ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

Found Poem (အသွင်သစ်ကဗျာ)

ကွန်ဆက်ချူရယ်ကဗျာမှာ ဒီလိုဟန်မျိုးကို ပြန်သုံးပါတယ်
Found Poem (အသွင်သစ်ကဗျာ)

Found Poems take existing texts and refreshing them,reorder them, and present them as poem                                                                                                                           - (poetry.org.com)
အသွင်သစ်ကဗျာသည်မူလစာသားများအားယူ၍ ပိုမိုသစ်လွင်အောင်ပြုလုပ်၍ လည်းကောင်း၊ အစီအစဉ်ပြန်ချခြင်းဖြင့်လည်းကောင်း၊ ကဗျာတစ်ပုဒ်အဖြစ် ပြန်၍တင်ပြခြင်းကို ခေါ်သည်။

            အခု ကွန်ဆက်ချူရယ်ကဗျာမှာ ဒီလိုဟန်မျိုးကိုပြန်သုံးပါတယ်။ ဆရာကြီး ကက်နက်ဂိုးစမစ် (Kenneth Goldsmit) ရဲ့ နေ့(Day) ကဗျာဟာ ထင်ရှားတဲ့သာဓကပါ။ တကယ်တမ်း အသွင်သစ်ကဗျာဆိုတာ စာသား(Text) အပြင်ဘက်က အကြောင်းအရာများကို ထပ်မံဆွဲသွင်းလာတာပါပဲ။ဒါပေမဲ့ မူလရထားတဲ့ စကားလုံးတွေကိုတော့ ပြန်မပြင်ပါဘူး။ ပုံသဏ္ဍာန်ကိုလည်း တစ်မျိုးအသစ်ဖြစ်အောင်ပြန်လည် မဆုံးဖြတ်ပါဘူး။ အထူးသဖြင့် စာကြောင်း အဖြတ်အတောက်(line breaks)တွေကိုတော့မူလကဗျာဆရာ အတိုင်းပါပဲ။ ဒါပေမဲ့ မူလအကြောင်းအရာရဲ့ အပြင်ဘက်က တခြားသော အမြင်တစ်မျိုးကိုထပ်မံပေးပါတယ်။ "the words of the poem remain as they were found with few additions or omissions" လို့ ရေးထားပါတယ်။ "ကဗျာစာလုံးတွေက မူလကဗျာဆရာ ရေးထားတဲ့အတိုင်းဆိုပေမယ့်တချို့ဖြည့်စွက်မှုတွေ ရှိတယ်"လို့ ဆိုတာပါ။ မူလ Art Work ကို ကိုယ်က ကဗျာစာသား(Text)ဒါမှမဟုတ် Subject အကြောင်းအရာထဲထည့်ပြီး အသွင်ကွဲနဲ့ အိုင်ဒီယာအသစ်ကို ပေးတဲ့နည်းပါ။မော်ဒန်ဆရာကြီးနှစ်ဦးဖြစ်တဲ့ အက်ဇရာပေါင်းနဲ့ တီအက်(စ်)အဲလီးယော့တို့ လုပ်လေ့ရှိတဲ့နည်းပါပဲ။ ဥပမာ ပေါင်းရဲ့ နာမည်ကြီး ကန်တို့(စ)(cantos)ဟာ ခေါင်းဆောင်တွေ၊ရဟန်းတော်တွေရေးထားတဲ့စာတွေပါ။ နောက်ပြီး အစိုးရရဲ့ တရားဝင်စာရွက်စာတမ်းထဲက စာတွေနဲ့ ဘဏ်ချလန်ထဲက စာသားတွေကိုအတွဲအဆက် ပြောင်းထားတာပါ။ အဲလီးယော့ရဲ့ ဖုန်းဆိုးမြေ(The Waste Land)ဟာလည်း ဒီလိုပါပဲ။သူများစာသားတွေ အမျိုးမျိုးနဲ့ ရေားထွေးထားတဲ့ ကဗျာပါ။ ဒီဟန်ဟာ မော်ဒန်ခေတ်မှာတော့အမှန်တကယ်အလုပ်ဖြစ်ခဲ့တဲ့ ရေးဟန်တစ်ခုပါ။ အဲလီးယော့က ဝက်(ဂျ)နီယန်းအော်ပရာ(Wagnerian Opera)ထဲက စာသားတွေ၊ ရှိတ်စပီးယားပြဇတ်ရဲ့ ဒိုင်ယာလော့တွေနဲ့ ဂရိနတ်ဘုရားသမိုင်း   တွေကိုဖုန်းဆိုးမြေမှာ ထည့်သွင်းခဲ့တယ်။ မော်ဒန်ဆရာကြီးဝီလျံကားလို့စ်ဝီလျံနဲ့ အနက်ရောင် တောင်တန်း ဂိုဏ်းချုပ် ချားလ်အိုဆင်တို့ဟာလည်း ဒါမျိုးလုပ်လေ့ရှိပြီးအော်ဂျေးတစ်ကဗျာရဲ့ ဖခင် ဇိုကော့စကီး(Louis Zukofsky)ဟာလည်း ဒီလိုအမျိုးအစားကို ကျွမ်းကျင်တယ်လို့ဆိုတယ်။ ဒီဟန်ဟာ ဂရပ်ဖစ်ဒီဇိုင်းဘုရင် အင်ဒီဝါးဟိုးကိုလည်း ရိုက်ခတ်ပါတယ်။ ဝါးဟိုးရဲ့"စွပ်ပြုတ်ဗူးများ" (Soup Cans)ဟာ ဒါမျိုးပါပဲ။ ကွန်ဆက်ချူရယ်အနုပညာရဲ့ ဖခင်မာဆယ်ဒူးရွန့်(Marcel Duchamp)ရဲ့ စက်ဘီးခွေများ(Bicycle wheels)နဲ့ အိမ်သာအိုးများ(Urinals)ကလည်းဒီအိုင်ဒီယာကို အခြေခံပါတယ်။ Copy Right စကားနဲ့ ပြောရရင် "ပေးတင့်"(Patent)ပေါ့။ အဓိပ္ပါယ်က ရှိရင်းစွဲအရာအား ပိုမိုကောင်းမွန်အောင် ပြုလုပ်သည် လို့"Copy Right" က "ပြုပြင်ဖန်တီးတဲ့ အခွင့်အရေး" တစ်ခုကို ထပ်ပေးထားပါတယ်။သူတပါး အနုပညာကို ခိုးတာမဟုတ်ပါဘူး။ ချဲ့ထွင်ဖန်တီးတာပါလို့ ဆိုတယ်။ထင်ရှားတဲ့ ကဗျာတွေကတော့

-      Day by Kenneth Goldsmit
-      Found Poem by Howard Nemerov
-      The Hills,s by Kate Durbin
-      Miss Scarlet by Vanessa Place

            စာရေးဆရာမ အန်းဒေးလယတ်(ဒ) (Annie Dillard)က "မူလစာသားကို ထပ်မံဖော်ပြခြင်း" နဲ့ ပတ်သက်ပြီး မူရင်းအဓိပ္ပါယ်လဲမပျက်ဘူး။ ဒါပေမယ့် အသစ်အိုင်ဒီယာနဲ့ မူရင်းအဓိပ္ပါယ် အစွန်းနှစ်ဖက် ကြားကို ရွေ့လျားဆော့ကစားခြင်းပါပဲ လို့ ဆိုခဲ့တယ်။ သူက "The original meaning remain intact,but now it swings between two poles" လို့ ဆိုခဲ့တယ်။

- ဇော်ဇော်ထွန်း