၁။ အပြောဖြင့်ဖြစ်စေ ( Verbal )
၂။ အမြင်အားဖြင့်ဖြစ်စေ ( Visual )
၃။ သောတအကြားအာရုံဖြင့်ဖြစ်စေ ( Aural )
၎။ ရွေ့ လျားပြောင်းရွေ့ ခြင်းအားဖြင့်ဖြစ်စေ ( Kinetic ) အားဖြင့်ရွေ့ လျားတယ် လို့ဆိုတယ် ။
သူ့ပန်းတိုင်က အီမိုးရှင်းနဲ့  အင်တာလက် ( စိတ်လှုပ်ရှားမှုနဲ့  စဉ်းစားခြင်း ) ကိုသွားတယ်နော်။ ဒါအရေးကြီးတယ်။ ဒီကွန်ဆက်ချူရယ် အရေးအသားလှိုင်း ( အတိအကျပြောရရင် တတိယ လှိုင်း ) ဟာ အကွန်စီဆီကနေ ဆင်းသက်လာရင် အကွန်စီ " ဘာလဲ " ဆိုတာ ကျွန်တော်တို့သိဖို့ လိုတာပေါ့ ။ သူဟာ ဖလူးဆပ် ( Fluxus ) လှုပ်ရှားမှုကနေ ဆင်းသက်လာသူပါ။ ဒါပေမယ့် သူ့ရဲ့ ဖွံ့ ဖြိုးလာမှုလမ်းကြောင်း ( Trajectory ) ကတော့ အဲဒီဖလူးဆပ်လှုပ်ရှားမှုရဲ့  အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ဂျော့ခ်ျဘရက် ( George Brecht ) ဒါမှမဟုတ် " ယိုကိုအိုနို " တို့နဲ့ကွဲပြားပါတယ် ။
အီတလီနိုင်ငံသား ရွှေ့ ပြောင်းမိဘနှစ်ပါးက ၁၉၄၀ မှာ မွေးဖွားလာတဲ့ဟာ Brone မှာကြီးပြင်းခဲ့ပါတယ် ။
သူက ၁၉၆၂ မှာ ၀ူစတာ က " Holy Cross " ကောလိပ်ကနေ ဘွဲ့ ရတယ်။ ၁၉၆၄ မှာ ယူနီဗာစီတီ အိုင်အိုဝါ ဝေါရှော့ ( အရးအသား ) နဲ့ ထပ်ရပြန်တယ်။ ပြီးတော့ကဗျာလောကထဲ ခြေစုံပစ်ဝင်တယ်။ ဆရာကြီး မာ့ခ် စထရန်း(ဒ်) ( Mark Strand ) ဆီမှာ ဘာသာပြန်သင်တန်းတက်တယ်။ အိုင်အိုဝါမှာတုန်းက သူနဲ့  ခေတ်ပြိုင်တစ်ဦးကတော့ နာမည်ကြီး ချားလ်(စ်)ရိုက်(ထ်) ပါ ။
အဲဒီတုန်းက ချားလ်(စ်) ရဲ့ နာမည်ကြီးအရေးအသားက -
ဒီလဟာ ၊နှလုံးသားအသေတစ်ခုလို ၊ အေးစက် နောက် တည်ငြိမ်ခြင်းမဲ့ ၊ ချည်မျှင်တစ်စနဲ့ တွဲလဲခိုလို့  ၊ ကမ္ဘာကြီးရဲ့  အစွန်အဖျားဆီမှာပေါ့ ၊ အဆုံးမတော့ သစ္စာမဲ့စွာပဲ ၊ အရွက်အခက်များနဲ့  ပန်းနုရောင် ပုဏ္ဏရိပ် ပင်ခြုံများကို စွန်းထင်းစေရဲ့ ။
- ကင်ရွန် - ကျောက်သားငိုခြင်း ( Ston Canyon Nocturne )
ချားလ်(စ်)ရိုက်(ထ်) ကို ကျွန်တော်ရှေ့ ကပြတ်ရွေ့ စာကြောင်းများ " dropped Line " မှာ သူ့ကဗျာလေး ပြန်ဖူးပါတယ်။ ကဗျာလိုင်းတွေအကြောင်းပြောရရင် ချားလ်(စ်) ဟာ မပါမဖြစ်ပါ ။
ဒီတော့ ကွန်ဆက်ချူရယ်နဲ့ ပတ်သက်ပြီး ကျွန်တော်အမြဲတမ်းဘာသာပြန်လေ့ရှိတဲ့ ဆရာမကြီး မာဂျိုရီ ရဲ့  ရှင်းလင်းချက်အချို့ ကို တင်ပြချင်လာပါတယ်။ သူက ကဗျာနဲ့ ပတ်သက်ရင် သြဇာရှိသူပါ။ ပြီးတော့ ကွန်ဆက်ချူရယ် အရေးအသားနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့စာအုပ်တစ်အုပ်ကိုလည်း ထုတ်ထားသူဖြစ်ပါတယ် ။ ပြီးတော့ သူဟာ ကိစ္စတစ်ခု (၀ါ) ခေါင်းစဉ်တစ်ခုကို ချဉ်းကပ်တဲ့အခါမှာ မထင်မှတ်ထားတဲ့ရှုထောင့်ပေါင်းများစွာကို ဆွဲထုတ်လာတတ်တာပါ။ ကျွန်တော်သူ့ ကို သိပ်လေးစားပါတယ်။ ဒါတွေထားပါတော့။ ကွန်ဆက်အရေးအသားနဲ့ ပတ်သက်ပြီး ဆရာမကြီးရေးထားတဲ့ ကွန်ဆက်ချူရယ် အသစ်နဲ့ အဟောင်း အရေးအသား ( Old and New Conceptual Writing ) ဆက်ပြီးရေးပါ့မယ်။ ရောဘတ်တို့  ရေးထားတဲ့မှတ်စုက ပညာရပ်ဆန်လို့  ထားခဲ့ဖို့ ကလည်း မသင့်တော်ဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ ရဲ့  " မှတ်စု " ကလည်း အထင်ကရ ရှိခဲ့တာပါ။ ဆရာမ မာဂျိုရီ ရဲ့  အက်ဆေးကိုဖတ်တော့ ကွန်ဆက်အရေးအသား အဟောင်းနဲ့ ပတ်သက်ပြီးသိသင့်တဲ့သူတွေကို ပထမအပိုဒ်မှာပဲ ရေးပြထားပါတယ်။ ရှေ့ ပိုင်းလူတွေထဲက ဘယ်သူတွေလဲဆိုတော့ -
၁။ ဂျွန်ကေ့ခ်ျ ( John Cage ) ရဲ့  ကျပမ်းစာသားများ ( chance - generated texts )
၂။ ဂျက်က်ဆန် မက်ကလိုး ( Jackson Mac low ) ရဲ့  ကျပမ်းစာသားများ ( chance - generated texts )
၃။ ဂျော့ခ်ျဘရက်ခ်ျ ( Jeorge Bercht ) ရဲ့  စာလုံးစီ ကွန်ဆက်အရေးအသားဖြစ်တဲ့ ( word event )
၎။ လမွန်တီယမ်း ( La Monte Young ) ရဲ့  စာလုံးစီကွန်ဆက် အရေးအသား ဖြစ်တဲ့ ( word event )
များကိုသိဖို့  လိုအပ်ပါတယ်။ ဂျွန်ကေ့ခ်ျ နဲ့  ဂျက်ဆင်မက္ကလိုး အကြောင်းကိုတော့ ရှေ့ ပိုင်းမှာ ကျွန်တော် ဆွေးနွေးထားတာလေးတွေရှိပါတယ်။ ဒါပေမယ့် ဂျော့ခ်ျဘရက်ခ်ျ နဲ့ လမွန်တီယမ်း ကိုတော့ အခုဆရာမ မာဂျိုရီရေးတဲ့ စာတမ်းလေး ဖတ်မှပဲ သိရတာပါ။ ဒီတော့ " ၁၉၆၀ " တစ်ဝိုက် နီယိုဒါဒါ ကိုလည်း ပြန်သွားဖို့ လိုလာပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ယိုကိုအိုနိုကိစ္စကို ဆရာသည်မော်နိုင် ပြပွဲလာလုပ်တုန်းက ရသအလင်းအတွက် ကွန်ဆက်ချူရယ် အနုပညာအကြောင်း အကျဉ်းဖတ်ပေးဖူးပါတယ်။ အဲဒီမှာ ယိုကိုအိုနို ပါတယ်။ ကျွန်တော်တို့  ဂျွန်လင်နွန်ရဲ့ နောက်ကွယ်က " ယိုကို " ရဲ့  ကြီးမားတဲ့ အနုပညာကို လျစ်လျူရှုထားလို့  မဖြစ်တော့ပါဘူး။ ဒါကသိပ်ကို သေချာလာပါတယ်။ ရှေ့ ကိုဆက်သွယ်မယ်။ ပြီးမှ နောက်လှည့်ပြီး လေ့လာတာပေါ့။ ဆိုလိုတာက ကွန်ဆက်ချူရယ် အရေးအသားကို လေ့လာရင် ဒီလူတွေကို သိရတော့မယ်။ မာဂျိုရီကတော့ ဖတ်သူတွေသိပြီးသားလို့ ယူဆပြီး အကျယ်မရှင်းတော့ပါဘူး။ သူတို့  အကဲဒမစ် မှာက ဒီလူတွေကိုသိပြီးသားမဟုတ်လား ။
- ဇော်ဇော်ထွန်း