ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

အဲချင်း စပ်နည်း

ကဗျာထက် သီချင်းသက်ဝင်သည်။ ပုဂံဝန်ထောက်မင်းဦးတင် ပြုစုသော ကဗျာဗန္ဓသာရကျမ်းလာ
စာဆိုတော် မယ်ခွေ၏ အဲချင်းကဗျာများအား နမူနာပြ၍ အဲချင်းကဗျာရေနည်းများကို ပြန်လည်မျှဝေ
လိုက်ပါတယ် သူငယ်ချင်းတို့ရေ။ အတတ်နိုင်ဆုံးနားလည်အောင် ကဗျာဝေါဟာရအခေါ်များနည်းအောင်
လူပြိန်းရှင်းနည်းနဲ့ဖော်ပြထားပါတယ်။ လိုအပ်သည်များရှိက ဖြည့်စွက် မှတ်ယူကြပါ ။ ကျွန်တော်နားလည်
သလောက်မျှလိုက်ပါတယ်။ မြန်မာကာရန် ဖွဲနည်းတစ်ခု ထပ်မံဖွဲ့ဆိုနိုင်ကြပါစေ။

အဲချင်းကဗျာဖွဲ့နည်း

စာပိုဒ် အရေအတွက်

- ၄ပိုဒ်ဖွဲ့လေ့ရှိသည်။
- မထမပိုဒ်ကို အတိုင်ပိုဒ် ကျန်၃ပိုဒ်ကို အချပိုဒ်ဟုခေါ်ပါ။

ပါဒ(စာကြောင်း)အရေအတွက်

- ပ ပိုဒ် (၅) ပါဒမှ (၉) ပါဒထိ ဖွဲ့နိုင်သည်။
- ဒု/တ/စ ပိုဒ် (၇) ပါဒမှ (၁၉) ပါဒထိ ဖွဲ့နိုင်သည်။

စာလုံးအရေအတွက်

- တစ်ပါဒလျင် စာ(၄)လုံးမှ(၉)လုံးထိထားနိုင်သည်
- အတိုင်ပိုဒ်
ပ ပါဒနှင့်အဆုံးပါဒကို စာ(၆-၇)လုံးထိထားပါ။ ပ ပါဒသည် အာလုပ်သံစကားဖြစ်၍ "မှ"စကားလုံး
ပါရပြီး အဆုံးပါဒမှ နောက်ဆုံးစာလုံးကို "လေ"ဖြင့်ဆုံး ပါ ။

- အချပိုဒ် ၃ပိုဒ်
ပ ပါဒကို စာ(၆-၇)လုံး အဆုံးပါဒကို (၄)လုံးစီ။ ပ ပါဒသည် အာလုပ်စကားဖြစ်၍ "မှ"စာလုံးပါ ရပြီး
စ ပိုဒ်မှ နောက်ဆုံးစာလုံးကို "လေး"ဖြင့်ဆုံးပါ။

ကာရန်ယူပုံ

နည်းနည်းတော့ ရှုတ်ထွေးပါတယ်။ "ဆက်ရက်ခုန် ခွာကာ ခွာကာ "စပ်ဖွဲ့နည်းပါပါတယ်။ ပျော်စရာပါ။
ပ ပါဒမှလွဲ၍ ကျန်ပါဒများကို လေးလုံးစပ် (၄/၃/၂) ကာရန်ယူတာ တွေ့ရ။

ပ ပိုဒ်(အတိုင်ပိုဒ်)

၅ပါဒ မှ ၉ ပါဒထိ ဖွဲ့နိုင်သည်။
ပ ပါဒ ။    ။ အာလုပ်သံစကားဖြစ်၍ "မှ"စာလုံး ပါပါစေ။ စာ(၆-၇)လုံးထိယူပါ။ပုဒ်မ( ။ )ချပါ ။
နောက်ဆုံးစာလုံးသည် (ချီသံ)ဖြစ်ရမည်။ ( ၄င်းကို နောက်ဆုံးပါဒနှင့် ဒုပိုဒ် ပ ပါဒတွင် ကာရန်တူ
ပြန်ယူရမည်ဖြစ်၍ မှတ်ထားပါ။)

နမူနာ-
၁။ ဖန်ဂူ မှ ဆွတ်(နှိမ်) ။
၂။ မသန်း မှ မြူ(မှုန်) ။
၃။ ရိုက်ခြိမ်း မှ ဆူ(ဝေ) ။
၎။ ခြီးအံ့ မှ မ(နိုင်) ။
၎။ နေနတ်ကယ် မှ ရာ(ဇာ) ။ စသဖြင့် ----

ဒုပါဒ ။    ။ပ ပါဒနှင့် ကာရန်ချိတ်ရန်မလို။ ပ ပါဒတွင် အာလုပ်သံစကားသည် ချီသံဖြင့် ဆုံးထားသဖြင့်
ဒုပါဒတွင် ချသံမှစယူ၍ မိမိ အလိုရှိသောနောက်ဆုံးပါဒ အထိလေးလုံးစပ်(၄/၃/၂ )ကာရန်အတွဲလိုက်
ယူသွားပါ ။

နောက်ဆုံးပါဒ ။    ။ စာ(၆-၇)လုံးထိရှိရမည်။ ပါဒအစတွင် လေးလုံးစပ်(၄ ၃ ၂)မှ ၂ကာရန်သည် ချသံဆုံး
တတ်ပြီး ၄င်းနောက်စာလုံးများတွင် ပ ပါဒနောက်ဆုံးမှ မှတ်ထားသော(ချီသံ) ကာရန်တူ ပြန်ထည့်ယူပေးပါ။
နောက်ဆုံးစာလုံးကို "လေ"ဖြင့်ဆုံးပါ။ပုဒ်မကြီး( ။ ။)ချပါ။

နမူနာ -
၁။ ထွန်းပြောင်(ထိန်)ပါလို့ "လေ" ။ ။
၂။ နဝ(ဂုဏ်)ငယ်နှင့် "လေ" ။ ။
၃။ မြောက်ဖြာငယ်(ချွေ)ပါလို့ "လေ" ။ ။
၎။ ဘုန်းပန်း(လှိုင်)ပါလို့"လေ" ။ ။
၅။ လအ(တာ)ကိုတဲ့ "လေ" ။ ။
(နမူနာ နံပါတ်တူချင်း ဆက်စပ်ကြည့်ပါ)

ဒုတိယပိုဒ်(အချပိုဒ်) 

(၇)ပါဒမှ (၁၉)ပါဒ အထိ ဖွဲ့နိုင်သည်။
ပါပဒ ။   ။ အာလုပ်စကားဖြစ်၍ "မှ" စကားလုံးပါပါစေ။ စာ(၆-၇)ထိဖွဲ့နိုင်ပြီးနောက်ဆုံးစာလုံးကို (ချသံ)
ယူပါ ။ (၄င်းကို နောက်ဆုံးပါဒနှင့် တ ပိုဒ် ပ ပါဒတွင် ကာရန်ပြန်ယူရန် မှတ်ထားပါ။) ပုဒ်မ( ။ ) ချပါ။
ပါဒအစတွင် ပပိုဒ် ပပါဒ နောက်ဆုံးတွင် မှတ်ထားသော (ချီသံ)ကာရန်တူ ပြန်ထည့်ယူရပါမည်။

နမူနာ -
၁။ မျက်(ရှိန်)ငယ် မှ ပတ်[ ချုပ် ] ။
၂။ နိ(တုံ)ငယ် မှ လျံ[ ရဲ ] ။
 ၃။ ငါး(ထွေ)ငယ် မှ မာရ်[ လွင့် ] ။
၎။ ဆွယ်(ပြိုင်)ငယ် မှ ဘက်[ ကျွန်း ] ။
၅။ သီတာငယ် မှ ပျံ့[ မွန်း ] ။

ဒုပါဒ ။     ။ ပ ပါဒနှင့် ကာရန်ချိတ်စရာ မလို။
ပ ပါဒတွင် အာလုပ်သံစကားသည် (ချသံ) ဖြင့်ဆုံးထား၍ ဒုပါဒကို ချီသံဖြင့် လေးလုံးစပ်(၄ ၃ ၂)ကာရန်
တွဲလိုက် မိမိလိုသည့်နောက်ဆုံး ပဒ အထိ ယူသွားပါ။  နောက်ဆုံးပါဒ ။ ။စာ(၄)လုံးရှိပြီး လေးလုံးစပ်
(၄ ၃ ၂)မှ ၂ကာရန်သည် ချီသံဖြင့်ဆုံးစေပြီး  တတိယစာလုံးကို ပ ပါဒမှ မှတ်ထားသော နောက်ဆုံးစာလုံး
ချသံကိုကာရန်တူ ပြန်ယူပါ။ ပုဒ်မကြီး( ။ ။ ) ချပါ။ နောက်ဆုံးစာလုံးကိုကာရန်ချိတ်ရန်မလိုပါ။

နမူနာ -
၁။ ရွှေကွန်[ အုပ် ]ဟု ။    ။
၂။ မိုးစွန် [ ထဲ ]မှာ ။    ။
၃။ ကုန်းမော် [ မြင့် ]မှာ ။    ။
၎။ ရေးပုံ [ သွန်း ]သို့ ။    ။
၅။ အောင်စည် [ ရွမ်း ]လို့ ။    ။

တတိယပိုဒ် (အချပိုဒ်)

၇ ပါဒမှ ၁၉ ပါဒအထိ ဖွဲ့နိုင်သည်။
ပ ပါဒ ။   ။ အာလုပ်သံစကားဖြစ်၍ "မှ"စကားလုံးပါပါစေ။စာ(၆-၇)ထိဖွဲ့နိုင်ပြီး နောက်ဆုံးစာလုံးကို ချီသံဖြင့်
ယူပါ။ (၄င်းကို နောက်ဆုံးပါဒ မရောက်မီ ပါဒ၂ကြောင်းတွင် ကာရန်တူ အတွဲပြန်ယူရန်မှတ်ထားပါ။)ပုဒ်မ
( ။ ) ချပါ။ ပါဒအစတွင် ဒုပိုဒ် ပပါဒမှ မှတ်ထားသည့်အဆုံးစာလုံးချသံကို ကာရန်တူပြန်ယူပါ။

နမူနာ- 
၁။ သ[မုဒ္ဓ ] {ဝယ်} ။
၂။ ပျံ[ ဝဲ ]မှ တင့်{ မြိုင် } ။
၃။ စွင့်[ စွင့် ]ငယ်မှထိန်{ လျှံ } ။
၎။ တက်[ ထွန်း ]ငယ်မှ လျှံ{ ဝါ } ။
၅။ ရေ [ သွန်း ]ရယ်မှ ခါ{ ချိန် } ။

ဒုပါဒ ။    ။ ပ ပါဒနှင့် ကာရန်ချိတ်စရာ မလိုပါ။
ပ ပါဒတွင် အာလုပ်သံစကားသည် ချီသံဖြင့်ဆုံးထား၍ ဒုပါဒကို ချသံဖြင့် လေးလုံးစပ်(၄ ၃ ၂)ကာရန်ကို
အောက်ဆုံးပါဒမှ ပြန်ရေလျှင် ၃ပါဒမြောက်အထိ ယူသွားပါ။ နောက်ဆုံးပါဒများ ။ ။ ၄င်းပါဒတွင် ၄ ၃ ၂
မှ ၂ သည် ချသံဖြစ်တတ်ပြီး ၄င်းနောက်တွင် ပပါဒ အဆုံးစာလုံးကို ကာရန်တူပြန်ယူပါ ။ အောက်ပါဒတွင်
လည်း ၄င်းကာရန်ကိုဆက်ယူပါ ။ စာ၆-၇လုံးရှိတတ်ပြီး ပါဒမဆက်ဘဲဆုံးနိုင်သည်။ ပါဒဆက်ပါက အောက်
ဆုံးပါဒသည် စာ၎လုံးရှိပြီး အပေါ်ပါဒနှင့် အတွင်းကာရန် ပြန်ယူပေးပါ။ အဆုံးချစာလုံးများသည် ချသံဖြစ်ရ
မည်။ (အပိုဒ်၎ ပပါဒတွင် ကာရန်တူ ယူရန် မှတ်ထားပါ ။ ပုဒ်မကြီး( ။ ။ ) ချပါ ။

နမူနာ-
၁။ စိမ်းတော်မူ(ရိုး) ။   ။
 ၂။ လျှောက်{တိုင်}တင်အံ့မူးတ(နည်း) ။   ။
၃။ နိဗ္ဗာန် မရမီ စပ်(ကြား) ။   ။
၎။ ဘဂ{ဝါ} ဗုဒ္ဓရွှေစ(ကား)။   ။
၅။ မဲ့ဆီကို(မဲ) ။   ။

စတုတ္ထပိုဒ်(အချပိုဒ်)

၇ပါဒမှ ၁၉ပါဒထိဖွဲ့နိုင်သည်။ ဤအပိုဒ်နှင့် ကာရန်မချိတ်ပဲ သီသန့် အဖြည်ပိုဒ်တစ်ပိုဒ်ဖြည့်ပါ။ ၄င်းအပိုဒ်
၏နောက်ဆုံးပါဒ စာ၎လုံး ယူ၍နောက်ဆုံး စာလုံးကို"လေး"ဖြင့်ဆုံးပါ ။
ပ ပါဒ ။   ။ အာလုပ်သံစကားဖြစ်၍ မှာ စကားလုံးပါပါစေ ။ ပါဒတစ်ကြောင်း စာ(၆-၇)လုံးယူနိုင်သလို
ပါဒ၃ကြောင်းကို (၄ ၃ ၂ ) ကာရန်ဖြင့်လည်းဆက်ယူသည်။ နောက်ဆုံးစာလုံးကိုချီသံဆက်ယူပါ။ တ ပိုဒ်
ကဲ့သို့ အောက်တွင်ပြန်ကာရန်တူ ပြန်ယူရန် မှတ်ထားပါ။ ပုဒ်မ( ။ ) ချပါ။ ပါဒအစတွင် တပိုဒ် နောက်ဆုံး
ပါဒမှ အဆုံးကာရန် အတိုင်းချသံကာရန်တူ ပြန်ယူပေးပါ။

ဒုပါဒ။    ။တတိယပိုဒ်အတိုင်း ။
နောက်ဆုံးပါဒများ ။    ။ တတိယပိုဒ်အတိုင်း။
အပိုဒ်ဖြည် ။    ။ စတုတ္တပိုဒ်အတိုင်း မည်သည့်အပိုဒ်နှင့်မျှ ကာရန်မချိတ်ဘဲ ဖွဲ့ပါ။နောက်ဆုံးပါဒကို
စာ၎လုံးယူ "လေး"ဖြင့်အဆုံးသတ်ပါ။

သူငယ်ချင်းတို့ရေ အဲချင်းက လေးလုံးစပ်လင်္ကာကို အခြေခံရပြီးသူတွေအတွက် မခက်ပါဘူး ။ ခုလာမယ့်
နမူနာတွေကိုကြည့်ပြီး မိမိဖာသာ ဖွဲ့ကြည့်ပါ။ နမူနာတွေကို ချရေးကြည့်ပါမှ သဘောပေါက်ပါမယ်။ အချိန်
ပေးပြီးလေ့လာရေးဖွဲ့ပါ။ အတတ်နိုင်ဆုံးရှင်းလင်းအောင် ပြထားပါတယ်။ စာဆိုမယ်ခွေမူပါ။စာဆို ဦးဆောင်း
တို့ ဦးယာတို့နှင့် တိုက်ဆိုင်ဖွဲ့တဲ့အခါ မူလွဲနေတာ တွေ့ရ ပါတယ်။ ဒီအဖွဲ့က ပိုခက်ပါတယ်။

နမူနာ

(၁)
ဖန်ဂူ မှ ဆွတ်(နှိမ်) ။
ရွှေတောင်ပံဟုန်
တသုန်သုန်နှင့်
ဂဠုန်ဟန်ကြွ
သူရဇ္ဇဟု
ဂြိုလ်တကာ့နောင်
ရပ်အခေါင်မှာ
ထွန်းပြောင်(ထိန်)ပါလို့"လေ" ။    ။

(၂)
မျက်(ရှိန်)ငယ် မှ ပတ်[ ချုပ် ] ။
ကြေညာရောင်ဝှန်
တေဇာလွန်သည့်
ရွှေကွန်[ အုပ် ]ဟု ။     ။

(၃)
သ[မုဒ္ဓ) { ဝယ် } ။
မြတ်ဝန္ဒာမိ
ကြာဘုန်းရှိ
သုတိညွှတ်ကြည်
တိုင်လျှောက်မည်ဟု
ဆက်လည်သံသ
ဘဝေကလျင်
ကြင်ရ{တယ်}ကို
မ{တွယ် }ပါဝါခေါ်လို့
စိမ်းတော်မူ(ရိုး) ။    ။

(၄)
စွေ(မိုး) မှ ရောရ
နတ်စည်လတွင်
ညွတ်ခဖျော်[ဖျော်] ။
နေ့ညဥ့်မချာ
လျှောက်သူမှာမူ
ယင့်မာပွင့်မှ
ချစ်ပန်းသသို့
သာမျှကြင်ကျိုး
မဝေဖြိုးသော်လည်း
နတ်နိုးရာသီ
မရောက်မီက
သိဂီင်္(လှော်)ငယ်
မှုမ(တော်)ယွင်းယောင်နှင့်
ခင်းရှောင်ကာတိမ်း ။    ။

တလံခန္ဓာ
ဝပ်းတစ်ထွာကို
မဟာမေရု
တောင်အထုကို
ကြွေလုမတတ်
အခဲဆတ်လို့
လွန်းစသတ်ချိန်
ကြံရက်နှင့် မှိန်ချည့်မယ်
မြတ်ဇိနိန် ရောင်စုံညီးပါမှ
ပူမီးငြိမ်း"လေး" ။     ။

- မယ်ခွေ

နမူနာ(၂)

(၁)
ခြီးအံ့မှမ(နိုင်) ။
သတင်းဝေဆာ ၊ ကေသရာမှာ
မကွာစောင့်မြန်း ၊ ဒိသာခန်းတွင်
ဘုန်းပန်း(လှိုင်)ပါလို့ "လေ" ။    ။

(၂)
ဆွယ်(ပြိုင်)ငယ်မှ ဘက်[ ကျွန်း] ။
 သိဂီင်္ဝင်းလျပ် ၊ မဟဂ္ဂတ်နှင့်
နဝရတ်စုံ ၊ ဝိသကြုံသည်
ရေးပုံ[ သွန်း] သို့  ။     ။

(၃)
တက်[ထွန်း]ငယ်မှလျံ{ ဝါ } ။
ဂုဏ်တခဲနက် ၊ မိုးဘဝဂ်မှာ
ပြိုးပြက်ကယ် အလွှမ့်
တန်ခိုးငယ်ဖြန့်လို့
ပတ်ခြံငယ်{ ဖြာ}သည်
ဘဂ{ဝါ} ဗုဒ္ဓရွှေ စ(ကား) ။    ။

(၄)
ရွှေ(နား)တော်မြတ်
မတင်အပ်လည်း
ခဝပ်လျှောက်[ရန်] ။
စကြာကုမုဒ် ၊ နတ်စောင်းနှုတ်နှင့်
ဗယ်ဆုတ်ညာတင် ၊ ရှေးယခင်က
အကြင်မတူ ၊ ဘဝင်မူလို့
လျော့လူပြုတဲ့ ၊ သူ့အ[ကြံ]ကို
စိတ်ဝေ[ဘန်]သိုဝှက်လို့
ရှက်ကြောက်ဖွယ်ကြီး ။ ။
ဓိပ္ပာယ်မခြား ၊ ပုံအလားမှာ
သုံးစားပါပစ် ၊ ကန်းပဆစ်သို့
အချစ်တဲ့ရှေင်ခွာ ၊ မသမာချက်ကို
ဆသာဓာဉာဏ်ကျော်နှင့်
ဘုန်းစည်တော် ထိန်ဝါလျမ်းပါလို့
ရိုက်မွမ်းတီး"လေး" ။     ။

- မယ်ခွေ

စာဆိုတော်မယ်ခွေ၏ အဲချင်းကဗျာများ 

(၁)
မသန်းမှမြူ(မှုန်) ။
ဟိုင်ရာဟုစွန်း ၊ နောက်မြောက်ယွန်းမှာ
ကွန့်ရွှန်းနန္တ ၊ တိုင်းမဲ့ပသည်
နဝ(ဂုဏ်)ငယ်နှင့် "လေ" ။    ။

(၂)
နိ(တုံ)ငယ်မှလျှံ[ ရဲ ] ။
ဖောင်းရစ်ဝတ္တမြား ၊ သီးချရားနှင့်
ကြွားကြွားအလွန် ၊ သားသားဝှန်အောင်
မိုးစွန်[ထဲ]မှာ ။    ။

(၃)
ပျံ[ဝဲ]မှ တင့်{မြိုင်} ။
ရွှေထီးမောက်ဖြိုး ၊ ကြီးတန်ခိုးနှင့်
ဆင်ကြိုးရွှေဂူ ၊ ခြောက်ရောင်ခြည်လူလှတဲ့
နိဗ္ဗူ{ပိုင်}ကို
လျှောက်{တိုင်}တင် အံ့မူတ(နည်း) ။     ။

(၄)
သာ(ဖြည်း)မှညံ့ညက်
ကိုယ်နှင့်သက်တို့ ၊
ဆထက်ကယ် ဆယ်[ပြန်]။
မကြွင်းကုန်ကုန် ၊ အခင်းကြုံလို့
အာရုံကျင့်ပန်း ၊ ဆင့်ဆင့်လန်းပြီးမှ
သွေမြန်း[ပြန်]သည်
သစ္စာငယ်[မှန်]ဓမ္မော်မှ
သူမတော်ညှိုး ။   ။

ဗယ်ဝင့်ညာဝင့် ၊ တထင့်ထင့်နှင့်
ကြံခွင့်ထဲသို့ ၊ အရေးတော်ညိုချက်ကို
မဂ်ဖိုလ်လုံးပရမေ ၊ ချစ်ပန်းခိုင်ကြွေတဲ့အောင်
မြတ်စိန္တေဉာဏ်တော်ရှင်းပါရော့
အခင်းမျိုး"လေး" ။    ။

- မယ်ခွေ

(၁)
ရိုက်ခြိမ်းမှဆူ(ဝေ) ။
နဂါးဂြိုဟ်နတ် ၊ ပျော်မြဲရပ်မှာ
မှောင်ကပ်မဆီး ၊ တညီးညီးနှင့်
နေမီးလဝါ ၊ မနှိုင်းသာသည်
ခြောက်ဖြာငယ်(ခြွေ)ပါလို့လေး ။    ။

(၂)
ငါး(ထွေ)ငယ်မှမာရ်[လွင့်] ။
ဘုမ္ဗိနက်သန် ၊ တက်မညံအောင်
မြေကြန်သင့်လျော် ၊ ပေါပေါပေါ်သည်
ကုန်းမော်[မြင့်]မှာ ။     ။

(၃)
စွင့်[စွင့်]ငယ်မှထိန်{လျံ} ။
အထွက်ကြငှန်း ၊ မည်တော်မှန်းသည်
ကြိးခန်းဂုဏ်ရှင် ၊ ရွှေလင်းပင်ဟု
သံလွင်ချီးကျူး ၊ ရှိစုံဖူးလို့
ဆုထူးငယ်{ပန်}သည်
နိ{ဗ္ဗာန်}မရမီစပ်(ကြား) ။     ။

(၄)
ကြံ(အား)ကြိုးတူ
စိတ်ဇဝက်နှင့် ယွင်းပျက်သူ[ကို] ။
ခန္ဓာပင်စည် ၊ အမြဲရှည်လို့
ကျင်လည်လေရာ ၊ စက္ကဝါမှာ
ဖီလာတောင်ကြီး ၊ ရှေ့ကဆီးလို့
စီးရမည်ထား ၊ သတင်းနားမှ
မကြား[လို]သည်
ကျွန်းတွင်[ရို]ဟိုသူ့ကြောင့်
ဝေးဆုကိုတောင်း။    ။

ပူသူပူကြ ၊ တတ်တိုင်းပဟု
အဆမတန် ၊ နိုင်ကျင့်ဟန်ကို
အလျံပြောင်ပြောင် ၊ အူသဲခေါင်မှာ
တောက်လောင်ဗျာပါ
ထိန်ညီးသာဖြာတော့သည်
ဉာဏ်သီတာ မဂ်ရေပန်းနှင့်
ဆွတ်ဖျန်းလောင်း "လေး" ။    ။

- မယ်ခွေ

(၁)
နေနတ်ကယ်မှ ရာ(ဇာ) ။
အဿဝတီ ၊ ကြယ်နှင့်ညီလို့
စန္ဒီစိတြ ၊ ယှဉ်ပြိုင်ငယ်ပကြသည့်
လအတာကိုတဲ့"လေ" ။    ။

(၂)
သီတာငယ်မှပျံ့[မွန်း] ။
သပြေမြရည် ၊ တသောင်းပြည်ကို
အောင်စည်[ရွမ်း]လို့ ။    ။

(၃)
ရေ[သွန်း]ရယ်မှ ခွာ{ချိန်}။
သောက်ရှူးဥပါ ၊ ကြယ်ညီလာနှင့်
ရွှေဇာပြောက်လို ၊ တိမ်ခိုးညိုနှင့်
ပြိုမည်နှယ်{မှိန်}သည်
နဂါး{လိမ်}လွမ်းအိမ်ဖွဲ့လို့
မဲ့ဆီကို (မဲ) ။    ။

(၄)
သင်း(တွဲ)မှစိန်[ရောင်] ။
ကံ့ကော်ဝတ်မှုန် ၊ တထုံထုံနှင့်
ရဂုံမြိုင်ဖျား ၊ တောတလွှားမှာ
ငှက်ခါး[တောင်]လို ။    ။

ပူ[အောင်]မဲ့{ကို} ။
မိုးကြီးတဖွဲ့ ၊ လေတလှဲ့နှင့်
တစ်ဆယ့်ခြောက်တိုင်း ၊ မပြတ်ကယ်ဆိုင်းလို့
မှိုင်းမှိုင်းငယ်{ညို}သည်
မ{ဖို}သီတာဆိပ်ကယ်က
ချစ်ရိပ်သံနွှဲ ။    ။
ပြင်နာရီစား ၊ ဝါးဘို့ထားလို့
ဖဝါးမှသုံးအင် ၊ မိဿခွင်မှာ
မရွှင်နိုင်တတ် ၊ စန်းလွန်းပင်ပြတ်ခဲ့ပြီ
မြတ်ဆံကျင်တာရာက
တေဇာတော်မချီပါနှင့်တော့
ဝေသာလီ ရွှေပြည်ကြီးမှာတဲ့
ထိန်ညီးရဲ့လေး ။    ။

တန်ခူးလဘွဲ့ - မယ်ခွေ

(၁)
ဖန်နန်းမှမျက်(စုံ) ။
နေနှင့်ယှဉ်မီ ၊ ရောဟနီသည်
မှန်စီဆောင်က ၊ ရွှေထီးရိပ်ပြပါလို့
လွမ်းစရှည်နွယ်
မင်းမူဟန် ကျယ်လှချည့်
မိုးလယ်(ဘုံ)မှာတဲ့ "လေ" ။     ။

(၂)
က(ဆုန်)ငယ်မှရ[တု] ။
မြနီလာစစ် ၊ အပြာရစ်လို့
ရှစ်မျက်နှာစို ၊ တောတခိုမှာ
ပျိုလု[လု]နှင့် ။    ။

(၃)
ကျီး[ဥ]မှာတဲ့{ဟန်}။
 စံကားထုံသင်း ၊ ဂေါဇာချင်းတွင်
တုကင်းလွတ်ကွာ ၊ ငှက်ပေါင်းသာလို့
ညာကြေ{ပျံ}သည်
ယု{ဂန္ဓိုရ်}တိမ်တပုံက
ဂဠုန်လို(ဝဲ) ။     ။

(၄)
အ(သဲ)မှဆွတ်[ကြင်] ။
သောင်သင်ဖြူးခင်း ၊ မြစ်ကြီးတွင်းမှာ
ငါးကြင်းဆန်ကူး ၊ ငါးတန်မြူးသည်
ပိုက်ဦး[ငင်]လို့ ။    ။

သ[ဘင်]မှဖြိုး(ဝေ) ။
စင်ရော်သောင်တင်း ၊ ရွှေဘိန်ညင်းတို့
ချစ်တင်းပိုင်ပိုင် ၊ အာလုပ်ကယ်လှိုင်လို့
သံပြိုင်ငယ်(ချွေ)သည်
ဂြိုဟ်စနေဖီလာဝိုင်းဆီက
မုန်တိုင်းချီပြင်း ။    ။

ပြည်ကမ္ဘောဇ ၊ တိမ်ညိုမြမှာ
တံငါ့တာရာ ၊ ကြယ်ဥပါနှင့်
အခါညောင်ရေ ၊ ပွဲစုံငယ်ထွေလို့
လွမ်းဗွေဆိုင်ညီ ၊ သေမင်းပင်မှီရော့ထင့်
စက်ရာသီ ပြိဿရေးကိုတဲ့
ပူဆွေးခင်း"လေး" ။    ။

ကဆုန်လဘွဲ့ - မယ်ခွေ

(၁)
ရွှေသားမှသိ(ဂီင်္) ။
 အဒြကြယ် ၊ ကောင်းကင်လယ်မှာ
နေစွယ်ရထား ၊ လှည့်လည်သွားလို့
စက်နားမှမေထုန် ၊ လွမ်းရဘို့ကြုံခဲ့ပြီ
နယုန်(ဆီ)ကိုတဲ့"လေ" ။

(၂)
န(ဒီ)မှ စိမ်း[မြ] ။
ရေမှာကြည်လည်း ၊ ရေ၏ ထုံးတမ်း
ထောင်မှာစမ်းလည်း ၊ တောင်ကမ်းဖွယ်ရာ
မြေမျက်နှာလည်း ၊ မသာစတောင်း
ရှုမညောင်းသည် ၊ နွေနှောင် [လ] မို့ ။    ။

(၃)
က[မ္ဘာ့]ကျက်သ {ရေ} ။
 ရဂုံနက်ကျယ် ၊ တောမြိုင်လယ်မှာ
စပယ်မုလေး ၊ ပန်းစုံမွှေး၍
စာမေးသဘင် ၊ ငှက်ပေါင်းရွှင်လို့
မင်းလွင်ငယ် {ဝေ }သည်
တောင် {လေ} ပြည်မှိုင်းမှုံနှင့်
ကြုံရလေ(ခြင်း) ။    ။

(၄)
မ (လင်း)မှကောင်း ကင်
တိမ်ခိုးနန်းမြှောင့် ၊ ရာဟုတောင့်က
မြရောင်ဖွဲ့ရာ ၊ လက္ခဏာနှင့်
လာ၍ (ဆင်) သို့ ။    ။

သဘင်မှမွေ့ သိမ် ။
တဆယ့်ခုနစ် ၊ ပြင်နာရီ နစ် တုန်းမို့
ဇေဋ္ဌတာရာ ၊ ရွှေလညိုသာပဲနှင့်
တင့်ရဲငယ်မှိန်သည်
ပြည်သာငြိမ်ကလိင်ရာဇ်နေတို့
စိတ်ဗွေရိုင်ညှိုး ။     ။

လရာသီစု စိတ်စာမှရှုပဲနှင့်
မင်းပုမဲ့ဆီ ၊ မုန်းမာန်တော်ဖီတဲ့လို့
ကသီမျက်လို ၊ ဘယ်ငြိုးတော်ပိုလေသိ
ငိုတတ်တဲ့သူငယ်လို
အသွယ်သွယ်မကျီစားပါနှင့်
တအားကို "လေး" ။    ။

နယုန်လဘွဲ့ - မယ်ခွေ

(၁)
ဦးစွန်းမှစိန် (လူ) ။
လေးလုံးအက္ခရာ ၊ တံဆိပ်စာနှင့်
ရတနာရွှေဒေါင်း ၊ ဖတ်နန်းအောင်းလို့ တသောင်းယုဂန် ၊ ရွှေကြယ်ဖုသျှ
တူကွချိန်မှီ ၊ တနန်စီစံကြတယ်
ဟန်ပန်ငယ် (ယူ)ပါလို့ "လေ" ။    ။

(၂)
က(လူ) မှသိမ် [မွေး] ။
ရွှေပုစွန်စာ မြိုင်လုံးဝါ
ရတနာကတ္တီ လွမ်းဘို့ညီအောင်
ပန်းချီ [ရေး] လို့ ။    ။

(၃)
မိုး [သေး ]မှစွတ် {စို } ။
ကသစ်နန်းသာ ကမ္ဗလာက
မဟာရေပီ စက်ရှိန်ငယ်ချီလို့
ရွှေသီတဂူနယ်က
တိမ်ခြယ်လို့ {ညို }သည်
ဝါ{ ဆို }ပဉ္ဇင်းပွဲနှင့်
ကြည်းကွဲရန်(များ ) ။     ။

(၄)
တော (လား) မှပုံ [ ပြင် ] ။
ပုန်းညက်အနန်း နှင်းဆီပန်းနှင့်
စခန်းမှကြိုင်သင်း ရဂုံတွင်းမှာ
ငှက်မင်းသားနှယ် ရွှေစလွယ်
ကိုးသွယ် [တင်] လို့ ။    ။

မိ[လင်]မှစုံ {ညီ } ။
ကြည့်ပါအလို ၊ မြင်သူများငိုရအောင်
အဖိုအဲချ ၊ အမအဲတိုင်
ပွင်ဝတ်ကယ်လှိုင်လို့
သံပြိုင်ငယ်{ချီ}သည်
စုံန{ဒီ}ကမ်းရေပြည့်လို့
ဝဲလှည့်သံသဲ ။    ။

ဆံကျင်ရောင်လျပ် ၊ တာရာမြတ်နှင့်
နက္ခတ်နဝ ၊ ပါဒ်သုညတွင်
တရာ့တပါး ၊ လူအများတို့
စကားမှတွတ်တီ ၊ ဘဲ့နှယ်သာပီပမယ်
ဖော်မညီ တကိုယ်ရေးတို့
ပူဆွေးပွဲ "လေး "။    ။

ဝါဆိုလဘွဲ့ - မယ်ခွေ

- နေဘုန်းမိုရ်