သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ သိဖို့လိုပါတယ်။ ကာရံမဲ့ကဗျာဆရာအုပ်စုဟာလွတ်လပ်ကာရံ ကိုဘယ်လိုသွားမလဲ ဆိုတာရွေးချယ် ရပါတော့တယ်။ ဟုတ်ပြီ … ငါတို့ဟို့ဟို့ဟာ ကာရံမံမံမဲ့ေဲ့ေဲ့တွေ ရေးမယ်။ ဘယ်လ်လ်လိုကိုကိုကာရံမဲ့မျိုး ရေးမလဲ? ဆိုတဲ့ အတွေးကနေတစ်ဆင့် ဟရွန်း၊ ဖလင့်၊ အက်ဇရာပေါင်း(ဒ)တို့ဟာ ပုံရိပ်ဝါဒကို အဓိပ္ပါယ်ဖွင့် ပါတော့တယ်။
အဓိက ကတွေ ရိုမင်းတစ်တွေနဲ့ ကွဲပြားဖို့ ဆန့်ကျင်ဖို့ပဲ ဖြစ်တယ်။ ဖလင့်တို့ "ဆိုဟို” အုပ်စုနဲ့ အက်ဇရာပေါင်း(ဒ) လာရောက်ပူးပေါင်းတဲ့ ၁၉၁၂ နောက်ပိုင်းကစလို့ Imagism ပေါ်ပေါက် လာခဲ့တယ်။ ဒီနေရာမှာ အက်ဇရာပေါင်း ခေါ်လာတဲ့အိတ်ခ်ျဒီ (H.D) လို့ခေါ်တဲ့ ဟယ်ဒါဒူးလစ်တား (Hilda Doolittle) ရဲ့ စွမ်းအားဟာ အဲဒီအုပ်စုရဲ့ မောင်းနှင်အား (Driving Force) ဖြစ်ခဲ့တယ်။ အဓိက ရည်ရွယ်ချက်နှစ်ချက်နဲ့ ပုံရိပ်ဝါဒကို ဖေါ်ဆောင်ပါတယ်။
၁။ မသေချာသော အတွေးကိုပေးသော ရိုမင်းတစ်ဝါဒကို ဆန့်ကျင်ရန် (Against the careless thinking)
၂။ အကောင်းမြင်ဝါဒရှိသော ရိုမင်းတစ်ကို ဆန့်ကျင်ရန် (Against the romatic optimism) တို့ပဲဖြစ်တယ်။
ပုံရိပ်ဝါဒရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ ကဗျာရဲ့အလုံးစုံသော ဖေါ်ပြချက်ကို ပုံရိပ်တစ်ခုအဖြစ်တည်ဆောက်ရာမှာ တိကျမှုကို အခြေခံသော ရှင်းရှင်းလင်းလင်းရှိရန်နဲ့ နူးညံ့ပျော့ပြောင်းမှုကင်းတဲ့ ကောက်ကြောင်း များနဲ့ဖေါ်ပြဖို့ပါပဲ။ (Dry clearity and hard outline in which an exact visual image made a total poetic statement) လို့ဖေါ်ပြတယ်။ ပုံရိပ်ဝါဒီတို့ရဲ့ သမိုင်းမှာ အဓိက ကျမ်းကြီးလေးခုဟာ ထင်ရှားတယ်။
၁။ Des Imagistes (၁၉၁၄)
၂။ Some Imagists (၁၉၁၅၊ ၁၉၁၆၊ ၁၉၁၇)
၃။ Poetry Magazines (၁၉၁၂ မှ စ၍)
၎။ The Egoist (၁၉၁၄ မှစ၍) တို့ပဲဖြစ်တယ်။
ပုံရိပ်ဝါဒကို ဒီထက်ပိုပြီးရှင်းဖို့အတွက် သူတို့ကြေညာစာတမ်း (Manifesto) ထဲက အချက်အချို့ကို လေ့လာရမှာဖြစ်တယ်။
၁။ ပုံမှန်စကားပြောကိုသုံးရန် သို့သော် တိကျပြတ်သားသော စကားလုံးကိုသုံးရန်၊ တိကျလုနီးပါး ဟူသော
အနေအထားရှိတဲ့ စကားလုံးနှင့် တန်ဆာဆင်ထားသော စကားလုံးကိုရှောင်ရန်။
၂။ ရှေးရိုးပုံစံထက်စာလျှင် ကဗျာဆရာတစ်ဦးစီ၏ ပုဂ္ဂလ ကာရံလွတ် အရေးအသားက ပို၍ ကောင်းမွန်သည်ဟုကျွန်ုပ်တို့ ယုံကြည်သည်။ ကဗျာတွင် အသစ်ဖြစ်သော ပြေပြစ်စီးဝါးကိုက်မှုဆိုသည်မှာ စိတ်ကူးအသစ်ပင်ဖြစ်သည်။ (ဒီနေရာမှာ ရှေ့က ရှင်းခဲ့တဲ့ ပြေပြစ်မှု စည်းချက်ညီရစ်သမ်ကိုဖေါ်ပြတဲ့ cadence ဆိုတဲ့စကားလုံးကို ပုံရိပ်ဝါဒီများက စိတ်ကူးစိတ်သန်း idea နဲ့အစားထိုးခဲ့တယ်) ကဗျာဆရာရဲ့ ပြေပြစ်မှုဟာ ကဗျာဆရာရဲ့စိတ်ကူးအသစ် (New idea) ပေါ်မှာ မူတည်တယ်လို့ဆိုတယ်။ မူရင်းကတော့ .......
(We believe that the individuality of a poet may often be better expressed in free verse than in conventional forms. In poetry, a new candence means a new idea.) လို့ဖေါ်ပြတယ်။ ကဗျာမှာအိုင် ဒီယာကသာ အလှပေါ့။
၃။ Absolute freedom in the choise of subject လို့ဖေါ်ပြတယ်။ အကြောင်းအရာရွေးချယ်ရာတွင်
ကဗျာဆရာသည် လုံးဝ လွတ်လပ်စွာရွေးချယ်ခွင့်ရှိသည်။
၎။ နူးညံ့မှုကင်းခြင်းနှင့် ရှင်းလင်းပြတ်သားခြင်းဟူသည် လက္ခဏာနှစ်ရပ်ဖြင့် ကဗျာကိုမွေးဖွားရန်။ ဝေဝါးမှုနှင့် မသေချာမှုများ လုံးဝမရှိစေရ။ (To produce a poetry that is hard and clear, never blurred nor
indefinite).
၅။ နောက်ဆုံးကျွန်ုပ်တို့ အများကယုံကြည့်သည်မှာ အာရုံသက်ဝင်မှုဆိုသည်မှာ ကဗျာ၏ တုံပြန်မှုပင်ဖြစ်သည်။
(Finally, most of us believe that the concentration is of the very essence of poetry)
၁၉၁၄မှာ အက်ဇရာပေါင်းဟာ ဒီပုံရိပ်ဝါဒီအုပ်စုက နှုတ်ထွက်ခဲ့တယ်။ အေမီလော(ဝ်)ဟာ ဒီအုပ်စုကို ထပ်ပြီးဦးဆောင်တယ်။ ဘာပဲဖြစ်ဖြစ် FV မှ Imagism ကိုရွေ့လျားပြီး အမေရိကနဲ့ အင်္ဂလန်မှာတော့ ကဗျာဆရာတစ်ဒါဇင်လောက်ဟာ ပုံရိပ်ဝါဒီအဖြစ် ထင်ရှားလာတယ်။ အဲလီးယော့ရဲ့ ကဗျာတွေဟာ Imagism အရိပ်တွေရောယှက်နေပြီး ဂျွန်ဂိုးဖလက်ချာ (John Gould Fletcher) ကန်ွရက်အိုင်ကန် (Conrad Aiken) တို့ဟာထင်ရှားတယ်။ မေရီအန်းမိုး (Marianne More)၊ ဝေါလေ့စတီဗင် (Wallace Stevens)၊ ဒီအတ်ခ်ျလောရင့် (D.H Lawrence) တို့ ဟာလည်း ဒီဝါဒနဲ့ ကဗျာတွေ ရေးခဲ့ဖူးတယ်။ ၁၉၁၂ အောက်တိုဘာ မှာထွက်တဲ့ အက်ဇရာပေါင်းရဲ့ Ripostes စာအုပ်အချပ်ပိုစာမျက်နှာမှာ တီအီးဟရွန်း၏ ပြည့်စုံသောကဗျာဆိုင်ရာအလုပ်များ (The Complete Poetical Works of T.E Hulme) ထဲမှာပါတဲ့ Imagiste ဆိုတဲ့ စကားလုံးဟာ ဒီဝေါဟာရ ပထမဦးဆုံး ပုံနှိပ်စာလုံးအဖြစ် စာပေသမိုင်းမှာ မှတ်တမ်းဝင်တယ်။ ဟင်နရီဂိုး (Henry Gore) ရဲ့ သြဇာ လွမ်းမိုးမှုဟာ အိတ်ခ်ျဒီ နဲ့ ဖလင့် အပေါ်မှာ တိုက်ရိုက်သက်ရောက်ပြီး သူတို့နှစ်ယောက်ရဲ့ ရေးဟန်ဟာ အခြား Imagism တွေနဲ့ကွဲပြားတယ်။
- ဇော်ဇော်ထွန်း