ်း ၃ ၎

သိမ်း နဲ့ တိမ်း ကို မ်(မသတ်) အသတ်တူ ချိန်ခွင်လျှာစပ်ထားခြင်းဖြစ်ပါတယ်။

မည်လျှင်မ(တိမ်) ၊------ ၁ ၂ ၃ တိမ်
ကုက္ကို(ထိန်) ဟု ၊------- ၁ ၂ ထိန် ၎
ချုပ် ( ငြိမ်)သာ ။------- ၁ ငြိမ် ၃ ၎

တိမ် နဲ့ ငြိမ် ကို မ်(မသတ်) အသတ်တူ ချိန်ခွင် လျှာ စပ်ထားခြင်း ဖြစ်ပါတယ်။

ထိပ်ချင်းခပ်စပ်နည်း

ပထမ ပါဒရဲ့ ကာရန်( ၄) နဲ့ ဒုတိယ ပါဒရဲ့ ကာရန်(၃) တို့ ကို အသတ်ချင်းတူအောင်စပ်နည်း ဖြစ်ပါတယ်။
ဥပမာ-

ဤစာကိုး(ခန်း) ၊------- ၁ ၂ ၃ ခန်း
ပုလဲ(ပန်း) ဖြင့် ၊------- ၁ ၂ ပန်း ၎
စိတ်( ကြမ်း) ။------- မာန်လျော့ ၁ ကြမ်း ၃ ၎

ခန်း နဲ့  ပန်း ကို န်(နသတ်) ချင်းတူ ကာရန်ယူပြီး ထိပ်ခင်းခတ် စပ်နည်းနဲ့ စပ်ဖွဲ့ ထားပါတယ်။

__________________________________________________________________

ဒုတိယ လင်္ကာ စပ်နည်း

စာလေးလုံး နှစ်ပါဒ တွဲပြီးစပ်နည်းဖြစ်ပါတယ်။ ( ၄ ၊ ၂ ) သို့ မဟုတ် ( ၄ ၊ ၁ ) ကာရန်တူ ချိတ်ပါတယ် ။

၁ ၂ ၃ ( )
၁ ( ) ၃ ၎

- သို့မဟုတ် -

၁ ၂ ၃ ( ၄ )
( ၁ ) ၂ ၃ ၎

ဒီနည်းကိုလည်း နှစ်နည်းခွဲထားပါတယ်။

က။ ဘီလူးရယ်စပ်နည်း

( ၄ ၊ ၂ ) ကာရန်ချိတ်ပါတယ်။

ရ ဟန်း ပြု ( ပြု ) ၊------- ၁ ၂ ၃ ပြု
ကောင်း (မှု ) ရှာ ရှာ ၊------- ၁ မှု ၃ ၎

သိ ပ္ပံ လှို့ ( ဝှက်) ၊------- ၁ ၂ ၃ ဝှက်
ခံ ( ခက်) ရေး ရာ ၊------- ၁ ခက် ၃ ၎

ခ။ ဦးတိုက်စပ်နည်း

( ၄ ၊ ၁ ) ကာရန် ချိတ်ပါတယ်။

နွေ လည်း မ ( ပြောင်း ) ၊------- ၁ ၂ ၃ ပြောင်း
( ဆောင်း ) လည်း မ ပျိုး ၊-------  ဆောင်း ၂ ၃ ၎

ချစ် သည့် က (ဗျာ) ၊------- ၁ ၂ ၃ ဗျာ
(စာ) ပန်း ချီ မှုန်း စာ ၊------- စာ ၂ ၃ ၎

လင်္ကာစပ်နည်း အထူးမှတ်ရန်

၁။ ( ၄ ၃ ၂ / ၄ ၃ ၁ ) သုံးပါဒတွဲ နဲ့  ( ၄ ၂ / ၄ ၁ ) နှစ်ပါဒတွဲတွေကို မိမိအဓိပ္ပာယ်ရှိသလောက်
    ဆက်ပြီးစပ်ဆိုနိုင်ပါတယ်။

၂။ သုံးပါဒတွဲကို နောက်ထပ်ပါဒတွေနဲ့ တွဲဆက်မယ်ဆိုရင် သုံးပါဒတွဲရဲ့ နောက်ဆုံးပါဒဖြစ်သော
    ( ၂ သို့ မဟုတ် ၁ ) ကာရန်ရှိသည့် ပါဒမှ (၄)အက္ခရာကို ကာရန်အသစ် (၄)ဟုမှတ်ပြီး နောက်
    အသစ် နှစ်ပါဒမှမှ (၃) အက္ခရာ ကို ကာရန်အသစ်(၃) ၊ (၂)အက္ခရာသို့ မဟုတ် (၁)အက္ခရာကို
    ကာရန်အသစ်(၂) သို့ မဟုတ် (၁) ဟုမှတ်ပြီး( ၄ ၊ ၃ ၊ ၂ ) / ( ၄ ၊ ၃ ၊ ၁) ကာရန်တူ ဆက်ပြီးစပ်ပါ။

ဥပမာ -

၁ ၂ ၃ ()
၁ ၂ () ၎
၁ () ၃ ""
၁ ၂ "" ၎
 ၁ "" ၃ (၄)

- သို့မဟုတ် -

၁ ၂ ၃ ()
၁ ၂ () ၎
() ၂ ၃ ""
၁ ၂ "" ၎
""၂ ၃ ၎

----------ဆက်ပါ ----------ဆက်ပါ

နမူနာ -

ဆန္ဒသို(ဝှက်)
 မနမ်း(ရက်)ခဲ့
လန်း(လျက်)မြင်"ချင်"
ထာဝ"စဉ်"သာ
"ရင်"တွင်ပျိုး (နှစ်)
၁ ၂ ( ၃ ) ၎
၁ (၂ ) ၃ "၄"
၁ ၂ " ၃" ၎
၁ "၂" ၃ (၄)
------------
------------။

၃။ ( ၄ ၊ ၃ ၊ ၂ ) / ( ၄ ၊ ၃ ၊ ၁ ) ကာရန်များကို တွဲဆက် စပ်ဆိုရာတွင် ချီသံ/ ချသံ တို့ ကိုတတ်နိုင်သမျှ
    တစ်လှည့်စီရအောင်စပ်ပါ ။

ဥပမာ-

တိမ်ပြာဝါ(နီ)
င်္အု့ မှိုင်း(ရီ)၍
တောင်(ဆီ)ညို(မဲ)
မိုးက(သဲ)သော်
လုပ်(မြဲ)ဝမ်း(စာ)
မြေလယ်(ယာ)၌
ဆွ(ကာ)ထွန်(ရင်း)
နွားတစ်(ရှဉ်း)နှင့်
သီ(ချင်း)စေ(တော)
သံချို(နှော)၍
မ(မော)နေ့ (စဉ်)
-------------
-------------စသဖြင့်

၎။ ( ၄ ၊ ၃ ၊၂ ) / ( ၄ ၊ ၃ ၊ ၁) သုံးပါဒတွဲနှင့် ( ၄ ၊၂ )  / ( ၄ ၊ ၁) နှစ်ပါဒတွဲ တွေကို အလျဉ်းသင့်သလို
    မိမိဖော်သည့် အဓိပ္ပာယ်မလွဲရန် တွဲစပ်၍ အသုံးပြုပါ။

ဥပမာ -

သကျရူ(ပံ)
ကြံ(ကြံ)သ(မျှ)
တောင့်(တ)ရာ(ရာ)
တတ်ကောင်း(ပါ)လျှက်
ဝိ(ဇ္ဇာ)သိ(ပ္ပ)
လူ့ ကိ(စ္စ)ကို
ငယ်(က)မ(သင်)
လို(ချင်)တပ်(မက်)
---------------
---------------စသဖြင့်

၅။ ( ၄ ၃ ၂ ) / ( ၄ ၃ ၁ ) သုံးပါဒတွဲ နဲ့ ( ၄ ၂ ) / ( ၄ ၁) နှစ်ပါဒတွဲတွေကို ပါဒတစ်ကြောင်းချင်းစီ ရေးလို့ 
    ရသလို ပါဒ နှစ်ကြောင်း တွဲ၍လည်း ရပါတယ်။

ဥပမာ -

တိမ်ဝါပြာနီ ၊ အုံ့ မှိုင်းရီ၍
တောင်ဆီညိုမဲ ၊ မိုးစသဲသော်
လုပ်မြဲဝမ်းစာ ၊ မလယ်ယာနှင့်
ဆွကာထွန်ရင်း ၊ နွားတစ်ရှဉ်းနှင့်
သီချင်းစေတော ၊ သံချိုနှော၍
------------၊----------
-------------၊----------- စသဖြင့်

၆။ အဲဒီလို နှစ်ကြောင်းဆက်ရေးတဲ့အခါ ကဗျာဝါကျ အဆုံးသတ်တွေဟာ နှစ်ကြောင်းလုံးမှာပါတဲ့အဓိပ္ပာယ်     ပြည့်သွားတဲ့ " စကားဆက် " တွေကိုသုံးပြီးဆက်ရပါမယ်။ ထို့အတူ ထိုစကားဆက်ဟာ နောက်ကနှစ်
    ကြောင်းနဲ့ ဆက်လာမယ့် စကားဆက်လည်း ဖြစ်ရပါမယ်။

ဥပမာ -

နံပတ်၆ပါ ကဗျာမှ နှစ်ကြောင်းတွဲတွေရဲ့ စကားဆက်တွေဖြစ်တဲ့ (၍) (သော်) (၌) (နှင့်) (၍) စသည်တို့ ကို
ဆိုလိုတာပါ။

၇။ (၄ ၊ ၃ ၊ ၂ ) / ( ၄ ၊ ၃ ၊ ၁) သုံးပါဒတွဲနဲ့  ( ၄ ၂ / ၄ ၁ ) နှစ်ပါဒတွဲတွေအတိုင်းသင့်သလို အကြောင်း
    အရာ တစ်ပိုဒ်အတွက် ဆက်လက်စပ်ဆိုသွားပြီးနောက် အဆုံးချတဲ့အခါ စာလုံး(၄)လုံးနဲ့ လည်း အဆုံး
    ချလို့ ရသလို လုံး(၇)လုံးနဲ့ လည်း အဆုံးချလို့ ရပါတယ်။ အဲဒီလို အဆုံးပိုဒ် အဆုံးချနည်း (၂၅)နည်းရှိပေ
    မယ့် (၇)လုံးနဲ့ အဆုံးချလေ့ရှိပါတယ်။ သည်နည်းကိုတော့" ခက်ညွန့် ခိုင် ဖြာချနည်းလို့ ခေါ်ပါတယ်။အ
    များဆုံးသုံးကြပါတယ်။ သံပေါက်စပ်နည်း တတိယနည်း ၊ စတုတ္တနည်း၊ပဉ္စမနည်းတွေမှ (၇)လုံးနဲ့ အဆုံး
    ချတဲ့နည်းတွေပါပဲ ။

လေးလုံးဖြင့် အဆုံးချသောနည်း -

ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ
မင်းချမ်းသာကား
သမုဒ္ဒရာထက်
ခဏတက်သည့်
ရေပွက်ပမာ
တစ်သက်လျာတည်း ။

ခိုင်ညွန့် ခက်ဖြာချနည်း(၇)လုံးဖြင့် အဆုံးချနည်း

ကျေးဇူးများမြောင်၊နှစ်ငါးထောင်လျှင်
မြဲနှောင်မြင့်စည်၊တည်စိမ့်သည်ဟု
သုံးမည်လူ့ ထိပ်၊မြွက်ခဲ့ရိပ်က
ပတ်ချိပ်နီးဝေး၊ထွန်းလျှံပြေးသည်
မကွေးမြသလွန်တကား။

အဲဒီလို အဆုံးချပိုဒ်ကို (၉)လုံး၊(၁၀) လုံး၊(၁၅)လုံး၊(၁၉)လုံးl(၂၅)လုံး စသဖြင့် သုံးကြပါတယ်။ဒါပေမယ့်
အသုံးနည်းပါတယ်။

၈။ ရှေးစာဆိုရှင်တွေဟာ တစ်ကြောင်းချင်း နှစ်ကြောင်းတွဲချင်း ရေးလေ့ရှိသလို တစ်ပိုဒ်လုံးဆက်ရေး
    တာတွေရှိပါတယ်။ ခုခေတ်မှာတော့ တစ်ကြောင်းချင်း၊နှစ်ကြောင်းတွဲချင်းတွဲရေးလေ့ရှိပါတယ်။

ရှင်မဟာသီလဝံသရဲ့ဆုတောင်းခန်းပျို့ မှာ -

" မရှိမရ၊အိမ်ထောင်ကျဟု၊အာစမလှဲ့ ၊သလဲ့သလွင်း၊လူ့ ခပင်းအား၊-------------၊
အုပ်အင်ခပ်သိမ်းခမ်းနားတည်း။ ။-----------------------------------

- နေဘုန်းမိုရ်