ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ရတုစပ်နည်း

ရတု ဆိုတာ လင်္ကာစပ်နည်းတွေကို အသုံးပြုပြီး ဖွဲ့ ဆိုရတဲ့ကဗျာတစ်မျိုးဖြစ်ပါတယ်။ အခြားကဗျာတွေထက်
စည်းကမ်းပိုစောင့်ရပါတယ် ။

ရတု အဓိပ္ပာယ်

(၁) မြန်မာအခေါ် ပေါရဏ အခေါ်
(၂) သက္ကဋဘာသာ အခေါ် ဆိုပြီး ၂ မျိုးရှိပါတယ်။

မြန်မာဘာသာ ပေါရဏ ကထာ အရတော့ ရတုကို(၁) သဘင် (၂) အခမ်းအနား (၃) အခြေအနေ လို့ 
အဓိပ္ပာယ် အသီးသီးရကြပါတယ်။ သက္ကဋမှာတော့ "ရိတု" လို့ ခေါ်တယ်။ မြန်မာလို "အခါရာသီ"လို့ 
အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် ရတု ဆိုတဲ့ စကားဟာ "သဘင်ဘွဲ့ ၊ အခမ်းအနားဘွဲ့ ၊ အခါရာသီဘွဲ့ 
"စတာတွေမှာ စပ်ဆိုထားတဲ့ ကဗျာလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပညာရှိ ကဗျာစာဆိုတွေဟာ
သဘင် ၊ အခမ်းအနား ၊ အခါရာသီဘွဲ့ တွေသာမက "ဘုန်းတော်ဘွဲ့  ၊ ကိုယ်ရည်သွေး ၊ ဘုရားတိုင် "
စတဲ့ အဖွဲ့ အနွဲ့ အမျိုးမျိုးကိုလည်း မိမိတို့ ဥာဏ်ရှိသလို တည်ထွင်ဆန်းသစ်ပြီး စပ်ဆိုရေးသားထားတာ
ကို တွေ့ ရပါတယ်။

ရတု (၃) မျိုး

(၁) ဧကပိုဒ်ရတု (၂) အဖြည့်ခံရတု (၃) ပိုဒ်စုံ -  ရတု တို့ ဖြစ်ပါတယ်။
ဒါပေမယ့် အချို့ ပညာရှင်တွေက ဒီရတု ၃ မျိုးမှာတင် "ပိုဒ်ရေကန့် သတ်ချက်မရှိ စပ်ဆိုရတဲ့ ရတုရိုးရိုး"
ကိုပါ ပေါင်းထည့်ပြီး ရတု ၄ မျိုးရှိတယ်လို့ ဖော်ပြကြပါသေးတယ်။  ရတုစပ်နည်း ဥပဒေသ(၁) လင်္ကာ
စပ်နည်း (၆) မျိုးကို အသုံးပြုပြီး စာလေးလုံး တစ်ပါဒ စပ်ဆိုရပါမယ်။  (၂) အဆုံးချကို ရတုချနည်း တစ်
မျိုးမျိုးနဲ့ ချရပါမယ် ။

မှတ်ရန် ။    ။ ရတုချနည်း အမျိုးမျိုးရှိပေမယ့် စာခုနစ်လုံးနဲ့ အဆုံးချရတဲ့ "ခိုင်ညွန့် ခက်ဖြာချနည်း"ကိုပဲ
ပညာရှိတွေ အသုံးများတာတွေ့ ရပါတယ်။

ဧကပိုဒ်ရတု

တစ်ပိုဒ်တည်းပဲ စပ်ဆိုထားတဲ့ ရတုဖြစ်ပါတယ်။
နမူနာ(၁) -

ရှင်မဟာရဋ္ဌသာရ ရေး မိုးဖွဲ့ သိကြားတိုင်ဧကပိုဒ်ရတုကိုလေ့လာကြည့်ပါ။ ကာရန်ယူပုံအဆုံးချပုံတွေ
ကိုတော့ လင်္ကာစပ်နည်းမှာသိခဲ့ပြီးပြီဖြစ်လို့ စာရှည်မည်ဖြစ်၍ဖာသာလေ့လာကြပါ။ ကွင်းများဖြင့်ပြ
ထားပါတယ်။ အသေးစိပ် မရှင်းတော့ပါ။

ရှင်မဟာရဋ္ဌသာရ ရေး မိုးဖွဲ့သိကြားတိုင် ဧကပိုဒ်ရတု 

အတာအ( တာ) ၊  ဆင့်၍ ( တာ )သော်
သ ( စ္စာ )စု( ရုံး ) ၊ အစ်တစ် ( လုံး )ကို
ပေါင်း( ရုံး )ဝ( ရေး) ၊ လေးဆယ့်(လေး) တည့်
ရှည် (ဝေး) မြင့်( ကြူး) ၊ မြင်းမိုရ် ( ဦး )ဝယ်
နတ်( မှူး )နတ် (စစ် ) ၊ သိကြား( ဖြစ် )လျှက်
က(သစ်)ပင်(ရင်း)၊ ( ခင်း)သည့်ကျောက် (ဖျာ)
ရွှေနေ( ရာ )ထက် ၊ သူ( ဇာ) တူ ( ပြီ )
ဒေ( ဝီ )လေး (ပါး ) ၊ ညွတ်(တွား)လောင်း(ရာ)
မပျော်( ပါ )နှင့် ၊ သွန်း (ကာ )စီ (မံ)
ရွာမြဲ(ဝန်)ကို ၊ (မှန်)ပါစေ(တော့)ရွာစေ(တော့)။    ။

၎/၃/၂ ကာရန် ၄/၃/၁ ကာရန် ၄/၂ကာရန်၎/၁ ကာရန်များကို သင့်တော်သလိုယူ၍စပ်ဆိုထားသည်
ကိုသတိရပါ။ တစ်ပုဒ်တည်းဆက်ရေးထားခြင်းကိုအမြင်ရှင်းစေရန် ပါဒခွဲရေးပြထားပါတယ်။

နမူနာ(၂)

စိန္တေကျော်သူဘွဲ့ ခံ ဦးသြ ရေး မင်းတို့ ကျင့်ဘွယ် နဝရတ် ကိုးသွယ် ဧကပိုဒ်ရတု

နဝရတ်ကိုး (သွယ် ) ၊ ဆင်စ (လွယ်) ကား
တိုင်း( ကျယ် )ပြည် (ရေး) ၊ မှုရှုပ်(ထွေး )ကို
ဆွေး (နွေး )တိုင် (ပင် ) ၊ ပြီး တုံ(ထွင် )လည်း
ရော (ဝင် )ကပ် (မှီး ) ၊ မှူးမတ်( ကြီး )သည်
ရွှေ (ထီး )ရွှေ (မည် ) ၊  ဦး ကင်း (မည် )၏
စင(်ကြည်) သီ (လ) ၊ အာ စာ (ရ )နှင့်
ဓ( မ္မ )ပွင့် (လန်း) ၊ ထေရ် ရ (ဟန်း) ကား
ရွှေ( နန်း) ထွဋ် (တည် ) ၊ တံ ခွန်( မည် )၏
တို (ရှည်) နီး (ဝေး ) ၊ မှု ခွင့် (ရေး )ကို
ထောက်(တွေး)မြော်( မြင် ) ၊ ဗေ(ဒင်)ဟူး( ရား)
သ (မား) ကောင်း(သည် ) ၊ မျက် စိ (မည် )၏
တစ် (ပြည် )တစ်( မြို့ ) ၊ သူ့ ရပ် (သို့ )လျှင်
ဝပ်(ကြို့ )ချောင်း(မြောင်း) ၊ သူလျှို(ကောင်း) သည်
ကျိုး(ကြောင်း)ဖွေ(နည်) ၊ ပြည်နား(မည်)၏
ဝိုက်(လည်)လှည့်(ပတ်) ၊ ရည်ညွန့်(ဖြတ်)သား
မင်း(မတ်)မင်း(သား) ၊ မင်းညီ(များ)နှင့်
ဆွေ(ဝါး)မျိုး(စည်)၊ ပြည်စွယ်(မည်)၏
ရွှေ(ရည်)စံ(သီး)၊ ရှုမ(ညီး)သား
သ(မီး)လု(လင်) ၊ လှဆင်း(ပြင်)သည်
ပြည်(တွင်း)စံ(သည်) ၊ မျက်နှာ(မည်)၏
ပွား(စည်)ငွေ(ကြေး) ၊ ကြွယ်သော(ဌေး)တို့ 
ဝတ်(ရေး)စား(ရာ) ၊ ပြည့်စုံ(စွာ)နှင့်
ရင့်(မာ)ခိုင်(ကျည်) ၊ ပြည့်ဝမ်း(မည်)၏
ဇာ(နည်)ရဲ(စွမ်း) ၊ မှုတော်(ထမ်း)သည်
ကြိုး(ပန်း)အား(ထု) ၊ သူရဲ(စု)ကား
မြဲ(မှု)ထောက်(သည်) ၊ ပြည်မြေ(မည်)၏
နှစ်(ပြည်)ပိုင်(ချက်) ၊ သိကြား(စက်)သို့ 
လက်(နက်)တန်(ဆာ) ၊ ကိရိ(ယာ)ကား
မှီ(ရာ)လှမ်း(သည်) ၊ ပြည်လက်(မည်)၏
ရွှေ(ပြည်)စိုး(ခြင်း) ၊ အမတ်(မင်း)တို့ 
ဦး(ကင်း)မ(လွန်) ၊ တံ(ခွန်)မ(တိ)
မျက်(စိ)မ(ဖောက်) ၊ နား(ပေါက်)မ(ဖယ်)
ပြည်(စွယ်)မ(ခွာ) ၊ မျက်(နှာ)မ(လွှမ်း)
ပြည့်(ဝမ်း)မ(မွှေ)lပြည်(ခြေ)မ(ဖြတ်)
ကျင့်နိုင်( တတ်) မှ ၊ နဝ(ရတ်)ကိုး(ဖြာ)
ဆင်ရ(ရာ)သည် ၊ တန်(ဆာ)မင်းတို့ကျင့်ထုံးတည်း ။     ။

တစ်ပိုဒ်တည်းဖြစ်ပါသည်။အမြင်ရှင်းစေရန်နှစ်ပါဒတစ်ကြောင်းဖြင့်ခွဲရေးပြပါသည်။

- နေဘုန်းမိုရ်