သူက ဘာကိုထက်သန်သလဲဆိုရင် အဆင့်မြင့်ဓလေ့ ရိုးရာအမူအကျင့်ကို အသင့်လုပ်ပြီးသား အနုပညာပစ္စည်း ( Readymade Art works ) များက ဖုန်းကွယ်ဖျက်ဆီး ( Obliterate ) နိုင်သလဲ ဆိုတာတွေကိုပါပဲ ။ ထပ်ခါထပ်ခါ ကူးယူခြင်းက အသစ်တဖန်ပြန်ဖြစ်ရေး ဆန္ဒ (၀ါ) ရည်ရွယ်ချက် (The desire to begin again) အတွက်အရူးထနေတာမဟုတ်ပါ ။ ရည်ရွယ်ချက်ရှိတယ် ။ ပန်းတိုင်ရှိတယ် ။ အသစ်ဖြစ်စေမယ့် mood ကို ပြန်လှန်ကူးယူ တောင်းဆိုတယ် ။ ရယ်ဒီမိတ်ဒ် အနုပညာဆိုတာက ရှိပြီးသား လုပ်ပြီးသားစာသား (၀ါ) အနုပညာကိုရည်ရွယ်တယ် ။
ဒီတော့ နောက်ဆုံးတစ်ကြောင်းချရေးပစ်တယ် ။ (The critique of critique is in the echoing) ဝေဖန်ရေးရဲ့ ဝေဖန်ရေးဟာ ပဲ့တင်သံထဲတွငရှိသည်။ `` Echo `` ဆိုတာကတော့ ဒီအတိုင်းထပ်ခါထပ်ခါ ပဲ့တင်ပြီးလာတယ်။ ဒါပေမယ့် အစစ်မဟုတ်ဘူး ။ အတုတွေ ။ အစစ်အတိုင်း ။ ထပ်ခါထပ်ခါ ပြန်လာတယ် ။ ဒါပါပဲ ။ ဒီတော့ ကွန်ဆက်ချူရယ်သမားတွေအဓိကကိုးကားတဲ့ ကွန်ဖရင့်တစ်ခုရှိတယ်။ အဲဒါကတော့ သက္ကရာဇ် ၂၀၀၈ မှာ ပြုလုပ်တဲ့ အရီဇိုးနား တက္ကသိုလ်ရဲ့  ကွန်ဖရင့် ပါပဲ ။ အဲဒီမှာ ၀ိုင်းစတန်ကာနောင်း ( Wystan Curnow ) ရဲ့ စာတန်းကို လန်းရောဘတ် တို့ ရဲ့ မှတ်စုထဲမှာကိုးကားထားတာကို တွေ့ ရတယ် ။
သူက ကွန်းဆက် အရေးအသားကို အဓိက နှစ်မျိုးခွဲပြီး တင်ပြသွားတယ် ။ အဲဒါတွေကတော့ -
၁။ အကြိုစာသား ( Pre text ) ( Pre textual writing )
၂။ အလွန်စာသား ( Post text ) ( post textual writing ) တို့  ဖြစ်ပါတယ်။
ကာနောင်း ( Wystan Curnow ) ရဲ့အလိုအရ ကွန်းဆက်အရေးအသားကိုနှစ်ပိုင်းခွဲပစ်ပြီး အကြိုစာသား ( pre text ) လို့ သူအဓိပ္ပါယ်ဖွင့်တာက ဘောင်သွင်းအရေးအသား ( constraint ) နဲ့  လုပ်ဆောင်မှု အဆင့်ဆင့်ကို တင်ပြတဲ့ ( prodecure ) ကိုပေးတဲ့ ရေးဟန်ကိုဆိုလိုပါတယ်။ ဒါဆိုရင် အိုင်ဒီယာက ဘာလဲဆိုတော့ အဲဒီလိုဘောင်သွင်းတာဖြစ်ဖြစ် ၊ လုပ်ဆောင်မှု ( procedure ) အဆင့်ဆင့်ကို ဖော်ပြတဲ့စာသား ( text ) ကိုတော့ သူက " မှတ်တမ်းတင်အိုင်ဒီယာ " ( Extant Idea ) လို့  ခေါ်ပါတယ် ။ ဒါကိုသူက နည်းစနစ်ရဲ့ ဗျူဟာမြောက်သော အခြေခံများ ( the strategic generality of the technique ) လို့ ခေါ်တယ် ။ ဒါတွေကိုသူက မှတ်တမ်းအရောများ ( dowmentation ) လို့ လည်း ခေါ်တယ် ။
ဒီတော့ Post_ text စာသားအလွန်ဆိုတာက ဘာလဲလို့ မေးစရာရှိလာတယ်။ Pre- text ကိုသုံးစွဲပြီး ထပ်လိုလာတဲ့မှတ်တမ်းကိုတော့ " post -text " လို့ ခေါ်ပြန်ရော။ ဒါကိုသူက " ဒုတိယအဆင့် စာသား " လို့ လည်း ခေါ်တယ် ။ " secondary -text " လို့ လည်းခေါ်တယ်။ မူလ pre-text ကို အရော " hybrid " ထဲကိုထည့်ပြီး ကွန်ဆက် အရေးအသားကိုတည်ဆောက်တယ်ဆိုရင် သူကသူများ " primary " မူလကိုသုံးပြီး " Hybrid text " အရောစာသားကို တည်ဆောက်လို့  ထပ်ရလာတဲ့ text ဟာ secondary ဖြစ်သွားတယ် ။ အဲဒါကို " post-text " လို့ လည်းခေါ်တယ်။ (သူများဟာကို ထပ်ကူးပြီးတည်ဆောက်ရင် "post " လို့  ဆိုချင်ပုံရပါတယ်) ။ ဒီတော့ post-text စာသားအလွန်ဆိုတာကို သိရမယ်။ ဇာတ်လမ်းက မပြီးသေးဘူး ။ အရင်တုန်းက မော်ဒန်နဲ့  သူ့ နောက်ကဟာကို post တပ်ပြီး မော်ဒန်အလွန် post-modern လို့  ကင်ပွန်းတပ်ကောင်းခဲ့လို့  တစ်ခုပေါ်လာတိုင်း Post နောက်ကတပ်ပြီး ပိုခေတ်မှီကြောင်း မိန်ရည်ယှက်ရည်ခေါ်ခဲ့ကြတော့ အခုကွန်ဆက်ချူရယ်တောင် အမြီးရယ် ခေါင်းရယ် မခွဲခြားသေးပဲ တစ်ချို့ တွေက ပို့စ် ` post ` တပ်ခေါ်ဖို့  ပြင်ဆင်နေတယ်ဆိုရင်တော့ လက်လျှော့လိုက်ဖို့ ကြိုတင်သတိပေးချင်ပါတယ် ။ သူက (Post Conceptual Writing) ဆိုတာဟာ ရှေ့ ကပြောခဲ့တဲ့ " post-text " ( စာသားအလွန် ) ရယ်လို့ သတ်မှတ်ထားပါတယ် ။
ပို့ စ်ကွန်ဆက်ချူရယ်အရေးအသား (post - conceptual writing) နှင့် မတည်မြဲခြင်း သဘောသဘာဝ
ဖွင့်ခြင်း နှင့် ပိတ်ခြင်းအားဖြင့် Text စာသားအား ကစားသောနည်းစနစ်
..............................................................................................
" Post - Text " ဆိုတာ " စာသားအလွန် " လို့  ခေါင်းစဉ်တပ်ပစ်လိုက်ဟာ တကယ်တော့ pre - text ဆိုတဲ့ စာသားအကြိုကိုသုံးလို့ ရတဲ့ " text " ပါပဲ ။ အရော " Hybrid " မှာတော့ ရှိရင်းစွဲ သူများဆီက Text ( စာသား ) ကိုပစ်ထည့်လိုက်သူကထပ်ပေးတဲ့ " document " တစ်ခု ၊ မှတ်တမ်းတစ်ခုကို ခေါ်တာ ။ " post - text " ကို အရော " hybrid - forms " တွေမှာတော့" secondary " ဒုတိယစာသား ဖြစ်သွားတယ်လို့ ဆိုတယ်။ ရောဘတ်တို့  မှတ်စုကတော့ ကွန်ဆက်ချူရယ် အရေးအသားကအဖွင့် ( open ) နဲ့  အပိတ် ( close ) လုပ်ပုံကိုလည်း တင်ပြထားတယ်။ Post _ text ဆိုတဲ့စာသားအလွန်ဟာ သူတို့ စာသားအကြို ( pre- text ) ရဲ့ ဖော်ပြရုပ်ပုံတွေဖြစ်နေရင် ( illustrations of their pre- text ) ဒါဟာ အိုင်ဒီယာ ဦးစားပေး၊ အိုင်ဒီယာစံပြု အရေးအသားလို့ သတ်မှတ်ပြီး ဖွင့်ထားသောစာသားများ ( text that are open ) လို့  ဆိုပါတယ်။ အိုင်ဒီယာဦးစားပေး မဟုတ်တာတွေကိုတော့ ပိတ်ထားသော စာသားများ ( text that are close ) လို့ ဆိုပါတယ်။ အိုင်ဒီယာက သူ့ လက်တွေ့ လုပ်ဆောင်မှုမှာ ဆက်မလုပ်နိုင်တော့တဲ့အခါ ( the idea is exhausted in its excustion ) ဖြစ်တယ် ။ အဓိက ကွန်းဆက်အရေးအသားရဲ့  ထင်ရှားသောအပိုင်းကတော့ အဲဒီစာသား " text " ကို အဖွင့်အပိတ် လုပ်တာပဲလို့  ဆိုပါတယ်။ ကွန်ဆက်ချူရယ်သမားတွေဟာ သူတို့ ရည်ရွယ်ချက်တွေထဲကို ပို့ စ်မော်ဒန်ဆရာကြီးတွေရဲ့ အားနဲ့  ကျားကန်တယ်။ ဘင်ဂျမာဘောက်လော(ခ်ျ) ( Benjama Bouchloch ) က ၁၉၂၀ လောက ခေတ်စားခဲ့တဲ့ ယခင်ကွန်ဆက်အရေးအသားအခြေခံနည်းစနစ်တွေကို တင်ပြပြန်တယ်။ ကွန်းဆက်အရေးအသားဟာ သူ့ ရဲ့ ( ကွန်ဆက်ချူရယ်ရဲ့  ) 2.3.
၁။ သိမ်းယူခြင်း (Confiscation)
၂။ ထပ်ဆင့်ခြင်း ( Superimposition)
၃။ အစိတ်စိတ်အမွှာမွှာကွဲခြင်း( Fragmentation)
တွေဖြစ်တယ်လို့  ရောဘတ်က သူ့ ရဲ့မှတ်စုမှာ ဖော်ပြတယ်။ ဘာပဲဖြစ်ဖြစ် သီအိုရီတွေကိုပျင်းစရာကောင်းတယ်လို့ ထင်ရင်တော့ နမူနာလေးတစ်ချက်လောက် ကြည့်ကြရအောင်။ ရောဘတ်ရဲ့မှတ်စုထဲမှာတော့ ကဗျာသုံးပုဒ်ကိုဥပမာပေးပါတယ်။ အဲဒါတွေကတော့ ဒီဝေါ့ကင် (Dworkin) ရဲ့ " Parse " ဟာ အဖွင့်စာသား " Open - text " ဖြစ်တယ်။ ဂိုး(လ်)စမစ် (Goldsmith) ရဲ့ " Day " ဟာ အပိတ်စာသား (close - text) ဖြစ်တယ်။ (သူများဆီကကူးပြီး အိုင်ဒီယာ ထပ်ထွက်စရာမရှိ)။ ဗက်နက်ဆာရဲ့ "Dies" ဟာ " Baroque " (ဘရော့ခ်) ဟန်ဖြစ်တယ်လို့ ဆိုပါတယ်။ ပထမဦးဆုံး ဂိုးလ်စမစ်ရဲ့ " နေ့ " ကိုကြည့်ပါ။ သီအိုရီတွေဟိုပြောဒီပြောနဲ့  နောက်ဆုံးအရင်းစစ်ကြည့်ရင် ပြန်ကူးတယ်ဆိုတာပါပဲ။ ဒီတော့ သူတို့ ဘာကိုကူးသလဲ ။ ဘယ်လို ကူးသလဲ ပေါ့လေ။ ရှေ့ က ပြောခဲ့တဲ့ ရောဘတ်နဲ့  ဗနက်ဆာရဲ့မှတ်စုကတော့ သူတို့ လုပ်ချင်တာတွေကို ခိုင်မာအောင်တည်ဆောက် ပြတာပါပဲ။ အဆန်းထွင်ပြီး လျှောက်လုပ်နေတာ မဟုတ်ဘူး ။ အဓိပ္ပါယ်ရှိတယ် ဆိုတာကိုပေါ့ ။
- ဇော်ဇော်ထွန်း