ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

သံဖြန်နှင့်ခွန်းထောက်

ဒွေးချိုး/တြိချိုး/လေးချိုး တို့ ကို သံဖြန် (သဖြန်) ဟုလည်းကောင်း ၊ ခွန်းထောက် (ကွန်းထောက်) ဟု
လည်းကောင်း l သဖြန်ပုလဲပေါက် ဟုလည်းကောင်း ခေါ်လေ့ရှိပါတယ် ။ သီဆိုတီးမှုတ်ရာမှာ အသုံးပြုတဲ့
အရာဋ္ဌာနကိုလိုက်ပြီး ခွဲခြားခေါ်ကြတာပါ။

သံဖြန်

ပတ်ပျိုး/ယိုးဒယား စတဲ့ရှေးနန်းတွင်းမဟာဂီတ သီချင်းကြီးများကို သီဆိုတီးမှုတ်ပြီးတဲ့အခါ အသံကို
ပြန်ဖြေတဲ့သဘောနဲ့ ထည့်သွင်းသီဆိုလေ့ရှိတာကြောင့် သံဖြန်လို့ ခေါ်ရခြင်းဖြစ်ပါတယ်။အချို့ က သဖြန်
လို့ လည်း ခေါ်တာကိုတွေ့ ရပါတယ် ။ ဥပမာ -

မြဝတီမင်းကြီးရဲ့ စိန်ဝေလျှံ ပတ်ပျိုး အဆုံးမှာ __

လွမ်းစေဖို့ ကြုံ
နေအရုဏ် ရောင်ခြည်ဆို့ ပါလို့ 
ပြန်စို့ ဘုံနန်း ။

မျှော်လည်း အိုင်ကုဏ္ဌာက
ရွှေကြာကို လေပြေသွဲ့ တယ်
ဖော်မဲ့သူပန်း ။    ။

ခွန်းထောက်

နှစ်ပါးသွားကတဲ့အခန်းမှာ လူရွှင်တော်ကအထောက်အကြို နှုတ်ခွန်းဆက်တဲ့ သဘောနဲ့ အချိုးတစ်ခုခုကို
သီဆိုကြတာကြောင့် ခွန်းထောက်လို့ ခေါ်ကြပါတယ်။ တစ်ချို့ ဇာတ်သဘင်တွေမှာ ခရီးလမ်းမှာ မင်းသားနဲ့ 
မင်းသမီးတို့ ယာယီသစ်ခက်တဲနန်းဆောက်ပြီး တစ်ထောက်နားနေတုန်း အမောပြေ သီဆိုကြတာမို့
ခွန်းထောက်အစား ကွန်းထောက်လို့ လည်း ခေါ်ကြတယ်လို့ ယူဆကြပါတယ်။

ဥပမာ - အချို့ ဇာတ်သဘင်တွေမှာ မင်းသားနဲ့ မင်းသမီးတို့  တောစခန်းမှာ ခေတ္တစခန်းချနေတုန်း
လူရွှင်တော်လက်စွဲ တွေက အောက်ပါကဲ့သို့ ခွန်းထောက်လေးချိုးကို သီဆိုပြီး နှုတ်ခွန်းဆက်လေ့
ရှိပါတယ် -

ရေယဉ်ဖြာ ရစ်လာသန်းပါလို့ 
နေရဉ္စရာ မြစ်သာကမ်းပေထင့်
စိမ့်စမ်းရယ်က အထွေထွေ ။

မှန်းမဆုံးပါကလ
ဆွမ်းလုံးလို ကျောက်သလုံးတွေက
(ကွယ်)ရွှဲစိလို့ နေ ။

ပြုခါခါ သဒ္ဓါတတ်ပါပေ့
သုဇာတာ ကနတ်ကယ်တို့ 
ဂဏှာမြတ် ဆွမ်းနို့ မွှေ
တို့ ဘုန်းဝေတဲ့ ဘုရား ။

သုံးတဲ့နေရာ
ခွက်သိင်္ဂီရတနာနှင့်
လုပ်အာကို ဗုဒ္ဓါဆေးခဲ့တယ်
(အိုဗျာ)ရှေးဋ္ဌာနလား ။    ။

- နေဘုန်းမိုရ်