ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

လေးချိုးစပ်နည်း

လေးချိုး = အချိုး၎ချိုးပါရမယ်။အခံ၂ချိုးနဲ့ အအုပ်၂ချိုးပါတဲ့"တေးကဗျာ"ဖြစ်ပါတယ်။
စပ်နည်း = ဒွေးချိုးစပ်နည်းရော တြိချိုးစပ်နည်းပါ ပါဝင်ပါတယ်။

ဥပဒေသများ

၁။ အချိုး ၄ ချိုးပါရမယ်။အခံ ၂ ချိုးနဲ့ အအုပ် ၂ ချိုး။
၂။ စာလုံးရေl ပါဒရေ ကန့် သတ်ချက်မရှိ။
၃။ အချိုးတိုင်းမှာ အတွင်းကာရန်တူရမယ်
၎။ အဆုံးချကာရန်ချင်းတူရမယ်။ ပထမအချိုးနဲ့ ဒုတိယအချိုးရဲ့ အဆုံးချကာရန်ချင်းဟာတူရပြီးချီသံများဖြစ်
    ရပါမယ်။ ထို့ အတူ တတိယအချိုးနဲ့ စတုထ္တအချိုးတို့ ရဲ့ အဆုံးချကာရန်များတူရပြီးချသံများဖြစ်ရပါမယ်။
    ချသံများအနက် အောက်မြစ်နှင့်ဝသဇ္ဇနီသံများဖြစ်သော သက်သံနဲ့ နိမ်သံတို့ ဖြစ်က ပိုသင့်လျော်ပါတယ်။
၅။ ပထမနဲ့ ဒုတိယ အဆုံးချကာရန်များကို တတိယအချိုးမဆုံးမီပါဒရဲ့ အဆုံးချကာရန်အဖြစ်ပြန်ယူရပါမယ်။
   ဒါကို"ခွာထောက်" ပြုတယ်လို့ ခေါ်ပါတယ်။
၆။ ဒုတိယ နဲ့ စတုထ္တအချိုးတို့ ရဲ့နောက်ဆုံးပါဒများဟာ စာလုံး၎လုံးစီသာရှိရမယ်။

နမူနာ (၁)

တောင်တ( ရိုး)
(ခိုး )မင်သန့် တဝေ [ ဝေ ] ။

မဟာမြိုင်သာတဲ့ (နန်း) မှာ
(ပန်း )ကထွေ [ ထွေ ] ။

ချောင်းမြစ် [ ရေ ]
တွေ [ တွေ ] ကွဲ့ သာ { မော } ။

ဈာန်ပိုင်ရှင်ထေရ်ရ (ဟန်း )သော်မှ
(လွမ်း)ဘွဲ့ ဤ { တော} ။    ။

ရှင်းလင်းချက် -  ပထမအချိုးမှာ အတွင်းကာရန်(ရိုး)နဲ့ (ခိုး)တို့ ဟာတူကြပြီး ချသံနဲ့ စထားပါတယ်။
အဆုံးချကာရန်[ဝေ]ကိုချီသံနဲ့ ပိတ်ထားပါတယ်။ ဒုတိယအချိုးမှာ အတွင်းကာရန် (နန်း) နဲ့ (ပန်း)တို့
ဟာ တူကြပြီး ချသံနဲ့ စထားပါတယ်။ အဆုံးချကာရန် [ထွေ] ကို ပထမအချိုးမှ အဆုံးချကာရန် [ဝေ]
အတိုင်း ကာရန်တူယူပိတ်ထားပါတယ်။ တတိယအချိုးမှာ ပထမနဲ့ ဒုတိယ အချိုးတို့ ရဲ့ အဆုံးချကာရန်
[ဝေ]နဲ့ [ထွေ]တို့ လို ကာရန်တူ[ရေ]ကိုယူထားပါတယ်။ ၄င်းနဲ့ ကာရန်တူ [ကို]ကို အတွင်းကာရန်
တူအဖြစ် ခွာထောက်ပြုယူထားပါတယ်။ စတုထ္တအချိုးမှာ အတွင်းကာရန်တူ (ဟန်း)နဲ့ (လွမ်း)ကိုယူ
ထားပြီး အဆုံးချကာရန်အဖြစ် {တော} ကိုတတိယအချိုးမှ အဆုံးချကာရန်{မော}နဲ့ ညီအောင်ယူထား
ပါတယ်။ နမူနာများဆက်လေ့လာကြည့်ပါ။

နမူနနာ(၂)

စိမ်းလဲ့ ငယ်တဲ့ညို [ ရောင် ] ။

ပင်ဝါးရုံလေယူ (သိမ်း )တယ်
(ယိမ်း )နွဲ့ မြောက် [ တောင် ] ။

မြူခိုးရယ် [ မှောင်]
ဟို [တောင် ]ကြော့ခါး { ပန်း } ။

ရွှေဥ(ဒေါင်း )ငယ်တို့ 
မြိုင် (စောင်း )မှာတွန်သံ( ချို )လှတယ်
ကွန်း (ခို )တဲ့ { နန်း } ။    ။

နမူနာ(၃)

ရှစ်ခွင်(တိုင်း)
(မှိုင်း ) မှုန်တဲ့ပတ် [ လည် ] ။

သဇင်ကြွင်း ( ငယ်)နှင့်
အင် ( ကြင်း ) သန္တာန် ( ညွန်)့ ငယ်တို့ 
ဖူး (ကွန့်  )ကိုက် [ စည် ] ။

ဘမရာ ရွှေပိ (တုန်း ) ငယ်တို့ 
ချွေ (သုံး)ကြဝတ် [ရည် ]
ညွတ် [ ကြည် ] ဘွယ့်ဖော် { ကွဲ } ။

ယင်းသည့်နေ့  (ဆိုင်)
ရသေ့သူတော် (တိုင်)မှ
ဥာဏ်မ(ခိုင်) ဈာန်ယိုင်(လျော) ရတယ်
ရာသီတွင် စာညီ (ပြော ) ပေပါ့ 
(ကြော ) ၍သာ { မြဲ } ။     ။

နမူနာ(၁)/(၂)/(၃)/ တို့ ကို "လေးဆစ် "လို့ လည်းခေါ်ပါတယ်။ " လေးချိုးမူမှန် "နမူနာများကို
ဆက်လေ့လာကြည့်ပါ----

နမူနာ(၁)

ရွှေပဒုံမာကြာအ ( ချပ် ) ကိုလ
လေအဟုန်လာ၍ ( ခပ် ) စဉ်က
ကညာ (နတ် ) ထွက်ခဲ့ တယ် ။

သန္ဓေ (ဘွား )ဟာမို့ 
ရွှေ သားကိုပန်းချီ ( ပြင် ) ၍
သည်(ခင်)ကိုစုတ်တံနှင့်(ရေး)သော်လဲ
(ဆေး)ရနိုင် { ဖွယ် } ။

စခန်းနော် လိုရာ(ကွန့် )နိုင်တဲ့
မန်းပေါ်မှာ ကိုကြာ(ညွန့် )သော်မှ
(ရွံ့ )ပါလိမ့် သူ့ နိ(ကယ်)
ရှိတယ်လို့  ဟုတ်ပြီ{ဘူး} ။

တစ်ပါး ( ဟန် )
သိကြားရယ်မကြာ( ဖန်)တော့
ကွာ(ရန်)မှာ တူမည်(ဝေး)ပါငဲ့
တို့ တမေ ခင်ခင်(လေး)မှာကွယ်
(ရှေး)ကုသိုလ်{ထူး} ။    ။

နမူနာ(၂)

ဦးကြင်ဥရေး တပို့ တွဲလဘွဲ့ 
(၁) ထန်းရည် ( နင်း)
ပေါက် (ကင်း ) တဲ့လဲ [ ငုံ ] ။

ဇရက်ကယ်သာ ( ကာ ) နှင့်
ရော်ရွက် ( ဝါ ) တမာ (န)ု
လွမ်း (သူ့  ) ပူ [ ပုံ ] ။

စရိုက်ကယ် ( လှုံ )
ပင် မြုံ မြင့် သိုက် { နန်း } ။

ထွက်စီးငယ် ( ဝှန်)
ကျောက်စက်ငယ် ရေတံ (ခွန် ) နှင့်
ဟေမ (ဝန်) သာယာ ( နု ) ပါဘိ
ယွန်း ( လု ) နွေ {ဆန်း } ။    ။

နမူနာ(၃)

ဖိုးသူတော် ဦးမင်း ရေး သီတင်းကျွတ်လဘွဲ့ 

ကြာငါးမည်ကြိုင်(သင်း)လို့ 
လျံ(ဝင်း)တဲ့ပြောင်[ထိန်] ။

 ရွှေနန်းတောင်တော်(ဦး)မှာ
ကွန့် (မြူး)မြင်းမိုရ်(မီး)
(ညီး)တဲ့ခါ [ချိန်] ။

ရှေးဦးက[နှိမ်]
သုံး[ကြိမ်]ရို ညွှတ်{ပျောင်း} ။

သက္ကစ္စာဝါရ (ဝါ)နှင့်
စဉ်အ(လာ)ပူဇော်(ပွဲ)ကို
နွဲကြပေ{တောင်း} ။    ။


ရှေးစာဆိုများရဲ့ လေးချိုးကဗျာများကို ဆက်လက် လေ့လာကြည့်ပါ။
နမူနာ -

စာဆိုတော် ဦးကျော့ရေး ပိတောက်ပန်းဘွဲ့ 

လတန် (ခူး ) ပေမို့ 
အလှ ( ထူး ) ပါဘိ
မြမြ ( ဖူး ) ရယ်တဲ့ ခိုင်ရွှေ [ ဝါ ] ။

တကယ် ( တန်း ) သာဖြင့်
ဘယ် ( ပန်း ) သော် စံမ( တူ)ဘု
နန္ဒ ( မူ ) ဖလ်ဂူ ( ထိပ် ) မှာလ
ပစ္စေကာ ချွေးတော် ( သိပ် ) ရတယ်
ဧ ( ရိပ် ) ဆာ [ ယာ ] ။

တစ်နှစ်တွင် သည်တစ် ( လ ) ပေပါ့
တစ် ( လ ) တွင်တစ် ( ရက် ) ထဲ
ခက် ( ခဲ ) တဲ့ရက်ဗု [ ဒ္ဓါ ]
ပွင့် [ ရှာ ] ကြ စုံမြိုင် { တွင်း } ။

မြူမင်းလွင် ( ထန် )
ကြူသင်း တာချိန် ( ယံ ) မတော့
ရွှေဝတ်(ဆံ) ငုံတံ(ညှောက်)ကယ်နှင့်
ခါသင်္ကြန်ဂိမ္မာန်(ရောက် ) ပြန်တော့
သိန်သရေထိန်ဝေလို့ (တောက်)တဲ့ပြင်
လမ်းတစ်(လျှောက်)(သင်း)ပါဘိ
ဆန်းသ(လောက်)မ(လင်း) နိုင်ဘု
ပန်းပိ(တောက် ) { မင်း } ။     ။

စာဆိုတော် ဦးအိ ရေး မိုးဘွဲ့ 

သခွပ်ကယ်တဲ့ စပွင့် [ ချိန် ] ။

တမွတ်ကယ် စံတော် ( မြေ ) က
မှုန်ပြေ ( ပြေ ) ရွှေမင် ( ဆိုင်း ) ပါလို့ 
ရှု ( တိုင်း ) ငယ် ဘဝင် ( ညွတ် ) ပါဘိ
လွမ်း ( ဆွတ် ) ဘွဲ့  [ တိမ် ] ။

ရှစ်မည်ကို နတ်စည် ( ရွမ်း ) ပါလို့ 
(သွန်း) လှာတဲ့ မေ[ ဃိန်]ရယ်
ဖလ် [ ရှိန်]လဲ့မြူ { ခိုး } ။

ဆွေးခိုက်မို့  ( ကို )
တန် ( ဆို ) ရင်တန် ( ဘဲ ) နဲ့ 
တင့် ( ရဲ ) စွာမာန် ( မှုန် ) လို့ 
အ ( မ္ဗုန် ) မောင် တော်ရုံ ( ဝိ ) ပါတော့
နတ်ပြည် ( သိ ) { မိုး } ။     ။


မိဖုရား ရှင်မင်း ရေး သံဝေဂ ဘွဲ့ 

ကြုံမ(တွေ့ )ချင်ဘု
ဘုံဓ( လေ့)ကိုတဲ့ မုန်းလှ [ ပြီ ] ။

လှိုင်အ( နီး )
မြိုင် (သီး ) ခြွေချူလို့ 
ချောင်အ ( ငူ ) ဝေဘူ ( ထွဋ်) ဆီသို့ 
သူ (လွှတ် ) လျှင် ယာယီ ( ကွန့် )ချင်ငဲ့
နန်း ( ညွန့် )ရွှေ [ ညီ ] ။

ဗျာကေကိုသာခွေ ( ယုတ် )ပါလို့ 
ခွန်လျှော်တေ ဖန်ရေ ( အုပ် )ကယ်နှင့်
လဲ့ (လုပ် )ကယ်ကြော့ဒေ [ ဝီ ]
ယော [ ဂီ ] တို့ ကျင့် { နဲ } ။

အခါ ( ခါ )
ဘာဝ ( နာ ) ဈာန်က ( သိုဏ်း ) တွင်မှ
အံ ( တိုင်း ) ပါပါ ( လေ ) ငဲ့
နှုတ်ခွန်း ( ရေ ) ရွှေဂ ( ရို့ )မှာ
ဘုန်း( တို့  )ပု { လဲ } ။     ။

အမည်မသိ ရှေးစာဆိုရေး လယ်တောဘွဲ့  ခွန်တောက်လေးချိုး

ရိုးတ(လျှောက်)
ဖြိုး(မောက်)ပါတဲ့ လယ်ပ [ တူ ] ။

အရွက်ချွန်း ကန်စွန်း ပုစွန်(စာ)နှင့်
လွန်တ(ရာ)ကညွတ်(ပေါ)တယ်
(တော)ဖြစ်လို့ [ ထူ ]

မှိုနတို ငွေရောင် ( ပျော့ )ငယ်နှင့်
ရွှေကန( ဖော့ ) ကြာရိုး[ ဖြူ ]
ချိုး [ ယူ ]လို့ မကုန် { ခန်း } ။

ပတ္တမြား (ရောင်)
ဖာက (ပေါင်) သံလွင် ( လွင် )နှင့်
ရွှေညံ ( ပင် ) ရှုတ်မ( ရှင်း )တယ်
(အိုကွယ်)
( ကွင်း )ပြည့်ခ { မန်း } ။     ။


အချုပ်တန်း ဆရာဖေ ရေး နွေဘွဲ့ 

မွှေးနံ့ သာရေကြည် ( မြ )ငယ်နှင့်
လေးကညာသည်နွေ (လ)မှာလ
လေပြည်( ခ )ပြူတင်း[ ပေါ် ] ။

လေမွေ့ ရာကြာခြည်(ထက်)မှာလ
ဖေပွေ့ ကာသာမှီ(လျက်)ကယ်နှင့်
ဘုန်း(စက်)မ[ ပျော် ] ။

ချွေးစီစီ စုလေ(ဆင်း)တာမို့ 
လေးမဒီ နုဆွေ(မင်း)ငယ်က
ခုလေ(ညှင်း)ခပ်လို့ [ ဆော်]
စက်[ တော်]ဖြင့်ခေါ်လေ { တုန်း } ။

ဆင်မြန်းလို့ ( ကြည် )
ရင်လွှမ်း ( ထည် )ခြုံလွှာ( ပါး )ရယ်နှင့်
အ( နား )မှာအသာ (ယှဉ်)လို့ 
ရင်(ခွင်)မှာ အိုတင် (ဘေ့)ကိုကွယ်
မင်း(ပွေ့ )လှဲ့ { အုံး } ။    ။

ရှေးစာဆိုရေး တောဘွဲ့ ခွန်းတောက်

တောင်တ(တန်း)
မြှောင်(စမ်း)ရယ်တဲ့ ရစ်ခါ[ ခွေ ] ။

မေဓါဝီ သမင်(မ)ငယ်တို့ 
တော(ခ)တဲ့ [ မြေ ] ။

ဗုဒ္ဓ [ ဟေ ]
စံ[ နေ ] တဲ့မြေ{ ကြော } ။

နုတုန်းခါ ( စဉ် ) က
စံပျော် ( ရွှင် )သစ္စာ (သုံး)တယ်
(ငုံး)မင်းမြိုင် {တော} ။     ။

- နေဘုန်းမိုရ်