ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

အယ်ပီ (Language Poetry) ကိုလေ့လာခြင်း (၁)

အထားအသိုများ
           
                     ဘာသာစကားဟာ ပြဿနာတွေ ကို ဖန်တီးတဲ့အရာ။ ဒီလိုပဲ ပြဿနာတွေကို ဖြေရှင်းတဲ့အရာ။ ရေးချင်တာက စာလုံးအကွာအဝေးကိစ္စ။ ဘာသာဗေဒမှာ ဧရိယာတွေ၊ခေါင်းစဉ်ခွဲတွေ အများကြီး ရှိပါတယ်။ အိုကေ။ နည်းနည်း ဥပမာလေး ပေးမယ်။ တချို့လူတွေကတော့သိနှင့်ပြီး ဖြစ်ပါလိမ့်မယ်။ အဲဒီခေါင်းစဉ်ခွဲတွေမှာ ပါတာတွေက (syntax, semantic and pragmatic) တို့ဟာ အဓိက ဝင်ရိုးတွေအဖြစ် ပါဝင်ကြတယ်။ "syntax" ဆိုတဲ့သဒ္ဒါဖွဲ့ထုံး၊ "semantic" ဆိုတဲ့ စကားလုံးတွေ ဆက်စပ်တဲ့ အဓိပ္ပါယ်တွေ၊ "pragmatic" ဆိုတဲ့ လက်တွေ့အပြောနဲ့ အဓိပ္ပါယ်သတ်မှတ်ချက် တွေဟာ ဘာသာဗေဒမှာအရေးကြီးပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ပါရာမက်တစ်ကို "matter off act" အချက်အလက်ပြဿနာလို့လဲ ဆိုပါတယ်။

- အမ်ဘိုင်ဂေတီ (Ambiguity) ဆိုတဲ့ တစ်ခုထက်ပိုတဲ့အဓိပ္ပါယ် (ဝါ) နှစ်ခွဖြစ်နေတဲ့ အဓိပ္ပါယ်ဟာ ဘာသာဗေဒမှာ ကြီးမားတဲ့ ခေါင်းစဉ် ဖြစ်လာပါတယ်။"Statement with more than one meaning" လို့
အဓိပ္ပါယ်ဖွင့်သလို"doubt about meaning" လို့လဲ ဆိုတယ်။

- နောက်တစ်ခုက ဗက်ဂူးနက်(စ)(Vagueness) ပါ။ အဓိပ္ပါယ်ကတော့ "ရှင်းလင်းပြတ်သားမှုမရှိခြင်း" ပါ။ သက်သေပြရန်မဖြစ်နိုင်သော (Not verified) ဒါမှမဟုတ် အတွေးထဲရှင်းလင်းမှုမရှိခြင်း (Unclear in thinking) ပါ။ ဒီစကားလုံးနှစ်ခု တစ်ခုထက်ပိုတဲ့ အဓိပ္ပါယ် (Ambiguity) နဲ့ မရှင်းလင်းခြင်း(Vagueness) ဟာ  "ဘာသာဗေဒ" မှာ အတော်ကြီးမားတဲ့ပြဿနာ ဖြစ်လာတယ်။ ခုထိကို ပြဿနာ တက်နေဆဲ၊ ပညာရှင်တွေ လေ့လာနေရဆဲကလည်း အဲဒီမရှင်းလင်းခြင်း(Vagueness) ပါပဲ။ နောက်တစ်ခုက အဓိပ္ပါယ်တစ်ခုထက် ပိုတဲ့ကိစ္စ။ အမ်ဘိုင်ဂေတီ(Ambiguity)ပဲ။ အဲဒီကောင်ကို အဓိပ္ပါယ်ခွဲပြီး ဖွင့်ပြန်တယ်။ သာမန်"Ambiguity" လို့ ပေးထားတဲ့ အုပ်စုကတော့ တစ်ခုထက်ပိုပြီး ဘာသာဗေဒက အဓိပ္ပါယ်သတ်မှတ်ချက်ရှိတဲ့ စာလုံးတွေရဲ့ ပိုင်ဆိုင်မှုများ၊ "Lexical Ambiguity"ကတော့ဝါကျပြတ်၊ စကားစုနဲ့ ဝါကျတို့မှာရှိတဲ့ အဓိပ္ပါယ်ပိုင်ဆိုင်မှုများ ဆိုပြီး သတ်မှတ်တယ်။သူတို့ရဲ့အခေါ် (A property phrases, clauses and sentences) လို့ ရေးတယ်။

- Lexical Ambiguity အနေနဲ့ ပြောရရင် ပုံမှန်ဖော်ပြချက် "Regular Expression" ရဲ့ နမူနာကိုပါပေးရပါမယ်။ 1950 လောက်ကတည်းက ပရိုဂရမ်းမင်း ဘိုးတော်တွေဟာ "RE" တွေကို တွေ့ရှိရှင်းလင်းနေပြီဖြစ်တယ်လို့ဆိုတယ်။ RE တွေကို ကွန်ပြူတာပရိုဂရမ်တွေရဲ့ text editor တွေက text files တွေအတွက် အသုံးပြုပါတယ်။ဥပမာ "car" ရဲ့ ဖြစ်တည်မှုဟာ RE မှာ တစ်မျိုးဖြစ်နေတယ်။

-      "car" ဆိုတဲ့ စာလုံးနဲ့ ဆက်နွယ်တဲ့ကာရိုက်တာဟာ car, cartoon, bicarbonate တို့မှာ လာပေါ်ပြန်တယ်။ "motor" ဆိုတဲ့စာလုံးနဲ့ပေါင်းပြီး အုပ်စုတစ်ခုထဲ ခွဲထည့်လို့ ရပြန်တယ်။

-      ပရိုဂရမ်းမင်းသမားတွေ "white-space" သုံးပြီး "isolate" လုပ်လိုက်ရင်တော့ car ဟာ စာလုံး"word" ပဲ။
           
ကဲ…ဘာသာဗေဒကို ပြန်သွားရအောင်။

Ambiguous မှာ နာမ်စာလုံးဖြစ်တဲ့ "seal" ကိုကြည့်ပါ။

- အဓိပ္ပါယ်ကတော့ ပင်လယ်ဖျံ(ဝါ)ပင်လယ်သတ္တဝါ သို့မဟုတ် ပင်လယ်နှင့်ဆိုင်သော လူပါ။
- ဒါပေမယ့် နောက်ထပ်တစ်ခုကတော့ ဖွင့်ခြင်းပိတ်ခြင်းကိုသေချာစေတဲ့ အမှတ်အသားဖြစ်တယ်။

မူရင်း အဓိပ္ပါယ်ကိုက နှစ်ခုရှိနေတဲ့ ဒီ "နာမ်"ဝါကျလေး တည်ဆောက်မယ်။ Structure ဆိုတဲ့ ဖွဲ့စည်းပုံအနေနဲ့ "Present Perfect Tense" ကို တည်လိုက်မယ်။ "I've bought the seal" ဆိုပါတော့။ "ကျွနုပ်ရေသတ္တဝါတစ်ကောင် ဝယ်ထားသည်" ဖြစ်သလို "ကျွန်ုပ် စာအိတ် ချိတ်တုံး ဝယ်ထားသည်"လို့လဲ ဖြစ်နေတယ်။ ဒီဝါကျဟာ "Ambiguous" ဝါကျဖြစ်တယ်။  မူလစာလုံးကိုက "Lexical item" ပါဝင်တော့ဝါကျဟာလည်း Ambiguous ဖြစ်သွားတယ်။ ဒါပေမယ့် သဒ္ဒါပုံစံ Syntactically Ambiguous ကတော့တစ်ခုထဲပါ။ အဲဒါက Present Perfect တည်ဆောက်ပုံပဲဖြစ်တယ်။ အလွယ်ပြောရရင် ဖွဲ့စည်းပုံ"Structurally" က "Has/Have+V3(active)" ဖြစ်တယ်။ သဒ္ဒါက တစ်ခုအဓိပ္ပါယ်က နှစ်ခုဖြစ်တယ်။ ဒါက မူလစာလုံးက အဓိပ္ပါယ်နှစ်ခုဖြစ်နေလို့  အဓိပ္ပါယ်ကွာသွားတာ ဖြစ်ပြီး သဒ္ဒါက လိုက်ရွေ့ပေးစရာမလိုဘူး။

ဒုတိယဥပမာကတော့ စကားစု (Phrase) လေး တစ်ခုပါ။ "The old man" တဲ့။ အဲဒီစကားစုလေးကိုတစ်ခုစီခွဲရေးလိုက်တော့ "The" "old" "man" ဆိုတဲ့ စာလုံးသုံးလုံးဖြစ်သွားတယ်။ "ဒီ" "အိုသော" "လူ" ပေါ့။ နောက်ထပ် တစ်မျိုးစီလိုက်တော့အုပ်စုနှစ်စု ပါဝင်တဲ့ "The" နဲ့ "old man" လို့ရေးကြည့်တယ်။ အဲဒီနှစ်မျိုးဟာသဒ္ဒါအနေအထား မတူတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ရေးသူတည်ဆောက်မယ့် ဝါကျ structure ပေါ်ကိုမှီပြီး ပြောင်းတော့မယ်။ "Structure" ထဲမှာ နှစ်လုံးကို ထည့်မလား၊ သုံးလုံးကိုထည့်မလားဆိုတာကို ရွေးပြီး အဓိပ္ပါယ်ကွဲရတော့မယ်။ အဲဒီအခါမှာ အဆုံးအဖြတ်ကို ဖန်တီးသူကမူလဘာသာစကား(မိခင်ဘာသာစကား) သုံးသူဖြစ်လာတယ်။ ဒါကို နေးတစ်(ဗ)စပီကာရဲ့ သဒ္ဒါအဆုံးအဖြတ် (Grammatical  Judgements of the native speaker) လို့ ခေါ်တယ်။

ခရုမ်းစကီး(Chomsky) ဟာ ၁၉၆၅ မှာ သူ့စာအုပ် "Aspects of the Theory of Syntax" နဲ့ဒီပြဿနာစနက်တံကို မီးရှို့ပါတယ်။ သူက ၁၉၅၇ ကတည်းက "Syntactic Structure"ဆိုပြီး တစ်အုပ် ထုတ်ထားပါသေးတယ်။ အဲဒီသီအိုရီတွေရဲ့ အဆုံးသတ်ကတော့ မိခင်ဘာသာသုံးသူအဆုံးအဖြတ် (Native Judgement) ကို ငြင်းချင်တာပဲပေါ့။ နောက်ထပ် ခရုမ်းစကီး တင်သွင်းလာတာက သူ့ကို ကျော်ကြားစေတဲ့ "ကမ္ဘာသုံးသဒ္ဒါ" "Universal Grammar" ပါပဲ။ နောက်ထပ် ဥပမာတစ်ခုကို ကြည့်မယ်။ စကားလုံးတွေဟာ အလိုလို သူ့နေရာသူနေရင်း(ဝါ) ရွေ့ပြောင်းတည်ဆောက်မှုမရှိဘဲနဲ့လည်း သဒ္ဒါဖွဲ့ထုံး အမျိုးမျိုး၊ အဓိပ္ပါယ် အမျိုးမျိုးဖြစ်နိုင်ပါသေးတယ်။ အဲဒါကတော့ (by bracketing) ကွင်းစကွင်းပိတ် အားဖြင့်ပါ။ ကျွန်တော်ဝါကျ နှစ်ကြောင်း ရေးကြည့်မယ်။

(a)  [ grey ] [ seals and walruses ]
(b)  [ grey seals ] and [ walruses ]

ဝါကျ(a) အရ "seals" (ပင်လယ်ဖျံများ) နှင့် "walruses" (ရေနဂါးများ)နှစ်မျိုးစလုံး အညိုရောင်ဖြစ်တယ် ဆိုတဲ့ အဓိပ္ပါယ် ရတယ်။ ဒါပေမယ့် bracketing (ကွင်းပိတ်)ကို ရွှေ့ကြည့်တော့ ဝါကျ (b) အရ ပင်လယ်ဖျံ တစ်မျိုးတည်း အညိုရောင်ဖြစ်သွားပြီး ရေနဂါးကကာလာမရှိတော့ဘူး။ အဲဒီတော့ structure ပြောင်းသွားတယ်။ ပြောချင်တာက ပါဝင်တဲ့ စကားလုံး"constituents" တွေ ငြိမ်နေပေမယ့် "bracketing" မငြိမ်ရင် တည်ဆောက်ပုံ"structure" ပြောင်းသွားတယ် ဆိုတာပါပဲ။ အဲဒီတော့ ကျွန်တော်တို့ နားလည်ထားတဲ့ဘာသာစကားဆိုတာ ဘာလဲ။ ဝါကျကို ပြီးပြည့်စုံအောင် နားလည်ဖို့ဆိုတာ ဘာကို အခြေခံသလဲ။ ကျွန်တော်တို့ဘာသာဗေဒက ဖော်ပြတဲ့ အဓိပ္ပါယ်မငြိမ်တဲ့ ဖော်ပြချက်တွေကို နားလည်တဲ့ အသိရှိရမယ်။ အဲဒီအသိကဝါကျထဲက အဓိပ္ပါယ်မငြိမ်တဲ့ စကားလုံးကို သိတဲ့အသိနဲ့ အဲဒီလိုမဆုံးဖြတ်နိုင်ရင် မှားနိုင်တဲ့အမှားပမာဏကို သိနေတဲ့ အသိ နှစ်ခုပေါင်းထားတဲ့ ဗဟုသုတ (Account of Knowledge) ရှိမှသာလူလုပ်ထားတဲ့ ဘာသာစကားကို ကောင်းကောင်းနားလည်တယ်လို့ ခေါ်တယ်။

            အခုကျွန်တော် ရှင်းပြတာက "ဘာသာဗေဒများ၏အဓိကအိုင်ဒီယာ နှင့် ဘာသာစကား၏ ဒဿန" (Key Ideas in Linguistics and the Philosophy of Language edited by Siobhan Chapman and Christopher Routledge.Edinburgh University Press, 2009) ရဲ့ စာမျက်နှာ (၃) Ambiguity / Vagueness ပါ။ မူရင်းရေးသူက ဘေလီကလပ်(Billy Clark) ဖြစ်ပြီး သူက ဗက်ဂူးနက်(စ) "Vagueness" ကို ထပ်ရှင်းပါတယ်။ရှေ့မှာပြောခဲ့သလို Vagueness ဟာ ရှင်းလင်းမှုမရှိ၊ သက်သေပြလို့မရ၊ ပမာဏ မတိကျ စတာတွေကိုရည်ညွှန်းပါတယ်။ ဘာသာဗေဒမှာ ဒါဟာ ကြီးမားတဲ့ ပြဿနာပါ။ ဝါကျတွေမှာ တချို့စာလုံးတွေရဲ့အဓိပ္ပါယ်ပေးနိုင်မှု(ဝါ) တန်ဖိုးတစ်ခုဆုံးဖြတ်နိုင်မှုကို ဖတ်သူအနေနဲ့ အပြည့်အဝမရ (သို့)နားမလည် (သို့) သဘောပေါက်နိုင်စွမ်းမရှိတာကို သိသာစေတဲ့ အသုံးမျိုးလို့ ဆိုပါတယ်။ ဘေလီရဲ့အလိုအရတော့ (distinct property of failing to determine a unique value or interpretation) လို့ ရေးတယ်။ ဖော်ပြချက်တစ်ခု ဆိုပါတော့။ "He has brought the seal" ဆိုတာဟာ Present Perfect ကို Structure လုပ်ထားတာဖြစ်တယ်။ စာဖတ်သူဟာရှေ့က စာသွားစာလာကို ကြည့်ပြီး သူ(he) ဆိုတာ ဘယ်သူ့ကို ပြောတယ်ဆိုတာ မှန်းလို့ရတယ်။ဒီစာကြောင်းဟာ စာသား "context" ထဲမှာ ရှိနေတဲ့ အခါမှာ အဓိပ္ပါယ်နှစ်ခွရှိတဲ့seal လို Ambiguity ကိုရော "He" ကိုရော စာဖတ်သူက မှန်းလို့ ရနိုင်သေးတယ်။ဒါပေမယ့် ဝါကျထဲမှာ "heap" လို အစုအပုံဆိုတဲ့ စကားလုံးတွေ၊ Painful လို နာကျင်မှုဆိုတာတွေပါလာရင် ပြဿနာတက်တော့တာပဲ။ "there is no way to say for certain how much of a  particular substance we need to create heap" "အစုအပုံတစ်ခု ဖြစ်ပေါ်ဖို့ အရာဝတ္ထု ဘယ်လောက်လိုမလဲဆိုတာ ဖော်ပြရန်လမ်းမရှိပါ" တဲ့။ နောက်တစ်ခု painful ဟာလည်း ဘယ်လောက်ပမာဏ နာကျင်သလဲဆိုတာ စာဖတ်သူမသိနိုင်တော့ဘူး။ အတိအကျ မပေးနိုင်တဲ့ စကားလုံးတွေပေါ့။ အဲဒါက ဗတ်ဂူးနတ်(စ)Vagueness ပါပဲ။ ဒါက ကျွန်တော်တို့ ဘာသာစကားတည်ဆောက်မှုက မစွမ်းတဲ့ အရာတွေ။ အဲဒီလိုပမာဏတွေကိုဘာသာစကား "Language" က မပေးနိုင်တော့ဘူး။ "Language" ကိုယ်၌ကိုကအားနည်းနေတာ။ ၁၉၅၀ လောက်ကတည်းက ဒါကို သတိထားမိနေပြီ။ ကွန်ပြူတာ အင်ကုတ်ဒင်း(Computer Encoding) လို့ ခေါ်တဲ့ ဖော်မြူလာတွေကို ပရိုဂရမ်ရေးရာမှာ ကူညီပေးခဲ့တဲ့ စတီဖင်ကိုးကလင်း(Stephe   Cole Kleene) တို့ စခဲ့တဲ့ RE (Regular Expression) နဲ့ သင်္ချာသင်္ကေတတွေကို "encode" လုပ်တဲ့"Strings of Text" တွေနဲ့ ဘာသာဗေဒ အားနည်းချက်ကို ရင်ဆိုင်ရာမှာ ကွန်ပြူတာဟာလူမဟုတ်တဲ့အတွက် တချို့ ဘာသာဗေဒ အားနည်းချက်တွေကို လက်ခံမပေးခဲ့ဘူး။ ဒါဟာ စစ်ပွဲတစ်ပွဲရဲ့အစပဲ။ ဒီလစ်မစ်တာ (delimiter) ဟာ စကားလုံးတွေကို အုပ်စုဖွဲ့ပြီး ပရိုဂရမ်းမင်းလုပ်ဖို့အတွက်ကိစ္စ(matter) ဖြစ်လာတယ်။ စကားလုံးတစ်လုံး(ဝါ) တစ်ခုထက်ပိုတဲ့ ကာရိုက်တာတွေကို သီးခြားဘောင်တွေသုံးပြီး ခွဲထားတဲ့ ဘာသာတစ်ခုပဲ။ ကြိုက်ရာပြင်ညီ (Any Plain Text) ပေါ်မှာ အလုပ်ဖြစ်ပါတယ်တဲ့။ ဥပမာ delimiter တစ်ခုဖြစ်တဲ့ ကော်မာ (comma) သုံးပြီး ခွဲပုံကိုကြည့်ပါ။family name နဲ့ first name ခွဲပုံဟာ အောက်က အတိုင်းဖြစ်တယ်။

  fname, Inam
   nancy, davo
   erin, bora
   tony, rapha

နောက်ဆုံး အနှစ်ချုပ်လိုက်ရင်တော့ ဘာသာစကားကို ကျွန်တော်တို့ဟာအများကြီး လိုက်လိုက်လျောလျော ဆက်ဆံပေးနေရတယ်။ သူ့ကိုယ်၌က အားနည်းချက်တွေ ရှိနေတယ်။၁၉၅၀ လောက်က ကွန်ပြူတာ သင်္ချာပညာရှင်တွေဆီက စခဲ့တဲ့ RE နဲ့ ဘာသာဗေဒအခင်းအကျင်းတွေဟာကျွန်တော်တစ်ယောက်ထဲအမြင် ပြောရရင်တော့ ကဗျာဆရာတွေကို လာထိပါတယ်။ ကဗျာဆရာတွေဆိုတာ စာလုံးတစ်လုံးစီရဲ့weight ကို ကောင်းကောင်းသိသူတွေပါ။ အဲဒီမှာ ကဗျာဆရာတွေဟာ သူတို့ပေးသလို ဖတ်သူမရနိုင်တော့ဘူးဆိုတဲ့အမြင်ကိုရမယ်။ "Vagueness" တွေရဲ့ အားကို ကောင်းကောင်းသိသွားတယ်။ ဒီတော့ကဗျာကို သူတို့ပြောတဲ့ အနေအထားက ခွာပြီး language ကိုပဲ အကြောင်းအရာ တင်ပြသူဖြစ်စေတဲ့LP နဲ့ CP သမားတွေရဲ့ ကြေညာချက်တွေမှာတော့ လေးနက်ဖွယ် မရှိကုန်သော ဘာသာစကား လို့ တင်ပြလာတယ်။ဒါဟာ Language Poetry ကို လမ်းကြောင်းပေါ် တွန်းတင် ပေးလိုက်တာပဲ။ ဘာသာစကား ဆိုတာ တစ်ခုခုကိုဖော်ပြဖို့ လုံလောက်တဲ့ အရာမဟုတ်တော့ဘူး။ အထားအသိုလေး လွဲသွားရင်တောင်မှ အဓိပ္ပါယ်တွေလွဲသွားတယ် မဟုတ်လား။

References:
Williamson,T (1994) Vagueness, London: Routledg
Chomsky,N (1957) .Syntactic Structures
Smith,N (2004) .Chomsky: Ideas and Ideals
Billy Clark: AMBIGUITY/VAGUENESS
(KeyIdeas in Linguistic and the Philosophy of Language)
edited by Siobhan Chapman and Christopher Routledge.
Edinburgh University Press, 2009

- ဇော်ဇော်ထွန်း