ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ရှေးစာဆိုများရဲ့ တေးထပ်များ

တေးထပ်ရေးဖွဲ့နည်းနဲ့နမူနာယှဉ်ပြီးလေ့လာနိုင်ရန် တင်ပေးလိုက်ပါတယ်။ ကာရန်ယူပုံများကို ( )/[ ]/{ }
များဖြင့်ပြထားပါတယ်။ မူရင်းသတ်ပုံအတိုင်းရေးလိုက်ပါတယ်။

ဦးကြော့ရေး တေးထပ်စပ်နည်း

ပထမပိုဒ်
၁။ တေးထပ်ကို ဥာဏ်(ဆ) လို့
၂။ ကြံ (ကြ )တော့ စပ် (ပုံ)
၃။ ဆယ့်ရှစ်ပိုဒ် တွေ( ကြုံ )လျှင်
၎။ အလုံး(စုံ) ပြီး [ မြဲ ] ။

ဒုတိယပိုဒ်
၅။အစမှာ ခြောက်လုံး(ချီ)ပြီ
၆။ဆုံးလေ(ပြီ) ခုနစ်နှင့် [ ဘဲ ] ။

တတိယပိုဒ်
၇။ ၍ ဤ ၌ သည် (ကို )မှာ
၈။ သဒ္ဒါ (ကို) မှတ် [ စွဲ ] ။

စတုထ္တပိုဒ်
၉။အဓိပ္ပာယ် တယ်မ[လွဲ]စေနဲ့
၁၀။ ကြံ[ ခဲ]လို့ စပ် {ပါ} ။

ပဉ္စမပိုဒ်
၁၁။ သတ်ခြောက်ထွေ စပ်ခြောက် (ပါး )
၁၂။မ( မှား)အောင် ကြည့်ကြလေ{ရာ} ။

ဆဌမပိုဒ်
၁၃။ ပေါရာဏ က{ထာ}ကို
၁၄။ အခါ{ခါ} ဥာဏ်(ရှု)လို့
၁၅။ ဧချင်း(စု) လင်္ကာ[တွေ]
၁၆။ ကျွမ်းသင့်လှ [ပေ] ။

သတ္တမပိုဒ်
၁၇။ တေးထပ်ရိုး သူ့အ[နေ]မှာ
၁၈။ စပ်ကြ[လေ] ဥာဏ်သွားနဲ့လေး ။    ။


မြင်စိုင်းမင်းသမီးရေး ဆောင်းဖွဲ့တေးထပ်

ဟေမန္တာ လေ(သွေး)တော့
တအေး(အေး) စိမ့်(တုန်)
မယ့်ရင်ဝ သဲ(အုံ)မှာ
တခုန်(ခုန်) မ[နား] ။
ဖဲပိုးညွန့် ဝယ်ခါ(ခြုံ)တယ်
မ(လုံ)နိုင် အေးလိုက်တာ[များ] ။

ဖူးစာရှင့် ကေ(ခိုင်)ရယ်
နေ(နိုင်)တော် မူ[အား] ။
ရင်ငွေ့တော် တူနှစ်[ပါး]
လှည့်[ဖျား]လို့ ခို { လှုံ } ။
သဉ္ဇာလီ ဘုံ(ကြွ)
သည်ကို(မှ) နွေးလိမ့်တ{ ပုံ } ။

ဘယ်တော့များ တူ{ စုံ} မယ်
ရွှေရင် { အုံ } လေ(ခတ်)တော့
သေမ(တတ်) ခန်းကြာ[ ညောင် ]
တမိဘုန်း[ခေါင်] ။
ဘယ်ကာလ နွေ[ဆောင်]မှာ
မယ်နဲ့[မောင်] နီးမယ်သိ{လေး} ။    ။


လှိုင်ထိပ်ခေါင်တင် အမျှော်စိုက်တေးထပ်

ခြင်္သေခံ ရွှေမုခ်(တွင်း)
မယ်(ဆင်း)လို့ ရှု(မြှော်)
နေမင့်မင့် ပြဒု(ပျော်)ရယ်
ကြွလာတော် မူ[ဆဲ] ။
ဖဲဇာညွန့် ရထည်(စုံ)ကို
တူခြုံကာ လွှမ်းစက်ချင် [နဲ] ။

ဘယ်ဆောင်ဦး ဘုံ(ပေါ်)မှာ
ပျော်(တော်)မူ လေ[ဆဲ ] ။
ကိုယ်ကာယေ စိတ်[ထဲ]
[စွဲ] စောင့်တဲ့ နတ်{တွေ} ။
လာစေရန် စိတ်တော်(နှိုး)လိုက်ပ
ရှစ်(ခိုး)၍ တောင်းပန်ရ{ လေ } ။

ကြာခြည်မြတ် ဇာ{ခြေ}ကို
သာလေ{ပြေ} ဝင်(ခတ်)တော့
မောင်တော်(မြတ်) လာပြီ[ ထင် ]
စမ်းမိသည်[ ခင် ] ။
ရိပ်ကြာကြွ ဗွေ[ခွင်]မှာ
သေ[ချင်]အောင် လွမ်းပါဘိ{လေး} ။     ။

အလယ်နန်းမိဖုရားရေး အလွမ်းဖွဲ့တေးထပ်

မြမျက်ရေ စမ်းတွေ့(တွေ့)
လွမ်းကြွေ့(ကြွေ့) ရစ်(လည်)
ချမ်းမြေ့မြေ့ မြစ်မ(ဟီ)လို
နှစ်အ(ရှည်) တည်[ ဘို့ ] ။
ရနုဝေ ဘွေဒု(ဘောင်)မှာ
သေလု(အောင်) လွမ်းရတာ[မို့] ။

မြင်လှဲ့ပ ခေါ်လိုက်(ချင်)တယ်
အော်ရိုက်(ငင်) ဘွင်[စို့] ။
ခင်လေးဖြူ မို့[ မို့ ]ဖြင့်
ငို[ လို့]ပ နေ့{စဉ်} ။
ဘွေအဇဋာ အထက်(လမ်း)ဆီက
ငှက်စ(ခန်း) ဝဲကွန့်လိုက်{ ချင်} ။

ယှက်သန်းလို့ ဖဲညွန့်{ သင် }မှာ
တွဲဒွန့်{ယှဉ် } တူ(စက်)လို့
မြူမ(ကွက်) သစ္စာ[ဆို]
သုံးစို့နှစ်[ ကိုယ် ] ။
ရှိပါလိမ့် ပြုံးချို[ ချို ] ငယ်
မုန်း[ ညို ] တော် မူစမ်းနှင့် { လေး } ။    ။

အချုပ်တန်းဆရာဖေ ရေး သစ္စာထားတေးထပ်

အဏ္ဏဝါ ကုန်(ခြောက်)လို့
ယုန်ထောက်ခါ မှီ(စေ)
ဘုံအောက်လွှာ မဟီ(ဗွေ)ဝယ်
ကြည်လ(နေ) ပေါ်[ အုံး ] ။
အာကာသ ထက်ဗွေ(ချာ)မှာ
မြက်မြေ(ဇာ) ပေါက်တော့မ[မုန်း] ။

မြမြင်းမိုရ် ငူစွန်း(ဝယ် )
ဓူဝံ(ကြယ်) ကြွေ[အုံး] ။
တူညွှန်မယ် သွေမ [မုန်း ]ပါဘူ့
ရွှေနှစ်[ လုံး ] သ{ စ္စာ } ။
အလောင်းတော် ငှက်ရွှေ(ငုံး)လိုပ
သက်သေ(ထုံး) နှုန်းနှင့်မ{ ကွာ } ။

စေတီယ မင်းညစ်{ မာ }လို
ယွင်းသ{ စ္စာ} သွေ(လွဲ)က
မြေ(ခွဲ)လို့ ငရဲ[ပြေ]
မြဲခံရ[စေ] ။
လွဲပါဘု သမု[ဆွေ]ငယ်
ဥပ[ဒေ] ထားပါတော့{လေး} ။    ။


- နေဘုန်းမိုရ်