လွန်ခဲ့တဲ့ ငါးနှစ်လောက်ကစပြီး ကဗျာပုံစံနှစ်ခုပေါ်ပေါက်လာခဲ့တယ်။ အဲဒါကတော့ CP နဲ့ ဖလ(ဖ) (Flarf) ကဗျာ အမျိုးအစားတွေပါပဲ။ သူတို့နှစ်ခုဟာပေါ်ပေါက်ခဲ့ရတဲ့ နောက်ခံအကြောင်းတရားက သိပ်မကွာလှပါဘူး။ ဒီကနေ့မှာ တစ်ယောက်နဲ့တစ်ယောက်စာရွက်ပေါ်မှာ အပြန်အလှန်ဆက်သွယ်ပြီးတဲ့အခါ မနက်ဖြန်မှာ သူတို့တတွေက ဖေ့(စ)ဘွတ် ပေါ်ကို ရောက်လာကြတာပဲ။ အဲဒါက (meme) လို့ခေါ်တဲ့ မျိုးဆက်သစ်ကို ဖြတ်သန်းသွားတဲ့ ယဉ်ကျေးမှုတစ်ခုပါပဲ။ အရေးအသားအသစ်တွေဟာစာရွက်ပေါ်မှာချည်း ရှိလိမ့်မယ်လို့တော့ အာမခံလို့မရတော့ဘူး။ ဒီနေရာမှာ ကက်နက်ဟာ တစ်ခုမှတစ်ခုကိုကူးပြောင်းမှုကို ကိုယ်စားပြုတဲ့ စကားလုံး "morph" ကို သုံးပါတယ်။ ဟုတ်တယ် …၂၀ရာစုအကုန်ပိုင်းမှာ ပေါက်ကွဲသွားတဲ့ ကွန်ပြူတာမီဒီယာရဲ့ အကျိုးသက်ရောက်မှုကို ၂၁ ရာစု အနုပညာကခံစားရတာပါ။ "Morph" ဟာ ကဗျာမှာလာဖြစ်ပါတယ်။ "Morph" ကို အဓိပ္ပါယ်ဖွင့်ရာမှာ ပုံရိပ်တစ်ခုမှတစ်ခုသို့ ကူးပြောင်းခြင်းဖြစ်သည်။ (to transform one electronic graphic image into another or others,through the use of sophisticated computer soft-ware,or be transformed in this way) အီလက်ထရောနစ်ဂရပ်ဖစ်ရုပ်ပုံများအား ကွန်ပြူတာဆော့ဝဲလ်အကူအညီဖြင့် တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းခြင်းပင်ဖြစ်သည်။ (သို့မဟုတ်) လျှင်မြန်စွာ ကူးပြောင်းမှု (transform quickly) ပင်ဖြစ်သည်။ ပုံနှိပ်စာရွက်များပေါ်မှတဆင့် ဝက်ဘ် စာမျက်နှာတွေဆီသို့ ၊ပြခန်းများ၊ ဂယ်လာရီများမှ တဆင့် ဓါတ်ခွဲခန်းသို့၊ လူမှုဝန်းကျင်ကဗျာရွတ်ပွဲများမှတဆင့် လူမှုဝန်းကျင်ဘလော့(ခ်)များပေါ်သို့ ရောက်ရှိလာတယ်။ နည်းပညာဟာ ရွေ့လျားမှုကို ဖန်တီးပစ်တယ်။
1. flux (အပြောင်းအလဲ)
2. uncertainty (မသေချာမှု)
3. celebrating instability (မတည်ငြိမ်မှု)
စသည်တို့ရောနှော ရှုပ်ထွေးလာတယ်။ အင်တာနက်ပေါ်က အမှန်တရားလိုပေါ့။
ဖလက်(ဖ) ဆိုတာ ဘာလဲ? (Quasi-procedural) အားလုံးနီးပါး နည်းပညာဖြစ်တယ်။ လက်တွေ့ လုပ်ဆောင်ချက်ကို အခြေခံတဲ့ကဗျာ ၊ပြီးတော့ "Improvisatory" (ရည်ရွယ်ချက်မဲ့ဖန်တီးမှု) ဖြစ်လာတယ်။ အင်တာနက် ရှာဖွေအင်ဂျင်ရလာဒ်များမှ အများဆုံး ဖလက်(ဖ)ကဗျာများကို ပုံဖော်ကြတယ်။ အဲဒီလို ရလာတဲ့ Result တွေကို တိုးသာဆုတ်သာမရှိဘဲ ကဗျာပုံသဏ္ဍာန်အဖြစ် လက်ခံလိုက်ကြတယ်။ ဖလက်(ဖ)ကဗျာဟာ ရိုးရာကဗျာအဖွဲ့အနွဲ့တွေကို အတွင်းကအပြင်သို့ပြောင်းပြန်လုပ်ပစ်ဖို့ ကြိုးစားတယ်။ ကွန်ဆက်ကျူရယ်ကတော့ သူ့ရဲ့ပုဂ္ဂိုလ်ရေးဖော်ပြချက်တွေရှိပြီး ဘာသာဗေဒစက်ကြီးထဲကို လောင်းထည့်ဖို့ ကြိုးစားသလို ရှိတယ်။ သူက ဘာထွက်လာမလဲဆိုတာကို ပိုပြီးဂရုစိုက်တယ်။ ဖလက်(ဖ)က ဘာထွက်လာမယ်ဆိုတာ သိပ်ဂရုမစိုက်ဘူး။ ဂူဂဲလ်အင်ဂျင်က ကျလာတာတွေဟာ ရွေးချယ်စရာမရှိဘူး။ ဒါကြောင့် ဖလက်(ဖ)ဟာ အတွင်းအပြင် ပြောင်းပြန်လုပ်ရုံကလွဲပြီး ရလာဒ်အခြေခံတဲ့ကဗျာ မဟုတ်ဘူး။ ဖလက်(ဖ)ဟာ hilarious ဖြစ်တယ်။ "very funny" ဖြစ်တယ်။ ရယ်စရာကောင်းသော၊ ပျော်ရွှင်စရာကောင်းသောလို့ဆိုတယ်။ ကွန်ဆက်ချူရယ်ကတော့ "Dry" ခြောက်သွေ့တယ်။ နည်းနည်းပျင်းစရာကောင်းတယ်။ ဖလက်(ဖ) ဟာ အကောင်းစား Land O'Lake ထောပတ်ဖြစ်ပြီး ကွန်ဆက်ချူရယ်ကတော့ သေတ္တာပေါ်က အစိုးရလုပ်အာဟာရနို့မှုန့်ပါပဲ။ ဖလက်(ဖ) ကတော့ "လာရီရေးဗား" ဖြစ်ပြီး ကွန်ဆက်ချူရယ်ကတော့"အင်ဒီဝါးဟိုး"။ နှစ်ဦးစလုံးဟာ ပေါ့အတ်(ထ)မှာ ဘုရင်တွေပါပဲ။ လယ်ရီ ကတော့ခေါင်းကိုင်အဖဖြစ်ပြီး အင်ဒီ ကတော့ ဘုရင်တစ်ဆူပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အမျိုးအစားနှစ်ခုဟာဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းလိုပဲ ခွဲလို့မရပါဘူးလို့ ဆိုတယ်။ ကက်နက်ပြောခဲ့တဲ့ ဖလက်(ဖ)ကိုဖော်ညွှန်းတဲ့ စကားတစ်ခုကတော့ "castles of language with a stroke ofkey borad" "ဘာသာဗေဒရဲတိုက်အား ကီးဘုတ်ရိုက်၍ တည်ဆောက်သည်" ပါပဲ။
ကဗျာဖောင်ဒေးရှင်း ဆိုဒ်ထဲမှာတော့ ရှင်းလင်းချက်တွေနဲ့ဥပမာကဗျာတချို့ရှိတယ်။ ဥပမာတွေထဲက ကျွန်တော့်ကို ထိတ်လန့် တုန်လှုပ်စေတဲ့ ကဗျာသုံးပုဒ်ကို ရွေးထားတယ်။ တစ်ပုဒ်ကဘာသာပြန်ဖို့မလိုတဲ့ အနေအထားပဲ။ ဖလက်(ဖ)ကဗျာဟာ ၂၁ ရာစု စတယ်ဆိုရင်ပဲ ကဗျာလောကကို နှိုးပစ်လိုက်တယ်။ ဒီထဲမှာ ထူးခြားတဲ့ ကဗျာလေးသုံးပုဒ်ကို တွေ့တယ်။ ။ ဒီဖလက်(ဖ)ကဗျာရဲ့ နည်းစနစ်က ၂၁ ရာစု လူသားရဲ့နေမှုပုံစံကို ပိုပြီးထင်ဟပ်ပြလာသလို လူသားရဲ့ များမြောင်လှတဲ့ကိစ္စတွေထဲမှာ ဂူဂဲလ်နဲ့ဖေ့(စ)ဘွတ် ကိုပါ ထည့်သွင်းလာပါတယ်။ လူသားတွေဟာ မနက်မိုးလင်းတာနဲ့ ဂူဂဲလ်မှာ တစ်စုံတရာကိုရှာဖွေရတယ်။ ဒါဟာ လူဖြစ်ခြင်းပြယုဂ်တစ်ခုလို တိုးတက်တဲ့ နိုင်ငံတွေမှာ ဖြစ်လာတယ်။ အဲဒါကပင်၂၁ရာစု မျိုးဆက်တွေ ပိုင်ဆိုင်တဲ့အရာ၊ အဲဒါကပဲ သူတို့ရဲ့ဘဝ ဖြစ်နေတယ်။ ဒီနေရာမှာ တစ်ခုလောက်ပြောချင်ပါတယ်။ ကက်နက်ဂိုးစမစ် ဆိုတဲ့ ငနဲပါ။ သူဟာ ကွန်ဆက်ချူရယ်ပိုထရီ (CP) ရဲ့ ခေါင်းကိုင်အဖဖြစ်တယ်ဆိုပေမယ့် သူ့ကဗျာတွေက ခရစ်ရှန်ဘော့ (Chrishan Bok) လောက် သိပ်ပညာမပါဘူးလို့ ကျွန်တော်ယူဆတယ်။ (ခရစ်ရှန်ရဲ့"သရများ" စာအုပ်ကိုတွေ့တုန်းက ဝယ်မယ်လို့ စိတ်ကူး ပေမယ့် သူ့ရဲ့"Univocalism" ကို အရသာခံဖို့ တွန့်ဆုတ်နေခဲ့တယ်။ ဥပမာ "a" ဆိုတဲ့အခန်းမှာ စာလုံးတွေ words တွေထဲ "a" တွေချည်း များများပါတာတွေ စုပြီး ရေးချထားတာပဲ။ စကားလုံးတည်ဆောက်မှုကို နိုင်နင်းသူဖြစ်တယ် လို့ဆိုတယ်။ ခက်ခဲတယ် ဆိုတာရယ်၊ စာလုံးတွေကပဉ္စလက်ဆန်ဆန်ကစားတတ်တယ် ဆိုတာကလွဲရင် "Eunoia" ကို ဖွင့်ဆိုဖို့ ကျွန်တော်မတတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ကက်နက်ဟာ ဖလက်(ဖ)ကဗျာကို အဓိပ္ပါယ်ဖွင့်ပါတယ်။ သူက ဖလက်(ဖ)နဲ့ CP ကွဲပြားပုံကိုလည်းရှင်းလင်းပြန်ပါတယ်။ ဒေါ်လာစက္ကူတစ်ရွက် အပြန့်ကို C.P လို့ရေးပြီး တိုနေအောင် ခေါက်ထားတာကို ဖလက်(ဖ)လို့ ရေးပါတယ်။ ကက်နက်ဂိုးစမစ်ဟာ "CP" နဲ့ ဖလက်(ဖ)ကို ပဲ့ကိုင်ဖို့ကြိုးစားတယ်။ ဖလက်(ဖ)နဲ့ ပတ်သက်ပြီး ကက်နက်ပြောခဲ့တာတွေကတော့ "ဝါကျပြတ်တောက်မှုဟာ သေဆုံးခဲ့လေပြီ"တဲ့။ အဓိကအားဖြင့် ပြတ်တောက်ဝါကျ DL(Drop Line)ကို နိဂုံးချုပ်ပစ်လိုက်တာပဲ။ သူက ဘယ်လိုရေးသလဲဆိုတော့"Disjunction is dead" "The fragment, which ruled poetry for hundred years has left the building." ကက်နက်ပြောချင်တာက "ကဗျာလောကကို စိုးမိုးနေခဲ့သောပြတ်တောက်ဝါကျများသည် ယခုကဗျာဖွဲ့စည်းပုံမှ ထွက်ခွာ သွားခဲ့လေပြီ" ဆိုပဲ။ ကက်နက်ကကဗျာရဲ့ ပင်မဒေါက်တိုင်လေးခုနဲ့ ဥပမာပေးတယ်။ ဖလက်(ဖ)ကဗျာဟာ အဲဒီ ပင်မဒေါက်တိုင်လေးခုကိုရိုးရှင်းအောင် လုပ်ဖို့ ရည်ရွယ်တယ်ဆိုတယ်။
၁။ ပုဂ္ဂလိကဖွင့်ဆိုချက်(Subjectivity)
၂။ စိတ်ခံစားချက် (Emotion)
၃။ ကဗျာ၏ပုံသဏ္ဍာန် (The Body)
၎။ ကဗျာ၏ရည်ရွယ်ချက် (Desire) တို့ပဲဖြစ်တယ်။
ကက်နက်ရဲ့ကြွေးကြော်သံက ကဗျာကို ရိုးစင်းအောင် တည်ဆောက်ပစ်ဖို့ပါပဲ။ "အားလုံးသော ရှင်းလင်း အင်္ဂလိပ်အသုံးဟာ ရှုပ်ထွေးခြင်းမရှိတဲ့ သဒ္ဒါဖွဲ့စည်းပုံနှင့်အတူပြန်လာပြီ" ဟု ဆိုပါတယ်။ (As expressed in whole units of plain English with normative syntax) လို့ ဆိုပါတယ်။ ဖလက်(ဖ)ပိုထရီနဲ့ ပတ်သက်ပြီး ကက်နက်က ရိုးသားမှု အဆင်တန်ဆာ ဝတ်ဆင်ထားသော ကဗျာသစ် လို့ဆိုပါတယ်။
ဖလက်(ဖ)ကဗျာဟာ အင်တာနက်ရှာဖွေအင်ဂျင်ကိုသုံးပြီး ရလာတဲ့စာသားများကို နေရာချဖို့ ကြိုးစားပါတယ်။ အဲဒီစာသားများဟာရှာဖွေအင်ဂျင်က ကျလာတာနဲ့ နေရာတကျရှိချင်ရှိမယ်၊ မရှိချင် မရှိဘူး။ အဲဒီလိုစာသားများကိုပေါင်းစပ် (Aggregate) လုပ်ပစ်ပါတယ်။ ရှင်းလင်းပြတ်သားမှုမရှိဘူး။ ကဗျာဖောင်ဒေးရှင်းကို သုံးသပ်သူကတော့ ဖလက်(ဖ)ကဗျာဟာ "No clear limit in sight" လို့ ရေးပါတယ်။ စကားစု (Phrase) များကို ပြန်နေရာချ (Rearrange) လုပ်ပစ်တယ်။ ဒါဒါဝါဒ (Dada) နဲ့ LP ကို ရောမွှေထားသလိုမျိုး။ ဘယ်လိုစာသားကိုမှ ထပ်ပြီးမမွမ်းမံဘူး။ "Nothing isespecially polished" လို့ ဆိုပြန်တယ်။ ကိုယ့်ရဲ့ "ပရောဂျက်/လုပ်ရပ်"ပေါ်မူတည်ပြီး စကားလုံးရှာဖွေမှုနဲ့ မူရင်း source ကွဲပြားတယ်။ ကက်သီဒီဂျင်းတပ်ရှ် (Katie Degentesh)ရဲ့ "The Anger Scale" (Combo,2006) ကို ကြည့်ပါ။ ရှာဖွေအင်ဂျင်ထဲကို"ကျုပ်တစ်ခါတလေ တိရစ္ဆာန်များကို စနောက်လေ့ရှိသည်" (I sometime tease animals) နဲ့ "ကျူပ်အမဲလိုက်ခြင်းကို အတော်လေးနှစ်သက်သည်" (I very much like hunting) ကို "Feed" လုပ်လို့ရတဲ့ စာသားတွေကို သုံးပြီး တည်ဆောက်ထားတယ်။ ကဗျာတစ်ပုဒ်စီရဲ့ စာသားတွေဟာ ရှာဖွေအင်ဂျင်ရဲ့ ပေးနိုင်စွမ်း စကားလုံးတွေနဲ့ ဘောင်ခတ်ပစ်တယ်။ နွားတွေဟာ ထူးထူးခြားခြားပဲ မလှုပ်မရှားနေတတ်တဲ့ အကောင်မျိုးတွေဆိုပြီး "ကတ်သီ"ကနွားဋီကာ စဖွင့် ပါတယ်။ ဒီကဗျာကို "artvoice.com" ကရတာဖြစ်တယ်။
Cows are incredibly placid, sedentary animals when on the ice
နွားတွေဟာရေခဲပေါ်မှာဆိုရင် အံ့သြစရာကောင်းလောက်အောင် မထုံတက်သေးနဲ့ မလှုပ်မရှားနေတဲ့
သတ္တဝါမျိုးတွေ
but really they are gay nymphomaniacs
ဒါပေမယ့်တကယ့်ကို တဏှာကြီးတဲ့ မိန်းမနဲ့ တူတဲ့ မိန်းမရှာတွေ
so big and bright that I will need to carve them
အဲဒီကြီးပြီးထင်ရှားတဲ့ကောင်တွေပေါ့ ကျူပ်လှီးဖြတ်ပစ်ဦးမယ်
a juicy new watermelon
အရည်ရွှမ်းသောဖရဲသီးအသစ်တစ်လုံး
They also dig pretend burrows
သူတို့လည်းစိတ်ကူးယဉ်တွင်းတွေကို တူးတယ်
when a human doesn't listen to what they are saying.
လူသားတစ်ယောက်ကသူတို့ညည်းနေတာတွေ နားမထောင်တဲ့အချိန်
The fact remains that no cow has ever been proven to be a ghost or a spirit
အဲဒီအချက်အလက်ကကျန်ခဲ့တာ ဘယ်နွားတစ်ကောင်တစ်မြီးမှ တစ္ဆေတစ်ကောင်ဖြစ်ကြောင်း
ဒါမှမဟုတ် ဝိဥာဉ်တစ်ကောင်ဖြစ်ကြောင်းသက်သေပြမထားသေးဘူးဆိုတာပဲ။
Things are good, good is sweet, and gnarly has
အရာဝတ္ထုတွေကဖြင့်ကောင်းတယ်၊ ကောင်းတယ်ဆိုတာက ချိုတာ၊ တပြိုင်ထဲ ခက်ခဲစွာရှိတာက
The musty reek that reminds me of the cow fetuses
ဒီဆွေးမြေ့အနံ့ပုပ်ကငါ့ကို မမွေးဖွားသေးတဲ့ နွားသန္ဓေသားလောင်း အကြောင်း သတိရစေတယ်
Ihad to dissect a couple of month ago
နှစ်လလောက်အသေးစိတ် လေ့လာဖို့ လိုခဲ့တယ်။
ဒီ (နွား+ရှာဖွေအင်ဂျင်) ဖလက်ကဗျာကို ကြည့်ရင်ပြောစရာတွေ အတော်များပါတယ်။ တချို့ကလည်း သူများစာသားကို အသုံးပြုတယ်လို့ ပြောပါတယ်။ တချို့က အင်တာနက် ရှာဖွေအင်ဂျင်ဟာ ကန့်သတ်ထိန်းချုပ်မှု ဘောင်ထဲမှာပဲရှိတယ်။ ရှာဖွေအင်ဂျင်ရဲ့အစဉ်တကျဖြစ်မှုဟာ တကူးတက လုပ်ယူထားတာ ဖြစ်တယ်။ ဒါကိုတော့ ငြင်းစရာမရှိပါဘူး။ ရှာဖွေအင်ဂျင်မှာကိုယ့်ဆိုဒ် ထိပ်ဆုံးဖြစ်နေဖို့က ဖန်တီးထားတဲ့အရာတွေပဲ မဟုတ်လား။ ဒါပေမယ့် ဒီရှစ်နှစ်လောက်အတွင်းမှာကို ဖလက်(ဖ)ကဗျာတွေ အတော်လေးဖြစ်ထွန်းခဲ့တာကိုတော့ ငြင်းလို့မရဘူး။ ရော့နေးကွန်နိကီး (Rodney Koeneke) ရဲ့ Musee Mechanique (Blaze Vox,2006) (Musee Mechanique ဆိုတာက ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိကပိုင် ရှေးဟောင်း စက်ပစ္စည်းတူရိယာနဲ့ကိရိယာလေးတွေကို ပြတဲ့နေရာ) အန်းဘွိုင်ယာ ရဲ့ (Romance of Happy Workers)၊ ဂယ်ရီဆူလီဗန် (Gary Suillivan) ရဲ့ "PPL in a Depot" နောက်ပြီး အခြားသောရေးသူများလည်းခပ်များများပါပဲ။ ဒါပေမယ့် သူတို့တွေဟာ အုပ်စုဖွဲ့ခြင်းလို့ အပြောခံရမှာစိုးရိမ်ကြပြီး မနှစ်မြို့ကြပါဘူး။ အဲဒီထဲမှာ ထူးထူးခြားခြားပဲ အန်းဘွိုင်ယာ (Anne Boyer) ဟာ ဒီဂျစ်တယ်ပန်းချီနဲ့ဝက်ဘ်အင်စတော်လေးရှင်းတို့ လုပ်ပါတယ်။ သူမရဲ့ "ငါကဖလက်(ဖ)လုပ်သူမဟုတ်" (I am not a flarfist) ဟာ ဖရန့်(ခ)အိုဟားရားရဲ့ နာမည်ကြီး "Why I am not A Painter" ကို ပြင်ရေးထားတာဖြစ်တယ်။ ဒီ Flarf ဆိုတဲ့ စကားလုံးကို စခဲ့သူကတော့ ကဗျာဆရာဂယ်ရီဆူလဗန် (Gary Sullivan) ဖြစ်ပါတယ်။ လမ်းသစ်ဖောက်သူများ စာရင်းထဲမှာတော့ ဂျော်ဒန်ဒေးဗစ် (Jordan Davis)၊ ကက်တီဒီဂျန်တက်(ချ)၊ ဒရူးဂါဒါ (Drew Garder)၊ နာဒါဂေါ်ဒွန် (Nada Gordon)၊ ရော့(ဒ)စမစ် (Rod Smit)၊ မဲလ်နီကိုး (Mel Nichols)တို့ ဖြစ်တယ်။ မိုက်ကယ်မက်ဂီ (Michael Magee) တို့ ကွန်ဘို (Combo) အမှတ် (၁၂) မှာလည်း ဖလက်(ဖ)တွေ ရှိတယ်။
ဖလက်(ဖ)တွေရဲ့ ကွဲပြားမှုဟာ ဂျွန်ကေ့ခ်ျ (John Cage) ရဲ့ နည်းသစ်တွေဆီကပဲဖြစ်ဖြစ်၊ အော်လီပိုဂိုဏ်း (Oulipo) ဆီကလာတဲ့ ကျပန်းရလဒ်တွေကိုအသုံးချပုံဆီကပဲဖြစ်ဖြစ် သူတို့ကကွဲပြားခဲ့မယ် ဆိုရင် အိုက်ချင်းတို့၊ ရာသီဥတုပြစကားလုံးတွေလို့၊ သင်္ချာဖော်မြူလာတွေ ဖြစ်နိုင်ပေမယ့် တကယ်သူတို့ အလုပ်လုပ်တာက ရှာဖွေစနစ် (Method of Navigating Reality) ပါပဲ။ သူတို့ဟာ အဲဒီရှာဖွေအင်ဂျင်က ရလာတဲ့ စာသားတွေဟာ မူလစာသားနဲ့ဘယ်လိုကွဲပြားတယ် ဒါမှမဟုတ် အပြောင်းအလဲကို ထိန်းချုပ်နိုင်တယ် ဆိုတာကိုတော့ ဂရုစိုက်ပါတယ်။ အဲဒါကိုပဲ သူတို့က စာကိုယ်အဖြစ် ပြန်တည်ဆောက်ပြန်တယ် လို့ ဖလက်(ဖ)ကဗျာနဲ့ပတ်သက်ပြီး ဒန်ဟွိုင်း (Dan Hoy) က ဂျက်ကက် မဂ္ဂဇင်းမှာ ရေးခဲ့တယ်။ ၂၀၀၇ မှာတော့ အယ်(လ)ပီဆရာကြီး ဘာရက်ဝက်တန် (Barrett Watten) က ဖလက်(ဖ)တွေရဲ့ ထုတ်ကုန်တွေဟာတစ်စုံတစ်ခုကို ဖြည့်ထည့်လိုက် (ဒါမှမဟုတ်) လဲလိုက်တဲ့အခါမှာ စာကြောင်း၊စာပိုဒ်၊ ဇတ်ကြောင်းပြောနဲ့ဘယ်လိုဆန့်ကျင်သွားသလဲဆိုတာကို ဖော်ပြနေတယ်။ သူတို့ဟာ အယ်(လ)ပီတွေ စိတ်ဝင်စားတဲ့ ဘာသာစကားအသုံးပြုမှု တချို့အစိတ်အပိုင်းတွေကိုတောင်မှ မရှောင်ဘဲ စမ်းသပ်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဖလက်(ဖ)တွေဟာဘာပြောင်းလဲသွားသလဲ ဆိုတာကို နည်းပညာအားကိုးနဲ့ လက်ရဲဇက်ရဲ ရှာဖွေမှုလုပ်တတ်တဲ့ သဘောပါ။ နောက်ဆုံးမတော့ ကဗျာဖန်တီးမှုဟာ နေ့စဉ်သုံးခေတ်ပေါ်နည်းပညာမှာ လာဆုံသွားပြီလို့ ပြောရမှာဖြစ်တယ်။ ကဗျာဟာ နေ့စဉ်သုံးဘဝထဲကို ပြန်ဝင်ရောက်လာပါတယ်။ ရောဘတ်ဖက်တီမန် (RobertFitterman) ရေးတဲ့ လမ်းညွှန် (Directory) ဆိုတဲ့ ကဗျာလေးကြည့်ရအောင်။
Directory - BY ROBERT FITTERMAN
Macy's HickOlY Farms
Circuit City GNC
Payless ShoeSource The Body Shop
Sears Eddie Bauer
Kay Jewelers Payless ShoeSource
GNC Circuit City
LensCrafters Kay Jewelers
Coach Gymboree
H&M
RadioShack
Gymboree The Body Shop
HickoryFarms
Coach
The Body Shop Macy's
Eddie Bauer GNC
Crabtree & Evelyn Circuit City
Gymboree Sears
Foot Locker
Land's End
GNC H&M
LensCrafters Kay Jewelers
Coach Land's End
Famous Footwear LensCrafters
H&M Eddie Beuer
Cinnabon
LensCrafters
Foot Locker RadioShack
GNC GNC
Macy's Sears
Crabtree & Evelyn Crabtree & Evelyn
H&M
Cinnabon
Kay Jewelers
LAND'S END
ဒီကဗျာရဲ့စာသားတွေဟာ လမ်းညွှန်စာအုပ်ထဲက ဆိုင်တွေ၊ နေရာတွေ ဖြစ်ပါတယ်။ အနုပညာအရာမှာတော့ ဒီကဗျာဟာငြင်းခုန်ဖွယ်ရာဖြစ်မှာ အသေအချာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဖလက်(ဖ)တွေကို လေးစားဖို့တော့လိုပါလိမ့်မယ်။
မဲလ်နီကိုး (Mel Nichols)ရဲ့ ကဗျာလေးတစ်ပုဒ်ဟာလည်း ဖလက်(ဖ)ကဗျာတွေထဲက အကောင်းဆုံး သက်သေတစ်ခုပါပဲတဲ့။
Love for Accordion Lovers
(အကော်ဒီယံချစ်သူများအတွက်အချစ်)
If you really အကယ်၍များမင်းဟာ တကယ်ကို
want to hear နားထောင်ချင်တယ်ပေါ့
me speak on ငါပြောမယ့်အရာဟာလေ
behalf of my ငါ့ရဲ့အလုပ်ရှင်
employer ကိုယ်စားအားဖြင့်၊မင်းကြားစေချင်တာက
take a look at တစ်ချက်လောက်ကြည့်လိုက်စမ်းပါ
the Hell raiser The Hell raiser ဒုက္ခပေးသူ
movies ရုပ်ရှင်တွေကိုပေါ့
- မဲလ်နီကိုး (Mel Nichols)
ဖလက်(ဖ)ကဗျာဟာ ဆူလဗန်ရဲ့ ရွှတ်နောက်နောက်ရေးဖွဲ့မှုကနေ စခဲ့တာပါ။ အွန်လိုင်းကဗျာတွေ တောင်းခံတဲ့ကဗျာဆိုဒ် တစ်ခုက ဆူလဗန် (Mr.Sullivan) ကို အသိအမှတ်ပြုခဲ့တယ်။ အဲဒါက ၂၀၀၁ ခုနှစ်မှာ ဖြစ်ခဲ့တယ်။ တစ်ကမ္ဘာလုံးက အွန်လိုင်းပေါ်မှာ အဲဒီလို ခပ်နောက်နောက်ကဗျာရေးသူတွေကဒုနဲ့ဒေးပါပဲ။ အားလုံးဟာ "Own Rubbish Verse" တွေပဲ။ ဒါပေမယ့် ဆူလဗန်ရဲ့"Mm-hmm" ကို ကဗျာဆိုဒ်က ရွေးပြီးတဲ့နောက်မှာ ဒါဟာ နောက်စရာကိစ္စ မဟုတ်တော့ပါဘူး။ သူတို့ဟာ တစ်ဦးနဲ့တစ်ဦး အပြင်မှာတွေ့ဖူးခြင်းမရှိဘဲ ကဗျာတွေ ဆက်တိုက် မျှဝေခဲ့တယ်။ ဆက်ရေးခဲ့တယ်။ ဒါဟာ ကမ္ဘာတစ်ဝှမ်း အွန်လိုင်း၊ ဂူဂဲလ်၊ အီးမေးလ်၊ ဖေ့စ်ဘွတ် စသည်ဖြင့်ချိတ်ဆက်ရေးခဲ့တယ်။ သူတို့စာသားတွေဟာ တခြားကဗျာတွေမှာ မရှိတဲ့စာသားမျိုးတွေပါ။ ဘာနဲ့ရွေးသလဲဆိုတော့ရှာဖွေအင်ဂျင်နဲ့ရွေးခဲ့တယ်။ ဒါကိုတော့ "They plugged random phrase into Google and email the "poetic" result to their colleagues" လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ "သူတို့ဟာ ဂူဂဲလ်ထဲကို အစဉ်မကျတဲ့ စကားစုတွေကို ထည့်ပြီး ရလာတဲ့ကဗျာရလာဒ်တွေကိုမေးလ်ကတစ်ဆင့် အပေါင်းအပါတွေဆီ ပို့တယ်" လို့ ဆိုပါတယ်။ အရင်တုန်းကတော့ ဆိုဒ်တွေမှာ ဂူဂဲလ်အခြေခံ ဝက်ဘ်ကဗျာ(သို့မဟုတ်) အသုံးမကျတဲ့ ကာရံပိုဒ်တွေ "Google based web poetry or rubbish verse" လို့ ခေါ်တယ်။ ဒါက ဆူလဗန်ရဲ့ဖလက်(ဖ)ဆိုတဲ့ စကားလုံး မပေါ်ပေါက်ခင်ကပေါ့။ ဆူလဗန်က ဒီ "Flarf" ဆိုတဲ့စကားလုံးကိုအွန်လိုင်းကရတာပဲ။ ဆူလဗန်ရဲ့ ကဗျာ ပေါက်သွားပြီး အွန်လိုင်းက ဖလက်(ဖ)ကဗျာအုပ်စုကနေကဗျာဆရာ အယောက် သုံးဆယ်လောက် စုမိကြတယ်။ သူတို့က ဖင်လန် (Finland)၊ ဟော်လန်(Holland) နဲ့ အိုက်စလန် (Iceland) နိုင်ငံက ကဗျာဆရာတွေဖြစ်တယ်။ သူတို့ရဲ့ ကဗျာတွေဖြစ်တဲ့"Root" ဘီယာတွင်ရေးထားသော ကိုရမ်အား ကော်ပီလုပ်ခြင်းတစ်ခု (A Copy ofthe Koran Written in Root Beer) နဲ့ "ဆွစ်တွေဟာ ဘာပဲဖြစ်ဖြစ် လုပ်ရုံလေးလုပ်တယ်"တို့ဟာ ခပ်ရိုင်းရိုင်းကဗျာတွေပဲလို့ ဆိုတယ်။ စကားလုံးတွေက အပေါစားတွေပဲ။ ဒါပေမယ့်လူတွေစိတ်ဝင်စားလာတော့ ကဗျာဆရာအတော်များများဟာ ဂူဂဲလ်ရှာဖွေအင်ဂျင် ပေါ်ရောက်လာပြီးစာသားဖန်တီးမှုတွေ လုပ်ပါတယ်။ အဲဒီမှာ ပိုပြီးတောင့်တင်းတဲ့ စကားလုံးတွေ ပေါ်လာတယ်။ ဥပမာ - (anarchy+ tunamelt) လိုမျိုးပေါ့။
- ဇော်ဇော်ထွန်း