ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

အချိုးကဗျာ စပ်နည်းများ

မြန်မာအချိုးကဗျာ အခြေခံဖွဲ့ နည်း(၃) နည်းရှိပါတယ်။
(၁) ဒွေးချိုး (၂ချိုး)
(၂) တြိချိုး (၃ချိုး)
(၃) လးချိုး (၄ချိုး)
ဒွေးချိုး
အခံအချိုး(ပထမအချိုး) တစ်ခုနဲ့  အအုပ်အချိုး(ဒုတိယအချိုး)တစ်ခု ပေါင်းပြီးအချိုးနှစ်ချိုးရှိလို့  ဒွေးချိုးလို့ ခေါ်
ပါတယ်။ အခံအချိုးနဲ့ အအုပ်အချိုးတွေလည်း ပါဒ(စာကြောင်း)ရေလိုက်ပြီး(၅)မျိုး ခွဲခြားပြန်တယ်။
ဒါတွေကတော့ -
(၁) ၂ ပိုဒ်ခံ - ၂ ပိုဒ်အုပ် ဒွေးချိုး
(၂) ၂ ပိုဒ်ခံ -၃ ပိုဒ်အုပ် ဒွေးချိုး
(၃) ၃ ပိုဒ်ခံ - ၃ ပိုဒ်အုပ် ဒွေးချိုး
(၄) ၃ ပိုဒ်ခံ - ၄ ပိုဒ်အုပ် ဒွေးချိုး
(၅) ၃/၄ ပိုဒ်ခံ -ပိုဒ်ရေ အကန့် အသတ်မရှိအုပ် ဒွေးချိုး

ဒွေးချိုးဖွဲ့ နည်းဥပဒေသ
(၁) အခံ အချိုး နှင့် အအုပ် အချိုး ဆိုပြီး အချိုး ၂ ချိုးရှိရမယ်။
(၂) အခံအချိုး ရဲ့ ပထမပါဒကို စာလုံးရေ ၃/၄ လုံးဖြင့်သာ စရမယ်။ချီသံဖြင့်စပါ။
(၃) ပါဒတိုင်းမှာ အတွင်းကာရန်ချင်းတူရမယ် ။ ချီသံနဲ့ ချသံကို တစ်လှည့်စီကာရန်ယူပါ။
(၄) အခံအချိုးရဲ့ အဆုံးချပါဒကို စာလုံး၎လုံး ဖြင့်ဆုံးပါ။ မလွဲသာမှသာ၅လုံးဖြင့်ဆုံးပါ။
     အဆုံးချကာရန်ကို ချသံမှ အောက်မြစ်သံ/ဝစ္စံပေါက်သံတို့ ဖြင့် ချပါ။
(၅) ပုဒ်မ( ။ )ချပါ။
(၆) အအုပ်အချိုးရဲ့ ပထမပါဒ ကို စာလုံးရေ ၃ လုံးမှ ၆ လုံးလောက်ထိဖွဲ့ ပါ ။ပါဒလကာၤရ အဖြဲ ့မ်ားပါ
     ထည့်စပ်နိုင်ပါတယ်။ ချီသံဖြင့်စစ ချသံဖြင့်စစ ကြိုက်သလိုဖွဲ့ ပါ။ အတွင်းကာရန်များကို ချသံ/ချီသံ
     တစ်လှည့်စီ စပ်သွားပါ ။
(၇) အအုပ်အချိုးရဲ့ အဆုံးချပါဒ ကိုလည်း စာလုံး ၄ လုံးဖြင့်သာအဆုံးသတ်ရမယ်။ မလွဲသာမှ ၅ လုံးဆုံးပါ ။
     အဆုံးချစာလုံးကို ပထမအခံအချိုးရဲ့ အဆုံးချစာလုံးနဲ့ ကာရန်တူယူချပါ။
(၈) ပုဒ်မကြီး( ။ ။ )ချပေးပါ ။

(၁) ၂ ပိုဒ်ခံ-၂ပိုဒ်အုပ် ဒွေးချိုး
တောင်တောရယ် (သာ)
မာ(လာ)ကငုံ [ဖူး] ။
တစ်ပင်ကို နှစ်ပင်(ယှက်)တယ် 
 ကျေး(ငှက်)က [မြူး] ။    

အထက်ပါဒွေးချိုးမှာ အခံအချိုးရဲ့ ပထမပါဒကို စာ၎လုံးဖြင့်စထားပြီးချီသံ(သာ)ကာရန်ယူထားတယ်။
ဒုတိယပါဒမှာကာရန်တူ(လာ)ကိုယူထားတယ်။အဆုံးချပါဒ စာ၅လုံးဖွဲ့ ထားတယ်။တကယ်တော့စာ
၎လုံးသာရှိရပါမယ်။မလွဲသာမှယူပါလို့  ဆိုထားပါတယ်။ အဆုံးချကာရန်ချသံ(ဖူး)နဲ့ ဆုံးပေးထားပါ
တယ်။

အအုပ်အချိုးရဲ့ ပထမပါဒကို စာ၆လုံးနဲ့ ဖွဲ့ ထားပါတယ် ။မူလပဓာန ကာရန်(ယှက်)ကိုချသံနဲ့ ယူထားပါတယ်။
ဒီနေရာမှာ "တယ်" ဆိုတဲ့စာလုံးက ပါဒလင်္ကာရ ဖြစ်တယ် စာလုံးရေထဲမထည့်ရပါ။ ဒုတိယပါဒမှာ(ယှက်) နဲ့ 
အတွင်းကာရန်တူ (ငှက်)ကိုယူထားပြီး စာလုံး၎လုံးဖြင့်ဖွဲ့ ဆိုပြီး အဆုံးချကာရန်ကို အခံအချိုးက အဆုံးချ
ကာရန်(ဖူး)နဲ့ ကာရန်တူ (မြူး)ကိုယူထားပါတယ်။

နမူနာ(၁) ၊ ဒွေးချိုး(မူ)

ဥာဏ်(ကူ)လို့ စပ်[ပေး] ။
တွင်းကာရန်မူမှန်(လှ)အောင်
စိတ်(က)မြှော်[ရေး] ။      ။

နမူနာ(၂) ၊ ပြည်မြန်(မာ)

သာ(ယာ)မဲ့အ[ရေး] ။
တရားမှန် ကျင့်ဆောင်(သုံး)တယ်
(ပြုံး)ချစ်ကြည်[အေး] ။    ။

နမူနာ(၃) ၊

နိဗ္ဗာန်ကို(ရွယ်)
(ကယ်)ပါတော့[လား] ။
ရေလယ်မှာတစ်ကောင်(ထဲ)
ဖော်(ကွဲ)တဲ့[ငါး] ။    ။

(၂) ၂ပိုဒ်ခံ-၃ပိုဒ်အုပ် ဒွေးချိုး

နမူနာ(၁)

လေသွေးငယ်(ဆော်)
ပြည်(တော်)က[ဝေး ]။
လေးငဲ့ဖြစ်(အင်)
ပူရေးသည်မှာ(မြင်)တော့တယ်
နန်း(ပင်)မြင့်[သွေး]။    ။
အအုပ်အချိုးမှာ ပါဒသုံးကြောင်းဆက် ကာရန်ယူထားပါတယ် ။

နမူနာ(၂)
လေသွေးရာ(ချီ)
ရွှေ(ဖီ)က[မွှေး] ။
ဝတ်ပန်းငယ် ငုံ(ခိုင်)နှင့်
မဲဇာ(မြိုင်) ရေယဉ်(စမ်း)ငယ်မှာ
(လွမ်း)ဖော်မဲ့[ဝေး] ။    ။
အအုပ်အချိုးမှာ ချီသံ/ချသံကိုအတွင်းကာရန်တစ်လှည့်စီယူထားပါတယ်။

နမူနာ(၃)
လောင်သဲကြွေ(ရန်)
ငှက်(သံ)က[ကြွေး] ။
တန်ခိုးစီ(စီ)နှင့်
မှိုင်းဝေ(ရီ) ခါနွေ(ဆန်း)ကို
ထုံ(ပန်း)က[မွှေး] ။     ။

နမူနာ(၄)

မြင်လှည့်ပါ(ကွယ်)
သူ(မယ်)နှင့်[ဝေး ] ။
ရွှေလောင်းငယ်လှေ(ငယ်)နှင့်
ရိုးပင်(လယ်) နဒီ(ဝဲ)မှာ
ဆူ(သဲ)က[ဆွေး] ။     ။

နမူနာ(၅)

မိုးယံမြင့်(လယ်)
ပြိုမယ်ခ[ုဆိုင်း] ။
မြကြောငယ်ညို(ညို)နှင့်
လွမ်းပိုအောင် သာလေ(ညှင်း)ငယ်မှာ
ငွေ(နှင်း)က[ဝိုင်း] ။     ။

- နေဘုန်းမိုရ်