ဒွေးချိုးစပ်နည်းကို နားလည်ခဲ့ရင် မခဲယဉ်းပါဘူး။ ဒွေးချိုးစပ်နည်းမှာက ချီသံ(ဂရုသံ=တက်သံ) မှ စရပြီး
တြိချိုးမှာကျ ချသံ (လဟု= သက်သံ+နိမ့်သံ+တိုင်သံ)မှ စရပါတယ်။ ဒါကြောင့် ဒွေးချိုးနဲ့ တြိချိုးက ပြောင်း
ပြန်ပါ။ အလွယ်နည်းမှတ်ထားရင် [ဒွေးချီ/တြိချ] ပါ။ ဥပဒေသများ -
၁။ အချိုး(၃)ချိုး ရှိရပါမယ်။
၂။ ပထမ အခံအချိုးရဲ့ ပထမပါဒကို စာလုံးရေကန့် သတ်မထားပဲ ချသံနဲ့ ကာရန် စယူပါ ။ အတွင်းကာရန်
များတူရပါမယ်။
၃။ ပထမ အချိုးရဲ့ နောက်ဆုံးပါဒဟာ စာလုံး(၄)လုံးသာ ရှိရပြီး အဆုံးချကာရန်ကို ချီသံဖြင့် ဆုံးရပါမယ်။
ဒီအဆုံးချကာရန်ဟာ ၄င်းအထက်ကပါဒရဲ့ နောက်ဆုံးစာလုံးနဲ့  ကာရန်ချင်း တူရပါမယ်။
၎။ ဒုတိယ အချိုးကို အများအားဖြင့်စာလုံး(၃)လုံးဖြင့် စလေ့ရှိပြီး ၄င်းပါဒရဲ့ နောက်ဆုံးစာလုံးရဲ့ ကာရန်
ဟာ ပထမ အခံအချိုးရဲ့ အဆုံးချကာရန်နဲ့ ကာရန်ချင်းတူရပါမယ် ။ ဒါကြောင့်ပထမ အခံအချိုးရဲ့ အဆုံး
ချကာရန်ရယ်၊ သူ့ အထက်ပါဒရဲ့ နောက်ဆုံးစာလုံးရယ် ၊ ဒုတိယအချိုး ပထမပါဒရဲ့ နောက်ဆုံးစာလုံးရဲ့ 
ကာရန်တို့ ဟာ ချီသံဖြစ်ပြီးကာရန်ချင်းတူရပါမယ်။ ခွာထောက်ကာရန်ယူတယ်လို့ ခေါ်ပါတယ်။
၅။ ဒုတိယအချိုးရဲ့ အတွင်းကာရန်များတူရပြီး အဆုံးချပါဒကို စာလုံးကန့် သတ်မထားပဲ နောက်ဆုံးလုံးရဲ့
အဆုံးချကာရန်ကို ချသံဖြင့်ပိတ်ပါ။
၆။ တတိယအချိုးရဲ့ ပထမပါဒကိုလည်း စာလုံးရေကန့် သတ်မထားပဲ ချီသံကာရန်ဖြင့်စပါ။ အတွင်းကာရန်
များ တူရပြီး ချီ/ချ တစ်လှည့်စီ စပ်သွားပြီး အောက်ဆုံးအဆုံးချပါဒဟာ စာလုံး ၄ လုံးသာရှိရပြီး အဆုံးချ
ကာရန်ကိုလည်း ဒုတိယအချိုးရဲ့ အဆုံးချကာရန်အတိုင်း ကာရန်တူ ချသံဖြင့်ပိတ်ပါ။ ၄င်းအဆုံးချကာရန်
များသည် ချသံမှ အောက်မြစ်သံ/ဝသဇ္ဇနီသံများဖြစ်က ပိုသင့်ပါတယ်။ နမူနာလေ့လာကြည့်ရအောင်-
တပို့ (တွဲ)
ပေါက်(လဲ)တွေက ငုံစီ[စီ]
ဖူးတံက[ချီ] ။
သည်ရာ[သီ]
ဗာ[ဟီ]က { ပြောင်း } ။
ပျိုတို့ မောင်ရွှေရောင်(တွဲ)ငယ်နှင့်
ခါမမီ ယာယီ (ခွဲ)လို့ ရယ်
(လွဲ)ပေါ့သည်{ ဆောင်း } ။ ။
ပထမအချိုးမှ ပထမပါဒကို ချီသံ(တွဲ) ဖြင့် ကာရန်စယူဖွဲ့ ပါတယ်။ ဒုတိယပါဒကို ၄င်းနဲ့ ကာရန်တူ(လဲ)ဖြင့်
အတွင်းကာရန်တူယူကာဖွဲ့ ပါတယ်။ ၄င်းပါဒရဲ့ နောက်ဆုံးစာလုံး [စီ]ကိုချီသံဖြင့် ကာရန်ယူပါတယ်။
အောက်ဆုံးပါဒကို စာလုံး၎လုံးဖြင့်ဖွဲ့ ပြီး အဆုံးချကာရန် [ချီ]ကိုမူ အပေါ်ပါဒရဲ့နောက်ဆုံးစာလုံး[စီ]နဲ့
ကာရန်တူယူ၍ ပိတ်ပါတယ်။ ဒုတိယအချိုးမှ ပထမပါဒကို ပထမအချိုးမှအဆုံးချကာရန် [ချီ]ရယ်၊ ၄င်းအ
ထက်ပါဒရဲ့ နောက်ဆုံးစာလုံး [စီ]တို့ နဲ့ ကာရန်တူ ချီသံ [သီ] ကိုယူပြီးဖွဲ့ ပါတယ်။ ၄င်နဲ့ ကာရန်တူ [ဟီ]
ကို အတွင်းကာရန်တူ ဆက်ဖွဲ့ သွားတဲ့ အတွက် [စီ]/[ချီ]/[ သီ]/[ဟီ]တို့ ဟာတစ်ဆက်တည်းကာရန်တူ
တွေပါ။ (တြိချိုးကဗျာရဲ့အဓိကအသက်ပါပဲ။ တြိချိုးကဗျာဆိုတာနဲ့ ဒီနေရာကို တန်းကြည့်ပါ။သိသာပါတယ်။)
ပြီးနောက် ဒုတိယအချိုးရဲ့ ၄င်းအောက်ဆုံးပါဒဟာ စာလုံးရေ ကန့်သတ်ချက်မရှိပဲဖွဲ့ သွားပြီး အဆုံးချကာရန်
{ပြောင်း}ကိုချသံဖြင့်ပိတ်ထားပါတယ်။ တတိယအချိုးမှ ပထမပါဒကို ချသံ (တွဲ)ဖြင့်ကာရန်ယူ၍ အတွင်း
ကာရန်တူ (ခွဲ) ၊ (လွဲ) တို့ ကို ပါဒသုံးကြောင်းဆက်ကာရန်တူယူထားပါတယ်။ အောက်ဆုံးပါဒကို စာလုံး
၎ လုံးဖြင့်ဖွဲ့ ပြီး အဆုံးချကာရန်{ဆောင်း}ကို ဒုတိယအချိုးမှ အဆုံးချကာရန် {ပြောင်း}နဲ့ ကာရန်တူပိတ်ထား
ပါတယ် ။"ငယ်နှင့်" ၊ "လို့ ရယ်" တို့ ဟာ စကားဆက်များဖြစ်ပါတယ်။ စာလုံးရေကန့်သတ်ပါဒများနဲ့ စည်း
မျဉ်းခံပါဒများမှလွဲ၍ ကျန်ပါဒများကို စကားဆက်ပါဒလင်္ကာရ များနဲ့ ဆက်စပ်ဖွဲ့ နိုင်ပါတယ်။
နမူနာများလေ့လာကြည့်ပါ-
ရွှေဗဟိုရ် စည်သံ(များ)ကိုလ
မ( ကြား) ရ ကြာချေ [ ပြီ ]
လေးလရာ [ သီ ] ။
တိုင်းဌာ[ နီ ]
မဟုတ်ကယ်ပါ[ ပြီ ] {လို့ } ။
ကြက်သံကို ဗဟိုရ်(ပြု)ရတယ်
တော(သူ့ ) ရွာ { မို့  } ။ ။
ကြက်ညီနောင် ရေဝယ်(မျော)ပါလို့ 
မြ(ကြော)မင်းဝံ ရွှေ[တောင်]
လဲတော့မ[ရှောင်] ။
အာကာ[ဘောင်]
ကြယ်[ပြောင်]ကွဲ့ မြေ {လူး } ။
ပြည်ဇေ(ယျာ)
လေ(လာ)လျှင် မြေပါ (ရွေ့ )စေတော့
တ(မေ့)ကို မောင်မ(မုန်း)တယ်
(သုံး)ဘဝ{ ကူး } ။ ။
ရွှေဝ(သွား)
(ပါး)လိုက်တဲ့ လက်ဆောင်ပါ[ လေ ]
လွမ်းသူ့ စာ [ခွေ] ။
အထွေ[ထွေ]
ပါ[လေ] ရဲ့ မ{ လေး } ။
စီလို့ သာ(ကုံး)ရတော့
စာ(လုံး)တယ်မ(လှ) ပေဘူး
မိန်းမ လက် {ရေး} ။ ။
မရွာ(ဘဲ)
မ(မဲ)ပါနဲ့  မိုးနတ်[မောင်]
ပိန်ပိတ်လို့ [မှောင်] ။
ရွာမ[ယောင်]
ဟန်[ဆောင်]နဲ့ သူ { မြူး} ။
၃။ ရွှေမိုးညိုမြောက်ကို(တိမ်း)တယ်
(ခြိမ်း)သင့်ပါ { ဘူး } ။ ။
ပြုံးချိုချို မျက်နှာထား
သနပ်ခါး အမွှေးကြိုင်
သင်းပျံ့ လို့ လှိုင် ။
ပိတုံးကေခိုင်
ဝေမြိုင်တဲ့ စပယ်ပန်း ။
မြန်မာဆန်ဆန် ယဉ်ယဉ်လှတယ်
ယက်ကြ သင်္ကန်း ။ ။
ငါးခူ ငပိ
လူမသိအောင် ပုန်းကာကျို
သင်းပျံ့ သကို ။
ငရုပ်ညို
လျာတိုအောင် စပ်ဖျော်ထောင်း ။
ဟင်းစုံလယ် ပန်းကန်သေးသော်လည်း
မြိန်စားဖွယ် မတန်မွှေးတာကြောင့်
ရွေးလို့ သာလောင်း ။ ။
ချစ်ဦးပျို ရပ်မနား
ကြိုးစားတဲ့ အလှူတော်
စိတ်ကရွှင်ပျော် ။
မောင်လည်းကူနော်
ဇမ္ဗူပေါ် ကြုံခဲ ။
မီးထိန်ထိန် ရောင်ခြည်အောက်မှာ
ဝမ်းမြောက်လို့ နွှဲ ။ ။
- နေဘုန်းမိုရ်