- They call their clubs batons.They call their committees clubs
(သူတို့ဟာ သူတို့ရဲ့ လက်ကိုင်တုတ်များကိုနံပါတ်တုတ်များဟု ခေါ်သည်။ သူတို့ဟာ သူတို့ရဲ့ ကော်မတီများကို လက်ကိုင်တုတ်များ ဟုခေါ်သည်။)(တီးဝိုင်းခေါင်းဆောင် ကိုင်တဲ့တုတ်ကိုလဲ baton လို့ ခေါ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကနံပါတ်တုတ်လို့ပဲ အနက်ဖွင့်တယ်)
-There were bayonets on campus, cows in India, people shoplifting books.I just wanted to make it to Lunch time.
ကင်းဗတ်စပေါ်မှာ လှံစွပ်ဓါးများရှိခဲ့သည်။ အိန္ဒိယမှနွားများ၊ လူများက စာအုပ်များကို စီးပွားဖြစ် ခိုးယူသည်။ ကျုပ်က အဲဒီအရာကို နေ့လည်စာစားချိန်အဖြစ် ဖန်တီးချင်ယုံလေးပါ…..ဆိုတဲ့စာသားတွေပါ။
ရွန်ဆီလီမန်ရဲ့ အော်ဘနေကို အခြားသော အယ်ပီကဗျာသုံးပုဒ်နဲ့ မာဂျိုရီဟာ နှိုင်းယှဉ်ခိုင်းပါတယ်။ ဒီနေရာမှာ ဆောင်းပါးရှင် မာဂျိုရီကအောဘနေဟာ တစ်သီးပုဂ္ဂလအမှတ်အသား (Individual Signature) ရှိရဲ့လား ဆိုတဲ့ မေးခွန်းကိုစာဖတ်သူအား ပြန်မေးပါတယ်။ သူ ယှဉ်တွဲပြတဲ့ အယ်ပီကဗျာသုံးပုဒ်ကတော့ လက်စလိုင်း စတားလာပီနို (Leslie Scalapino)ရဲ့ ဟမ်း (hmmm) (Considering how exaggerated music is) မှ၊ မိုက်ကယ်ပါးမားရဲ့အော်တိုဘိုအိုဂရမပ်ဖီ (Autobiography-At Passages) နဲ့ ဘာရန့်ဝပ်တန် (Barrett Watten) ရဲ့ဖရိန် (Frame.1971-1990) တို့ ဖြစ်တယ်။ ဂျိုမာရီ ယှဉ်ပြတဲ့ ကဗျာသုံးပုဒ်ကို ဖတ်ပြီးရင်တော့ခင်ဗျားဟာ အယ်ပီရဲ့ အမှတ်အသား (Signature) ကို သဘောပေါက်လာနိုင်တယ်။
Hmmm
(1) How was I to know that the woman, seated next to me on the bus,
would, when the bus lurched, just appear to lose her balance,
and, as if to keep herself from swaying, would take hold of my arm
with her hand so that pressing me between her finger and thumb
she pinched my arm. Though I believed (looking at her sideways,
and seeing only that her lips were parted slightly, with her snout
breathing softly) that during the two or three minutes
in which this pain lasted, she was saying(or at least I imagined so
from the length of time that she held on to my arm
before releasing me) I wish that I could make you yelp just once.
Hmmm
ကျုပ်ဘယ်လိုလုပ်ပြီး သိနိုင်ခဲ့မလဲ အဲဒီမိန်းမ၊ဘစ်ကားပေါ်မှာ ကျုပ်နဘေးကို ဝင်ထိုင်ခဲ့တာ၊
ဘစ်(စ)ကားရပ်တော့၊
သူမရဲ့ ဟန်ချက်ပျက်ပုံပေါ်ခဲ့တာ နှင့်အတူ၊ အဲဒီကို ယိမ်းသွားရာက သူမကိုယ်သူမ ထိန်းနိုင်ဖို့၊
သူမရဲ့ လက်နဲ့ကျုပ်လက်မောင်းကို လာကိုင်မယ်ပေါ့ ဒါကြောင့်ပဲ ကျုပ်ကို သူမရဲ့လက်ချောင်းနဲ့ လက်ညှိုးများဟာဖိကာ သူမဟာ ကျူပ်လက်မောင်းကို ဖျစ်ညှစ်ခဲ့ပေါ့။ သို့သော်လည်း ကျုပ်အထင် ပြောရရင်ဖြင့်(သူမရဲ့ ဘေးတိုက်အနေအထားများကို ကြည့်ရင်းနှင့်အတူ သူမရဲ့နှုတ်ခမ်းများက အနည်းငယ်ပွင့်ဟနေခဲ့ပုံကိုငေးရင်းနဲ့ သူမရဲ့နှာသီးဖျားအသက်ကို ဖြည်းညှင်းစွာရှုနေပုံ) နှစ်မိနစ် သုံးမိနစ်လောက်အတွင်းဒီနာကျင်မှုလေး ရှိနေခိုက်၊သူမပြောနေခဲ့တာ (သို့တည်းမဟုတ် ကျုပ်စိတ်ကူးနေခဲ့ချိန်ဟာသူမကျုပ်လက်ကို
ဆုပ်ကိုင်ခဲ့ချိန်က နဲ့ ပြန်မလွှတ်သေးခင် အချိန်လေးအထိ) တစ်ခေါက်လောက်လေးများငါဟာ မင်းကို ငိုအောင်လုပ်နိုင်ဖို့ ဆန္ဒပြုပါတယ် ဆိုတာကိုပေါ့။
(Leslie Scalapino) ရဲ့ဟမ်း (hmmm)
(Considering how exaggerated music is) မှ…
စကာလာပီနိုရဲ့ ကိုးကြောင်းတစ်ပါဒ ကဗျာဟာ မြင်းကွင်းရှုထောင့် (Angle of vision) တစ်ခုပါပဲလို့ မာဂျိုရီက ဆိုပါတယ်။ ဆီလီမန်ရဲ့ ဖြတ်ညှပ်စကားပြေ (collage prose) နဲ့သိသာစွာ ကွဲပြားပါတယ်။ ဇာတ်ကြောင်းပြောသူ (narrative) ဟန်နဲ့ ရေးတဲ့ဒီကဗျာဟာ သူဘာလုပ်ခဲ့တယ်ဘာဖြစ်ခဲ့တယ်ဆိုတာကို အသိပေးရုံ သက်သက်ပါပဲ။ ဘယ်ကမှန်းမသိတဲ့ မိန်းမတစ်ယောက်ဟာ စာရေးသူရဲ့နံဘေးကို ဝင်ရောက်ထိုင်တဲ့ စာကြောင်းမှာ စာကြောင်းအားလုံးဟာ ပုံမှန်အဆိုတွေ ဖြစ်ပေမယ့်အမျိုးသမီးဟာ (တစ်ခေါက်လောက်လေးများ ငါဟာမင်းကိုငိုအောင်လုပ်နိုင်ဖို့ ဆန္ဒပြုပါတယ်) ဆိုတဲ့ တီးတိုးရွတ်ဆိုမှုအတွက် ဘာမှရှင်းလင်းပြောပြမထားပါဘူး။ Snout ဆိုတဲ့ နှာသီးဖျား စကားလုံးကို ပုံမှန်တော့ တိရိစ္ဆာန်တွေမှာ သုံးတဲ့အသုံးကိုကဗျာရေးသူက ဘာကြောင့် ရွေးသုံးရသလဲဆိုတဲ့ မေးခွန်းမျိုးကို ဝေဖန်သူ မာဂျိုရီက မေးပါတယ်။ မာဂျိုရီရဲ့ အလိုအရတော့ ဒီကဗျာဟာ မိန်းမတစ်ယောက်အကြောင်းရေးချင်တာ မဟုတ်ပါဘူးတဲ့။ ဒီကဗျာမှာ ဖေါ်ပြချင်တာက ရေးသူရဲ့ပုံမှန်မဟုတ်တဲ့ စိတ်အနေအထားပါပဲတဲ့။ မိုက်ကယ်ပါးမားရဲ့ စာကြောင်းကဗျာ (Lineated Poem) တစ်ပုဒ်ဖြစ်တဲ့ အော်တိုဘိုင်အိုဂရပ်ဖီ ကို ကြည့်ရအောင်။
Autobiography
A and Not-A are the same.
My dog does not know me.
Violins like dreams, are suspect.
I come from Kolophon, or perhaps some small island.
The strait has frozen, and people are walking--a few skating-- across it.
On the crescent beach, a drowned deer.
A woman with one hand, her thighs around your neck.
The world is all that is displaced.
Apples in a stall at the street corner by the Bahnhof, pale yellow to blackish red.
Memory does not speak.
Shortness of breath, accompanied by tinnitus.
Autobiography
A နှင့် A မဟုတ်ခြင်းသည် အတူတူပင်ဖြစ်သည်။
ကျွန်ုပ်၏ခွေးသည် ကျွန်ုပ်အားမသိပါ။
တယောများသည် အိပ်မက်များကဲ့သို့သံသယများဖြစ်သည်။
ကျွန်ုပ်သည်ကိုလိုပွန် ဒါမှမဟုတ်သေးငယ်သောကျွန်းတစ်ချို့မှလာသည်။
ရေစက်ကြားကအေးခဲ့ပြီးခြင်းနှင့်အတူ တစ်ချို့လူများလမ်းလျောက်ကြ…တစ်ချို့၊ စကိတ်စီးကြ…ထိုအရာအားဖြတ်၍။
ပစောက်ပုံပင်လယ်ကမ်းခြေ၊ ရေနစ်ဒရယ်တစ်ကောင်။
လက်တစ်ဖက်သာရှိသောမိန်းမတစ်ယောက်၊ သူမ၏ပေါင်တံများ သင့်လည်ပင်းပေါ်တွင်
ပတ်လျက်
ကမ္ဘာကြီးဟာအစားထိုးခံရတဲ့အရာအားလုံး။
ဘန်ဟွတ်ကြောင့်လမ်းထောင့်ရှိစတိုထဲကပန်းသီးများ အဝါဖျော့ဖျော့မှ အနီရင့်ရင့်အဖြစ်သို့။
မှတ်ဥာဏ်သည် စကားပြော၍မရပါ။
အသက်ရှုမှု၏တိုတောင်းခြင်း၊ နားထဲတဝီဝီမြည်မှုကြောင့်ရရှိခဲ့။
- မိုက်ကယ်ပါးမား ( Michael Palmar )
(From At Passages)
မိုက်ကယ်ရဲ့ အော်တိုဘိုင်အိုဂရပ်ဖီကို မိုက်ကယ်က အဆိုတစ်ခုနဲ့ စရေးပါတယ်။ ဒါကတော့ (A and Not-A are the same) ပါပဲ။ A နှင့် A မဟုတ်ခြင်းသည် အတူတူပင်ဖြစ်သည်ဆိုတာကေ ရှ့မှာ ပြောခဲ့တဲ့ ဆရာမကြီး ဂါထရုစတိုင်း (GertrudeStein) တို့ရဲ့ Rose is only a rose ဆိုတဲ့ထပ်တူ ညီ ဥပဒေကို ဆန့်ကျင်ဘက် ရေးခြင်းပါပဲ။ ဒုတိယစာကြောင်းကလည်း ဆရာမကြီးဂါထရုစတိုင်းရဲ့အဆိုကို ဆန့်ကျင်ပါတယ်။ ဂါထရုစတိုင်း က ထင်ရှားတဲ့ အဆိုတစ်ခုကို ရေးသွားပါတယ်။ အဲဒါကတော့(I am I because my little dog knows me) ကျွန်ုပ်သည်ကျွန်ုပ်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်အား ကျွန်ုပ်ခွေးငယ်ကလေး သိသောကြောင့်ဖြစ်သည်။ ကျွန်ုပ်အား မသိဟုဆိုသည်မှာ I am nothing ကျွန်ုပ်သည် ဘာမှမဟုတ်ဟု ဆိုသည့် ဝေဖန်သူ မာဂျိုရီက မှတ်ချက် ချပါသည်။ မာဂျိုရီကမကျေနပ်နိုင်သေးပါဘူး။ နောက်တစ်ပုဒ်ဖြစ်တဲ့ မြို့ပြဝန်းကျင်များ (City Fields)ကို ဖတ်ခိုင်းပါတယ်။ ရေးသူ ကတော့ ဘာရန့်ဝပ်တန်ပါ။
City Fields
A man is standing in front of a window. In possession of
what he sees. A person becomes a lens on a room inside.
Then to walk into the room on sequent occasions. The
lights go down on the buildings outside. The window is
off the kitchen, the room is filled with people. Smoke
coming out of the cracks. What can he have. All words
resolve this matter like a huge weight balancing on a single
point. That point is in motion, verging from one word to
the next. A cyclone covers the surface of the ceiling with
wavering lines. The room fills in with fragments of their
talk. But a window is an opening to the outside. He is
contradicted in his rooms, imagining a better place to live.
မြို့ပြဝန်းကျင်များ (City Fields)
လူတစ်ယောက်သည်ပြတင်းပေါက်ရှေ့တွင် ရပ်လျက်ရှိသည်။
သူမြင်သမျှအားလုံးသူပိုင်မှုမှာ။
လူတစ်ဦးသည်အခန်းတွင်းရှိ မှန်ဘီလူး ဖြစ်လာသည်။
ထို့နောက်စဉ်ဆက်မပြတ် အခမ်းအနားများနဲ့ အခန်းထဲကို လျှောက်ရန်အတွက်။
အလင်းရောင်များအဆောက်အအုံ အပြင်ဘက်ကို ထိုးကျ။
ပြတင်းပေါက်ဟာမီးဖိုရဲ့အပြင်မှာ။
အခန်းဟာလူတွေနဲ့ ပြည့်နှက်။
အက်ကြောင်းများဆီကမီးခိုးများ ထွက်လာ။
သူဘာများရနိုင်သလဲ။
ဒီပြဿနာကိုစကားအားလုံး ဖြေရှင်းနေပုံက သေးငယ်တဲ့ အစက်ကလေးတစ်ခုပေါ် ကြီးမားတဲ့
ဝန်ကြီးဟန်ချက်ထိန်းရသလို့ပဲ။ အဲဒီအစက်ကလေးဟာလည်း လှုပ်ရှားမှုထဲမှာရှိပြီး၊ စကားလုံးတစ်လုံးက တစ်လုံးကို ဘောင်ခတ်ပေးနေတယ်။
ဆိုင်ကလုံးတစ်ခုသည်လှိုင်းကြွစာကြောင်းများဖြင့် မျက်နှာကျက်ပြင်အား ကာကွယ်ပေးသည်။ အခန်းသည် သူတို့၏ စကားအပြတ်အတောက်များဖြင့်ဖြည့်တင်းပေးသည်။
သို့သော်ပြတင်းပေါက်သည် အပြင်သို့ ရောက်ရန် ဟင်းလင်းပြင်တစ်ခုပင် ဖြစ်သည်။
သူဟာသူ့အထဲ၌ ခံရပြီး ၊ပိုကောင်းတဲ့ နေရာတစ်ခုအတွက် စဉ်းစားနေသည်။
- ဘာရန့်ဝပ်တန် (Barrett Watten)
ဒီတော့ ကျွမ်းကျင်ပြုသူမာဂျိုးရီပါလော့ (Marjorie Perloff) ဟာ အယ်ပီရဲ့ အသွားအလာနဲ့ ကဗျာဆရာတွေရဲ့ အမှတ်လက္ခဏာများကိုစောင့်ကြည့်နေသူဖြစ်ပြီး မတူတဲ့ရေးဟန် (Signature) ကို အကဲဖြတ်သူ တစ်ယောက်ပဲ ဖြစ်တယ်။ မာဂျိုရီရဲ့ အခြားသော ကျမ်းငယ်တစ်ခုမှာတော့ ရွန်ဆီလီမန် (Ron Silliman) ရဲ့ ဆည်းဆာအကြွင်းများ (Sunset Debris) ကို ခွဲခြမ်းပြဖို့ ကြိုးစားခဲ့တယ်။
မေးခွန်းများနှင့်ဆည်းဆာအကြွင်းများ
ဆည်းဆာအကြွင်းများ (Sunset Debris) ဟာ စာမျက်နှာ သုံးဆယ်ပါရှိတဲ့ မေးခွန်းချည်းသက်သက် ရေးထားတဲ့စာသား (text)များပါ။ ရေးသူ ရွန်ဆီလီမန်ဟာ စာကြောင်းတိုင်းကို မေးခွန်းများနဲ့ တည်ဆောက် ထားပါတယ်။ ရှေ့ကလေ့လာခဲ့တဲ့ အော်ဘနေဟာ SimpleDeclarative Sentence ရိုးရိုးဖွင့်ဆိုဝါကျများ ပါတဲ့ ဖြတ်ညှပ်ကဗျာ (Collage) အမျိုးအစားဖြစ်ပြီး ယခု ဆည်းဆာအကြွင်းများကတော့ မေးခွန်းများဖြစ်သော ဝါကျ (Interrogative Sentence) များနဲ့တစ်ပုဒ်လုံး စာမျက်နှာ သုံးဆယ်လုံး ရေးထားတာပါ။ (အမေးဝါကျ (Interrogative Sentence) မှာ အမျိုးအစားခွဲ သုံးမျိုး ပါဝင်ပါတယ်။ အဲဒါတွေကတော့ -
- ဟုတ်တယ်\မဟုတ်ဘူးဆိုတဲ့အဖြေကိုတောင်းတဲ့ Yes/No Interrogative
- တစ်ခုကိုရွေးပြီးဖြေရတဲ့ AlternativeInterrogative၊
- အဖြေကိုတောင်းတဲ့ WH-Interrogative ဆိုပြီး သုံးမျိုးရှိပါတယ်။
ဆီလီမန်ကတော့ Yes/No Interrogative တွေကိုချည်း အများဆုံးသုံးသွားပါတယ်။ ဒါက ဆည်းဆာအကြွင်းရဲ့ ထူးခြားမှု ဖြစ်သလို လက္ခဏာ (Signature) လည်းဖြစ်ပြန်တယ်။ မာဂျိုရီက ဒီကဗျာဟာ စကားပြေကဗျာ (Prose Poem) အမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။ စကားပြေဆန်ဆန် မေးခွန်းတွေချည်း ရေးထားလို့ပါ။ ပထမဦးဆုံး မေခွန်း လေးဆယ့်လေးခုပါ အပိုဒ်နဲ့ ”ဆည်းဆာအကြွင်းများ”ကို ဆီလီမန်က စဖွင့်ပါတယ်။
ဆည်းဆာအကြွင်းများ Sunset Debris
Can you feel it? Does it hurt? Is this too soft? Do you like it? Do you like this? Is this how you like it? Is it airight? Is he there? Is he breathing? Is it him? Is it near? Is it hard? Is it cold? Does it weigh much? Is it heavy? Do you have to carry it far? Are those the hills? Is this where we get off? Which one are you? Are we there yet? Do we need to bring sweaters? Where is the border between blue and green? Has the mail come? Have you come yet? Is it perfect bound? Do you prefer ballpoints? Do you know which insect you most resemble? Is it the red one? Is that your hand? Want to go out? What about dinner? What does it cost? Do you speak English? Has he found his voice yet? Is this anise or is it fennel? Are you high yet? Is your throat sore? Can’t you tell dill weed when you see it? Do you smell something burning? Do you hear a ringing sound? Do you hear something whimpering, mewing, crying? Do we get there from here?
သင်အဲဒီအရာကို ခံစားနိုင်ပါသလား။ ထိုအရာသည် နာကျင်ပါသလား။ ဤအရာကို သင်ကြိုက်ပါသလား။
သင်အဲဒါကို ကြိုက်တယ်ဆိုတာ ဒါမျိုးလား။ ဤအရာသည် အမှန်လား။ သူအဲဒီမှာလား။ သူအသက်ရှူနေလား။ သူလား။ နီးလား။ မာလား။ အေးသလား။ အလေးချိန်များလား။ လေးသလား။ အဝေးကိုသယ်သွားမလား။ တောင်ကုန်းတွေလား။ ဒီအရာဟာငါတို့ဆင်းဖို့လား။ သင်ကဘယ်တစ်ယောက်လဲ။ ငါတို့အခုအဲဒီမှာလား။ ငါတို့ဆွယ်တာတွေယူသွားဖို့လိုသလား။ အပြာနဲ့အစိမ်းရဲ့နယ်နိမိတ်ဟာဘယ်မှာလဲ။ မေးလ်စာရောက်ပြီလား။ ဒါဟာပြည့်စုံတဲ့ဘောင်လား။
ဘောပွိုင့်တွေကိုကြိုက်လား။ ဘယ်အင်ဆက်တွေကိုကြိုက်သလဲဆိုတာ ကိုယ့်ဟာကိုယ်သိလား။
အဲဒါအနီရောင်တစ်ခုလား။ ဒီဟာကသင့်လက်လား။ အပြင်ထွက်ချင်ပြီလား။ ညစာအတွက်ရော။ ဘယ်လောက်ကျသလဲ။ အင်္ဂလိပ်လိုပြောသလား။ သူ့အသံကိုအခုပြန်တွေ့ပြီလား။ အီဂျစ်အစေ့မွေးပင်လား၊
ပန်းမွေးပင်လား။ မွေးတဲ့အလေ့ကျပေါက်ပင်ကိုတွေ့ရင်မပြောနိုင်ဘူးမဟုတ်လား?။ သင်အခုမြင့်ပြီလား။
ဒါသင့်လည်ချောင်းနာလား။ တစ်ခုခုလောင်နေတဲ့အနံ့မျိုးရသလား။ ခေါင်းလောင်းမြည်တဲ့အသံမျိုးကြားသလား။ တစ်ခုခုတီးတိုးဆိုသံ၊ကြောင်အော်သံ၊ငိုကြွေးသံမျိုးကြားသလား။ ငါတို့ဒီကနေဟိုကိုရောက်ပြီလား။ - ရွန်ဆီလီမန် (Sunset Debris) မှ
ဒါက နေ့စဉ်သုံး ဘာသာစကားလို့လဲတချို့က မှတ်ချက်ပေးပါတယ်။ မာဂျိုရီရဲ့ အလိုအရကတော့ the language of every life ပါ။ ဒီနေရာမှာတော့ မေးခွန်းတွေပါတဲ့ သင် (you) ဆိုတာ ဘယ်သူလဲ? လူလား? သင်လား? ကဗျာရေးသူကိုယ်တိုင်လား? စသည်ဖြင့် မီးခိုးမဆုံး မိုးမဆုံး မေးခွန်းများ နောက်ကွယ်မှာ ရှိပါတယ်လို့လဲ ဆိုပါတယ်။ ဒါ့အပြင် Is he there? သူအဲဒီမှာလား Is he breathing? သူအသက်ရှူနေသလား Is it him? သူလား၊ စတဲ့ မေးခွန်းများထဲက (He) သူဟာ ဘယ်သူလဲလို့ တွေးစရာ ရှိနေပါ တယ်။ ဝေဖန်သူ ဝှစ်ဂျင်စတိန်း (Wittenstein) ကတော့ ဆီလီမန်ရဲ့ အမေးဝါကျတွေထဲက is တစ်လုံးတည်းပင်လျှင် အဓိပ္ပါယ်တစ်မျိုး ဖြစ်နေပါတယ်လို့ဆိုပါတယ်။ သူက is ဆိုတာ စာလုံးဟာ သုံးတဲ့အပေါ်မှာ မူတည်ပြီး တူညီသော (ဝါ) ညီမျှသော အမှတ်အသား ဒါမှမဟုတ် စရိုက်လက္ခဏာ (the sign of equality) ဖြစ်နိုင်သလို ဖြစ်တည်မှု အမှတ်အသား (the sign of existence) လည်း ဖြစ်နိုင်ပါတယ်လို့ ဆိုတယ်။ သူပေးတဲ့ ဥပမာကတော့ရှင်းပါတယ်။ The rose is red (နင်းဆီသည်အနီရောင်ဖြစ်သည်) ထဲက ”is”ဟာ ဖြစ်တည်မှု အမှတ်အသား (the sign of existence) ဖြစ်ပြီး (twice two is four) (နှစ် နှစ်ဆသည်လေးဖြစ်သည်) ထဲက ”is” ကတော့ ညီမျှသော အမှတ်အသား (sign of equality) ပါ။ ဘာပဲဖြစ်ဖြစ် ဆီလီမန်ရဲ့ ဆည်းဆာအကြွင်းဟာ ကျွန်တော်တို့ သုံးနေတဲ့နေ့စဉ်အမေးများကို ပြန်ပြီး မေးခွန်းထုတ်ထားတဲ့ ကဗျာပါပဲလို့ သူတို့ တစ်ညီတစ်ညွတ်ထဲမှတ်ချက်ပေးခဲ့တယ်။
အမေရိကန်ကျီးကန်း
ရွန်ဆီလီမန်ကို ၁၉၄၆ မှာ ပက်စကို (Pasco)၊ ဝါရှင်တန်မှာမွေးတယ်။ ဆန်ဖရန်စစ်စ္စကို စတိတ်ယူနီဗာစတီ (San Francisco State University) မာရိုက်ကောလိပ် (Merritt College) နဲ့ ယူနီဗာစတီး အော့ကယ်လီဖိုးနီးယားမှာ ၁၉၆၅ က ၁၉၇ဝ ထိတက်ရောက်ခဲ့တယ်။ နောက်ပိုင်းနှစ်တွေမှာ ဗီယက်နမ်စစ်ပွဲ ကူညီဖို့ ထွက်သွားခဲ့တယ်။ ကျောင်းတက်နေစဉ် ၁၉၆၀ တစ်ဝိုက်မှာတော့ သူ့ ကဗျာတွေကို အစဉ်အလာရှိတဲ့ကဗျာမဂ္ဂဇင်းတွေမှာ ဖော်ပြတာ ခံခဲ့ရတယ်။ Triquarterly တို့ Poetry Northwest တို့ South Riew တို့မှာ ပါဝင်ခဲ့တယ်။ ၁၉၇၁ မှာတော့ ပထမဦးဆုံးစာအုပ်ဖြစ်တဲ့ ကျီးကန်း(Crow) ကို ထုတ်ဝေပြီး ကမ်းနားဒေသကဗျာအုပ်စု (Bay Aera Poets) မှာ ပါဝင်ခဲ့တယ်။ အဲဒီနောက်မှာတော့သူတို့အုပ်စုဟာ ဘာသာစကား ကဗျာ (Languauge Poetry ) ရဲ့အုတ်မြစ်ချ သူ အဖြစ်အသိအမှတ်အပြု ခံရတယ်။ ဒီနေရာမှာတော့ ဘာသာ စကား ကို အခြေခံတဲ့ ကဗျာ အမျိုးအစားဆီ လုံးလုံးလျားလျား ဦးတည်သွားအောင် လုပ်ပစ်ခဲ့တာ ရွန်ဆီလီမန်လို့ တချို့ကဆိုပါတယ်။ နယူးယောက်မျိုးဆက် အုပ်စုတွေဟာ ဒီနေရာ ကိုရောက်ဖို့ အရွေ့တစ်ခုသာ ဖြစ်ပြီးရွန်ဆီလီမန်တို့ လက်ရာတွေကိုမှ တကယ့် Language Poetry လို့ ဆိုနိုင်ပါတယ်။ အဲဒီကမ်းနားကဗျာ အုပ်စုထဲမှာ LP ကိုရေးတဲ့ နာမည်ကြီး ရောဘတ်ဂရီးနီးယား (Robert Grenier) ဘာရတ်ဝါတန် (Barret Watten)၊ ရီအာမန်ထရောက် (Rae Armatrout)၊ ဒေဗစ်မဲလ်နစ် (David Melnick) တို့ပါဝင်တယ်။ ဆယ်စုနှစ် တစ်ခုအတွင်းကိုပြန်ကြည့်ရင် ကလပ်ကိုးဒဒရစ်(ဒ) (Clark Colidge)၊ လင်ဟေဂျနိယန် (Lyn Heijinian)၊ ချားလ်ဘန်စတိန်း ( Charles Bernstein) တို့ ဘောပီရယ်မန် (Bob Perelman) တို့ပါဝင်တယ်။ In the American Tree (၁၉၈၆) ထဲက ရွန်ရဲ့ကဗျာ တွေဟာ စာပေအရွေ့ (The Literary movement) တစ်ခု ဘာသာစကား ကဗျာ (LP) ဆီသို့ ကူးပြောင်းမှုကို စာဖတ်သူတွေ အထင်အရှားသိခဲ့ရတဲ့မှတ်တမ်းမှတ်ရာများလို့ ဆိုတယ်။ ရွန်ရဲ့ ၁၉၈၇ က ထုတ်ဝေခဲ့တဲ့ ဝါကျသစ် (The New Sentence - 1987) ဟာ LP ရဲ့ ခက်ခဲတဲ့မိမိကိုယ်ကို ဆန်းစစ်မှုကို ရောင်ပြန်ဟပ်စေတယ်လို့ဆိုတယ်။ အမေရိကန် ကဗျာအကယ်ဒမီ ကတော့ (Reflective of Language Poetry’s interest in critical self-examination ) လို့ရေးတာပဲ။ LP ဟာစကားပြေ ကဗျာ (Prose Poem ) ဘက်ကိုဦးတည်လာပြီး ပိုရှည်လျားတဲ့ ဖွဲ.စည်းပုံ ကို (Longer Formats) ကို ထောင်လာတယ်လို့ဆိုပြန်တယ်။ ၁၉၇ဝ ခုနှစ်များက စတင်ပြီး ရွန်ဟာ NGO အဖွဲ့အစည်းမှာ ဝင်ရောက် ကူညီပေးခဲ့တယ်။ သူတို့အဖွဲ့ဟာ အကျဉ်းကျခံရသူများနဲ့ ဝင်ငွေနည်းပါးသူများကို ကူညီပေးတဲ့အဖွဲ့အစည်းဖြစ်တယ်။ ဆန်ဖရန်စစ်စ္စကို ယူနီဗာစတီ (San Francisco State University)၊ စန်ဒီယေရိုမှာရှိတဲ့ ကယ်လီဖိုးနီးယား ယူနီဗာစတီနဲ့နယူးကောလိပ်အော့(ဖ)ကယ်လီဖိုးနီးယားမှာ ဆရာလုပ်ခဲ့တဲ့ ရွန်ဟာဒါရိုက်တာလူကြီးဖြစ်လာတယ်။ ဋ္ဌာနကတော့ (Development of the California Institute of Integral Studies) မှာပါ။ နှစ်အနည်းငယ်ကြာတော့ သြဇာကြီးတဲ့ ဆိုရှယ်လစ်ရီဗျူး (The Socialist Review) ဂျာနယ်မှာ အထူးအယ်ဒီတာ ဖြစ်လာတယ်။ ၁၉၇၄ ခုနှစ်ထဲက ရွန်ဟာကဗျာရှည်တစ်ပုဒ်ကို ရေးပါတယ်။ ခေါင်းစဉ်ကတော့ "Ketijak" ပါ။ "Ketijak Project" လို့ လူသိများပါတယ်။ အဲဒီ ပရောဂျက်မှာ အပိုင်းလေးပိုင်းဖြစ်တဲ့ 1) The Age of Huts. 2) Tjanting 3) The Alphabet 4) Universe တို့ပါဝင်တယ်။
သက္ကရာဇ် ၂ဝဝ၂မှာရွန်ဟာ ဆီလီမန်ဘလော့ခ် ဆိုပြီးဘလော့ခ် တစ်ခုကိုတင်ပါတယ်။ ကဗျာဆိုဒ် တွေကို ရွန်ရဲ့ ဘလော့ခ်ကို ဝင်ကြည့်သူဟာ တစ်နေ့ကို ငါးသိန်းလောက်ရှိတယ်ဆိုပဲ။ ရွန်ဟာ အကောင်းဆုံးအမေရိကန်ကဗျာ (Best America Poetry) ဆုကို နှစ်ခါ ရဖူးတယ်။ ၁၉၉၅ ကတည်းက ချက်စတာကောင်တီ (Chester Country)၊ ပင်ဆယ်ဗေးနီးယား (Pennsylvania) မှာနေထိုင်တာခုထိပါပဲ။
- ဇော်ဇော်ထွန်း