တရုတ်ရိုးရာ ပြက္ခဒိန်နဲ့ တိုက်ပြီးရှေ့ဖြစ်ကို ဟောလို့ရပါတယ်။ နောက်ထပ်အသုံးပြုတဲ့ ကျပန်းဝါကျကဗျာ (ChanceOperation) ကတော့ တရုတ်ရိုးရာ "အိုင်ချင်း" (I Ching)၊ ရှေးဟောင်းကျမ်းတွေမှာပါတဲ့အိမ်မြေယာ ရွေးချယ်မှုစနစ်နဲ့ ရှေ့ဖြစ်ဟော နမိတ်ကောက်အတတ်ဆီက တရုတ်လူမျိုးတွေရဲ့ ကျပမ်းနမိတ်ကောက်တဲ့အတိုင်းစာကြောင်းတွေကို ရွေးပါတယ်။ ဒါကြောင့် အိုင်ချင်းဟာ ကျပမ်းစာကြောင်းတွေ တည်ဆောက်တဲ့နေရာမှာအရေးပါပါတယ်။ နောက်ထပ်တစ်မျိုးက ကွန်ပြူတာပရိုဂရမ်နဲ့ စာကြောင်းတွေကို ရွေးခိုင်းတဲ့စနစ်ပါ။အဲဒီလို ကွန်ပြူတာကို ရွေးခိုင်းတဲ့အခါမှာ ရွေးချယ်စေမယ့် အဓိကစာသားတွေကို ပရိုဂရမ်ရေးပြီးတည်ဆောက်ထားမယ်။ ပြီးရင်တော့ ကွန်ပြူတာကို မောင်းနှင်ပြီး ကျပမ်းနေရာမျိုးစုံက မူလစာသား(Original Text as their source) တွေကို အရင်းအမြစ်အနေနဲ့ ယူငင်သုံးစွဲကြပါတယ်။ သတင်းစာ၊စွယ်စုံကျမ်းနဲ့ အခြားသော နာမည်ကျော်ဝတ္ထု၊ ဆောင်းပါး တွေထဲက စာသားတွေဖြစ်တယ်။ ရည်ရွယ်ချက်ကတော့ပုံမှန်ကဗျာဆရာတွေ လုပ်လေ့ရှိတဲ့ ပြောလိုသော အချက်ကို ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ခြင်းကိုဆန့်ကျင်လိုတဲ့အတွက် ဖြစ်ပါတယ်။ ကဗျာဆရာရဲ့ ရည်ရွယ်ချက်များ (intentions)၊ ကဗျာဆရာရဲ့အတ္တ(ego) တွေကို ပုံမှန်မဟုတ်တဲ့ နမိတ်ပုံနဲ့ သဒ္ဒါချိုးဖောက်မှုတွေနဲ့ ဆန့်ကျင်ဖို့ပါပဲ။ဒီနည်းစနစ်ရဲ့ အစဟာ နှစ်ဆယ်ရာစုအလယ် "ဒါဒါ" လှုပ်ရှားမှုကနေ ပေါက်ဖွားလာတယ်လို့ဆိုတယ်။ ဒီနည်းစနစ်ကို အသုံးပြုတတ်တဲ့ ကဗျာဆရာတွေကတော့ -
၁။ အန်ဒရေဘရီတွန် (Andre' Breton)
၂။ လူးဝစ် (စ) အာရဂွန် (Louis Aragon)
၃။ ထာရစ္စတန်တီဇာရာ (Tristan Tzara)
၎။ ဖစ်လစ်ပီဆောပေါက် (Phillippe Soupault)
၅။ ပေါလ်အီလျ(ဒ) (Paul Eluard) တို့ပဲဖြစ်ပါတယ်။
ဒါတွေဟာ စနစ်တကျ အသိစိတ်နဲ့ တည်ဆောက်မှုမျိုးမဟုတ်တဲ့ ဆမ်ကွန်ရှမ်(sub conscious) ကို ချဉ်ခြင်းတပ်ခဲ့ကြတယ်။ သူတို့ရဲ့အလိုအရ စာဖတ်သူရဲ့ ဦးနှောက်ဟာဘယ်လိုစာသားမျိုးကိုမဆို လက်ခံနိုင်၊ ဘာသာပြန်နိုင်တယ်။ ကျပမ်းရွေးချယ်ထားသော(Random Selections) စာသားများကို အလုပ်ဖြစ်အောင် (Generate) လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ဒါဒါဝါဒ ကြေညာစာတမ်းကိုရေးတဲ့ တီဇာရာ (Tristan Tzara) ဟာ စာတမ်းထဲမှာ လမ်းညွှန်ချက်တချို့ကိုဒီကဗျာအမျိုးအစားအတွက် ထည့်ပေးထားခဲ့တယ်။ အဲဒီတုန်းကတော့ ဒါဒါဝါဒကဗျာ (DadaistPoem) လို့ ခေါ်ပါတယ်။ မူရင်း ဒါဒါဝါဒ စာတမ်းရဲ့အမည်ကတော့ "Dada Manifesto onFeeble & Bitter Love" ဖြစ်ပါတယ်။ မူရင်းကတော့ ပြင်သစ်လို ရေးထားပါတယ်။ ဒါပေမယ့်ဆရာမ ဘာဘရာရိုက် (Barbara Wright) က အင်္ဂလိပ်လို ပြန်ပေးထားခဲ့တယ်။
လမ်းညွှန်ချက်ကတော့ -
(၁) သတင်းစာတစ်စောင်ကိုယူပါ (Take a newspaper)
(၂) ကတ်ကြေးတချို့ကိုယူပါ (Take some scissors)
(၃) သတင်းစာခေါင်းစဉ်တစ်ခုကို သင်ကဗျာတည်ဆောက်ချင်သော စာကြောင်းအကွာအဝေးကိုတည်ပြီး ရွေးချယ်ပါ။ (Choosefrom this paper an article the length you want to make your poem)
(၄) ခေါင်းစဉ်ထဲမှာ ပါဝင်သော စကားလုံးများကို အသေအချာ ဂရုစိုက်၍ဖြတ်တောက်ကာ အိတ်အလွတ် တစ်ခုထဲသို့အားလုံးကိုထည့်ပါ။ (Next carefully cut out each of the words that make up thisarticle and put them all in abag)
(၅) သမသွားရန် အိတ်ကို ဖြေးညင်းစွာလှုပ်ရမ်းပါ။ (Shakegently)
(၆) နောက်တစ်ဆင့်အနေဖြင့် ဖြတ်စ တစ်ခုစီအား တစ်ခုချင်းစီ ထုတ်ယူပါ။(Next take out each cutting one afteranother)
(၇) အိတ်ထဲတွင် ကျန်ရစ်သော စာလုံးမှစ၍ အစဉ်လိုက် စာလုံးများကိုကူးယူပါ။ (Copy conscientiously in orderwhich they left the bag)
(၈) ကဗျာတစ်ပုဒ်ကို သင်ရရှိပါလိမ့်မယ်။ (The poem willresemble you.)
ဒီနည်းစနစ်ကို ဖလက်(ဖ)ကဗျာအုပ်စုကရှာဖွေင်ဂျင်ကို အသုံးပြုပြီး တည်ဆောက်ပါတယ်။ ရှေးဦးအနေနဲ့ နာမည်ကျော် ကဗျာဆရာကြီးတစ်ဦးကတော့ဂျက်ဆင်မက်လိုး (Jackson Mac Low) ဖြစ်ပြီး နောက်တစ်ဦးကတော့ ကွန်ဆက်ချူရယ် အုတ်မြစ်ချသွားသူလို့သတ်မှတ်ထားတဲ့ ဂီတစာဆို ကဗျာဆရာကြီး ဂျွန်ကေ့ခ်ျ (John Cage) တို့ပဲ ဖြစ်တယ်။ ဒီကဗျာအမျိုးအစားနဲ့ ပတ်သက်ပြီး အမေရိကန်ကဗျာအကယ်ဒမီဆိုဒ်က ဂျက်ဆင်မက်လိုး ရဲ့ ကဗျာတစ်ပုဒ်ကိုနမူနာ ပေးပါတယ်။ အဲဒါကတော့ "စတိန်း (၁၀၀)။ မျှတမှုကုလားထိုင်ရဲ့ ငှက်မွှေးသဏ္ဍာန်ထူမှုတစ်ခု"(Stein 100: A Feather Likeness of the Justic Chair) ပဲဖြစ်တယ်။ ကောက်နှုတ်ချက်လေးကိုကြည့်ရအောင်။
And why special?
Not left straw, the chain's the missing, was whitewinningly and
occasion's entirely strings.
Reason is sullenness: it's there that practices left whensix into
nothing narrow, resolute, suggests all beside that plainseam.
- Excerptfrom 100 Stein
ပြီးတော့ ဘာကြောင့် ထူးခြားနေသလဲ?
ကောက်ရိုးချန်ခဲ့ခြင်းမရှိ၊ ပျောက်နေတာက ဒီချိန်းကြိုးiဟာ အဖြူရောင်အောင်မြင်သော
အမူအရာနှင့်
ဆင်ခြေဟာ ညစ်နေလို့ဖြစ်တဲ့ နှုတ်ဆိတ်ခြင်း။
ခြောက်ဂဏန်းဟာ ကျဉ်းမြောင်းမှုမဲ့ခြင်းကိုပြောင်းသွား
တဲ့အခါ အဲဒီနေရာမှာ အဲဒီအလေ့အကျင့် ကျန်ခဲ့တယ်၊
ကြည်လင်တိကျ၊အကြံပြုချက်များ အားလုံးက
အဲဒီ ပြင်ညီဆက်ရာ နံဘေးမှာ ရှိတယ်။
- ဂျက်ဆင်မက်လိုး၏စတိန်း (၁၀၀) မှ ကောက်နှုတ်ချက်
ဂျက်ဆင်ရဲ့ ကဗျာစာသားတွေနဲ့ ပတ်သက်ပြီး ကဗျာအဆုံးမှာတော့"ရေးသူမှတ်စု" (Author Note) ဆိုပြီး ရေးခဲ့တယ်။ စာသားတွေက ဆရာမကြီး ဂါးထရုစတိုင်း(Gertrude Stein's Tender Buttons) ရဲ့ နူးညံ့ခလုတ်များရဲ့ စာသားတွေ၊ ချားလ်အိုဟတ်မန်း(Charles O.Hartman's 1994 update of DIASTEXT-1989) ရဲ့ စာသားတွေကို ဇယား (Table)ရဲ့ အကူအညီကို ယူခဲ့တယ်။ အဲဒီဇယားဟာ "A Million Random Digits With 100,000Normal Deviate" ထဲက ဇယားဖြစ်တယ်လို့ ဆိုတယ်။ အဲဒီစာအုပ်ကတော့ ၁၉၅၅ နှစ်ထုတ်ဖြစ်ပြီးပုံနှိပ်ကတော့ "Free Press" က ဖြစ်တယ်။ ဒီကဗျာဟာ သရ စာကြောင်းဝါကျတွေနဲ့ဖွဲ့စည်းထားတယ်။ မူရင်းဝါကျတွေမှာပါတဲ့ "I" တွေကို ဂျက်ဆင်က သုတ်သင်ခဲ့တယ်။ ပြီးတော့ အပိုထည့်ခြင်း(addition) နဲ့ ပြောင်းရွှေ့ခြင်း (by changes) တွေ လုပ်ခဲ့တယ်။ အဓိကကတော့ နာမ်စားများ(Pronouns)၊ စကားလုံး/တည်ဆောက်ပုံ (Structure/ Words)၊ ဖြစ်တည်မှုပုံစံ (Form of"to be") နဲ့ စကားလုံးအစီအစဉ် (word order) တွေ လုပ်ခဲ့ပါတယ်။ ဝါကျကို ပိုဒ်ခွဲငယ်ရှစ်ခု(eight strophes) အနေနဲ့ တည်ဆောက်ခဲ့တယ်။ တစ်ပုဒ်ချင်းမှာ ပါဝင်တဲ့ အကြောင်းအရေအတွက်ကိုတော့သုဒ္ဓကိန်း အစီအစဉ် (The Prime-number sequence) အတိုင်း ၂,၃,၅,၇,၁၁,၁၃,၁၇,၁၉ အတိုင်းစီခဲ့တယ်။
- Ref:The Academy of American Poets, Stein 100 by Jackson Mac Low.
Special thanks to Sayar Thit Sar Ni who used to teach this method in his class at once.I do appreciate his effort and creativity on poetry.
- ဇော်ဇော်ထွန်း