အဖြည့်ခံထားတဲ့ ရတုကို အဖြည့်ခံရတု လို့ ဆိုလိုပါတယ်။ စာဆိုပညာရှိ အချင်းချင်း ဥာဏ်ကစားဖို့ ရာ စပ်
ဆိုကြတဲ့ ရတုမျိုးလို့ လည်း ဆိုနိုင်ပါတယ်။ အဖြည့်ခံရတု ရေးတဲ့အခါ အစပိုဒ်အချင်းချင်း/အဆုံးချ အချင်း
ချင်း ညီညွတ်ကြောင်းကို သတိပြုရပါမယ် ။ ကာရန်ယူနည်းကတော့ လင်္ကာဖွဲ့နည်းအတိုင်းလေးလုံးစပ်
(၄/၃/၂) (၄/၃/၁) (၄/၂) (၄/၁) ဖြစ်ပြီး အဆုံးချကိုလည်း စာလုံး ခုနစ်လုံးနဲ့  ခိုင်ညွန့် ခက်ဖြာချနည်းပါပဲ။
နမူနာအနေနဲ့ စာဆို နဝဒေးကြီးရေး မယ် ဘွဲ့  အဖြည့်ခံရတုကို ဖြော်ပလိုက်ပါတယ်။
အစပိုဒ်အချင်းချင်း/အဆုံးချအချင်းချင်း ညီညွတ်ပုံကို " " ဖြင့်လည်းကောင်း။ အတွင်းကာရန်ယူထာပုံတွေ
ကို ကွင်းများဖြင့်လည်းကောင်းရှင်းလင်းအောင်ပြထားပါတယ်။ စာရှည်မည်စိုး၍အသေးစိတ်မရှင်းတော့ပါ။
ထို့ ပြင် ဆက်ရေးထားသော စာပိုဒ်များကိုလည်း ၂ပါဒတစ်ကြောင်းစီခွဲ၍ ရေးပြထားပါတယ်။
" ညို့ ညို့ ပြာ(ပြာ)" ၊ ဆင်းပြင်(လျာ)မူ
ပြစ်(မှာ)မ[စက်] ၊ ဆယ်နှစ်[သက်]က
ချော[ညက်]ညက်(သွယ်) ၊ နတ်နှင့်(ဆွယ်)၍
(ရွယ်)လည်းရွယ်[ပျို] ၊ [ညို]လည်းညို(ဝင်း)
ဖြူ(ရွှင်း)ရော[ရု] ၊ နောင့်သက်[စု]ကို
နှိုင်း[ရှု]ချေ(မူ) ၊ ထွားပြာ(ဖြူ)သည်
" မ(တူ)၏သို့ (တူ)၏သို့  " ။ ။
" မို့ မို့ အာ(ကာ) " ၊ မိုးဒေ(ဝါ)လျှင်
ဘယ်(ညာ)တောင်[မြောက်] ၊ လေပြည်[လှောက်]၍
ဖြို[ဖြောက်]ရိုး(ရဲ) ၊ လျပ်ပန်း(ကြဲ)လျှက်
မ(စဲ)ညှင်း[ညှင်း] ၊ ကျူးတည့်[လျှင်း]၍
မ[ဝင်း]လှည့်(လို) ၊ လွမ်းစိမ့်(စို)လို့ 
လေ(ညို)ပေါင်း[ညီ] ၊ စုရုံး[ပြီ]မှ
မယ့်[ဆီ]တူ(ရူ) ၊ သည်မိုး(ဖြူ)သည်
" က(လူ)၏သို့ (မြူ)၏သို့ " ။ ။
နဝဒေးကြီးရေးခဲ့တဲ့ ဒီရတုနှစ်ပိုဒ်ကိုစာဆိုရှင် "သူရဲ"က ပိုဒ်စုံဖြစ်သွားအောင်လို့ တတိယအပိုဒ်ကို
ဖြည့်ရေးထားပါတယ်။ ဒါကတော့-----
"သို့ သို့ ဘာ(သာ) "၊ မယ့်နေ(ရာ)ကို
အာ(ကာ)မှိုင်း[ဝေ] ၊ နေ့ တိုင်း[စေ]က
သက်[ဝေ]မြ(ခဲ) ၊ သူ(ရဲ)ကြောင့်[သာ]
လွမ်း[ဗျာ]ပါမူ၊ တိမ်(ပြာ)မ[ကွက်]
တိမ်[နက်]မဲ(မို့ ) ၊ တိမ်ခြေ(ညို့ )နှင့်
ထပ်(ပို့ )မ[စဲ] ၊ ရွာလွန်း[ကြဲ]က
ပု[လဲ]ပ(မာ) ၊ ဆင်းက(လျာ)လျှင်
သ(စ္စာ)မဲ[တူ] ၊ တလျှက်[ရူ]သည်
" က(ဖြူ)၏သို့ (ဖြူ)၏သို့  " ။ ။
- နေဘုန်းမိုရ်