အာရုံဦးသက်ဝင်မှုသည် ကမ္ဘာတစ်ဝှမ်း၌ အမြဲတမ်း တစ်နေရာတွင်ရှိသည်။ အာရုံဦးရေခဲ၊ လင်းအာရုံကာကွယ်မှု။ နေရာတိုင်းမှာ နံရံပေါ် ပန်းအပင်မျှင်တွေ ဖြန်းပက်ထားတဲ့ အဖြူအမဲကောက်ကြောင်း ပန်းချီတွေရှိရဲ့။ သွေး၏ ရောင်နီဦး ပေါက်ပေါက်ဖောက်သံဟာ စာအုပ်ထဲက အသေးစားအလှပြင်မှုရဲ့ကျောရိုးထဲတွင်ရှိ၏။ ဆိုလာ လေပြင်းရဲ့ စက်ဝန်းပတ်လမ်း၊ လေမြေတစ်ခု၏ လီနင်ပိတ်ပါးစနှင့် အလင်း၏ဟိန်းဟောက်သံ။ စိတ်နှင့်ကိုယ် ရောထွေးမှုဟာ မေ့လျော့ခြင်းထဲ လျှိုသွင်းထားသလို။ အာရုံဦးအလင်းဟာ အီလက်ထရွန်များစွာ အောက်စီဂျင်နှင့် နိုက်ထရိုဂျင်နှင့် မော်လီကျုးများ အပေါ်ပိုင်းလေထုအတွင်း ထိတွေ့မှုကလာပြီး ထိုအကြောင်းအရာကဲ့သို့ပင် နီယွန်အလင်းဖန်ချောင်းအတွင်းတောက်ပမှုကိုလည်း ဖြစ်ပေါ်စေသည့်အပြင်၊ ဒါမှမဟုတ် အခမ်းအနားနှင့် ဆိုင်သော မီးခတ်ကျောက်၏ ကင်းဘတ်စတစ်ခုပေါ် ရင်းနှီးမြုပ်နှံထားသော အရောင်၏ ရုတ်တရက်ကျရောက်သော ကပ်ဘေးလည်း ဖြစ်သည်။ ငယ်ထိပ်ပေါ် အများအပြား သွပ်သွင်းမှုသည် သွေးရည်ကြည်၏ ဟာရီကိန်း ပေါက်ကွဲမှုအား ဟင်းလင်းပြင်ထဲသို့ပို့၍ အနက်ရောင် ပူပြင်းမှုနှင့်ထုတ်လွှတ်တဲ့အလင်းက မူလပိုးသား၏ ထူးခြားဂုဏ်သတ္တိများနှင့်အတူ မေ့လျော့ခြင်းတစ္ဆေအား လိုက်ဖက်မှုဖြစ်၏။ ဒီဘဒ္ဒကမ္ဘာမှာ မိုးပေါ်ကို မော့ကြည့်ခြင်းနှင့်အတူ သူ၏အစွန်းရောက်ပါသော မိစ္ဆာဆန်သည့် လျင်မြန်သည့် တင်သားများက ထိန်းကွပ်ဧရိယာနှင့် နေ့လည်ခင်း၊ ကလဲနက်လေမှုတ်တူရိယာနှင့် အသစ်တွေ့ရှိသော ကုန်းမြေစသည်တို့ကို ယုံကြည်နေ၏။ ပိုသားဟုကျုပ်ပြောသောအခါ တကယ်တမ်း ဆိုလို တာက နွားနို့။ ထို့အတူ နွားနို့ဟု ကျုပ်ပြောသည့်အခါတစ်ကယ်တမ်းဆိုလိုတာက ခန်းစီး ပိတ်စ။ ကျုပ်ဆိုလိုတာက နှင်းဖိနပ်များနှင့် ကြီးစွာသောရောင်ရမ်းနေသည့် ရေဒီယိုမှ ထုတ်လွှတ်နေသည့် မက်စီကိုအမဲဟင်းနှင့် ကနေဒါမှကျွဲတိရိစ္ဆာန်။ ပုံပြင်ဟာ စိတ်ကူးယဉ်အလင်းတစ်ခုနှင့်အတူ သူ့ကိုယ်သူ ရင်းနှီးမြှုပ်နှံလေရဲ့။ အာတိတ်ရဲ့ ရေခဲနေတဲ့ မြေကတုံးဝိဥာဉ်နေရာမှာ အမေရိကန်ဒရယ်တွေရဲ့ ခွာအရာတွေဟာ အဆုံးမဲ့ တိတ်ဆိတ်ခြင်းအသံတွေဆီ ရွေ့လျားနေကြ။ ကျက်သရေရှိပါသောပျော့ပြောင်း အရိုးတစ်ရိုး၊ ရွေ့လျားအရာဝတ္ထုဟာ အာရုံစိုက်ခြင်းကို အကြံပြုပြီး ရပ်တန့်ပါသောစကားပုံထဲက အင်္လကာကို ဖြည်းဖြည်း စီးဆင်းစေတယ်။ သမင်ဂျို အကိုင်းအခက်ဟာ အစွမ်းမြင့်ရွှေ၏စက်ဝိုင်းပုံ အမိုးအား ဆန့်ကျင်၍ ခဲခြစ် ကောက်ကြောင်းကို ပြုလုပ်ခဲ့၏။
ကျုပ်ဟာ မိုးသောက်အာရုံဦးအား မေ့လျော့ခြင်း နွေဦးများနှင့် ပင်လယ်ငှက် ချောမြေသြဇာဖြင့် ဖြည့်တင်းခဲ့သေး၏။ ဗျည်းအက္ခရာများသည် လင်းနို့များဖြစ်၍ သရအက္ခရာခွက်ကြီးထဲတွင် နေထိုင်၏။ နံနက်ခင်းတိုးတိတ်ကွယ်ပျောက်မှု၊ ထိတ်လန့်မှုအင်အားသည် ကောင်းကင်ပေါ်လျှံတက်၍ နေ့များအား ကြီးစွာသောဖန်သားပြင်များအဖြစ် ပုံဖော်ကြ။ လက်သန်းအောက်က အရိုးပျော့ဟာ ပိုင်ဆိုင်ခြင်း ကြွက်သားများအားတန်ပြန်လှုပ်ရှားမှုကို ဖြစ်စေသည်။ တိမ်တစ်စင်းစီဟာ ကမ္ဘာ့ဆွဲအားရဲ့ ဖြေးညှင်းနူးညံ့စွာတိုးလျော့မှု၊ လေထုကဲ့သို့ အရာတစ်ခု အဲဒီမှာ ခုန်ပျံသွားတဲ့ ကောင်းကင်ဟာ အရည်အဓိပ္ပါယ်၏ မီးရောင်ဖြာထွက်မှုအား မွေးဖွားသန့်စင်၏။ မှင်ပြာပုံကြမ်းများနှင့် ဥရောပဟာ သစ်ပင်ရဲ့အလွန်အမင်း ကံမကောင်းခြင်းတောင်ကုန်းရဲ့ ဖိညှပ်မှုကို ခံရတယ်။ ကျုပ်က ဘော့(စ်)ကို အဲ့ဒီညမှာမိုးသောက်ယံ အာရုံဦးအတွက် ငါ့ရဲ့အခွင့်အရေးတွေဟာ ဘာလဲလို့ မေးခဲ့တယ်။ လှပတဲ့ဘက်မှာ ငါ့ရဲ့ကြာရှည်တည်မှု အတွက်ရော၊ သူဟာ ခလုတ်တစ်စုံလောက်ကို ရိုက်က်နှက်ခဲ့၏။ “ဒီနေရာလေငါတို့ဆေးသောက်ခြင်း အနှေးအမြန် အမှုန်လေးတွေကို ကြည့်တဲ့နေရာ၊ ငါတို့အတွေးတွေကို ဇာတ်အိမ်ဖွဲ့ထားတဲ့အရာကဖြစ်လုနီးပြီ၊ ငါတို့၏ နမူနာက ပြောရဲ့။ ပြီးရင် ငါတို့ဟာ တိုးတက်မှုတွေ ရနိုင်လိမ့်မယ်။ အဲဒီအာရုံသက်ဝင်မှုထဲမှာ” တဲ့လေ။ ဘော့ဟာ မှန်ခဲ့တယ်။ အကျဉ်းထောင်ဟာ သဘာဝရဲ့ ထုတ်ကုန်တစ်ခုမဟုတ်ပါဘူး။ အဲဒါကြောင့် ဒီဖြစ်တည်မှုမှာ မပြောင်းလဲတဲ့ ဖြောင့်ချက်တွေ ဒီအတိုင်း ရှိနေခြင်းပင်ဖြစ်၏။ အဲဒါက ငြိမ်နေတာဖြစ်မလား၊ ရပ်နေတာဖြစ်မလား၊ အဲဒီဖြစ်တည်မှုဟာ မေ့လျော့ခြင်းကိုတောင်းပန်ပြီး နေထိုင်မှုအင်အားကို မြှင့်တင်သည်။
ဤအရာသည် အဘယ်ကြောင့်နည်း ဆိုသော် ကမ္ဘာကြီးသည် ဧကန်ကြီးမား၏။ မှန်သည်၊ မမျှတအောင်ကို ကြီးမား၏၊ သို့သော် ကြီးမားသောလမ်းသည် ဘာမျှလုပ်စရာမလိုသောအတိုင်းအတာကိုလည်း ပိုင်ဆိုင်ပြန်၏။ မိဘမေတ္တာမရှိ။ စာလုံးပေါင်းသတ်ပုံမရှိ။ ဒါဟာ ဟင်းခတ်ညှစ်ဆေးရည်။ ဒါက အပေါ်ယံအရေပြားနှင့် နေရာအားလုံး။ အဲဒါက မှန်ကန်လွတ်မြောက်ခြင်းနှင့် နေရာမရှိ။
အဲဒါရဲ့ သန့်စင်တဲ့ အစိတ်အပိုင်းဟာ မဲနယ်ပြာကိုခံစားတယ်။ ဂုဏ်ရှိပါသော နောက် တောင့်တင်းတဲ့ ခန္ဓာ၊ ဒါတင်မက တောက်လောင်မျက်ဝန်းနက်များနှင့်အတူလိပ်ရဲ့အသားကို စွမ်းအင်နှင့် လှုပ်ခါစေပြန်သည်။
- John Olson (ဂျွန်အို(လ်)စင်)
ဥာဏ်စဉ်
ရေဒီယိုကျွမ်းကျင်သူတစ်ဦးသည် ရေဒီယိုများအကြောင်း မည်သည့်အရာမျှမသိပဲ ရေဒီယိုအား ပိတ်ပစ်သည်။ ကျွန်ုပ်၏ ခြေစွပ်အတွင်းမှ ခြေထောက်နှင့် ထိုနေရာတွင် ရပ်ခဲ့၍ သီချင်းတစ်ခေါက် ပြန်စရန်အတွက် စောင့်နေခဲ့၏။ သေးငယ်သော မော်တာများနှင့်အတူ ကောင်းမွန်ရန် ကျွန်ုပ်သည် မျိုသိပ်နာကျင်စွာ ထိုမြက်ခင်းအား ကျွန်ုပ်သည် ကုတ်ပေါ်မှကျရောက်ပါသော အဖြူရောင်ပုဝါတစ်ထည်နှင့် ရိတ်ဖြတ်ပြီး ရိတ်ဖြတ်ချင်နေသော ဆန္ဒနှင့်အတူ။ မျက်မှန်ပညာရှင်၏ သတင်းပို့ချက်နှင့်အတူ ကျွနုပ်သည် နှိုးဆွခံခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ကလိုရိုဖီးမော်လီကျူး ဖွဲ့စည်းမှုတွင် ရှိကုန်သော သီးခြားအလင်းပြန်ခြင်းနှင့် သီးသန့်မြင်နိုင်စွမ်းမဲ့ပမာဏ အလင်းပြန်မှု အစိမ်းရောင်သည် မြက်များကလာသော အကြောင်းအရာများကဲ့သို့ပင် လူသား၏မျက်ဝန်းများကြောင့် အလင်း၏အလျားသည် ထိုအစိမ်းရောင်ကို နားလည်ခဲ့၏။ ထို့ကြောင့် မြက်ပင်များသည် အခြားသော အရောင်များလည်း ဖြစ်ပါသေး၏။ ဖြစ်နိုင်စွမ်းမဲ့၊ ဖြစ်နိုင်စွမ်းမဲ့ခြင်းသည် ပြင်းထန်သော အာခေါင်ခြောက်ကပ်မှုအား ကျွန်ုပ်၏ အတွေးအခန်းငယ်များက အလိုအလျောက် ခွင့်ပြုပြန်သည်။ အနက်ရောင်အား အဖြူရောင်ဖြင့် ဘောင်ခတ်ထားခြင်းသည် စာဖတ်ခြင်းပင်ဖြစ်၏။ အကယ်၍ ထိုအရာမဟုတ်လျှင်၊မည်သည့်အရာနည်း။ အဝတ်အစားမဲ့ကုန်သော ပါးစပ်ပိတ်၍ ညည်းညူသံသည် အသိအမှတ်ပြုလောက်အောင်ပင်ခြေထောက်များ၏ အောက်မှ လျှပ်စစ်ဓာတ်အား ပေါ်ထွန်းရန် ထွက်လာခြင်းလော (သို့တည်းမဟုတ်) အခြားသော မြင်နိုင်စွမ်းမဲ့ အရည်များလော? ခြင်းတောင်းတစ်ခုအတွင်း စုပုံထားသော အချိန်မသတ်မှတ်ရသေးသည့်နာရီများလော? သစ်တောများသည် ကျားဖြူများဖြင့် ပြည့်ကုန်၏။ မီးတောက်သည် ဒေဝ၏ မုတ်ဆိတ်မှဖြစ်ပေါ်လာ၏။ နေဝန်းသည် လိမ့်ထွက်ခဲ့၍ စစ်ရထားတစ်စီး၏ ဘီးမှ မီးညွန့်များသည်လည်း ဘီးအရစ်မှတိမ်မန်ဆီသို့ ဖြတ်ကျော်၏။
ကြယ်၏ အလင်းသန့်စင်ကုန်သော စာလုံးပေါင်းသတ်ပုံများ သန်းခေါင်ယံ၏ ကာဗွန်စက္ကူပေါ်တွင် ရှိကုန်၏။ နယူးယောက်မြို့ကြီး၏ မြေအောက်ရေမြောင်းများသည် ရာဘာလည်ရှည် ဖိနပ်များစီးရန် အယုံသွင်းမှုများ မတိုင်မီကတည်းက နှုတ်ချွန်မိချောင်းများနှင့်အတူ တွားသွားခဲ့ဖူး၏။ သူကြီးနှင့်တူသော တစ်စုံတစ်ဦးသည် အီဂျစ်စီးကရက်အား ဖွာရှိုက်နေစဉ်များစွာသော စာရွက်များပေါ်၌ လက်မှတ်များ မထိုးခဲ့ခြင်းက ရောဂါရှာဖွေမှု ထရမ်းပက်တစ်ခု၏ ဘဝနှုတ်ခမ်းတစ်လျှောက်ရှိ ရွှေရောင်ကဲ့သို့ တစ်စုံတစ်ရာနှင့် မတူညီကတည်းကဖြစ်၏။
- သီအိုဒိုဝိုရိုဇ်ဘိုက် (Theodore Worozbyt)
- FromLetter of Transit (Copyright 2008 Massachusetts)
အမည်ပေးမထားသော (Untitled)
ကယ်တင်နိုင်သည့် အရာတစ်ခု၊ စိမ်းလန်းသောနက်မှောင်ခြင်း။ ကယ်တင်နိုင်သည့် အရာတစ်ခု ၊သင်ပြောပါ။ ဒုက္ခသည် ကျွန်ုပ်အား သူစိမ်းတစ်ယောက်ဖြစ်စေ၏။ ဒုက္ခသည် ကျွန်ုပ်စားသုံး၏။ နာကျင်မှုများ၏ လှပသော လည်ပတ်စေမှု နေရာ၌ပွင့်လင်းကြရာ၊ တစ်ခုတည်းသောအရာသည် သေချာမှုအတွက် ကျွနုပ်ကယ်တင်နိုင်အရာ ဘေစ့်ဘော၊ ဂျက်ဇ်ဂီတဆရာကြီးတေတိုပူဝမ်တီ( Tito Puente ) ၏ တေးသွားက ဖြတ်သွားတဲ့ ကားတစ်စီးပေါ်က တွဲခိုသွား၏။ ကောင်းမွန်သောအသက်ရှုခြင်းဟာ ပိုင်ရှင်မဲ့ ဘုရားကျောင်းအတွက်။ ညအခါမှာ မြင့်မားတဲ့ မီးတောက်တွေက အမေရိကန်သံမဏိကုမ္ပဏီမှာ၊ စက်တဲဖဲလ်ရဲ့ မျှော်စင်မီးရောင်အောက်မှာ ဆယ်ကျော်သက်မလေး တွေကလှုပ်လီလှုပ်လဲ့ ကနေကြ။ ဆပ်ကပ်ကြော်ငြာသူ တစ်ယောက်ဟာ သူမရဲ့ကမ္ဘာလုံးပေါ်ကို ကြည့်တယ်။ ရွေးချယ်မှုတိုင်းမှာ တစ်စုံတစ်ရာ ဆုံးရှုံးခြင်းတွေပါဝင်တယ်။ လမ်းမကြီးရဲ့ မျက်စောင်းထိုးလောက်မှာ ရုရှလူငယ်ဂိုဏ်းက လူငယ်တွေက သူတို့ရဲ့ဆေးမှင်ရုပ်အသစ်ကို ဝင့်ကြွားလို့။ လူတစ်ယောက်ဟာ ”သူတော်စင်ကဲ့သို့ မြင့်မြတ်သန့်စင်သော”ဟူသည့် စာလုံးကို တီးတိုးရွတ်ဆိုတယ်။ စည်ကားလှတဲ့ လူသွားလမ်းပေါ်ရောက်တော့ ကျုပ်ရဲ့အကြွေတစ်မတ်ဟာ ပြုတ်ကျခဲ့ပြီး တံခါးလမ်းမပေါ်မှာ ရေးထားတဲ့ "SOVENIERS" ဆိုတဲ့စကားလုံးကိုပဲ ရှာတွေ့ခဲ့၊ ခြေတုနှစ်ချောင်းနဲ့ အရပ်မြင့်မြင့်လူဟာ လေမှုတ်တူရိယာတစ်လက်တီးမှုတ်နေခဲ့၊ စိမ်းလန်းသော နက်မှောင်မှု၊ ဂျစ်ပဆီတစ်ဦးက အပေါ်ကို မော့ကြည့်တယ်။ လမ်းပေါ်ကမိန်းမငယ်တစ်ဦးက နောက်ကိုလှည့်ပြီး ကျုပ်ဆီကို တန်းတန်းမတ်မတ် လျှောက်လာခဲ့တယ်။ ကျုပ်သူ့မျက်နှာကိုမြင်ခဲ့တယ်။ သေချာမှုအတွက် ကယ်တင်နိုင်သော အရာ။ ကမ္ဘာရဲ့ ဝင်ရိုးတန်းမျဉ်းကွေးများ၏အဆုံး၌။
- ဆင်းသောမတ်(စ်)ဒတ်ဖာတီ (Sean Thomas Dougherty) : DoubleRoom မှ
ကောက်ရိုးမျက်နှာနှင့် လူ (The Man with the face of Straw)
ဗင်းဆင့်ဗန်းဂိုး၏ ပန်းချီကားသည် နေရှိရာအရပ်ကိုမျက်နှာမူ၍ ဖူးပွင့်ကုန်၏။ မီးတောက်များထဲ ဒါမှမဟုတ် သစ်ပင်ခြောက်များ၊ ပြည့်နှက်နေတဲ့ အလင်းရောင်အနည်းငယ်များ၊ သူ့ရဲ့ပုံဆွဲကင်းဘတ်စ်စဟာ နေကြာပန်းတွေ ဖြစ်တယ်။ နေရာတိုင်းမှာ၊ ဂျုံခင်း ဒါမှမဟုတ် ဘာလီစိုက်ခင်းများ။ မိုးပေါ်ကိုတက်လိုက်တော့ ကောက်ရိုးများနဲ့လုပ်တဲ့ နေမင်းလာဇရုရဲ့ အခန်းနံရံအပေါ်တည့်တည့် ဒါမှမဟုတ် ဂျိုးဆက်ရိုလင်းနဲ့ သူ့မိန်းမမျက်နှာများ။ မီးကို ဖမ်းယူဖို့အတွက် ခြောက်သွေ့သစ်ပင်များရဲ့ စိတ်လှုပ်ရှားမှု။ ” ဂျုံခင်းထဲမှကိုယ်တိုင်ရေးပုံတူဟာ ”ဗန်းဂိုး အမည်ပေးနိုင်ခဲ့တဲ့ သူ့ကိုကိုယ်စားပြုတဲ့ပန်းချီ “မာဆေးအရပ်သားများရဲ့ ဟင်းပွဲတွေလိုပဲကွဲပြားတဲ့ အရသာများနှင့် သူဟာ နေမင်းရဲ့ကွဲပြားတဲ့ ဖူးပွင့်ခြင်းကို ဆယ့်နှစ်ကြိမ်ယူနစ်အားဖြင့် ပန်းချီဆွဲတယ်။ လှပတဲ့ ခရမ်းအဝါရောင်ထဲက စိန်းဖန့်ဖန့် အရောင်ပေါ်မှာ ဒါမှမဟုတ် တော်ဝင်အပြာရောင် နောက်ခံပေါ်မှာဖြစ်စေ ဆွဲလေ့ရှိတယ်။ အဲဒီပေါ်က တချို့ဟာ ကမ္ဘာမြေပေါ် ကြွေကျခဲ့တယ်။ တစ်ချို့ကတော့ တစ်ဝက်တစ်ပျက် မှိန်ဖျော့ခဲ့ပြီး သစ်ရွက်တွေ လောင်ကျွမ်းနေဆဲ။ အခြေခံကျတဲ့ မိုးကုတ်စက်ဝိုင်းက သူ့ကို ဝတ်ဆင်ခဲ့တယ်။ သီးနှံစိုက်ခင်းတစ်ခု၊ တောင်ကုန်း တချို့… ကမ္ဘာရဲ့ ဟိုတစ်ဘက်ခြမ်းဆီက၊ ဝမ်းမြောက်စွာ၊ သူဟာ အရောင်များရဲ့ ဆောင်းငွေ့ပါတဲ့လေကို လုပ်တယ်။ ဘယ်လိုအဖြစ်မျိုး မဆို လှိုင်းတွေရှိရမယ်။ ကြီးမားတဲ့ဝဲဂယက် ရှိရမယ်။ ဆန့်ထွက်မှုတစ်ခုလည်း ရှိရမယ်။ သူဟာ ကဗျာကို ဖန်းဆင်းသူတစ်ယောက်ဖြစ်ခဲ့တယ်။ သူ့ရဲ့လက်တွေဟာ ကျေနပ်မှုတစ်စုံတစ်ရာကို ရှာတွေ့ခဲ့ရင်တောင်မှ အရမ်းကိုတိကျတဲ့စုတ်တံတစ်ချောင်းနဲ့ လောကကြီးကို သရုပ်ခွဲခဲ့သူ ဘယ်နှစ်ယောက် ရှိနိုင်သေးသလဲ။ အဲဒါနဲ့တူတဲ့တွားသွားမှုနဲ့ လိမ်ကျစ်မှုတွေကိုရော ဘယ်သူတွေ့ခဲ့သေးလဲ? သူ့ကို လောင်ကျွမ်းစေတဲ့ အရာကိုသာ သူဟာ ဆွဲလေ့ရှိတာပါ။ သူဟာ အင်းအားကို ရှာဖွေရမယ့် အစားအရသာကောင်းတွေကိုလဲ မရှာခဲ့ပြန်ဘူး။ ”ရူးသွပ်မှု” သင်ပြောပါတယ်။ မဟုတ်ဘူး၊ ဒါဟာ အရေခံွံအောက်က မေ့လျော့ခြင်းအတွင်းမှာရှိတဲ့ ဖြစ်နိုင်စွမ်းမဲ့အရာတစ်ခု။ ဒါမှမဟုတ် ဖိအား အောက်က မြင့်တက်နေတဲ့ ကျောက်တုံးအောက်ဆီက ပန်းချီရဲ့ မျက်နှာပြင်ပါ။
ဒါထက်ပိုတာက အဖန်တလဲလဲဖြစ်စေတဲ့ ပန်းချီဆရာရဲ့နာကျင်မှုနဲ့ အသိစိတ်လှည့်ဖြားတဲ့ စွန့်စားမှု၊ ဒါဟာ သူ့ခံစားချက်နဲ့ ဆက်စပ်ပါဝင်ပတ်သက်နေတဲ့လူတွေရဲ့ တာဝန်ဖြစ်ပြီး ပျော်ရွှင်ကြည်နူးစရာ သူ့ပန်းချီကားတွေက လေးကန်နောက်ကျိအောင်သူ့အပေါ် အားထုတ်ကြသူတွေရဲ့ တာဝန်လည်းဖြစ်တယ်။ အရောင်တစ်ခုရဲ့ မျှော်လင့်ချက်ဟာ အဲဒီအရာရဲ့ဂတိတည်မှုကိုလည်း လုပ်ပေးဦးမှာပဲ။
သူ့ရဲ့ရူးသွပ်မှုဟာ သူဘယ်လို ပြန်တည်ငြိမ်လာသလဲဆိုတာထက်ပိုပြီး အရေးမကြီးပါဘူး။ သူသေခြင်းရှာတွေ့တော့ သူ့ရဲ့ညီဆီကို စာတစ်စောင်ကောက်ရေးတယ်။ ”မင်းမှာရှိတဲ့ ငါ့ပန်းချီကားတွေထဲက ကစဉ့်ကလျားဖြစ်မှုများ တည်ငြိမ်သွားတဲ့အခါ အဲဒီပန်းချီကားဆီကအကျိုးကို မင်းခံစားရလိမ့်မယ်တဲ့”။
ဒါဟာ သူ့ရဲ့အကောင်းဆုံးနဲ့ နောက်ဆုံးစကားလုံးပန်ချီကားတစ်ချပ်ပါပဲ။ သူ့ဆန္ဒဟာ အဲဒီမှာရှိတဲ့ အရာဝတ္ထု ကို ပန်းချီဆွဲရတာထက် နည်းသလိုပဲ ငါတို့ရဲ့ မျက်လုံးများရှေ့ကအရာဟာ ငါတို့ရဲ့ အိပ်ပျော်နေအကြည့်ရဲ့ နိုးထမှုထက် နည်းသလို။
- Jean.MichelMaulpoix - Translated From the French by DawnComelo
အရာရာသည် အတုအပများပင်ဖြစ်၏ (Everything is a False)
ကင်ရွန်တောင်တန်းများ၏ အလွန် မူဟိုလန်(ဒ်)ကားလမ်းပေါ်က မြေခွေးကောင်လည်စည်းပုဝါ။ ဆာဂျီ နှင့် ရိုစ်မေရီပင်များ၏ မွေးရနံ့များ၊ ယခုသည် ဆောင်းကာလဖြစ်သည်။ ညကာလမှာတော့ တေးဆိုငှက်ငယ်များက အိမ်နီးချင်း နေရာတွေကလာကြမယ့်ကြောင်ပါးတွေအတွက် သူတို့သတိ ပေးမှုကို စတင် အချက်ပြကြရဲ့။ ကချေသည်တစ်ဦးရဲ့ လက်ဖဝါးမှာရှိတဲ့ကာစတာနက်ဝါး တူရိယာတွေလို၊ ထန်းပင်များ ထိခတ်သံ။ ဟောလီးဝုဒ် စာလုံးမှာရှိတဲ့ မြူနှင်းရဲ့ဖြူဆွတ်ဆွတ် အရေခွံတစ်ထည်ဟာ ရမ္မက် ဆန္ဒချစ်ခြင်း ကင်ယွန်တောင်များရဲ့ ကျောပိုးအိတ်ထဲမှာ၊ စိုစွတ်တဲ့နေရာမှာ၊ ရေခဲရဲ့ချောမွတ်နေရာ၊ ရေမရှိတဲ့နေရာ၊ ပိုကွေ.ဝိုက်နေတဲ့နေရာ၊ ပြတ်ရွေ့သွားရာနေရာတွေမှာ ဖြတ်သန်းသွားတယ်။ သူတို့ဟာ စိတ်မရှည်မှုကို ပြစေတယ်။ စွမ်းရည်မြင့်ဆက်သွယ်မှုကို နှစ်လိုဖွယ်ကောင်းခြင်းနှင့် အတူ ကတော့ ကမ္ဘာမြေရဲ့ မကျိုးပဲ့တဲ့ အကာအကွယ်ကိုပြန်ပြီး စွန့်ကြဲ ဖို့ပဲ ဖြစ်တယ်။ သူမဟာ အညိုရောင် တောလမ်းတစ်ဝိုက် လမ်းလျှောက်ထွက်လေ့ရှိတယ်။
တခါတရံမှာတော့ ကမ်းခြေနဲ့ အက်ကာဆီယာ (Acacia) တို့ရဲ့ အကိုင်းအခက် တွေအောက်က သွားတယ်။ မလှမပ ပန်းများက သူမ၏ မျက်ဝန်းများကိုဖမ်းယူမယ်။ ပန်းရောင်နှင့် ဟန်နီဆပ်ကာ ငှက်ပိန်ကလေး၊ ဒါမှမဟုတ် လိမ္မော်ရောင်တေးငှက်၊ သူတို့တွေ သစ်ကိုင်းများကို ဖုံးအုပ်နေပုံက ဒဏ္ဍာရီ ကုန်စုံဆိုင် နောက်ဘက်က ဇာထိုးပန်းထိုး၊ အခင်းအကွက်တွေလို။ အခြားသော နယ်နှင်ဒဏ် ခံထားရတဲ့ အမျိုးသား အမျိုးသမီး တွေကတော့ ဒီကင်ယွန်တောင်ခြေများမှာနေကြရဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် မြို့ နဲ့တော့ သိပ်မဝေးလှ၊ သူမရဲ့ပါးစပ်ကတော့ မကြာခဏခြောက်ကပ်၊ ရင်ဘတ်က လည်းပြားချပ်၊ ဒါပေမယ့် ပိုများတဲ့ ရုပ်ထုကိုးကွယ်မှုနဲ့ သူမဟာ ဖြည့်သွင်းခြင်းခံရတာ သူမပိုင်တဲ့ နယ်စပ်စည်းအထိ။ ပါးချပ်ချပ် ကြွက်တစ်ကောင်နဲ့ တူခဲ့-
လော့အိန်ဂျလစ်ကြီးတစ်ခုလုံးကို သူမရဲ့ စက်ဝိုင်း ပုံသဏ္ဍာန်လက်မနဲ့ လက်ညှိုး ကိုထိစပ်ပြီး သူမကိုင်တွယ်မတင်နိုင်ခဲ့။ တာယာတွေက သူမရဲ့ ခြေထောက်မှာရှိတဲ့ ရွှံ့ တွေရဲ့ စီးဆင်းမှုကို ရပ်တန့်ဖို့အတွက်ထိုးရပ်ခြင်းခံခဲ့ရ၊ ဒါပေမဲ့ သူမမြင်နိုင်ခဲ့တဲ့ လမ်းတလျှောက် ကမ်းခြေဥမင်လှိုဏ်ခေါင်းကိုဖြတ်ကျော်ခဲ့ခြင်း တွေကတော့ သူမလက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ဖြစ်အောင် လုပ်ခဲ့တယ်။ ပြီးပြည့်စုံတဲ့နေရာအတွက် သူမရဲ့ မေးခွန်းထုတ်မှုဟာ ဒီနေရာမှာမရှိခဲ့တဲ့ သိပ်ပြီး အစွန်းမရောက်တဲ့ အရာတစ်ခုဖြစ်ပြီးပဲဖြစ်ဖြစ် ဒါဟာ ရောဂါလက္ခဏာ တစ်ခုကလွဲပြီး တခြား မဖြစ်နိုင်ဘူး။
- ဖန်နီဟိုး FannyHowe (b: 1940)
ဝါသောအရောင် (Yellow)
ဝါသောအရောင်တစ်ခု။ ကျုပ်ဟာအရောင်တစ်မျိုးကို မချစ်ဘူး။ အဝါရောင်ဟာ သူ့ရဲ့အသံနဲ့ ကျုပ်ကိုပျင်းရိ အောင်လုပ်ပြီး
သန့်စင်တဲ့ သတ္တုရဲ့အော်သံနဲ့အတူ အဆုံးမတော့ ခေါင်းလောင်းထိုးသံ အဝါရောင်က သင်၏ လက္ခဏာကိုဆုပ်ကိုင်ထား ခြင်းဟာ
ကုဗတုံးရေခဲများ ပျော်ကျခြင်းမှ။ အေးစက်တဲ့အရသာသည်ပင် စကားလုံးတစ်လုံးအား လှည့်ဖြားခြင်းအရာ။
ငါ့ကိုသူပိုင်တဲ့ကမ္ဘာကို ပြသတဲ့အဝါရောင်။ ကျုပ်အထင်တော့ထောပတ်ခွက်များက
ခလေးငယ်တစ်ယောက်ရဲ့ မေးအောက်မှတဆင့် နုပျိုတဲ့ လည်မျိုတစ်လျှောက် မိတ်ဆွေဖြစ်မှုနဲ့အတူ ထိတွေ့ခြင်းနှင့်အတူ။
အို...သင်ဟာ ထောပတ်ကို နှစ်သက်တာပဲဆို။ သင်တကယ်ပြုလုပ်ချင်သော အံ့မခန်းအရာများအား ထားရစ်ပြီး
ပန်းရိုင်းများကတော့ သူတို့အား နမူနာဋ္ဌာန၌ပြီးပြည့်စုံခြင်း ဖြစ်ကာ အရိပ်သည် ပျားပိတုံး၏တောင်ပံထက်ပို၍
လျှင်မြန်ရွေ့လျားပြီးနောက် ထိုနေရာတွင် သူ့တို့သည် သင်၏ ကြာရှည်ခိုင်မြဲမည်မဟုတ်သော ငယ်ဘဝအား သင်ပြန်ခံစားရသလို
ရိတ်သိမ်းခြင်းနောက်ကွယ် အဝါရောင်ဘက်၌ သင်ရှောင်ရှားပါသော အမြစ်တွယ်မှုဟာ သူ့ကိုယ်ပိုင်တေးသွားကို
နာကျင်မှုတစ်မျိုး ဖြစ်စေသည့် နှိုးဆွခြင်းနှင့် ကျယ်ပြန့်ပါသော အရေခွံများသည် ထိုအရာက ကုလားချဉ်ပေါင်ပင်၊ ထိုအရာက
မည်သို့ပင်ဖြစ်ဖြစ် အမြဲတမ်း အဝါရောင်ဗျည်းအက္ခရာက သစ်ရွက်များပေါ်မှာ ထိုးတက်၍ အခြားသော အပင်များ၏ အနီရင့်ရောင်
တီးတိုးပြောသံနှင့် ဆေးဖက်ဝင်ပင်များသင်ဘယ်တော့မှ သိခွင့်မရှိသော မတော်တဆလက်များ၏ အမည်ဟာ
သင့်မှတ်ဥာဏ်တွင်း ပွင့်ထွက်တဲ့အဝါရောင်သည် ပန်းသီးတစ်လုံးအား နေရောင်မထိထားသကဲ့သို့
အဝါရောင်သည် မြစ်တစ်စင်း၏ နှလုံးသားဖြစ်သလိုညနေခင်းမြက်များဆီက နွေဦးသစ်စေ့များ
သစ်ပင်အဆီအနှစ်ထဲသို့ ရောက်ရှိပြေးဝင်သည့် လယ်ကွင်းများလည်း ထိုနည်းလည်းကောင်း ဖြစ်၍ သဘာဝဘိန်းပင်များ
ပင်စည်၏ရှည်လျားခိုင်မာခြင်း၌ ကျုပ်ဟာ အဝါရောင်အားပြန်လည် တည်ဆောက် ပါသော်လည်း မြန်မြန်ဆန်ဆန်ကြောက်ရွံ့
အဝါရောင်၏အားနည်းမှုသည် ရှင်ခြင်းနှင့်သေခြင်းကြား၌ ရှိပါသော တံတားတစ်ခု အလေ့ကျပေါက်ပင်သစ်ရွက်များက
ချည်မျှင်များကို ရွှေဒင်္ဂါးပြားများကဲ့သို့ထုတ်လုပ်နေခြင်း ဒါမှမဟုတ် နောက်ဘဝပိုတစ်ခုလို ဥတုရာသီ၏ ပေါင်းခံခြင်းက
သစ်သီးများအားချိုမြိန်စေခဲ့သည် သို့မဟုတ် ကြီးမားသည့် အဝါရောင်သည် သကြားများ၍ ချိုမြသောအရသာရှိသည့်
ပုံသဏ္ဍာန်မျိုးစုံနှင့် သစ်စေ့များအား ကိုက်ခဲ၍ ထိုသစ်စေ့များက အနံ့မကောင်းတဲ့ သင့်လည်ချောင်းက
အသားလွှာကဲ့သို့ မှောင်မိုက်ပြီး သင့်လည်ချောင်း အဝါရောင်ရေမြောင်း ရေဆာမှုက သင်မနှစ်သက်သောကြက်ဥiပို၍
သူ၏စက်ဝန်းကွေးများကဲ့သို့ အဝါရောင်ကြက်ဥ ပြုတ်ဆူခဲ့ပြီး မရှိတော့တဲ့ရနံ့ကိုပေးသော်လည်း
သင်ကမျက်နှာကို ပေါင်းတင်ချင်တာ က ပူသောအမျှင်များထုတ်တဲ့ ရီဝေဝေ သင့်မျက်ဝန်း၏ကြက်ဥအနှစ်အဝါရောင်သည်
ငလျင်ဗဟိုချက်သကဲ့သို့ နှောင့်ယှက်မှု လက်ဆန့်တန်းကြိုဆိုသောရစ်သမ်တစ်ခုဟာ အဝါရောင်မွန်းလွဲထဲမှာရှိပြီး
အဲဒီမွန်းလွဲသည်ပင် စိတ်ကူးအလင်းထဲ ပစ်ချခံရတဲ့အမျိုးအစားတစ်ခုဟာ သင့်၏မှတ်ဥာဏ်ထဲမှာရှိပြီး ထိုအရာက
ချက်ချင်း ဖြစ်ပေါ်မှုအခြေအနေကအတိတ်အဖြစ်အပျက်များ သင်ကြားဖူးသော ပုံပြင်များအား ရောနှောပစ်သည်နှင့် အတူ
ပုံရိပ်များကအဝါရောင်ထဲရှိ သင့်အားသရုပ်ဆောင်ပြနေ။ ကျေးငှက်များက အဝါရောင်တေးသွားကို သီဆိုသည့်နောက်ကွယ်၌
လိုက်ပါလာသော တေးသွားသည် ပယင်းကျောက် ဂီတသင်္ကေတများက အနက်ရောင်လက်ရေးလှ
အင်းဆက်များအားထောင်ချောက်ဆင်ခဲ့။ သင့်ဖိနပ်ပေါ်ကျတဲ့ လမ်းမက အလင်းရောင်အား ထုပ်ပိုးခဲ့။ ထိုအရောင်က
သင့်အားလုံခြုံသော အဝါရောင်အားပေးပြီးနောက် လုံခြုံသော
အဆုံးမဲ့အဝါရောင်အား ပေးပြန်၏။
- လစ်ဇ်မာပီ (Lizz Murphy). From Double Room
- ဇော်ဇော်ထွန်း