စာလုံးလေးနှစ်လုံးကို သတိထားမိတာက သိပ်တော့မကြာလှသေးပါ။ အဲဒါက နည်းစနစ်ခြိုးခြံမှု (Technical parsimony) ဆိုတဲ့ စကားလုံးအတွဲ။ "Parsimony" ဆိုတာ အလွန်အကျွံကပ်စေးနည်းခြင်းကို ခေါ်တယ်။ အဘိဓါန်မှာတော့ ငွေတစ်ဆုပ်ကို အားနဲ့ဖိပြီး ကျစ်ကျစ်ပါအောင် ဆုပ်ပြထားပုံနဲ့ ဖော်ပြထားတယ်။ နောက်တစ်ခါဒီစာလုံးအတွဲကိုတွေ့တော့ "နည်းစနစ်" "ခြိုးခြံခြွေတာခြင်း" ကိုတအံ့တသြ ဖြစ်မနေတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီစာလုံးကို တွေ့ရတဲ့ခေါင်းစဉ်ပင်မက "အကျဉ်းချုံ့ဝါဒ" (Minimalism) ဖြစ်နေလို့ပဲ။ အကျဉ်းချုံ့ဝါဒီတွေဟာ စာပေ၊ကဗျာနဲ့ပန်းချီနယ်ပယ်တွေကို ထိုးဖောက်ဝင်ရောက်ပါတယ်။
The painted objects produced by minimalists in the later 1960s were clearly designed to confuse the categories of painting and sculpture, and much mixed media and installation work since has continued to undermine the distinction.
- Key Idea in Linguistics and Philosophy of Language(P-134) Minimalism
"အကျဉ်းချုံ့ဝါဒ ကိုင်ဆောင်သူများထုတ်လုပ်သော ၁၉၆၀ နှစ်များမှ ပန်းချီရေးချယ်ထားသော အရာဝတ္ထုငယ်များ၊ ပန်းချီနှင့် ပန်းပုဟူသောခေါင်းစဉ်နှစ်ရပ်ကို ရှုပ်ထွေးစေရန်အတွက် ဒီဇိုင်းကို သိသာစွာ ပြုလုပ်ခဲ့ပြီးလျှင် ပို၍ထင်သာမြင်သာရှိမှုကိုပေါ်လွင်လာသည်မှာ မီဒီယာနှင့် အင်စတော်လေးရှင်း အနုပညာ ကိုပါ ရောထွေးပစ်ကတည်းက ပင်ဖြစ်သည်။"
အထက်ပါစာပိုဒ်က အဲဒီ အကျဉ်းချုံ့လိုသူ "သေးသေးဝါဒီ" တွေ ခြေလှမ်းခဲ့ကြပုံကို ရေးထားတာပါ။ အဲဒီသေးသေးဝါဒီတွေ၊ MML တွေကို "ဘာသာဗေဒ" ထဲမှာ ချိတ်ဆက်စဉ်းစားပေးခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ ဘိုးတော်ခရုမ်းစကီး (Nom Chomsky) ပဲ ဖြစ်တယ်။ ခရုမ်းစကီးရဲ့ အလိုအရတော့ ဒီ "MML" တွေဟာ အရင်းအမြစ် ဆက်စပ်တွေးလုံး (Radical Conceptual) နဲ့ နည်းစနစ်ခြိုးခြံမှု (Technical Parsimony) က လာတယ်လို့ ဆိုပါတယ်။ ခရုမ်းစကီးဟာ ဒီဇာတ်လမ်းကိုစချင်တာ ၁၉၅၀ လောက်ကတည်းကပါ။ ဒါပေမယ့် သူ့နာမည်နဲ့ထုတ်တဲ့ (Chomsky 1995, 2000, 2001, 2004,2005) စာအုပ်တွေမှာတော့ အခြေပြု အိုင်ဒီယာ (Leading Idea) ဟာ အဲဒီစာအုပ်တွေကို ပညာရှင်တွေကခေါ်လေ့ရှိတဲ့ "String Minimalist Thesis" ဆိုတဲ့ နာမည်နဲ့ လိုက်အောင် MML ကို ရှေ့တန်းတင်ခဲ့တယ်။ ဒါက ဘာသာဗေဒ ကိစ္စပါ။
ဒီနေရာမှာ ၁၉၆၀ ဆိုတဲ့ ခုနှစ်နဲ့ ၁၉၅၀ တဝိုက်ဆိုတဲ့အချက်ကလေးကို တွေ့ရပါတယ်။ ဒါက စိတ်ဝင်စားစရာ ကိစ္စပါ။ ကျွန်တော် ကဗျာတချို့ကိုဆွေးနွေးကြည့်ပါမယ်။ ရောဘတ်ဂရီးနီးယား (Robert Grenier) ရဲ့ ကဗျာတွေပါ။ ကျွန်တော် ရောဘတ်ကဗျာတွေကို ကြိုက်တယ်။ ကျွန်တော့်ဘဝမှာ အရင်ဆုံးစပြီး သတိတရ ဖတ်ဖြစ်တဲ့ ကဗျာဟာ ရောဘတ်ရဲ့ကဗျာပဲ။ မှတ်စုစာအုပ်သေးသေးလေးကို လက်ဖဝါးလေးနှစ်ခု စုပြီးကိုင်ထားတဲ့ပုံမှာ "ကလစ်" တစ်ချက် ခေါက်လိုက်တိုင်း စာကြောင်းလေးတစ်ကြောင်း ဒါမှမဟုတ် စာလုံးလေးတစ်လုံး နှစ်လုံးပေါ်လာတဲ့ သူ့ရဲ့ဟန်ကို ကြိုက်တယ်။ ပထမတော့ အီးအီးကမ်းမင်း တို့ အစုထဲကပဲမှတ်ပြီး ဆက်ဖတ်ကြည့်တော့မှရောဘတ်ဟာ တစ်ဘာသာဖြစ်နေမှန်း သိတော့တယ်။ ရောဘတ်ဟာ ကဗျာအပြင် ရောင်စုံဘောပန် လေးတွေနဲ့တစ်ကြောင်းမျဉ်းခဲခြစ်ပန်းချီကို ပံ့ပိုးခဲ့တယ်။ သူတို့က အဲဒီဟန်မျိုးကို FND (Fine N' Dust) လို့ ခေါ်ပြန်တယ်။ အဲဒီလို ရေးချင်တာလေး တစ်လုံးနှစ်လုံးရေး၊ ဆွဲချင်တာလေးခဲတံလေးနဲ့ခြစ်ပစ်၊ ဒါကိုပဲ သူတို့က "FND" တစ်မျိုးလို့ ခေါ်ပြန်တယ်။
ရောဘတ်ဂရင်းနီးယားအပြင် LP (L=A=N=G=U=A=G=E) လို့ ဒီဇိုင်းထွင်ခဲ့တဲ့ ချားလ်ဘန်စတိန်းရဲ့ ကတော် ဆရာမ ဆူဇန်ဘီး (Susan Bee) တို့လည်း ဝင်ရေးတာ တွေ့တယ်။ ဒီနေရာမှာ MML ဟာ အခြားဆရာတို့ မိတ်ဆက်နှင့်ပြီးသားဖြစ်လို့ကျွန်တော်အကျယ် မသွားတော့ပါဘူး။ "ဘာသာဗေဒ" နဲ့ ပတ်သက်ပြီးလည်း အနည်းငယ် တင်ပြချင်တဲ့စိတ်၊ ပြီးတော့ ခရုမ်းစကီးရဲ့ ဒဿန တချို့ကို ထင်ဟပ်ပြချင်တာကြောင့် အပေါ်မှာ နည်းနည်းတို့ပေးထားတာပါ။ အကျယ်ကိုတော့ ခရုမ်းစကီးရဲ့ (Adequacy; Logical Form;Transformational-Generative/ Grammar; Universal Grammar) တို့မှာ လေ့လာနိုင်ပါတယ်။ဖိုနက်တစ်ပုံစံ (Phonetic Form/ PF) နဲ့ လောဂျစ်ပုံစံ (Logical Form/LF) နှစ်မျိုးစလုံးနဲ့ MML ကို ချဉ်းကပ်ထားပါတယ်။ စိတ်ဝင်စားစရာပါ။
ရောဘတ်ဂရင်းနီးယား နဲ့ စာကြောင်းလေးတွေကိုကြည့်ရအောင်။ စာလုံးတစ်လုံးချင်း ယှဉ်မယ်ဆိုရင်တော့ ကဗျာလောကမှာ ရောဘတ်လောက် ရိုးရှင်းတဲ့စာလုံးတွေကို သုံးတဲ့သူ ရှိပါ့မလားမသိ။ အဲဒီအရိုးရှင်းဆုံး စာလုံးတွေကပဲ ကျွန်တော်တို့အမျှင်တန်းဖြတ်ဖို့ ခက်နေရတယ် မဟုတ်လား။ FND စာကြောင်းတိုများမှာ ရောဘတ်ရဲ့ စာကြောင်းတွေကထင်ရှားတယ်။ စာကြောင်းတိုတွေကို ပုံးကြီးတစ်ပုံးထဲ ထည့်ပြီး အံစာတုံးလိမ့်သလို ရလဒ်များနဲ့စာဖတ်သူများကို ဖျားယောင်းတဲ့ ရောဘတ်ဟာ ပြပွဲတွေမှာ ရောင်စုံဘောပန်တွေနဲ့ လိုင်းပန်းချီတွေကိုပါရေးဆွဲသူတစ်ဦး ဖြစ်ပါတယ်။ မှတ်စုဆန်ဆန် စာလုံးတွေ တစ်လုံးနှစ်လုံးနဲ့ ခဲခြစ်မှင်ခြစ်ပုံတွေဟာ FND ကို အများနဲ့ ကွဲပြားစေတယ်။
"trouble with chess is it doesn't make any noise"
(စစ်တုရင်ကစား၍ ဒုက္ခများနေခြင်းကဘာဆူညံမှုကိုမှ မပေးဘူး)
ရောဘတ်ဟာ အထက်ပါစာကြောင်းမျိုးကို ရေးလေ့ရှိသူပါ။ ချုံ့ပစ်ခြင်း (Minimize) ဟာ အနုပညာတစ်ရပ်ဖြစ်တဲ့ အရေးအသားမျိုးဖြစ်လာတယ်။
"want to// borrow// two chairs" လုပ်ချင်တာ//ငှားရမ်း//ကုလားထိုင်နှစ်လုံး
"refrigerator so long" သိပ်ရှည်လျားတဲ့ရေခဲသေတ္တာ
"putdown newspaper from him" သူ့အတွက် သတင်းစာကိုအောက်ချပါ
"READ A LITTLE CLOUDY" အနည်းငယ်ခက်ခဲသောတစ်ခုကို ဖတ်ပါ
"worse than that I'm hard at work" အလုပ်တွင်ကျွနုပ်ခက်ခဲသည်ထက်ပို၍ ဆိုးရွားသည်
"attempting to scrub" ပွတ်တိုက်သန့်စင်ရန်အားထုတ်ခြင်း
"I'll stir" ကျွန်တော်မွှေပါ့မယ်
"almost full moon thinking of you" လဝန်းပြည့်ဝလုနီးနီးသင့်အကြောင်းတွေး
"shadow like lowa" လိုဝလို အရိပ်မျိုး
"glad we got those sandwiches" ထိုသို့သောဆင်းဒဝှစ်ခ်ျများကို ရခဲ့သောကြောင့် ဝမ်းမြောက်မိကြောင်း
"I'm Ronald McDonald// and it's a seaside town" ကျွန်ုပ်သည်ရေမွန်မက်ဒေါနယ်//နှင့်ဤအရာသည် ပင်လယ်ကမ်းခြေမြို့ငယ်
"lover" ချစ်သူ
"I drink rice" ဆန်ကိုကျွနုပ်သောက်သည်
"Marry you talk" မေရီသင်ပြောပါ
"the blankets are here" ခြုံစောင်တွေကဒီမှာ
"who ဘယ်သူ
ate စားခဲ့
the ဒီ
sherbet ရှာလဘတ်ရည်
Laura" လုရာ
အဲဒီစာကြောင်းတွေကို ရောဘတ်ဟာ တစ်ရွက်ချင်းရဲ့အလယ်မှာ ရေးခဲ့တယ်။ တချို့စာရွက်တွေမှာတော့ စာလုံးနှစ်လုံး သုံးလုံးသာပါတယ်။ ချုံ့ပစ်ခြင်း "minimalism" ကို ဖန်တီးရာမှာ LP မှာလိုပဲ မေးခွန်းတစ်ခုနဲ့ ရင်ဆိုင်ရတယ်။ အဲဒါကတော့ ဒါဟာ "ကဗျာ" လား ဆိုတာပါပဲ။ ဒီလိုမေးခွန်းမျိုးကတော့ အသစ်ကို ဖန်တီးသူတွေကြုံတွေ့နေကျ ကိစ္စတစ်ရပ်ပါပဲ။ "Fine and Dust" လို့ အမည်ပေးထားတဲ့ ဒီလိုရေးဟန်မျိုးဟာပေါ့အတ်(ထ) (Pop Art) ကလာတဲ့ ကြော်ငြာတွေမှာ နေရာ (space) အခက်အခဲကြောင့် အနုပညာက အပိုဆုတစ်ခုရလိုက်တဲ့ရေးဟန်ပဲ ဖြစ်တယ်။ ကဗျာမှာ Minimalism တွေက ပသာဒကဗျာ (Visual Poem) ဘက်ကို သွားတဲ့အခါသွားပြီး (Logo) စာလုံးဒီဇိုင်းတွေကိုပဲ ထည့်သွင်းလာကြတယ်။ နေ့တဓူဝ အချိန်ပင်လယ်ထဲ ကူးခတ်နေကြတဲ့ ဟောဒီရာစုသစ်မှာ "လိုရင်း" (short to the point) ဟာ အငြင်းပွားစရာမလိုတဲ့ကိစ္စပါ။ ရောဘတ်ရဲ့ ကဗျာတွေကို ဖတ်ရင်း "Web" တစ်ခုမှာ တွေ့ရတာကတော့ ဒါမျိုးကဗျာတွေပေါ်တာက ၁၉၆၀ လောက်ကတည်းက လို့ ဆိုထားပြန်တယ်။ (ဒီလိုနဲ့ပဲ ကျွန်တော့်ဆီကို မိတ်ဆွေတစ်ယောက်က "ဟေ့လူ ခင်ဗျားကို ပို့လိုက်မယ် ဘာတွေမှန်းမသိ" လို့ ဆိုလာပြီး အဲဒီစာအုပ်ကိုတွေ့တော့ ကျွန်တော်က အတော်လေးကို ဝမ်းသာသွားမိတယ်။ ဒါနဲ့ပဲ ခဏလောက် "ဝ" ထားလိုက်ပြီး အခု FND ကိုရေးတော့ ပထမဆုံး သတိရမိတာ ရောဘတ်နဲ့ အဲဒီအီးဘွတ်ပါပဲ။) အဲဒီလိုနဲ့ "MML"တွေတွေ့သလောက် လိုက်ဖတ်၊ တက်ပြီးဖတ်၊ ကူးပြီး ခိုးပြီး ဖတ်ပစ်တော့ တချို့ဟာတွေကို လက်ခံနိုင်ပြီး၊ တချို့ဟာတွေကို လက်မခံနိုင်ဘူး။ တချို့ဟာတွေကို နားလည်ပေးဖို့ကြိုးစားနေတုန်း တချို့ဟာတွေကို နားမလည်ချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် MML တွေဟာ စိတ်ဝင်စားစရာကောင်းပါတယ်။
ဒါနဲ့ ဘော့ဂရင်းနီးယား ရဲ့ MML တွေ ၁၉၇၀ မှာ ရွန်ဆီလီမန် (Ron Silliman) ရေးထားတဲ့ ဘလော့ခ်မှာတော့ အယ်ဒီတာတစ်ယောက်ရေးထားတဲ့ စကားနဲ့ MML ကို စပြီးဖွင့်တယ်။ "There was really no need in late 1970 to be afraid of Bob Grenier's minimalism: Aram Saroyan was already there" "၁၉၇၀ နှောင်းပိုင်းမှာ ဘော့(ဘ)ဂရင်းနီးယားရဲ့ MML ကို သိပ်ကြောက်စရာမလိုတော့ဘူး။ အရမ်ဆာရိုရမ် ရဲ့ MML က ရှိပြီးနှင့်နေလို့"တဲ့။ ပြောချင်တာက ရောဘတ်ရဲ့ "MML" ဟာ ရှော့ခ်ဖြစ်စရာ အသစ်အဆန်း မဟုတ်တော့ဘူး။ ၁၉၇၀ မတိုင်ခင်ကတည်းက လူတွေသိနှင့်နေပြီတဲ့။ အရမ် စာအုပ်ထုတ်တဲ့နှစ်က ၁၉၆၈၊ နောက်တစ်နှစ်လောက်ကြာတော့ နောက်တစ်အုပ် စာမျက်နှာများ (Pages) ကို ထပ်ပြီးထုတ်တယ်။ ဂလပ်(ခ)ကိုးလဒေ့ (Clark Coolidge) ရဲ့ နေရာ (Space) လည်း ၁၉၇၀ မှာ ထွက်တယ်။ အပေါ်မှာ ရေးခဲ့တဲ့ ကျွန်တော့်ဆီမှာရှိတဲ့စာအုပ်ဆိုတာက ၁၉၆၈ က ထွက်ခဲ့တဲ့ Aram Saroyan ရဲ့ MML ပါ။ (ထင်းရှုးပင်ရိပ်နဲ့တစ်နှစ်ထဲ ထွက်ခဲ့တဲ့စာအုပ်)။ ဒီစာအုပ်ကို စွန့်စွန့်စားစား ထုတ်ပေးခဲ့တဲ့ စာအုပ်တိုက်ကတော့ "Random House" ဖြစ်တယ်။ တချို့ကောင်းတယ်လို့ထင်ရတဲ့ စာကြောင်းလေးတွေကိုပဲရွေးပြီး ဖော်ပြပေးပါ့မယ်။ သူ့စာတွေက စာမျက်နှာရဲ့ အလယ်တည့်တည့်မှာရှိပြီး တစ်ခါတလေတစ်ကြောင်း၊ တစ်ခါတလေ တစ်လုံးကနေ သုံးလုံးအထိရှိတယ်။
a leaf
Left
by the
cat
I guess
" သစ်ရွက်တစ်ရွက်၊ ကြွေ၊ ကြောင်ကြောင့်၊ ငါ ထင်တယ် " ဒါပါပဲ။
ကျန်တာက ကိုယ့်ဟာကိုယ် စဉ်းစားရမယ့်အပိုင်းပါ။
the noise of the garden among the noises of the room
(ဒီ ဥယျာဉ်ရဲ့ ဆူညံသံဟာ ဒီအခန်းရဲ့ ဆူညံသံတွေကြားမှာ)
MML တွေကို မြေလှန်ရရင်တော့ ၁၉၆၉ က ထုတ်ခဲ့တဲ့ဘလက်မောင်းတိန်း (Black Mountain School) ရဲ့ အထင်ကရ ကဗျာဆရာ ရောဘတ်ခရီလေးရဲ့ အပိုင်းအစများ (Pieces) ကိုလည်း ချန်ထားလို့ မရပါဘူး။ အတွေ့အကြုံနဲ့ ဆိုက်ကိုလော်ဂျီကို ကဗျာထဲ ထည့်ရေးတာဟာပမာဏ အတိအကျမရှိတဲ့ စကားလုံး (vagueness) ကို ဖြစ်စေတယ်လို့ဆိုတယ်။ ခေါင်းထဲမှာ စကားလုံးတစ်လုံးပေါ်လာတာနဲ့အတူခံစားချက်ဆိုတဲ့ အင်နာဂျီ (Energy) ပါ တပြိုင်ထဲပါလာတယ်။ နှလုံးခုန်တယ် (heart beating)၊ နားကကြားရတယ် (ears hearing)၊ အသက်ရှူနေတယ် (breathing) စတာတွေဟာ တကယ်ဖြစ်နေသလိုစကားလုံးတွေ အလုပ်လုပ်ပါတယ်။ ဒီလိုပဲ အော်ဂျေးတစ်ကဗျာ သူရဲကောင်းတစ်ဦးဖြစ်တဲ့ ဇိုကော့စကီး (Zukofsky) ဟာ ၁၉၆၇ က ထုတ်ခဲ့တဲ့ "နာမ်စား" (Preposition) မှာ ဒီလိုရေးပြန်ပါတယ်။
"nouns: acts as much as verbs"
နာမ်များ ၊ ကြိယာများကဲ့သို့များနိုင်သလောက်များအောင်ပြုမူဆောင်ရွက်ကြ
(Preposition,Horizon, NY, 1967, P.142)
ဒါဆိုရင်စာလုံးတွေက အင်နာဂျီ (energy) ကိုပါ တစ်ပါထဲ ခေါ်လာတယ်ပေါ့။ ဘာသာဗေဒသမားတွေရဲ့ အလိုအရ"စကားလုံးအားလုံးဟာ ဦးခေါင်းထဲမှာ ဖြစ်ပျက်နေသလို ပြုမူကြတယ်" မူလ အဖြစ်အပျက်ကိုဖော်ပြဖို့ ၊ လက္ခဏာကို ဖော်ပြဖို့သက်သက်နဲ့ စကားလုံးတွေရဲ့တာဝန်ဟာ ပြီးမသွားဘူး။ စွမ်းအင် (energy) ဟာ တပြိုင်ထဲ "organism" ဆီကို အပေါ်(on)/ အတွင်း (in) တစ်ပြိုင်ထဲသွားကြတယ်။ စကားလုံးများရဲ့ လုပ်ဆောင်ချက်ဟာ "ခေါင်းထဲမှာပေါ်တယ်၊ နောက်မှခံစားတယ်" အဲဒီလို မဟုတ်ဘူး။ စာလုံးပေါ်လာတာနဲ့ ခံစားချက်ပါ တွဲပါလာနေပြီ ဆိုတာပါပဲ။ ဘိမျိုးဆက် (Beat Generation) ရဲ့ ခေါင်းကိုင်အဖ ဖြစ်တဲ့ အလန်ဂျင်းစဘတ်ကတော့ -
"the world is many things at once and not just one thing at a time after another"
"စဉ်းစားကြည့်လေဒီကမ္ဘာကြီးဟာ တချိန်ထဲမှာပဲ အရာအားလုံးဖြစ်နေတာ၊ တစ်ချိန်ထဲမှာ တစ်ခုပြီးမှနောက်တစ်ခုကနောက်တစ်ချိန်ဖြစ်တာ မဟုတ်ဘူး" (Indian Journals, City lights, 1970)
ဒါပေမယ့် ဘာသာစကားရဲ့ ဖော်ပြချက်မှာကတော့တစ်ခုပြီးမှ တစ်ခုပဲ။ တပြိုင်နက်ထဲ ဖြစ်ပျက်ခြင်းဆိုတာကို ရေးချလို့မရပြန်ဘူး။ ဒါကြောင့်ဘာသာစကားဟာ သူ့ကိုယ်သူတာ့ "တစ်ခုချင်းစီ" ဆိုတဲ့ ဥပဒေကို လိုက်နာပြန်တယ်။ "one to /one to one" ပေါ့။ တပြိုင်ထဲ ဖြစ်နေရင်လည်း ကျွန်တော်တို့ ရေးလို့ရတာက (ဤအရာ ဤအရာ ဤအရာ ဤအရာ) this this this this
"Sex" ဆိုတဲ့ စကားဟာလည်း အင်နာဂျီဆိုတဲ့ စွမ်းအင်ရှိပြန်ရော။ အောက်က ဥပမာလိုမျိုးတဲ့ -
"In "အတွင်း
side the ဖက်အခြမ်း ဒီ
thinking" အတွေးများ"
- (Words,Scribner, 1967, p.105)
azure
as ever
adz aver
- လူးဝစ်ဇိုကော့စကီး (Louis Zukofsky)
- (All: the collected short poems,1956-1964-Norton, 1966)
azure =ပြာလဲ့လဲ့အရောင်၊ မိုးပြာရောင်
as ever = အမြဲတစေ
adz = သစ်သားခုတ်ဖြတ်ရာတွင် အသုံးပြုသောပေါက်ချွန်း
aver = ဖော်ပြသည်။ ဖွင့်ဟသည်။ ကျိန်တွယ်ပြောသည်။
နောက်ထပ် MML တစ်ခုကတော့ ဆရာမကြီး ဂါးထရုစတိန်း ရဲ့လက်ရာ ဖြစ်ပါတယ်။ ဆရာမကြီးဟာ MML နဲ့ ပတ်သက်ပြီးတော့လည်း သူ့သြဇာမကင်းကြောင်းကို သူ့ရဲ့ "Tender Buttons" ကိုဖတ်ရင် သိသာပါတယ်။
"ROAST POTATOES
Roast potatoes for"
"ပေါင်းထားသော အာလူးများ/ပေါင်းထားသောအာလူးများ/အတွက်"
- Gertrude Stein
(From Tender Buttons in selected writings of Gertrude Stein, ed. Van Vechten, Modern Library,1962)
အထီးကျန်ခြင်း "lonely" အဲဒီ အင်နာဂျီ (energy) ဟာ စာလုံး (word) ထဲမှာ သက်ဝင်လာအောင် သက်သေပြ (identify) ခြင်းဆိုတာ ပြီးပြည့်စုံခြင်း (complete) ပါပဲ။ မူလရည်ရွယ်ချက်ကနေ "အတ္တ" (ego) ကို ဖယ်ထုတ်ခြင်း (cut off) လုပ်လိုက်တာမျိုး ဒါမှမဟုတ် ပျောက်ဆုံးသွားခြင်း (missing) မဟုတ်ပါ။ သို့သော် ….
" Here here
here. Here"
"ဒီမှာ ဒီမှာ ဒီနေရာမှာ။ ဤနေရာ၌"
(PIECES,P.14)
"Cup
Bowl
Saucer
Full"
"လက်ကိုင်ခွက်/ပန်းကန်လုံး/ အချဉ်ရည်/ ပြည့်လျှံ" (PIECES, P.7)
အားလုံးသောအချိန်တွေဟာ ဖြစ်ပေါ်လိုက်၊ တည်ရှိလိုက် ဖြစ်နေလိုက်ကြတာ ဘာတွေနဲ့တူသလဲဆိုတော့ ဖြစ်တည်မှုလို၊ စကားလုံးတွေလို၊ ထိုအရာ၊ ရှေ့၌ရပ်ခြင်း၊ ထိုအရာသည်၊ အားလုံးဟာ အစက်ကလေးတွေဆီက ပစ္စုပ္ပန်
"Is a door
four-but
who enters" (PIECES, P.26)
oceans
+ forest
horses
သမုဒ္ဒရာများ/သစ်တော/မြင်းများ
အရမ်ဆာဂိုရမ် (Aram Saroyan)
night
again
again
ည/ထပ်၍/ထပ်၍
အရမ်ဆာဂိုရမ်(Aram Saroyan)
My knees are in my knees
my eyes are in my eyes
ကျွန်ုပ်၏ဒူးခေါင်းများသည် ကျွန်ုပ်၏ ဒူးခေါင်းများထဲတွင်ရှိသည်/
ကျွန်ုပ်၏ မျက်လုံးများသည်ကျွန်ုပ်၏ မျက်လုံးများအတွင်း ရှိကြသည်။
အရမ်ဆာဂိုရမ်(Aram Saroyan)
sky
every
day
ကောင်းကင်/တစ်ခုစီအားလုံး/နေ့
အရမ်ဆာဂိုရမ်(Aram Saroyan)
wind oil to
blow out sea
လေ/တိုက်ခတ်/ဆီ/ထွက်/မြစ်/ဆီ
အရမ်ဆာဂိုရမ်(Aram Saroyan)
"eyeye"
(မျက်လုံး"eye" ကို အလယ်မှ "e" အား ထပ်၍ရေးထားပြီး "light" နှင့်"morning" တွင်လည်း သွေဖယ်အရေးကို တွေ့ရသည်။)
"lighght"
"morni, ng"
တံခါးတစ်ချပ်ဆိုတာဟာ "စတုတ္ထ" ဖြစ်ပါသလား။ ဒါပေမယ့် ဘယ်သူဝင်ရောက်သလဲ။ တစ်စုံတစ်ခုလို့ ကျွန်တော်တို့ ပြောလိုက်တာက အဲဒီ (this) ဆိုတာ "စတုတ္ထ" ဆိုတဲ့ ကွန်းဆက် (concept) ထဲကို ဝင်ရောက်လာတာ။ တံခါးရဲ့ နံရံလေးဘက် ပိတ်နေတဲ့ဘောင် (the four-sided frame) ဝင်ရောက်ခြင်း (enters) လို့သုံးလိုက်တော့ လူတစ်ယောက် ဝင်ရောက်လာသည်ဟုဆိုရုံနဲ့မပြီးဘဲ ဘယ်သူမဆို ဝင်ရောက်နိုင်တဲ့ကိစ္စ (enters not only who has entered but whoever may-)၊ မကောင်းဆိုးဝါး (specter)၊ ဝိဥာဉ် (ghost)၊ စိတ်ကူးယဉ်အရှိတရား (imagined presence)၊ ဖြစ်နိုင်ချေ (possibility) နှင့်သမိုင်းမတိုင်မီကာလ အားလုံးသောလေးဘက်များ ဒါမှမဟုတ် ပခုံးသားများ၏ ကန့်သတ်ဘောင်-ထူးခြားကြီးမားမှု၏-ဘယ်သူကဟိုတစ်ဘက်တံခါးတစ်ချပ်ထဲ ဝင်နိုင်သလဲ။
" …….
Live
on the edge"
(အစွန်းပေါ်၌နေထိုင်ခြင်း)
- (Words,Scribners, 1967, p.128)
အမှန်တကယ် အာရုံမှောက်မှားမှု၏ တံခါးထဲ (Isidore)? အိုင်းဆစ်နတ်ဖုရားမ၏ သားတော်၊ ဘယ်သူမဆို ဖြစ်နိုင်ချေကို ပေး၏။ စကားလုံးများကပြုမူကြ (ဝင်လာသောသူသည်မည်သူနည်း) သို့တည်းမဟုတ် ကျွန်ုပ်တို့ ပါဝင်ခြင်းမဲ့သော စာဖတ်နိုင်စွမ်း၊ မပြည့်စုံသော၊ မေးခွန်း၊ အဖြေကဲ့သို့၊ "မည်သူမျှ ရှိမနေခြင်း" သို့မဟုတ် "no"၊ တံခါးတစ်ချပ်အတွက်လည်းပဲ သို့မဟုတ် ထိုအရာကိုယ်တိုင်၊ မူလဒေသမှ တပါးသောအရပ်သည် ကျွန်ုပ်တို့ အားလုံး၏ (ပြုလုပ်သူ) လက်ခံနိုင်သော လုပ်ဆောင်မှု/ အသုံးပြုမှု၊ သို့သော်အတွေ့အကြုံသီးသန့်မဟုတ်၊ အတိတ်ဆီမှ ….
ခမ်းခြောက်မှုကို ဖန်တီးလော့၊ အာရုံကိုလည်းဖန်တီးလော့…..
သူက တစ်စုံတစ်ခုကို ပြုလုပ်ထားပြီး ဥပမာအားဖြင့်၊ ဆန့်ကျင်ကျော်လွန်၍
" ရက်စက်လွန်းသည်၊ ဖော်ပြရန်ကိုပင်ရက်စက်လွန်းသည်
ထိုအရာသည် ဖော်ပြရန် ဘာအကြောင်းတရား ဆင်ခြေမျှမရှိ"
- (For Love, Scribners, and 1962.p.34)
စကားလုံးတွေကသူတို့ကိုယ်သူတို့ ဖော်ပြဖို့အတွက် ခရီးဆက် …..
အကယ်၍သာဥပမာနောက်ကလာရင် ကဗျာရဲ့အဆုံးဟာ "C" ကို အဆုံးသတ်ရန်အတွက် "not" အထဲ၌ C များ၏ အစောပိုင်း ဆောင်ရွက်ချက်ထဲရှိ သီးခြား "ငြင်းဆိုမှု "-ဥပမာ "သူတို့ပြောသလို" "ဂွတ်ဘိုင်" ဆိုသည်မှာ အချစ်အတွက် (For Love) အတွင်း၌- သူဖြစ်တည်သမျှ စွမ်းအားများနဲ့ ထိုအရာကို ငြင်းဆန်မယ် ဆိုရင်တောင် တစ်စုံတစ်ခုကိုပြောဖြစ်ဖို့ ဆိုတာ အတ္တမဟုတ်၊ အနတ္တသည် ရှိနေသည်၊ ရင်းနှီးမှုများ ပြုစုခဲ့၊ မဟုတ်တဲ့အကြောင်း "not" ကို ပြောသလိုမျိုး၊ အကယ်၍များ ငြင်းပယ်မှုမရှိခဲ့ရင် ဆင်ခြင်တွေးတောမှုဟာဘယ်နေရာမှာ ကျန်နေသေးသလဲ။ "not" မပြောဘူး၊ အဖြေက အပေါင်းလက္ခဏာ သဘောမျိုး
"A PIECE
One and
one,two
three"
အပိုင်းအစတစ်ခု၊တစ်နှင့်/ တစ်/နှစ်/သုံး - (Words,p.115)
ဒီဟာကဘယ်လိုရိုးရှင်းသလဲ ဆိုရင်ဖြင့်၊ ဒီဟာ "this" လို၊ ဘာသာဗေဒအားဖြင့်လို၊ "not" လို့ ပြောနိုင်တာမဟုတ်သလို၊ လုပ်နိုင်တာ အမှန်ပဲ၊ ဤအရာသည် အခြားအရာများကဲ့သို့စကားလုံးတစ်လုံးပင် ဖြစ်သည်။
"You are not
me, nor I you"
သင်သည်/ကျွန်ုပ်/မဟုတ်သလို ငါရော သင်ရော/ မဟုတ်ပေ။ - (PIECES,p.22)
ဒါပေမယ့်တစ်ခုဆိုတာရော အခြားသော အရာများဆိုတာရော ရပ်မနေကြ။ အတွင်းသို့
"Not from not
but in in" (p.13)
"notဆီမှ မဟုတ်ပါ၊ သို့သော် "in" အတွင်းမှ" - (p.22)
"Never write
to say more
than
saying
something"
တစ်ခုခုပြောတယ်ဆိုတာထက် ပိုပြောဖို့ ဘယ်တော့မှမရေး။
"words
are
pleasure
All
words" - (PIECES,pp 36-37)
စကားလုံးများသည်ပျော်ရွှင်ကျေနပ်မှု/စကားလုံးများ အားလုံး ….
MML နဲ့ ပတ်သက်ပြီး ပြောစရာတွေ အများအပြား ရှိနေဆဲပါပဲ။ ကွန်ဆက်ချူရယ်ပိုထရီဆိုဒ် တစ်ခုကိုတက်ကြည့်တော့ ကဗျာလေးတစ်ပုဒ်ရတယ်။ ခေါင်းစဉ်က စာတစ်လုံးကဗျာတဲ့ (One word poem) ပါ။
One word
poem
သင်ဟာ အဲဒီ one word/poem နဲ့ ပတ်သက်ပြီး "one" "word""poem" ရဲ့ တစ်လုံးချင်း အဓိပ္ပါယ် သတ်မှတ်မှုနဲ့သွားလို့ရသလို "နှစ်လုံး" ဒါမှမဟုတ် "သုံးလုံး" နဲ့လဲ သွားလို့ရတယ်။ ခင်ဗျားဟာ အခြေအနေအရ စာတစ်လုံးပဲရေးခွင့်ရရင် ခင်ဗျားရေးမဲ့ တစ်လုံးတည်းသော "စာ" ဟာ "ကဗျာ" ဖြစ်နေဖို့လိုတယ်။
Ref: Source- ROBERT CREELEY: PIECES (1969)
ရောဘတ်ဂရီးနီးယား အရေးအသား
Readind copy/english.utah.edu/aclipse
Indian Journals,CityLight,1970
Preposition,Horizon,NY,1967
All:the collected shortpoems,(1956-1964)-Norton , 1966
Tender Buttons in selected Writingsof Gertrude Stein, ed.Van Vechtan, Modern Library, 1962
Key Idea in Linguistics and Philosophy of Language(Siobhan Chapman and Christopher Routledge)
- ဇော်ဇော်ထွန်း