နာမ်းလီနီယာ (non-linear) လို့ ခေါ်တဲ့ လီနီယာအငြင်းရေးဟန်ဟာ အခု ကွန်တန်ပိုရာရီကဗျာ အတော်များများမှာ သုံးပါတယ်။ ကဗျာဝေဖန်ရေးမှာ သြဇာရှိပြီး ခွဲခြမ်းစိတ်ဖြာမှုမှာ ပထမတန်းဖြစ်တဲ့ ဆရာမ မာဂျိုရီပါးလော့ (Marjorie Perloff) က သူမရဲ့ကျမ်းတစ်စောင်ဖြစ်တဲ့ ကာရန်မဲ့ပြီးနောက် (လီနီယာအငြင်းအသစ်များ) "After Free Verse: The New non-linear Poetries" မှာ FV (ကာရန်မဲ့) ပြီးရင် လီနီယာအငြင်းပုံစံသစ်တွေ ခေတ်စားလာတယ်ဆိုတာရှင်းထားပါတယ်။
၁၈၈၆ လောက်ကတည်းက ခေတ်စားလာတဲ့ FV (ကာရံမဲ့) တွေဟာ နှစ်ပေါင်းတစ်ရာကျော်ယနေ့အထိ ကဗျာဆရာတွေ ရုန်းထွက်ဖို့ ခက်နေဆဲပါပဲ။ အယ်ပီသမားတချို့ဟာ FV က ရုန်းထွက်ဖို့ကြိုးစားခဲ့သလို ကွန်ဆက်ချူရယ်သမားတွေကလည်း နမ်းလီနီယာတွေ သုံးလာတယ်။ ဒါပေမယ့် ဖလက်(ဖ)ကဗျာသမားတွေကတော့ "လီနီယာ" ကို သုံးနေဆဲပါပဲ။
ဒီနေရာမှာ "ရွေ့လျားစာကြောင်းများ" (Dropped Line) နဲ့ "နမ်းလီနီယာ" (Non-linear) ကို ကွဲပြားဖို့ လိုပါတယ်။
DL ဟာ စာကြောင်းတစ်ကြောင်းလုံး ရွေ့လျားနေတာဖြစ်ပြီး နာမ်းလီနီယာကတော့ စကားစုတို (Phrase) သာ ရွေ့နေတာဖြစ်တယ်။ "DL" ဟာ အဖြောင့်သဘောရွေ့လျားနေတာဖြစ်ပြီး "NL" (နာမ်းလီနီယာ) ကတော့ ပုံစံမျိုးစုံ ဖြစ်နိုင်ပါတယ်။ ဆရာမမာဂျိုရီရဲ့ နာမ်းလီနီယာရှင်းလင်းမှုဟာ ပိုပြီးပြည့်စုံပါတယ်။ ဒါပေမယ့် FV ရဲ့ ရာဇဝင်ကို ပြန်လှန်ထားပြီး အကယ်ဒမစ်ဆန်ဆန် ခွဲခြမ်းထားတဲ့အတွက် ကျမ်းအစအဆုံးဟာ ရှည်လျားနေတယ်လို့ ထင်ရတယ်။ ဒါကြောင့် "နာမ်းလီနီယာ" အတွက် ခပ်တိုတိုပြန်ချုပ်ကြည့်ဖို့ "တင်မိုသီဂျွန်ကိုးဒီ" (Timothy John Cody) ရဲ့ ရှင်းလင်းမှုအတိုကို ယူပါတယ်။
နာမ်းလီနီယာ (NL) တွေဟာ "အတ္တ" (ဝါ) "မိမိစိတ်" ကို ဖော်ပြဖို့အတွက် အကောင်းဆုံးမီဒီယာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကိုးဒီက "Non-linear will be a new medium for self expression" လို့ဆိုပါတယ်။ ကျွန်တော်တို့ဟာ ရှေ့က ကာရန်မဲ့ကဗျာတွေကို ယေဘုယျကျကျပြန်သုံးသပ်ဖို့ လိုပါတယ်။ ရှေ့ကရေးခဲ့တဲ့ " Free Verse " တွေက ကဗျာရဲ့စာကြောင်း (line) တွေကိုဗဟိုပြုထားပြီး သူ့ရဲ့ယူနစ်တွေအဖြစ် အသုံးပြုကြတယ်။ ဒါကို မာဂျိုရီကတော့ (centered on the line as its unit) လို့ ဆိုတယ်။ အခု "linear" အလွန်လို့ခေါ်တဲ့ "ပို့စ်လီနီယာ" ဖွဲ့စည်းပုံမှာတော့ ကဗျာဟာ စာကြောင်းအခြေပြုဖွဲ့ပုံမျိုးမဟုတ်တော့ဘူး။ စာလုံးအခြေပြု (Centered word as such) လို့ ဆိုလာတယ်။ ဒါမှမဟုတ် စကားပြောအသုံးအပိုင်းအစများ (Aphoristic Fragment) ကို အခြေပြုတယ်။ Free Verse တွေဟာ စကားပြောအားပြု (speech based)၊ အမြင်စိတ်ကူးပုံရိပ်ကို အားပြုသောလိုင်းများ (Image Based) ဖြစ်ပြီး စာလုံးနဲ့လိုင်းများမှ ဇတ်ကြောင်းပြော (Narrative) ဆီကို ကူးပြောင်းတယ်။ ပြီးရင် နားထဲကို လာပြောနေသလိုဖြစ်ပေမယ့် နာမ်းလီနီယာမှာက စာလုံးတွေက တဆင့် အမြင်အာရုံဆီကို တိုက်ရိုက်လာတယ်။ နာမ်းလီနီယာကိုသွားဖို့အတွက် ရောဘတ်ဂရီးနီးယားတို့ဟာ အယ်ပီခေတ်ဦးမှာကိုက "I hate speech" လို ကြေညာချက်မျိုးကို ထုတ်ပြန်ခဲ့တယ်။ မော်ဒန်ကဗျာကို ဖတ်လျှင် သင့်တွင်နားကောင်းကောင်းတစ်စုံလိုအပ်သလို နာမ်းလီနီယာများကိုဖတ်လျှင် သင့်၌မျက်လုံးကောင်းကောင်းတစ်စုံ လိုအပ်မှာပေါ့။ နာမ်းလီနီယာအတွက် အတိုချုပ်အဓိပ္ပါယ်ရှင်းလင်းချက်လေးကို (ouwi.org) ဆိုဒ်ထဲတွင် တွေ့ရသည်က -
"Set of words that have more than two visual connections to other words with the connections themselves having some discrete meaning."
" စကားလုံးများကို နောက်ထပ်စကားလုံးတွေနဲ့ သွားချိတ်တည်ဆောက်တဲ့အခါ စကားလုံးတွေဟာ အမြင်အရ နှစ်မျိုးထက်ပိုပြီး ရှိကြတယ်။ အဲဒီလို သွားချိတ်တဲ့အခါမှာ သူတို့မှာရှိတဲ့ကွဲပြားခြားနားတဲ့ အဓိပ္ပါယ်အချို့ကို အသုံးပြုတယ်" လို့ဆိုတယ်။
နာမ်းလီနီယာတွေဟာ စကားပြော အာတီကယ်များ (Articles of speech) ပါဝင်မှုကို ငြင်းဆိုပါတယ်။ ဥပမာအားဖြင့် "of" "the" "it" စသည်ဖြင့်ပေါ့လေ။ နာမ်းလီနီယာတွေက ဆက်စပ်တွေးခေါ်မှုကို အခြေပြုထားတဲ့အတွက် "Conceptual based understanding" ဖြစ်တယ်။ ကဗျာဖတ်သူတွေဟာ စာကြောင်းတွေပေါ်ကပျင်းရိစရာတွေကို ရှောင်ရှားချင်နေကြပြီဆိုရင်တော့ နာမ်းလီနီယာကဗျာတွေဟာ အကောင်းဆုံးပါပဲ။
ဖတ်သူဟာ နာမ်းလီနီယာကို စဖတ်လိုက်တယ်ဆိုရင်ပဲ စာလုံးတွေနဲ့အခြားစာလုံးတွေ ချိတ်ဆက်မှု၊ ဒါမှမဟုတ် စာလုံးတွေနဲ့ အိုင်ဒီယာတွေ ချိတ်ဆက်မှုကို ဆက်စပ်တွေးခေါ်မှု (conceptualize) လုပ်ဖို့ ဖိအားပေးခြင်းခံရတယ်။ မူလစကားလုံးနဲ့ အိုင်ဒီယာတွေဟာ တစ်လုံးတည်းရပ်တည်တဲ့အခါ ရတဲ့အဓိပ္ပါယ်နဲ့ အခြားအရာများနဲ့ တွဲတဲ့အခါရတဲ့ အဓိပ္ပါယ်တွေဟာ ဝါကျတွေကို တည်ဆောက်သလို နာမ်းလီနီယာရေးဟန်က ဖတ်သူကို စဉ်းစားစေပါတယ်။ ပြီးရင် အမျိုးမျိုးသော အစဉ်အတိုင်းမဟုတ်တဲ့ဝါကျများ (Multiple random sentences) ကို ပေးပါတယ်။ "နာမ်းလီနီယာ" ဟာ ရှေ့ကဖြစ်ပေါ်ခဲ့တဲ့ ဒါဒါဝါဒဆီက စရိုက်တချို့လည်း ပြန်ပြီးသုံးပါတယ်။ ဥပမာ ပုံမှန်အရေးအသားမှာ ပါဝင်တဲ့အက္ခရာ စာလုံးအကြီးအသေးအတွဲကို ငြင်းပြန်ပါတယ်။ စာလုံးတွေရဲ့ ကွာဟမှုကို လက်မခံပါဘူး။ အဲဒါကို သူတို့က စာလုံးကြီးငြင်းဆိုခြင်း (Rejection of capital letter) လို့ ဆိုပါတယ်။ ဒါပေမယ့် စာလုံးကြီး လုံးလုံးမသုံးတာတော့ မဟုတ်ပါဘူး။ သူပြောချင်တဲ့ အဓိပ္ပါယ်ကတော့ အကြီးအသေးကွဲပြားခြားနားမှုကို လက်မခံတာပါ။ ဒါကို ဂျွန်ကိုးဒီက "no distinction be made between more significant and less significant" လို့ရေးပါတယ်။ နမူနာလေး နည်းနည်းကြည့်မယ်ဗျာ။
rising tides felt consume
(မြင့်တက်ခြင်း) (ဒီရေများ) (ခံစားခဲ့) (ကုန်ဆုံး)
fallacy false idols
ကောက်ချက်ချမှား အမှား ကိုးကွယ်ခြင်းခံရသောစံပြများ
be not said speak truth through me
(မပြောရန်) (စကားပြော) (အမှန်တရား) (ဖြတ်သန်း) (ငါ့အား)
consuming thedarkness spirit
(ကုန်ဆုံးခြင်း) (ဒီမှောင်မိုက်ခြင်း) (ဝိဥာဉ်)
အတွဲလိုက် ဒါမှမဟုတ် တစ်လုံးစီအဓိပ္ပါယ်များကိုမိမိသဘောအတိုင်း ယူဆောင်နိုင်သည်။ စာကြောင်းတစ်ကြောင်းရှိ စာလုံးတစ်လုံးချင်းစီအား ဆက်စပ်တွေးတောရန်ဖြစ်ပြီး ဝါကျတည်ဆောက်မှု မပါဝင်ပါ။
D
L E
E A
I T
F H
ကဗျာဖတ်သူရဲ့အမြင်ဟာ အဓိကကျပြီးဆက်စပ်တွေးတောမှု ကွန်းဆက်တည်ဆောက်ပုံဟာ ကဗျာရဲ့ အနှစ်သာရဖြစ်တယ် လို့ဆိုတယ်။
- တင်မိုသီဂျွန်ကိုးဒီ (Timothy John Cody) ရဲ့ နာမ်းလီနီယာ (non-linear)
ရွေ့လျားစာကြောင်းများ (Dropped Line)
မူလစာကြောင်းတစ်ကြောင်းသည် နှစ်ကြောင်းအဖြစ် အစိတ်အပိုင်းနှစ်ပိုင်းဖြစ်ကာ ထက်အောက်တစ်ကြောင်းစီတည်ရှိနေတဲ့အတွက် ရွေ့လျားစာကြောင်းများဖြစ်တယ်။ ထိုဒုတိယစာကြောင်းကပင် ပထမစာကြောင်းနှင့် အမြင်အရချိတ်ဆက်မှုရှိနေကြောင်းကိုလည်း ဖေါ်ပြနေပြန်သည်။ ထိုသို့ပြတ်လျက် နှစ်ကြောင်းဒါမှမဟုတ် နှစ်ကြောင်းထက်ပို၍ အလျားလိုက်ဝါကျကိုအဆုံးမသတ်ပဲ ထပ်၍ရေးခြင်းကိုဆိုလိုသည်။
အနောက်တိုင်းဝေါဟာရအနေဖြင့် အောက်သို့ကျနေသောစာကြောင်း (Dropped Line) ဟုခေါ်သည်။ ဥပမာအားဖြင့် ”ထိုမြစ်၏အခြားသောတစ်ဖက်ကမ်း” (The Other Side Of the River) ဟုကဗျာဆရာချားလ်ရိုက် (Charles Wright) အသုံးပြုထားတာကိုအထင်အရှားတွေ့နိုင်တယ်။
It’s linkage I’m talking about,
And harmonies and structure,
And all the various things that lock our wrists to the past.
Something infinite behind everything appears,
And then disappears.
- Charles Wright, the Other Side of the River.
ကျုပ်အခုပြောနေတာနဲ့ဤအရာသည်ချိတ်ဆက်နေ၍
ဟာမိုနီများနှင့်ကိုယ်ထည်
နှင့်မတူညီသောအရာများအားလုံးသည် အတိတ်ဆီသို့ ကျုပ်တို့လက်အကောက်များကိုချိတ်ဆက်သည်။
ကန့်သတ်မဲ့တစ်စုံတစ်ရာ။ အရာဝတ္ထုများအားလုံး၏ပေါ်ပေါက်လာခြင်း
နှင့်ပျောက်ကွယ်သွားခြင်း၏
- ချားလ်ရိုက်(ထိုမြစ်၏အခြားသောတစ်ဖက်ကမ်း)
ဒီနေရာမှာ ချားလ်ရဲ့မူလစာကြောင်းဟာ နှစ်ကြောင်းထဲပဲ။ ဒါပေမယ့်ပထမတစ်ကြောင်းကို သုံးကြောင်းခွဲပြီးရေးတယ်။ ဒုတိယစာကြောင်းကို နှစ်ကြောင်းခွဲပြီးရေးတယ်။ အဲဒီစာကြောင်းတွေရဲ့စမှတ်တွေမတူဘူး။အမြင်အားဖြင့်ပြတ်ပြီးရွေ့နေတယ်လို့ထင်ရတယ်။ ရောဘတ်ဒန်ဟမ်း (RobertDuncan) ရဲ့အဆိုအရတော့ ယာယီလက္ခဏာအဖြစ် အဲဒီရွေ့လျားစာကြောင်းဟာ ဆက်နွယ်အသုံးပြုပြီး အမြင်နဲ့အကြားအာရုံကို အကျိုးသက်ရောက်မှုပေးတယ်လို့ဆိုတယ်။ (A spatial as well as temporal feature,affecting both the eye and ear) ကဗျာတစ်ပုဒ်လုံးရဲ့ ရုပ်လုံးအသွင်သဏ္ဍန်လို့လဲဆိုနိုင်တယ်။ သူကတော့ (It may be used to determine the visual appearance of the line as a whole) လို့ဆိုပြန်တယ်။
ပညာရှင်ဂျိုးမော်ဖက် (Joe Moffett) ရဲ့မှတ်ချက်ကတော့ ရွေ့လျားစာကြောင်းတွေရဲ့ရည်ရွယ်ချက်ကို ပိုပြီးမြင်သာစေပါတယ်။ ရေပြင်ညီရစ်သမ်အဖြစ် ပန်းချီမှာကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့တဲ့ ဆေးဇန်း (Ce’zanne) ရဲ့ဟန်ကိုတုပထားသလို ထင်သာမြင်သာရှိနိုင်တယ်။ (Can be seen as imitating the sense of horizontal rhythm prevalent in painting by Ce’zanne) လို့ကောက်ချက်ချတယ်။ မော်ဒန်ကဗျာဆရာတွေထဲက အဲဒီပြတ်ရွေ့စာကြောင်းတွေအရေးများသူက ချားလ်ရိုက်၊ ကားဖီးလစ် (Carl Phillips) နဲ့ အက်ဒဝပ်ဟိုင်းရှက် (Edward Hirsch) တို့ပဲဖြစ်တယ်။
ဒီလိုအရေးပေါ်ပေါက်လာတာ သိပ်တော့မထူးဆန်းပါဘူး။ ပန်းချီဆရာတွေရဲ့အရိပ် အကြီးအကျယ်လွှမ်းမိုးခံခဲ့ရတဲ့ကဗျာဆရာတွေက စကားလုံးတွေနဲ့ပန်းချီဆွဲဖို့ကြိုးစားတဲ့အခါ ဒါမှမဟုတ် စာရွက်ကိုကင်းဘတ်(စ်)တစ်ခုလိုမြင်သွားတဲ့အခါ ပန်းချီဟန်တွေ ကဗျာတွေဆီကိုရောက်တော့တာပဲ။ ဒီလိုအရေးမျိုးခင်ဗျားဟာအရင်ကတွေ့ဖူးကောင်းတွေ့ဖူးပါလိမ့်မယ်။ အစောဆုံးတွေ့ရမယ့်အရေးအသားတွေထဲမှာ ရှိတ်စပီးယားပါတယ်။ကျွန်တော်တို့ ရှိတ်စပီးယားစကားပြောခန်းDialogueကိုကြည့်ပါ။ ဟမ်းမလက်ထဲမှာတော့-
HAMLET
Did you not speak to it?
MARCELLUS
My lord,I did;
But answer made it none:yet methought
It lifted up it head and address
Itself to motion,like as it would speak;
- William Shakespeare,Hamlet,Act I,Scene I
စာပေပညာရှင်များဟာ ဟမ်းမလက်ရဲ့စကားပြောအရေးဟာ dropped line ပဲလို့ဆိုတယ်။
ကဗျာတစ်ပုဒ်မှာ ရွေ့လျားစာကြောင်းတွေပါလာရင်တော့ အဲဒီကဗျာကိုဘာသာပြန်ရတာ ကျွန်တော့အနေနဲ့အတောလေးခက်ခဲပါတယ်။ အင်္ဂလိပ်သဒ္ဒါအရ စာကြောင်းတည်ဆောက်ပုံဟာ မြန်မာနဲ့ပြောင်းပြန်ဖြစ်နေတဲ့အတွက်သူ့ရဲ့ (dropped line ) အစီအစဉ်ဟာ ကျွန်တော့်ရဲ့မြန်မာစာကြောင်းအစီအစဉ်နဲ့ ပြောင်းပြန်ဖြစ်သွားတယ်။ ဆိုလိုတာက သူ့အောက်စာကြောင်းဟာ ကျွန်တော့ရဲ့အထက်စာကြောင်းဖြစ်သွားတယ်။ ဒါကြောင့် မူရင်းပုံကိုရဖို့အတော်လေးကိုခက်ခဲပါတယ်။ စကားပြေအရေးနဲ့မြန်မာပြန်တာ ပိုပြီးသင့်တော်ပါတယ်။ ဘာသာပြန်သူဟာ အင်္ဂလိပ်မူရင်းကိုချကိုချပြရတော့တယ်။ မြန်မာကဗျာဆရာတွေ ဒီလိုရွေ့လျားစာကြောင်းတွေအသုံးနည်းတယ်လို့ သိရပါတယ်။ မလိုအပ်ပဲနဲ့တော့ မသုံးစေချင်ပါဘူး။ လောရင့်ဖာလင်ဟေတီဟာ သူ့ရဲ့ Dog (ခွေး) ကဗျာရဲ့အောက်ဆုံးစာကြောင်းတွေကို ပြတ်ရွေ့တွေချည်းရေးသွားတယ်။ ဒါဟာခွေးတစ်ကောင်ရဲ့ခြေရာဖြစ်တယ်။ ခွေးတစ်ကောင်ရဲ့ ဒယီးဒယိုင်သွားဟန်လည်းဖြစ်တယ်။
barking
democratic dog
engaged in real
free enterprise
with something to say
about ontology
something to say
about reality
and how to see it
and how to hear it
with his head cocked sideways
at street corners
as if he is just about to have
his picture taken
for Victor Records
listening for
His Master's Voice
and looking
like a living question mark
ဟောင်ခြင်း
ဒီမိုကရက်တစ်ခွေးတစ်ကောင်
အမှန်တရားနဲ့ညှုနှိုင်း
စွန့်စားခြင်းကင်းသော
ပြောပြဖို့တစ်စုံတရာနှင့်
ဂေဟစနစ်အကြောင်း
ပြောစရာတစ်စုံတရာ
အရှိတရားအကြောင်း
ပြီးတော့အဲဒါကိုဘယ်ပုံဘယ်နည်းရှုမြင်ရမယ့်အကြောင်း
ပြီးတော့ဘယ်ပုံဘယ်နည်းနားထောင်ရမယ့်အကြောင်း
လမ်းဘေးတစ်လျောက်ဦးစိုက်သွားတဲ့သူ့ရဲ့ဦးခေါင်းနှင့်
လမ်းထောင့်တွေဆီမှာ
သူ့ရဲ့ဓါတ်ပုံကိုဗစ်တာ ဓါတ်ပြားတိုက်အတွက်
ရိုက်ယူထားတဲ့အကြောင်းပြောစရာရှိသလိုမျိုး
သူနားစွှင့်နေပါသည်
သူ့သခင်ရဲ့အသံကို
ပြီးတော့ရှာဖွေနေပါသည်
အသက်ရှင်ခြင်းမေးခွန်းတစ်ခုလိုသူ့အတွက်
Dog, by Lawrence Ferlinghetti
.................................................................................................................................................................
လိုအပ်ရင်တော့ ခင်ဗျားတို့လည်းသုံးပါ။ Dropped Lines ဟာ ကဗျာရဲ့ရုပ်လုံးရုပ်ကြွတွေမဟုတ်လား။
Ref: Writing Poetry, Second edition (2006) by John Whitworth
- ဇော်ဇော်ထွန်း