၁။ Containing Elaborations (အသေးစိတ်ဖော်ပြချက်များ ပါဝင်ခြင်း)
၂။ Recursions (အပြန်ပြန်ရေးသားခြင်း၊ ထပ်ကျော့ရေးသာခြင်း)
၃။ Sub metaphors (နှိုင်းယှဉ်ချက်ငယ်များပါဝင်ခြင်း)
၎။ Fictive Conceits (သဘာဝကိုဆန့်ကျင်သော လုပ်ဇတ်အား ယုံကြည်ရဲရင့်စွာတင်ပြခြင်း)
၅။ Projections (အပြများကို စကားလုံး (သို့) ရုပ်ပုံများဖြင့်တင်ဆက်ခြင်း)
၆။ Guising that combine and recombine (ပေါင်းစပ်ခြင်းနှင့်ပြန်လည်ပေါင်းစပ်ခြင်းကိုပြုလုပ်ခြင်းဖြင့် အယောာင်ဆောင်တင်ပြတယ်)
နောက်ထပ်အဓိကအချက်တစ်ခုကတော့ ရုပ်ပုံလေးတွေနဲ့ အဓိပ္ပါယ် (meaning) တွေကြားမှာ စကားပြော/ ဇာတ်ကြောင်းပြောသူ/ ဟန် (Narrative) ကို ဖန်တီးဖို့ပါပဲ။ အဓိကပြောလိုတာကတော့ သူ့မှာဇာတ်ကြောင်းပြောသူရှိတယ်။ စကားပြောအမှတ်အသား (ဒါမှမဟုတ်) စကားပြောတစ်ဦးတစ်ယောက်မှ မပါဝင်ရင်တောင် သူသုံးစွဲတဲ့ အယ်လီဂိုရီ တင်ပြမှုချည်းကိုယ်တိုင်က စကားပြောတယ်။ မှတ်စု နံပါတ် (၂) အနေနဲ့ ရောဘတ်နဲ့ ဗနက်ဆာတို့ဟာ ဘာသာစကား (Language) နဲ့ပတ်သက်ပြီး လူတို့တင်သွင်းလာတဲ့ ကွန်ဆက်ချူရယ် အရေးအသားနဲ့အယ်လီဂို အရေးအသား အလုပ်လုပ်ပုံကို ဒီလိုရေးပါတယ်။
In allegorical writing (including both conceptual writingand appropriation) prosody shuttles between a micro attention to language andmacro strategies of language, e.g, the use of source materials in reframing ormixing.
အယ်လီဂိုရီကယ်အရေးအသား (ကွန်ဆက်ချူရယ်အရေးအသားအပါအဝင်) ဟာ အစွန်းနှစ်ဖက်ကိုလွန်းထိုးသလို ယက်လုပ်ပေးတယ်။ သူက “shuttle”လို့ သုံးထားတယ်။ ဘာကိုလဲဆိုတော့ ဘာသာစကားအပေါ်မှာနည်းနည်းပဲ အာရုံစိုက်မယ် (Micro Attention) ဆိုတဲ့ အချက်နဲ့ ဘာသာစကားရဲ့ရှေ့ဗျူဟာ(Macro Strategies) များ နှစ်ရပ်အပေါ်ကို လွန်းထိုးသွားမယ်။ ဒါက ရှေ့က ဖြစ်ထွန်းခဲ့တဲ့ အယ်(လ)ကဗျာနဲ့ ကွဲပြားသွားတဲ့ အချက်ပဲ။
အဲဒီအမှတ်စဉ် ၂ (ခ) မှာပဲ နောက်ထပ်တစ်ချက်ကိုထပ်ပြောတယ်။ အရေးကြီးတဲ့ အချက်ပါ။ e.g, “the use of source materials in reframingor mixing” ဥပမာ မူရင်းရုပ်ဝတ္ထု (materials) ကို ပြန်လည်ဘောင်သွင်း သတ်မှတ်ခြင်း (သို့) ရောနှောခြင်းဖြင့် အသုံးပြုပုံ…လို့ ထပ်ဆက်တယ်။ ဒီတော့ အပေါ်က တင်ပြချက်နဲ့ အောက်ပါဥပမာတို့ကိုဆက်စပ်လိုက်ရင် သူတို့အသုံးပြုတဲ့ အရေးအသားတည်ဆောက်ပုံကို မှန်းလို့ရပြီပေါ့။ ပြောချင်တာကကွန်ဆက်အရေးအသားဟာ “ပြန်ကူး/ပြန်ရော” ခြင်းအားဖြင့် ဘာသာစကားရဲ့ အရေးတကြီးဖြစ်မှုကိုလျှော့ပစ်လိုက်တယ်။ ဒါပါပဲ။ ဒီတော့ ဖြစ်တဲ့ အကျိုးသက်ရောက်မှု (Production) ကို သိပ်ဂရုမစိုက်တော့ဘူး။ အဲဒီ ရလာဒ်/အကျိုး ဆိုတာကြီးကို ခေါက်သိမ်းပစ်လိုက်တယ်။ ဆိုလိုတာက ကျပမ်းနည်းနဲ့ စာလုံးတွေကိုရေးချင်ရေးမယ်။ အဲဒီလိုရေးလို့ ဖတ်လို့ရချင်မှရမယ်။ စာတစ်လုံးတည်း ငါးမျက်နှာလောက်ရေးမယ်။ ဘာဖြစ်လာမလဲ? ဘာရမလဲ? ဂရုမစိုက်တော့ဘူး။ အဲဒီ (Production material) ဆိုတာကို ဖယ်လိုက်တယ်။ ဒီတော့ သူက “Post-production” ဖြစ်သွားတယ်။ မူလအရေးအရာထားတဲ့ “Focus” လုပ်နေတဲ့ စာရေးပြီးသွားတဲ့ရလာဒ်ပေါ့။ အဲဒါကြီးကို “ကျော်”ပစ်လိုက်တယ်။
ဒါကြောင့် သူတို့က ဒီစာကြောင်းကို ခပ်ပြတ်ပြတ်ရေးချတယ်။“The primary focus moves from production to post-production” မူလရည်ရွယ်ချက်ဖြစ်တဲ့ အာရုံစူးစိုက်မှုဟာ “Production” မှ “Post-production” သို့ ရွှေ့ပြောင်းသွားတယ်လို့ဆိုတယ်။ စာတစ်မျက်နှာလုံး စာလုံးတစ်လုံးထဲကို ထပ်ခါထပ်ခါရေးပြီး အရူးထနေတာ မဟုတ်ဘူး။ Production ကို ရွေ့နေတာလို့ မှတ်ရမယ်။ ပုံမှန်အဲဒီလိုရေးပြီးရင် စာတစ်ပြင်လုံးကိုပဲ ဖတ်သူကကြည့်တယ်။ စာတစ်လုံးထဲ အရူးထပြီးရေးထားတာ။ ဖတ်တဲ့သူက ရုပ်ဝတ္ထုပရို (Materialof Production) ကိုပဲ မြင်တာကိုး။ ဆဲပြီပေါ့ ရေးသူကို။ ကွန်ဆက်အရေးအသားက အဲဒီမှာရပ်မနေဘူး။ သူက “ရုပ်ပရို” ကို ကျော်သွားပြီး “ဈာန်ပရို” (Mode of Production) ဆီကို သွားတယ်။ အဆုံးသတ်မှာရတဲ့ ရလာဒ်ထက် အဲဒါကို ရေးနေရတဲ့ Mood (ဈာန်) ဆီကိုသွားပြီး Production ဖြစ်သွားတယ်။ ပုံမှန် ရုပ်ပရို (Material Production) အဆင့်ကို ဖြုတ်လိုက်တယ်။ ဒါကြောင့် Post-production လို့ခေါ်တယ်။ အဲဒါက ပရိုဒပ်ရှင်းရဲ့ဈာန် (Mood of Production) လို့လဲခေါ်တယ်။ “Production of Mood” လို့လဲခေါ်တယ်။ အတူတူပဲ။ ရှေ့ကဖြစ်ထွန်းခဲ့တဲ့ အယ်(လ)ကဗျာမှာတော့ အီမိုးရှင်း (စိတ်ခံစးမှု) ကို သတ်လိုက်တယ်။ ဒါပေမယ့် ဈာန်ဝင်စားခြင်း (Mood) ကိုတော့သတ်လို့မရခဲ့ဘူး။ ဒါပေမယ့် တိတိကျကျ မဖော်ပြသွားဘူး။ သူတို့က ဘာသာစကားရဲ့ အသေးစိတ်ကိုဂရုစိုက်လွန်းနေခဲ့တယ်။ ဇာတ်ပြောသူ မရှိဘူး။ အခု CP ကျတော့ ဈာန်ဝင်စားခြင်းဆီ ပြန်သွားတယ်။ ဇာတ်ပြောသူရှိတယ်။ စကားလုံးနဲ့ပြောချင်ပြောမယ်။ပုံတွေနဲ့ ပြောချင်ပြောမယ်။ “Speech” ကို ပြန်အသက်သွင်းတယ်။ ဒါကြောင့် “ဂိုးစမစ်” က“ရောဘတ်ဂရီးနီးယား” ရဲ့ ဇာတ်ပြောမုန်းခြင်း (I Hate Speech) ကို “I Love Speech” လို့လုပ်ပြန်တယ်။ ဒီတော့ “ရောဘတ်” နဲ့ “ဗနက်ဆာ” တို့ ပူးတွဲရေးထားတဲ့ “CP” မှတ်စု အမှတ်စဉ် ၂ (ခ) ဟာ Production ကို တည်ပြီးရေးထားတဲ့ အမှတ်စဉ်ဖြစ်တယ်။ CP သမားတွေဟာ သူတို့ရဲ့အရေးအသားတွေကို အမနာပ ပြောသူတွေရဲ့ ရန်က ကာကွယ်ဖို့အတွက် “Production” ဆိုတဲ့ စကားလုံးကိုကောင်းကောင်းသိဖို့ လိုအပ်တယ်။ ဒီတော့ ရောဘတ်ဖာတီမန်နဲ့ဗနက်ဆာ တို့ဟာ Production နဲ့ပတ်သက်ပြီး ဇယားလေးတစ်ခုကို တစ်ပြပေးတယ်။ ပိုလွယ်သွားတာပေါ့။ Production သုံးမျိုးကိုချုပ်လိုက်ရင် အောက်ပါအတိုင်း တွေ့ရတယ်။
၁။ Mode Production (ဈာန်အာရုံခံစားမှုကိုပဲထုတ်ပေး)
၂။ Material Production (အဆုံးသတ်ရုပ်ဝတ္ထုကိုပဲ ထုတ်ပေး)
၃။ Post Production (အဆုံးသတ်ရုပ်ဝတ္ထုထုတ်ပေးမှုကိုချန်လှပ်)
ဆိုပြီး သုံးမျိုးသွားတွေ့တယ်။ ဒီတော့ CP အရေးအသား(စစ်စစ်) “Pure Appropriation” ကို ကျီးမကျကြောင်မကျအရော (Hybrid/Impire) နဲ့ နှိုင်းယှဉ်မယ်။
အပိုင်း (၂) (ဂ) မှာတော့ ရောဘတ်တို့က မှတ်စု (Note) လို့ပဲ ခေါင်းစဉ်တပ်ထားတယ်။ အဲဒီအပုဒ်မှာတော့ “CP” ရဲ့ နောက်ထပ်လက္ခဏာတစ်ရပ်ကို သတ်မှတ်ပါတယ်။ ဒါကလည်း CP မှာ မကြာခဏတွေ့နေရတဲ့ တည်ဆောက်ပုံ တစ်မျိုးကိုပါ။ ဒီမှတ်စုသုံးလေးကြောင်းကို မဖော်ပြခင် စာလုံးလေးတစ်လုံးကိုသိဖို့ လိုပါတယ်။ အဲဒါကတော့ “Mimetic” ပါ။ နာမဝိသေသန အနေနဲ့ အတုခိုးသော၊ လိုက်လုပ်သောလို့ အဘိဓါန်က ဆိုပါတယ်။ ဒီတော့ သူတို့ရဲ့ မှတ်စုထဲမှာ “Highly mimetic conceptualwriting” လို့ ညွှန်းတာဟာ ကွန်ဆက်ချူရယ် အရေးအသားဟာ “အရမ်းကိုအတုခိုးသော ကွန်ဆက်ချူရယ်အရေးအသား”လို့ ဆိုပြီး ဘာကို အတုခိုးသလဲဆိုရင် သူတို့ရေးတဲ့ စာလုံးတွေဟာ အမြင်ပုံသဏ္ဍာန် (Visual Image) ကိုပေးတဲ့ ကဗျာတွေလိုပဲ လို့ဆိုတယ်။ ဒီတော့ကာ ခုပြောနေတဲ့ ကွန်းဆက်ကဗျာဆိုတာဟာ “Visual” ကဗျာတွေရဲ့ တည်ဆောက်မှုမျိုးတွေ ပြန်ပါဝင်လာနိုင်တယ်။ စာလုံးများ (Words) နှင့်ရုပ်ပုံ (Image) ဆီကို ကူးဖို့ကြားမှာ ဘာအတားအဆီးမှ မရှိဘူး။ စကားလုံးဟာ အမြင်အာရုံကိုကိုယ်စားပြုတဲ့ ရုပ်ပုံဆီကို သွားမယ်။ ဒါမှမဟုတ် ရေးထားတဲ့ စာလုံးတွေကိုယ်တိုင်သည်ပင် ရုပ်ပုံတွေဖြစ်နေကြတယ်။ အဲဒီလို ကူးပြောင်းတဲ့ အခါမှာ ရသပိုင်းဆိုင်ရာနဲ့ ကျင့်ဝတ်ဖော်ပြမှုကိုသိသာထင်ရှားအောင် လုပ်မှာမဟုတ်ဘူး။
မှတ်စု ၂ (ခ) ရဲ့ အဆုံးသတ်စာကြောင်းမှာ ရောဘတ်တို့ကဒီလိုရေးပါတယ်။ “There is no aesthetic or ethical distinction between word andimage” လို့ဆိုပါတယ်။ ရောဘတ်နဲ့ ဗနက်ဆာဟာ အယူအဆတစ်ခုကို တင်ပြလာပါတယ်။ ဒါဟာ နည်းနည်းထူးဆန်းကောင်း ထူးဆန်းနေပါလိမ့်မယ်။ သူတို့က ဆရာမကြီး ဂါးထရုစတိုင်း (GertrudeStein) ရဲ့ နာမည်ကြီးစာအုပ် ဖြစ်တဲ့ “အမေရိကန်များအားပြုလုပ်ခြင်း” (Making American) ကို ညွှန်းပါတယ်။ သူတို့ပြောတာကတော့ လုပ်ဇာတ် (Fiction) နဲ့ သမိုင်း (History) ဟာ အတူတူပါပဲလို့ဆိုပါတယ်။ (ပြောရတာက နည်းနည်းတော့ အန္တရယ်များတဲ့ ကိစ္စပါပဲ) သူတို့ရဲ့ အယူအဆပါ။ သူတို့က လုပ်ဇာတ် Fiction
Fiction meaning poetry. (လုပ်ဇာတ်ဟူသော အဓိပ္ပါယ်သည် ကဗျာဖြစ်သည်)
Poetry meaning history. (ကဗျာဟူသော အဓိပ္ပါယ်သည် သမိုင်းဖြစ်သည်)
History meaning thefuture state of having been. (သမိုင်းဟူသောအဓိပ္ပါယ်သည် ဖြစ်ခဲ့ခြင်း၏ အနာဂတ်အခြေအနေ တစ်ခုပင်ဖြစ်သည်)
ဒါက ဂါးထရုစတိုင်းရဲ့ အမေရိကအားပြုလုပ်ခြင်းဝတ္ထု၏ အဓိကကျောရိုးပင်ဖြစ်သည်။
မှတ်စုအမှတ် ၂ (စ) ကို ကျွန်တော်တို့ တစ်ဆင့်တက်ကြည့်ရအောင်။ သူ့မူရင်းအရေးအသားကို ပထမ “တည်” ပြီးကြည့်မယ်။
The allegorical aspect of conceptualism serves to solderand wedge the gap between the object and concept keeping it open and closed.
ကွန်ဆက်ချူရယ်ဝါဒီရဲ့ အယ်လီဂိုရီကယ် အခန်းကဏ္ဍက ရုပ်ဝတ္ထုနဲ့ ချိတ်ဆက်တွေးခေါ်မှု ကွန်းဆက်ကြားမှာရှိတဲ့ အကွာအဝေးကို “ဖွင့်ချည်ပိတ်ချည်” လုပ်နေခြင်းဖြင့် ရည်ရွယ်ချက်နှစ်ခုကိုပေးလိုက်တယ်။
၁။ to solder (ဂဟေဆက်ပေးရန်/ ချိတ်ဆက်ပေးရန်)
၂။ to wedge (သပ်လျှိုချိတ်တွယ်ပေးရန်)
တို့ပဲဖြစ်တယ်။ (ဒီအသိကတော့ ကျွန်တော်တို့ဆီမှာ ကနဦးကတည်းကရှိပါတယ်။ သူပြောမှ တကူးတက သိတာမျိုးတော့မဟုတ်) မှတ်စုအမှတ်၂ (ဆ) ဂေါ့ဒဲ(လ်) သီအိုရမ် (Gödel’s Theorm) လို့ ရေးပါတယ်။
- ဇော်ဇော်ထွန်း