For brief scratches, omits,
Lays away the oars (hours).
Flagrant immersion besets all
The best boats. Hands, hearts
Don’t slip, solidly
(sadly) departs.
အကျဉ်းချုပ်ကောက်ကြောင်းများအတွက်၊ မြှုပ်နှံ၊
ဒီလှော်တက် အဝေးမှာထား
(the oars ထိုနာရီများ hours ဟုရေးထား)
ပြောင်ပြောင်တင်းတင်းနှစ်ခြင်းဟာ အားလုံးကို ပတ်ခြာလည်ဝိုင်းတယ်
အကောင်းဆုံးလှေများ၊ လက်များ၊ အသည်းနှလုံးများ
မချော်စေနဲ့၊ ပြည့်ဝစွာ
(ဝမ်းနည်းစွာ) ထွက်ခွာလေရဲ့။
- Excerpt from Charles Bernstein’s “List Plow Plates”
- ချားလ်ဘန်စတိန်း၏ “ထွန်ပြားများကို မ,ပါ” ကဗျာမှ ကောက်နှုတ်ချက်
ချားလ်ဟာ အရင်းရှင်(ဝါ) လွတ်လပ်စွာ ပုဂ္ဂလရင်းနှီးမြှုပ်နှံမှုကိုအခြေခံတဲ့ စီးပွားရေးဝါဒီ (Capitalist) လူ့အသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ ကဗျာတစ်ပုဒ်ပါ။ ဒီကဗျာမှာ ချားလ်ရဲ့ရေးဟန်ကို ဝေဖန်သုံးသပ်တာက -
၁။ ဦးတည်ချက်မဲ့သော
၂။ အသိုင်းအဝိုင်းအားထိန်းချုပ်သော (community controlled)
ဆိုတဲ့ နှစ်မျိုးသောလက်နက်ကို ထုတ်သုံးခဲ့တယ်လို့ ဆိုပြီးဝေဖန်ရေးဆရာတွေကတော့ ချားလ်ဟာ သူ့ကိုယ်သူနဲ့ သူ့ကဗျာအလုပ်အကြွေးပြုမှုကို နိုင်ငံရေးကဗျာ (လူထုကိုယ်စားပြုကဗျာ) ထဲ နှစ်လိုက်ပြီလားလို့ မေးခွန်းထုတ်ခဲ့တယ်။ ဒီပြဿနာစပုံက အယ်(လ)အုပ်စုရဲ့အထင်ကရ ရွန်ဆီလီမန် (Ron Silliman) ရဲ့ စကားကြောင့် ဒီကဗျာဟန်ရဲ့ လားရာကို ခြေရာကောက်ရာကစပြီးနိုင်ငံရေနဲ့သွားပြီး ဆက်စပ်ရာကနေ ချားလ်ရဲ့ကဗျာကို အစသွားဆွဲထုတ်ခဲ့ကြတာ ဖြစ်တယ်။
၁၉၇၉ ခုနှစ် အောက်တိုဘာလမှာ အယ်(လ)ကဗျာသမားတွေစုပြီး လက်ဖက်ရည် စကားဝိုင်း (symposium) တစ်ခုကို ကဗျာရဲ့နိုင်ငံရေး (The Politic of Poetry) ဆိုပြီး လုပ်တယ်။ အဲဒီမှာဆရာကြီး ရွန်ဆီလီမန်က အောက်ပါစကားတစ်ခွန်းကို ပြောခဲ့ပါတယ်။
“Let us undermine the bourgeoisie”
“ဒီအရင်းရှင်လူတန်းစားကို တိုက်ခိုက်ခွင့်ကို ကျွန်တော်တို့ကိုပေးလုပ်ပါ။”
သူတို့ပြောတဲ့ အရင်းရှင်လူတန်းစား (The Bourgeoisie) ဆိုတာပုဂ္ဂလ ရင်းနှီးမြှုပ်နှံမှုကို အားပေးတဲ့ “Capatalism” တွေ ဆိုတာပါပဲ။ ရွန်ဆီလီမန်ဟာ ဒီစကားနဲ့ အဲဒီစကားဝိုင်းကို သိမ်းပစ်ခဲ့တယ်။ အဲဒီဆွေးနွေးပွဲလေးရဲ့ အဓိကခေါင်းစဉ်ကတော့“ဘယ်လိုအရေးအသားမျိုးမှာ ရှိသလဲ (ဝါ) ရှိနိုင်သလဲ။ ကျုပ်တို့ လူ့အဖွဲ့အစည်း (အရင်းရှင်စီးပွားရေးလို့ မြင်လို့ရတဲ့) ကို နားလည်နိုင်၊ ဝေဖန်ထောက်ပြနိုင်တဲ့ အရေးအသား အရည်အသွေးမျိုး ဘယ်လိုစာပေလက်ရာမှာ ရှိသလဲ (ဝါ) ရှိနိုင်ပါသလဲ” လို့ ခေါင်းစဉ်တပ်ခဲ့လို့ ဒီလိုအတွေးအခေါ်တွေပေါ်လာခြင်းဖြစ်တယ်။ မူရင်းကတော့ (“What qualities writing has or could have that contribute to an understanding or critique of society, seen as a capitalist of society, seen as a capitalist system”) ဒီတော့ ကဗျာဆရာတွေက မှတ်ချက်ပြုတယ်။ ခေတ်အဆက်ဆက်မှာပေါ်ပေါက်လာတဲ့ ကဗျာတွေဟာ သူနည်းသူ့ဟန်နဲ့ သူတို့ခေတ်က အခွင့်ထူးခံ လူတန်းစားတွေကိုသရော်ခဲ့၊ တိုက်ခိုက်ခဲ့တာပဲ။ အဲဒီလို ဆန့်ကျင်ဖို့ အခွင့်အရေးတွေကို တောင်းခံခဲ့တာပဲ။ ဒီဟာက အယ်(လ)ကဗျာရေးဟန်မှာမှ မဟုတ်ဘူး။ ဒါဆို အယ်(လ)ကဗျာရေးဟန်ဆိုတာ ဘာလဲ။ သူတို့ တစ်ညီတစ်ညွတ်ထဲမှတ်ချက်ပြုခဲ့တာက “လက်ရှိအခြေအနေ (ဝါ) ကာလရဲ့ ကဗျာအာရုံ (ဝါ) ခံစားမှုတစ်ခုပဲ။ အဲဒီထဲကိုအဓိကမကျတဲ့ တစ်ချို့ကို ရောထားတယ်။ အမျိုးသမီးဝါဒီ (feminist) နဲ့ လိင်တူကဗျာတွေကိုထပ်ရောထားတဲ့အရာကို ဆိုပါတယ်။ ဒါကြောင့် အယ်(လ)အုပ်စုဟာ ချားလ်ရဲ့ “ထွန်ပြားကိုမ,ပါ”ကဗျာကို အစသွားဆွဲ ကြပါတယ်။” ဒီတော့ အယ်(လ)ကဗျာ ရဲ့ ကျောရိုးဟာ နိုင်ငံရေးနဲ့ မကင်းဘူးဆိုတာအသေအချာပါပဲ။ ဘာကြောင့် ဘာသာစကား (Language) ဆိုတဲ့ ခေါင်းစဉ်တပ်ရပါသလဲ။ ဒီကိစ္စဟာ စိတ်ဝင်စားစရာပါ။ဘာကြောင့် “ဘာသာစကား” ဆိုတာက ဒီလိုကဗျာဂိုဏ်းတစ်ခုရဲ့ ခေါင်းစဉ်ဖြစ်နေရသလဲ။ ဘယ်လိုသောသီးခြားဆက်နွယ်မှုအားဖြင့် ဘာသာစကားနဲ့ ဆက်နွယ်ပြီး ဒီအုပ်စုဟာ ကဗျာကို ဆောင်ရွက်ပြီးတခြားသူတွေက မလုပ်နိုင်ဘဲ ရှိနေသလဲ။ ဆီလီမန်က ဒီလိုရှင်းခဲ့ပါတယ်။
“What connects these writers (first called “language-centered” in Steve McCaffery’s 1976 essay.“The Death of the Subject”) is not any particular style or practice but a community of concern for language as the center of whatever activity poems might be) ရွန်ဆီလီမန်၏ စာအုပ် “The Dwelling Place:” 9 Poets” ထဲတွင် အယ်(လ)ကဗျာနဲ့ပတ်သက်ပြီး အယ်(လ)ကဗျာရေးသားနေသူ ကဗျာဆရာတွေကြားထဲမှာတိကျသော တစ်စုံတစ်ရာဟန် (ဝါ) စတိုင် (ဝါ) အလေ့အကျင့် ချိတ်ဆက်ထားခြင်းမရှိသော်လည်းမည်သည့်လှုပ်ရှားမှုကဗျာများ ကိုမဆို ထိုအစုအဝေးအသိုင်းအဝိုင်း၏ စဉ်းစားဆုံးဖြတ်မှုမှာဘာသာစကားဗဟိုပြု စဉ်းစားခြင်းဖြစ်ပေလိမ့်မည်။
ဘာသာစကား ကဗျာအား ပထမဦးဆုံးအနေဖြင့်(၁၉၇၆) မှ စတိ(ဗ)မက်ကဖရီး၏စာတမ်း “The death of the subject” တွင် ဘာသာစကားဗဟိုပြု (language centered) ဟု သုံးနှုန်းခဲ့ဖူးတယ်။ ဒါကြောင့် ကျွန်တော်တို့ သိထားရမှာက အယ်(လ)ကဗျာဟာပုံစံတစ်ခု (ဝါ) စတိုင်တစ်ခုတည်းကိုပဲ တိတိပပအခြေခံရေးဖွဲ့ထားတာမျိုး မဟုတ်ဘူး ဆိုတာကိုပဲ။ ဥပမာအားဖြင့် ဆရာမကြီးဆူဇန်ဟိုးရဲ့ ဘာသာစကားဗဟိုပြုရေးဖွဲ့ပုံဟာ ဆရာကြီးရွန်ဆီလီမန်ရေးဖွဲ့ပုံဟန်နဲ့မတူပါဘူး။ ဒါပေမယ့် ဘရုစ်အင်ဒရူး (Bruce Andrew) ရဲ့ ရေးဖွဲ့ပုံနဲ့ တော်တော်ဆင်နေတာတွေ့ရတယ်။ ဒါပေမယ့် ကဗျာတင်ပြမှု အတိမ်အနက်ကို ခွဲပေးတဲ့ “tone” ကတော့ ကွဲပြားပြန်တယ်။ နဲနဲလေးပိုပြီး တိတိကျကျပြောရရင်တော့ ဆောင်းပါးရှင် ဂျော့ခ်ျဟာ(ထ)လေး (George Hartly) ဟာ သူ့ရဲ့ဆောင်းပါးဖြစ်တဲ့ ဒီ “Textual Polities and Language Poets” မှာတော့၁၉၇၁ ခုနှစ် ပထမစာအုပ် “This” မဂ္ဂဇင်းမှစ၍ ယနေ့ထိတိုင် (From the first issue of This in 1971 to the present) လို့ ရေးခဲ့တယ်။
လက်ခံသောအရာနှင့်ငြင်းဆန်သောအရာ
အယ်(လ)ကဗျာဟာ ပို့(စ်)မော်ဒန်ရဲ့ အကိုင်းအခက်တစ်ခုပင်ဖြစ်သည်။ ဆောင်းပါးရေးသူ ဟာ(ထ)လေး ဟာ အယ်(လ)ကဗျာသမားတွေရဲ့ လက်ခံသောအရာနဲ့ငြင်းဆန်သော အရာတွေကိုခပ်တိုတိုပဲ တင်ပြခဲ့ပါတယ်။ သူတို့ဟာ ကွန်ယက်တစ်ခုကို ဖန်တီးတယ်။ အဲဒီကွန်ယက်ဟာ သဏ္ဍာန်မတူတဲ့အနုပညာတွေ အပြန်အလှန်မှီခိုနေတာကို လက်ခံတဲ့ ကွန်ယက်ဖြစ်တယ်။ အပြန်အလှန် ဆက်စပ်တွေးတောနိုင်တဲ့ရေးဟန်နဲ့ စတိုင်တွေကို ကောင်းကောင်းခွင့်ပြု ထားတဲ့ ကွန်ယက်လည်း ဖြစ်တယ်။ (Possibly allowed for a great degree of cross-fertilization)။ အဓိကကတော့ မတူတဲ့ ယဉ်ကျေးမှု၊အတွေးအခေါ်၊ တွေးပုံနည်းစနစ်တွေကြောင့် ထုတ်လုပ်မှု (ဝါ) အကျိုးပိုများစေတဲ့နည်း။ ဥပမာသိပ္ပံပညာနဲ့ ဖန်တီးမှု အနုပညာတို့ရဲ့ အပြန်အလှန် အကျိုးပြုမှုမျိုး။ အယ်(လ)ကဗျာသမားတွေဟာအဲဒီ အပြန်အလှန် အကျိုးပြုမှု (cross-fertilization) ကို လက်ခံတယ်။ သင်္ချာသဘောနဲ့ အီလက်ထရွန်းနစ်စကားလုံးများနဲ့ ဖန်တီးမှုမှာ ရောထွေးတင်ပြလာတယ်။ မတူသော (ဝါ)ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုကိုဖြစ်စေ၊ ဘာသာရပ်ကိုဖြစ်စေ အပြန်အလှန် ကူးလူးဆက်နွယ်မှု (ဝါ) ရောထွေးတင်ပြမှုတို့ကြောင့်ဖြစ်လာတဲ့ အကျိုးကျေးဇူးလို အရာမျိုးကို မြင့်မြင့်မားမား တောင့်တတယ်။ ဒါကိုcross-fertilization လို့ ခေါ်တယ်။
အယ်(လ)ကဗျာသမားတွေဟာ အကယ်ဒမစ်ဆန်တဲ့ ဝေဖန်မှုမျိုးကိုလုပ်လေ့ရှိသူတွေရဲ့ နည်းနာတွေကို အားပေးအားမြှောက် လုပ်နေခြင်းက ကွင်းကွာလိုသူတွေဖြစ်တယ်။ သူတို့ အာရုံစိုက်တာကတော့ ပုံမှန်ကဗျာ ရေးနည်းတွေ၊ နည်းစနစ်တွေနဲ့ ကဗျာကို ထုတ်လုပ်မှုပုံစံအတွက်စံပြထိန်းချုပ်လိုသူတွေ ငြင်းပယ်မှု ပြန့်ပွားစေလိုတဲ့ အာရုံစိုက်မှုမျိုးကို ဆိုလိုတယ်။ (The concern grow out of the rejection of the dominant model for poetic production)။ ဒီကနေ အသိများတဲ့ စကားပြောကဗျာ (voice poem) ကိုလည်း ငြင်းပယ်တယ်။ (Rejection the voice poem)။ အယ်(လ)ကဗျာသမားတွေရဲ့ အလိုအရတော့ အဲဒီစကားပြေကဗျာတွေဆိုတာကအပြန်အလှန်ဆက်သွယ်မှု (communication) ကို ပေးတဲ့ပုံစံဟာ ပုဂ္ဂိုလ်ရေးမပါတဲ့ (neutral) နဲ့ တိုးလျှိုပေါက် အတားအဆီးမဲ့ (transparent) တို့ ပေါင်းထားတဲ့ သဘာဝအတိုင်း (natural) ဘာသာစကားကို ဖြတ်ပြီးတော့မှ ကဗျာဖတ်သူဆီသွားဖို့ အတွက် ပြဿနာတွေ ရှိတယ်။ အဲဒီဟာတွေက စိန်ခေါ်မှုကို လိုနေတယ်လို့ ပြောရတာဟာ စကားပြေကဗျာ (voice poem) ဟာ ကဗျာဆရာ(ဝါ)ပုဂ္ဂလကိုယ်စားပြုကံပုဒ်တစ်ခု (a self-present subject) ဟာ သီးခြားအကြောင်းပြချက်အဖြစ်သူတို့ရဲ့ ခံစားမှုနဲ့ အတွေ့အကြုံ (experience and emotion) ကို နောက်ထပ် ပုဂ္ဂလကိုယ်စားပြကံပုဒ်တစ်ခု (another self-present subject) လို့ ဆိုရမယ့် ကဗျာဖတ်သူ (reader) ဆီက ဘာသာစကားအား ထွင်းဖောက်ပြီးပို့ရမယ်။ ဒီတော့ ပြဿနာက သူ့ထင်ရာမြင်ရာတွေပါလာပြီး ဘယ်လိုမှ ဖတ်သူဆီမရောက်တော့ဘူး။ အဲဒါက စိန်ခေါ်မှုပါပဲ။ ဒီတော့ အယ်(လ)ကဗျာဆရာတွေဟာ အဖြစ်အပျက်ကို ပြောသူနဲ့စိတ်အခြေခံကိုပယ်ပြီး ဘာသာစကားတစ်ခုတည်းကိုပဲ အာရုံစိုက်တယ်။ ပုဂ္ဂလဗဟိုပြု (self-center) အရေးက ဘာသာစကားဗဟိုပြု (Language Center) ကို ပြောင်းသွား တယ်။ ဒီနေရာမှာ ခံစားမှုမပါဘဲ ရေးရမယ်လို့ မပြောဘူး။ သူတို့ သွားချင်တာက “ပုဂ္ဂလဗဟိုပြုစိတ်” ငြင်းပယ်ခြင်း ကို ဆိုလိုတာဖြစ်တယ်။
အယ်(လ)ကဗျာသမိုင်းကိုပြောရင် လင်းဟီဂျနီယန်း မပါလို့ မဖြစ်ပါဘူး
ဆရာမကြီးဆူဇန်ဟိုးနဲ့အတူကျော်ကြားလာတဲ့ အခြားသော ကဗျာဆရာမ တစ်ဦးကတော့ လင်းဟီဂျနီယန်း (Lyn Hejinian) ပဲဖြစ်ပါတယ်။ အယ်(လ)ကဗျာသမိုင်းကိုပြောရင် ဒီဆရာမကြီးနှစ်ဦး မပါလို့ မဖြစ်ပါဘူး။ အယ်(လ)ကဗျာဆရာလုပ်သူတွေဟာ ဒီကဗျာဆရာမကြီးနှစ်ဦးရဲ့ လက်ရာတွေကို ကောင်းကောင်းကြီး သိဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ခရစ္စတိုဖာဘိခ်ျဟာ သူ့စာအုပ်ရဲ့ အယ်(လ)ကဗျာအခန်းမှာ သူတို့နှစ်ဦးရဲ့လက်ရာတွေကို ဖော်ပြခဲ့တယ်။ ဆရာမကြီး လင်းဟီဂျနီယန်းရဲ့ လက်ရာကတော့ ဆူဆန်ဟိုးနဲ့ အတော်လေးကွဲပြားပါတယ်။ အယ်(လ)ကဗျာသမားတွေဟာ မတူကွဲပြားတဲ့ သင်္ကေတတွေနဲ့ ဝါကျကို အော်ပရေးရှင်းလုပ်ပြီးစာသားထဲမှာပါတဲ့ အချက်တွေကို ဆုံးဖြတ်အဖြေရှာ သလိုမျိုး ရေးလေ့ရှိတယ်။ အဲဒီထဲမှာ လင်းဟီဂျနီယန်းလည်းပါတယ်လို့ ခရစ္စတိုဖာက ဆိုပါတယ်။ ၁၉၈၀ က ထွက်ခဲ့တဲ့ သူ့ကဗျာ “ကျွန်မဘဝ” (My Life) ကိုကြည့်ရင်သူမရဲ့ အသက်တစ်နှစ်ကို စာတစ်ပုဒ်လုပ်ထားတာ တွေ့ရမယ်။ သူမအသက် သုံးဆယ့်ခုနစ်နှစ်တုန်းကရေးခဲ့တဲ့ သုံးဆယ့်ခုနစ်ပိုဒ်မှာစာကြောင်း သုံးဆယ့်ခုနစ်ကြောင်းစီ ပါဝင်ပါတယ်။ နောက်ရှစ်နှစ်အကြာမှာတော့လေးဆယ့်ငါးပိုဒ်နဲ့ လေးဆယ့်ငါးကြောင်းအဖြစ် ပြောင်းရေးခဲ့ပါသတဲ့။ အဲဒီထဲမှာ ချိတ်ဆက်မဲ့ ဝါကျတွေဟာ မတူသောဟန်များနဲ့ ပုံမှန်နည်းစနစ်များကို ကွဲပြားစွာညွှန်ပြသော ရောင်စုံဖန်စလေးများ စီထားတဲ့ ပန်းချီတစ်ချပ်ကို ပြုလုပ်ထားသလို (made up of discontinuous sentences referencing medically different styles and generic conventions) လို့ ရေးပါတယ်။ တစ်ပုဒ်ထဲမှာကိုပဲ လင်းရဲ့ အမှတ်တရများ၊ ပုံရိပ်များ၊ သမိုင်းလေ့လာမှုများ (ဝါ) စူးစမ်းမှုများနဲ့ ပုဂ္ဂလိကတုံ့ပြန်ချက်များကို တွေ့ရတယ်။
A urinating doll, half-buried in sand. She is lying on her stomach, with one eye closed, driving a toy truck along the road she has cleared with her fingers. I mean untroubled by the distortions. That was the fashion when she was a young woman and famed for her beauty, surrounded by beaux.
Once it was circular and that shape can still be seen from the air. Protected by the dog. Protected by foghorns,frog honks, cricket circles on the brown hills. It was a message of happiness by which we were called into the room, as if to receive a birthday present given early, because it was too large to hide, or alive, a pony perhaps, his mane trimmed with colored ribbon.
ကျင်ငယ်စွန့်နေသော အရုပ်ကလေးတစ်ရုပ်၊ သဲထဲမှာတစ်ဝက်မြုပ်နေ၏။ သူမရဲ့ဝမ်းဗိုက်ပေါ်မှာ သူမဟာ တစ်ဖက်မှိတ်လျက် လဲလျောင်းနေပြီး လမ်းတစ်လျှောက်မှာသူမက ထရပ်ကားတစ်စီးမောင်းနှင်နေသည်။ သူမရဲ့ လက်ချောင်းများနဲ့ ရှင်းလင်းခဲ့ပြီး။ ထိုအရာကသူမငယ်စဉ်အချိန်ဝယ် မိန်းခလေးငယ်တစ်ဦး ဖြစ်ခဲ့စဉ်က ဖက်ရှင်တစ်ခု ဖြစ်၍ သူမ၏အလှအတွက်ကျော်ကြားခဲ့ကာ ဥစ္စာပေါ၊ ရုပ်ချော၊ အပျံစားတွေရဲ့ ဝန်းရံခြင်းခံခဲ့ရသည်။
တစ်ချိန်တုန်းဆီမယ်အဲဒါကစက်ဝိုင်းပုံစံဖြစ်ခဲ့၍ထိုပုံသဏ္ဍာန်အား လေထဲဆီမယ်ယခုထိ တွေ့နိုင်သေး၏။ ခွေးများ၏ စောင့်ရှောက်ခြင်းခံရ၏။ စကားပြောဟွန်းများ၏စောင့်ရှောက်ခြင်းခံရ၊ ဖားအော်သံဟွန်းများ၊ အညိုရောင် တောင်ကုန်းများပေါ်က ခရစ်ကတ်စက်ဝိုင်းပြားများ။ ကျွန်မတို့ကို ခေါ်ထားတဲ့ အခန်းအတွင်းဝယ် ဤအရာသည် ပျော်ရွှင်မှု၏ အကြောင်းကြားချက်ဖြစ်ခဲ့၍ စောစောစီးစီးပေးထားတဲ့ လက်ဆောင်ပစ္စည်း၊ အကယ်၍များ လက်ခံဖို့ လုပ်သလိုမျိုး၊ အဘယ့်ကြောင့်ဆိုသော် ဒီအရာက သိပ်ကိုကြီးမားလွန်း၍ ဖုံးဖိရန်အတွက်လည်းကောင်း၊ သို့တည်းမဟုတ် ရှင်သန်ရန်အတွက်လည်းကောင်း၊ သူ့ရဲ့လည်ဆံမွေးကို ရောင်စုံဖဲပြားတွေနဲ့ သပ်သပ်ရပ်ရပ်ချည်ထားသလိုရှိတဲ့ မြည်းတစ်ကောင်လည်းဖြစ်နိုင်ရဲ့။
- Excerpt from "My Life" by Lyn Hejinian
- "ကျွန်မရဲ့ဘဝ" မှ ကောက်နှုတ်ချက်
ဒီကဗျာရဲ့ ဖော်ပြပါစာပိုဒ်ထဲက စာသားတွေရဲ့အလိုအရတော့ ဆရာမ လင်း ရဲ့ ငယ်ဘဝဟာ လိင်ခွဲခြားမှု သတ်မှတ်ထားတဲ့ ဝန်းကျင်မှာ ကြီးပြင်းလာတယ်။ နောက်တော့ မိန်းခလေးတွေမှာ ရှိသင့်တဲ့ ဖက်ရှင်တို့ အလှတရားတို့ စတာတွေကို သိလာတယ်။ ဒီစာပုဒ်မှာတော့ ဆရာမဟာ လိင်ခွဲခြားမှုပြယုဂ်များ (gender identification) နဲ့ နမိတ်ပုံသင်္ကေတတွေသုံးပြီး စာဖတ်သူကို အလုပ်များစေပါတယ်။ မိန်းခလေးငယ်တစ်ဦး (the girl)၊ သဲထဲမှာ မှောက်လျက်လဲလျောင်း (lying prone in the sand) တို့ဟာ အနက်အဓိပ္ပါယ်ကိုယ်စားပြုစကားလုံး (metonymically) (ရှင်းလင်းချက်အား နောက်တွင်ရေးပါမည်။) သုံးနှုန်းခြင်းကို ဖြစ်စေကာသူမဘေးရှိ ကျင်ငယ်စွန့်နေသော ခလေးရုပ်နဲ့သွားပြီး ချိတ်ဆက်ပါတယ်။ ဒါပေမယ့် ထရပ်ကားရုပ်နဲ့ကစားနေတာကို ရေးထားတဲ့ အဓိပ္ပါယ်ကတော့ ဒါဟာ ယေင်္ကျားလေးတွေလို ကစားတာကို သင်္ကေတပြုထားတာဖြစ်တယ်လို့ ခရစ္စတိုဖာဘိခ်ျ က ရေးပါတယ်။ ပြီးတော့ နောက်ဆုံး ပုံရိပ်အနေနဲ့ တိရစ္ဆာန်အဖိုကို "အမ" ကဲ့သို့ရေးခြင်း (form of a male animal coded asfeminine) ကို တွေ့ရပြီး လိင်ကွဲပြားမှုမဲ့ခြင်း (gender confusion) ကို ဖြစ်စေပါတယ်။ ဒါကို လင်းက မြည်းကလေးတစ်ကောင်လည် ဖြစ်နိုင်လေရဲ့ (a pony perhaps, his mane trimmed with colored ribbons) လို့ ရေးဖွဲ့ခဲ့သည်။ ဒီလို အသက်တစ်နှစ်တိုင်းကို စာတစ်ပုဒ်စီအလွှာလိုက်ရေးဖွဲ့ထားပုံကိုတော့ ပါမောက္ခ ခရစ္စ ဟာ အလွှာစုံရေးဖွဲ့သောကဗျာ (multilayered poem) လို့ သမုတ်တယ်။ ဒီအလွှာစုံကဗျာ တစ်ပုဒ်ခြင်းစီမှာ လင်းရဲ့ ထူးကဲဘာသာစကားဆော့ကစားမှု (the sheer-play of language) လို့ ရေးခဲ့ပါတယ်။ လင်းဟာ ဒီကဗျာမှာဘာတွေသုံးခဲ့သလဲ ဆိုတဲ့ အချက်ကို ထောက်ပြရာမှာတော့ -
၁။ ထပ်ကြော့စာလုံးစီရေးဖွဲ့မှု(Repetition)
၂။ အသံထွက်တူပြီး အဓိပ္ပါယ်မတူသော စာလုံးများနဲ့ဟာသလုပ်မှု (Pun)
(သို့မဟုတ်) စကားလုံးဆော့ကစားမှု (wordplay)
၃။ ရှေ့နောက်ပြောင်းပြန်စီ၍ ဖန်တီးသောအဓိပ္ပါယ်ရှိစေတဲ့အရေး ***(anastrophe)
တို့ပဲဖြစ်တယ်။
*** Note (Anastrophe)
ကြယ်တာရာစစ်ပွဲ (Star Wars) တွင် ရိုဒ (Yoda) ဟာ ဒီလို အနာစထရိုပီ (Anastrophe) နဲ့ စကားတွေ ပြောတယ်။ ဥပမာ "သင်လေ့လာခဲ့သောအသိက သင့်အားကယ်တင်နိုင်တယ်" (Mind what you have learned. Save you it can) ဆိုတာမျိုးပေါ့။ ဒီအရေးအသားဟာ တစ်ရာစု (1st century BC (29-19 BCE) မှာ ရေးခဲ့တဲ့ အေးနိယ (Aeneid) မှာတော့ ပုံမှန်လက်တင် စာလုံးစီပုံနဲ့ ပတ်သက်ပြီး နေရာချမှု ပြောင်းပြန်တွေရှိခဲ့တယ်။ အင်္ဂလိပ်မူမှာတော့ ထရိုင်ကမ်းခြေဆီက အရင်ရောက်သူတွေ (Who first from the shore ofTroy) ကို ရေးရာမှာ -
Troiæ qui primus ab oris
ထရိုင် (Troiæ) နဲ့ shore လို့ခေါ်တဲ့ ကမ်းခြေ (oris) ဟာ အင်္ဂလိပ်သဒ္ဒါအရ ပြောရရင် ပိုင်ဆိုင်မှုကို ပြသော ကိစ္စ(possessive case) (ဝါ) ဒုတိယကိစ္စ (second case) လို့ခေါ်တယ်။ နာမ်တစ်ခုက နောက်တစ်ခုကိုပိုင်ဆိုင်ပြီး ဆက်နွယ်မှုလည်း ရှိပါက ကပ်ပြီး ရေးရပါတယ်။ မော်ဒန် အင်္ဂလိပ်သဒ္ဒါမှာတော့ ('s) ဒါမှမဟုတ် (of) လို့ သုံးပါတယ်။ ဥပမာ(Janet's long fingers)၊ (portion of the food) လိုမျိုးပါ။ ဒါပေမယ့် ဗာဂျီး (Virgil) ရဲ့ ကဗျာမှာတော့ ထရိုင် (Troiæ) နဲ့ ကမ်းခြေများ (the shores) တို့ဟာ ကပ်လျက်မရှိနေပါဘူး။ အဲဒီလိုပဲ ကိုးလရစ်(Coleridge) ရဲ့ The Rime of the Ancient Mariner" မှာလည်း "လက်ဟာ သူ့ဆီကအောက်ကိုကျတယ်" ကို "his hand drop the." လို့ ရေးထားတာတွေ့ရတယ်။ ဒါဟာသူတို့ခေတ်က လက်ခံတဲ့ အရေးအသားမျိုးမဟုတ်ပါဘူး။ သူ့လိုပဲ ဟုပ်ကင်း (Gerard Manleyhopkins) တို့၊ စမစ် (W.Eugene Smith) ရဲ့ ကံပုဒ် (subject) နဲ့ ကြိယာ (verb) ရှေ့နောက်အထားအသိုပြောင်းပြန် အရေးအသား (Anastrophe) တွေလည်း ရှိခဲ့ဖူးပါတယ်။)
ဆရာမလင်း ဟာ သူ့နာမည် (his name) လို့ ရေးရမယ့်အစား သူ့လည်ဆံမွေး (his mane) လို့ရေးရာမှာ စာလုံးတူအဓိပ္ပါယ်ကွဲဖြစ်ရန် ရည်ရွယ်ပါတယ်။ ဒါဟာ ဘာသာစကား ရွေ့လျားနိုင်ခြင်း (Language can shift) ကို ဖော်ပြတာဖြစ်ပြီး အကယ်၍ နာမည် (name) ဖြစ်ခဲ့ပါက သူငယ်ချင်းမွေးနေ့ပွဲကပြန်လာတဲ့ ကောင်မလေး ဖြစ်သွားခွင့် ရှိပြန်တယ်။ ဒါပေမယ့် တိရိစ္ဆာန်တစ်ကောင်ရဲ့ လည်မွေးကို ကိုယ်စားပြုတဲ့အတွက် လူ့အဖွဲ့အစည်းကို လှောင်ပြောင် ဆန့်ကျင်နေပါတယ်လို့ ဆိုတယ်။
အယ်(လ)ကဗျာဆရာတွေထဲမှာတော့ လင်း ဟာ နာမည်ကျော်ကြားပါတယ်။ သူ့မှာ ကဗျာအမြင် နောက်ထပ်စိုက်ထားတဲ့ မှတ်တိုင်တစ်ခုရှိပါတယ်။ အဲဒါကတော့ ရုရှကဗျာဆရာတွေနဲ့ ပူးတွဲရေးစပ်ပြီး နှစ်နိုင်ငံကဗျာဆက်ဆံရေးကို တိုးတက်အောင်လုပ်ခဲ့တဲ့မှတ်တိုင်ပါ။ အဲဒါကို ဆလပ်နဲ့အရှေ့ဥရောပဂျာနယ် (Slavic and East Europian Journal) မှာ ဂျက်ကော့အက်ဒမန် (Jacob Edmond) က မိတ်ဖက်အဓိပ္ပါယ်တစ်ခု (A Meaning Allicance) ဆိုတဲ့ဆောင်းပါးမှာ နိုင်ငံနှစ်ခုရဲ့ နှစ်လိုဖွယ်မကောင်းသော ဆက်ဆံရေးမှာ ကာလအတိုင်းအတာတစ်ခုထိရှိခဲ့ပေမယ့် ၁၉၈၃ ခုနှစ်မတော့ မှတ်သားစရာရေရှည်တည်တံ့မယ့် မိတ်ဖွဲ့မှုမှာ ရုရှကဗျာဆရာဒရာမိုကိုရှက်ချင်ကို (Dragomosh Chenko) နဲ့ အမေရိကန်ကဗျာဆရာမ "လင်း"တို့ကြား၌ ပေါ်ပေါက်ခဲ့သည်လို့ ရေးထားပါတယ်။ သူတို့နှစ်ယောက်ဟာကဗျာတွေကို တစ်ယောက်ဘာသာက တစ်ယောက်ပြန်တယ်။ နောက် ပူးတွဲရေးသားကြတယ်။ ဒရာကိုဘက်က ရုရှရုပ်ဝတ္ထုဝါဒီကဗျာအုပ်စု (Materialist Poets) နဲ့ လင်းဘက်က အယ်(လ)ကဗျာအုပ်စုကိုနှစ်ဦးစလုံး ဝင်ရောက်ခဲ့ကြတယ်။ တစ်ယောက်ဘာသာကို တစ်လှည့်စီလေ့လာရင်း သူတို့ရဲ့ ဆက်ဆံရေးဟာခိုင်မြဲလာတယ်။ ဒရာဂိုဟာ အယ်(လ)ကဗျာအုပ်စုဆီကို ရုရှကဗျာခေတ်ပေါ် အရေးအသားတချို့ကို တံတားထိုးပေးခဲ့တယ်လို့ ဂျက်ကော့အက်ဒမန်က ဆိုတယ်။ ဒီအုပ်စုနှစ်စုဟာ စိတ်ဝင်စားတဲ့ရသဟန်တူညီတာကိုလည်း တွေ့ရတယ် လို့ဆိုတယ်။ ဒီတော့ ရှေ့မှာရေးခဲ့တဲ့ ရောဘတ်ဖရော့(စ်) ကို လက်ခံပေးခဲ့တဲ့ရုရှကဗျာဟာ အခုတော့ အမေရိကဆီကို အလည်သွားသလို ဖြစ်ခဲ့တယ်။ ဒရာကိုဟာ ဘယ်လိုမျိုးလဲဆိုတာသိဖို့လိုလာပါတယ်။ ယူကရိန်းနွယ်ဖွား "ဒရာကို" ဟာ ၁၉၆၉ မှာ လီနင်ဂရက်ရဲ့ ရုပ်ရှင်၊သဘင်နဲ့ ဂီတအင်စတီကျုကို ရောက်တယ်။ ချာဆီ (Chasy) လို့ အမည်ရတဲ့ လီနင်ဂရက်ဂျာနယ်မှာကဗျာတွေရေးခဲ့သူဖြစ်ပြီး လီနင်ဂရက်အုပ်စု ကလပ်-၈၁ (Club-81) ကို ထူထောင်သူဖြစ်တယ်။ နာမည်ကျော်ဝေဖန်ရေးသမား ဗလာဒီဆလပ်ကူလာကော့(ဗ) (Vladislav Kulakov) လည်း အဲဒီအုပ်စုမှာ ပါဝင်ပတ်သက်လာပြီး သူတို့ရဲ့အရေးအသားတွေကို ရုရှပို့စ်မော်ဒန်ဆရာကြီးတစ်ဆူဖြစ်တဲ့ မီခေးအက်(ပ)စတိုင်း (Mikhal Epstein) ကတော့ မက်တာလစ်ကာဇင် (Metarcalism) လို့ ခေါ်ခဲ့တယ်။ ဒီမက်တာလစ်ကာဇင် အုပ်စုမှာတော့ ဗက်တာကရီဗူလင် (Viktor Krivulin) နဲ့ အလီနာရှာဗတ် (Elena Shvarts) တို့လည်း ပါဝင်ပြီး ရုရှခေတ်ပေါ်ကဗျာကို မာ့(စ်)ဝါဒလိုင်းများနဲ့ တည်ဆောက်သူတွေဖြစ်တယ်။ မက်တာကာလစ်ဇင်အုပ်စုနဲ့ ပတ်သက်ပြီး ဝေဖန်ရေးဆရာ ကူလာကော့(ဗ)ရဲ့ အလိုအရတော့“တိုက်ရိုက်စကားပြောခြင်းရဲ့ လုပ်နိုင်စွမ်းရည်ကို အလေးထားကာ ပို့စ်မော်ဒန်အခြေခံအတွေးအားဖော်ပြသောဟန် (An expression of general postmodernist thought with respect to the possibility of direct utterance) တစ်မျိုးပင်ဖြစ်သည်” ဟု ရေးသားခဲ့တယ်။ ဒါကြောင့်အယ်(လ)ပီကို လေ့လာရင်တော့ ရုရှ မက်တာကာလစ်ဇင် ကိုလည်း တီးမိခေါက်မိရှိသင့်တယ်လို့ ယူဆတယ်။
ဒီကဗျာရဲ့ ဖော်ပြပါစာပိုဒ်ထဲက စာသားတွေရဲ့အလိုအရတော့ ဆရာမ လင်း ရဲ့ ငယ်ဘဝဟာ လိင်ခွဲခြားမှု သတ်မှတ်ထားတဲ့ ဝန်းကျင်မှာ ကြီးပြင်းလာတယ်။ နောက်တော့ မိန်းခလေးတွေမှာ ရှိသင့်တဲ့ ဖက်ရှင်တို့ အလှတရားတို့ စတာတွေကို သိလာတယ်။ ဒီစာပုဒ်မှာတော့ ဆရာမဟာ လိင်ခွဲခြားမှုပြယုဂ်များ (gender identification) နဲ့ နမိတ်ပုံသင်္ကေတတွေသုံးပြီးစာဖတ်သူကို အလုပ်များစေပါတယ်။ မိန်းခလေးငယ်တစ်ဦး (the girl)၊ သဲထဲမှာ မှောက်လျက်လဲလျောင်း (lying prone in the sand) တို့ဟာ အနက်အဓိပ္ပါယ်ကိုယ်စားပြုစကားလုံး (metonymically) (ရှင်းလင်းချက်အား နောက်တွင်ရေးပါမည်။) သုံးနှုန်းခြင်းကို ဖြစ်စေကာသူမဘေးရှိ ကျင်ငယ်စွန့်နေသော ခလေးရုပ်နဲ့သွားပြီး ချိတ်ဆက်ပါတယ်။
Metonymy
“အရာဝတ္ထုဖြစ်စေ၊ မြို့ဖြစ်စေ၊ လူဖြစ်စေ မည်သည်ကိုမဆို မူလ အမည်နာမမဟုတ်ဘဲ အခြားအမည်တစ်မျိုးဖြင့် ခေါ်ဝေါ်သမုတ်ကာ မူလ အဓိပ္ပါယ်မပျောက်ပျက်အောင် သုံးနှုန်းသည်ဟုဆိုလိုသည်။” လို့ အဘိဓါန်တွေမှာ ဖော်ပြတယ်။
မူလအမည်ကို ပထမအမည်ဟု ဆိုပါစို့။ ဒုတိယအမည်ကိုခေါ်ဆိုပါက ပထမအမည်ကဲ့သို့ ရှင်းရှင်းလင်းလင်း မြင်ယောင်ရမည်ဟု ဆိုသည်။ ဒီ “မီတိုနေးမီး” (Metonymy) ဆိုတဲ့ စကားလုံးဟာ မူရင်း ဂရိဘာသာစကားက ဆင်းသက်လာပြီး နာမည်ပြောင်းခြင်းတစ်ခု (A Change of Name) လို့ အဓိပ္ပါယ်ရပါတယ်။ တင်စားချက်ဖြစ်တဲ့ “မက်တာဖေါ” အသွင်ကွဲတစ်မျိုးပါပဲ။
ဥပမာအားဖြင့် ဟောလီးဝုဒ် လို့ ကျွန်တော်တို့ခေါ်နေတာက တကယ်တော့ အမေရိကန် ရုပ်ရှင်လုပ်ငန်းကိုဆိုလိုတာဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့က “ဟောလီးဝုဒ်” လို့ပဲ ခေါ်ကြတယ်။ ဟောလီးဝုဒ်ဟာ အမေရိကန်ရုပ်ရှင်လောကရဲ့ ကိုယ်စားပြုစကားလုံးဆိုတာ လူတိုင်းသိကြတယ်။ ဘာသာဗေဒမှာပုံမှန်အသုံး သို့မဟုတ် အဓိပ္ပါယ်က ပိုမိုနက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေကို အထူးပြုပေးရင်တော့“အထူးပြုစကားအသုံး” (Figure of Speech) လို့ ခေါ်ပါတယ်။ ကဗျာမှာ “Figure of Speech” (Rhetorical Figure) ဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါ။ အခြား အဓိပ္ပါယ်တစ်မျိုး၊ အထူးပြုအဓိပ္ပါယ်တစ်မျိုးဖြစ်အောင်ပေါင်းစပ်တီထွင်ပြီး စကားလုံးတွေကို သုံးတယ်လို့ အကျဉ်းအဓိပ္ပါယ်ဖွင့်လို့ရပါတယ်။ အခုပြောတဲ့ကိုယ်စားပြုစကားလုံး (Metonymy) ဆိုတာလည်း “Figure of Speech” ထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်။ဗြိတိန်က ပါလီမန်ကိုတော့ ဝက်(စ)မင်စတာ (West Minster)လို့ ခေါ်ပါတယ်။ ဒီနေရာမှာတော့ရှေ့ကကျွန်တော်တို့ သိပြီးဖြစ်တဲ့ နှိုင်းယှဉ်တင်စားမှု (မက်တာဖေါ) နဲ့ ဘာများကွာသလဲဆိုတာကို သိဖို့လိုလာပါတယ်။ မက်တာဖေါကတော့ မတူတဲ့ ဒိုမိန်းအစု နှစ်စုကို နှိုင်းယှဉ်တင်စားပြီးသုံးစွဲတာဖြစ်တယ်။
ဥပမာဆိုပါတော့ “crown” ဆိုတဲ့ သရဖူဟာ အချုပ်အခြာအာဏာ (ဝါ) ရှင်ဘုရင်ဖြစ်ပြီး“press” ကတော့ ပုံနှိပ်လုပ်ငန်း၊ သတင်းပို့လုပ်ငန်းပါ။ ဒီတော့ crown (သရဖူ) လို့ ဆိုလိုက်ရင်ဘုရင်ကို ဆိုလိုတယ်။ အချုပ်အခြာအာဏာစက် ပိုင်တာကို ဆိုလိုတယ်။ Press လည်း ဒီလိုပဲ။ရေးသူဟာ တခြားအဓိပ္ပါယ်နဲ့ ခိုင်းနှိုင်းမသုံးချင်တော့ သူနဲ့လုံးလုံးတူတဲ့ နာမ်ကိုပဲနာမ်လဲလိုက်တယ်။ ဒါက Metonymy ဖြစ်တယ်။
စာလုံးတစ်လုံးစီအပြင် ဒိုမိန်းတူပြီး နာမ်ကွဲတဲ့ Metonymy လည်း ရှိပါသေးတယ်။ စကားစုတစ်ခုဖြစ်တဲ့ ပုလဲမျှားရန် (to fish pearls) ကိုကြည့်ပါ။ ငါးမျှားခြင်း (fishing fish) နဲ့ ပုလဲမျှားခြင်း (Fishing Pearls) ဟာ ဒိုမိန်းဖြစ်တဲ့ fishing နဲ့တူတယ်။ ပင်လယ်ဘေးထိုင်ပြီး ပုလဲပဲမျှားမျှား၊ ငါးပဲမျှားမျှား မျှားချင်တာမျှားလို့ရတယ်။ ဖတ်သူဟာ fishing ဆိုတာနဲ့ ပင်လယ်ရယ်၊ ရေရယ်၊ မျှားခြင်းရယ် တွဲပြီးမြင်ပြီးသားပဲ။“fishing” ဆိုတာနဲ့ ပင်လယ်ထဲက တစ်စုံတစ်ခုကို ထုတ်ယူနေတာဆိုတဲ့ ဒိုမိန်း တစ်ခုပဲရှိတယ်။ ဒါပေမယ့် မက်တာဖေါ စကားစုဖြစ်တဲ့ “fishing for information” ဆိုရင် သတင်းအချက်အလက်အတွက်မျှားခြင်းလို့ အဓိပ္ပါယ်မသက်ရောက် တော့ဘူး။ ဒီနေရာမှာ Fishing ဟာ မျှားတာမဟုတ်တော့ဘူး။ မျှားခြင်းဒိုမိန်းမှာ ရှိမနေတော့ဘူး။ စောင့်နေတာ၊ မျှော်နေတာလို့ အဓိပ္ပါယ်ရတယ်။ Fishing ဟာ နောက်ဒိုမိန်းတစ်ခုစီရောက်သွားတယ်။ အဓိပ္ပါယ်မူရင်း ပြောင်းသွားတယ်။ ဒါကိုမက်တာဖေါ လို့ခေါ်တယ်။ အဓိကပြောချင်တာက Metonymy ဟာ ဆင်တူတာကို (similarity between) ဆိုတာမဟုတ်။ လုံးလုံးတူတဲ့ နောက်အဓိပ္ပါယ်တစ်မျိုး ဖြစ်တယ်။
“ပေကျင်း” ဟာ တရုတ်အစိုးရကို ကိုယ်စားပြုပြီး “ဝါရှင်တန်” ဟာအမေရိကန်အစိုးရကို ကိုယ်စားပြုတယ်။ ဒါကြောင့် နိုင်ငံတကာသတင်းတွေမှာ မြို့အမည်နဲ့ပဲကြေငြာတာများတာကို သတိထားမိလိမ့်မယ်။ ငွေကြေး၊ စီးပွားရေးနဲ့ ပတ်သက်ရင် ဝေါစထရိ (Wall Street) ကို သုံးလေ့ရှိတယ်။ ဒါကတော့ “metonymy” ရဲ့ အသွင်ကွဲတစ်မျိုးဖြစ်တဲ့ တိုပိုနမ(စ) (Toponyms) ပဲ ဖြစ်ပါတယ်။ အရေးပါတဲ့ လက်ထောက်တွေကို လက်များ (Hands) လို့ခေါ်ပြီး ခေါင်းဆောင်ကို ဦးခေါင်း (Head) လို့ ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ဒေသနဲ့ ခေါ်ဝေါ်တာကိုတော့ ဆင်နက်ဒိုဂျီ (Synecdoche) လို့ ခေါ်ပြန်တယ်။ ဒါလဲ အသွင်ကွဲတစ်မျိုးပါပဲ။ ပန်တဂွန် (The Pentagon) ဆိုတာ အမေရိကန်ရဲ့ စစ်ရေးကို ဦးဆောင်ဦးရွက် ပြုနေတဲ့ နေရာကို ဆိုလိုတာဖြစ်ပြီးအိမ်ဖြူတော် (The White House) ဆိုတာက အမေရိကန် သမ္မတကြီး'နဲ့ ဝန်ထမ်းတွေကို ဆိုလိုတယ်ဆိုတာသိရမယ်။
- Ref: Speaking and Thinking with Metonymy in Pattern and Process by Gibbs, Jr.Raymond W.
- ဇော်ဇော်ထွန်း