ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ကွန်ဆက်ကျူရယ် - Conceptual (6)

မှတ်စုအမှတ် ၂ (ဆ) ဂေါ့ဒဲ(လ်) သီအိုရမ် (Gödel’s Theorm) လို့ ရေးပါတယ်။ “enact” ဆိုတာက ဥပဒေပြုတာ၊ လိုက်နာတာ၊ သရုပ်ဆောင်ပေးတာလို့ အဓိပ္ပါယ်ဖွင့်ရမယ်။ ဒါကြောင့် ကွန်ဆက်ချူရယ်ဝါဒီတွေဟာ ဂေါ့ဒဲ(လ)ရဲ့ သီအိုရမ်ကို လိုက်နာပါတယ်။ အဲဒီသီအိုရမ်က ဘာရေးထားတုန်း။ သူကအကြောင်းအရာပိုင်း  Subject Matter ကို ခွဲပစ်လိုက်တယ်။ “subject” (အကြောင်းအရာ/ဘာသာ) “matter” (ကိစ္စ၊ပြဿနာ) ရဲ့ တည်မြဲမှု (ဝါ) ပြည့်စုံမှုဒီဂရီကို သဘာဝတရားကြီးထဲမှာရှိတဲ့ ဘာသာဗေဒ အရာဝတ္ထု/ရုပ်ပုံကို ဖြစ်စေတဲ့ ဒီဂရီကသာ ထိန်းညှိပေးနိုင်တယ်လို့ ဆိုတယ်။ အဲဒီ ဘာသာဗေဒ အရာ ဝတ္ထု/ရုပ်ပုံဆိုတာကန့်သတ်ရှိ (limited) ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကန့်သတ်မဲ့ (unlimited) ဖြစ်ချင်ဖြစ်မယ်။ အကြောင်းအရာပိုင်းကို ဘာသာဗေဒ ဝတ္ထုရုပ်လွှာနဲ့ပဲ သွားမယ်ပေါ့။ ကိစ္စတွေကို အဲဒီနည်းနဲ့တင်ပြမယ်။ ဖြေရှင်းမယ်လို့ဆိုတယ်။ (ရှေ့မှာလဲ ပြောနေတာတွေက ဒါမျိုးတွေချည်းပါပဲ။ ပိုခိုင်မာအောင်သီအိုရမ်တစ်ခုကို ဆွဲထုတ်လာတယ်လို့ပဲ ယူဆတယ်။) အတိုချုပ်ရရင် ရုပ်ပုံကလေးတွေ သုံးမယ်။ ကလေးကစားသလိုလို၊ အရူးထသလိုလို ဖြစ်မှာစိုးလို့သူတို့စည်းကို သူတို့သီအိုရမ်နဲ့ ကာထားတယ်ပေါ့။ ဒီနေရာမှာ ထူးခြားချက်လို့ မဆိုသာပေမယ့် ရောဘတ်နဲ့ ဗနက်ဆာတို့ သတိကောင်းပုံလေးကို တွေ့ရတယ်။ ဒီသြကာသလောကကြီးထဲမှရှိတဲ့ “object-image” ကို ကန့်သတ်ရှိ (limited) နဲ့ ကန့်သတ်မဲ့ (unlimited) လို့ သုံးသွားတာလေးကောင်းပါတယ်။ ဟုတ်ပြီ ဂေါ့ဒဲ(လ်)ကို လိုက်နာပြီဆိုရင်ရော ဘာဖြစ်သေးလဲ။ သူတို့ ဆက်ပြောတာက set (အစု) တစ်ခုဖြစ်သွားတယ်။ သင်္ချာမှာ သင်ရတဲ့ set ကို ဆိုလိုတာပါ။ အဲဒီအခြေအနေက “set” တစ်ခုကို သတ်မှတ်ခွင့်ပေးလိုက်တယ်။ အဲဒီအထဲမှာ ဘာတွေပါသလဲဆိုရင် -

၁။ The one-that is nothing (တစ်ခုကတော့မရှိခြင်းဆိုတဲ့အရာ)
၂။ The being-that is multipleposited by Alain Badiou (နောက်တစ်ခုကတော့ အေလိန်းဘဒိုင်ယို က နည်းမျိုးစုံနဲ့မှန်တယ်လို့သတ်မှတ်ထားတဲ့ သက်ရှိတွေ) လို့ဆိုပါတယ်။
         
            လန်ကန်နဲ့ ဆိုက်ကိုအနဲလစ်စစ်ရဲ့ အခြေခံကွန်းဆက်လေးမျိုး(The Four Fundamental Concepts of Psychonalysis) ကို ပြန်လက်ခံတယ်။ ပုဂ္ဂလအရေး(ဝါ) အတ္တကိုပြတဲ့ “self” ဆိုတာက စိတ်ကူးယဉ် တည်ဆောက်ထားတဲ့အရာဖြစ်တယ်။ ထူးခြားလာပါပြီ။ ရှေ့က ဘယ်ဆရာတွေ ဘေးမှာခေါက်ထားခဲ့တဲ့ “self”  ငါ/အတ္တ/ပုဂ္ဂလဆိုတာကြီးဟာ ဆရာကြီး လန်ကန် (Lancan) အားကိုးနဲ့ CP တွေ သယ်ချလာပါတယ်။ အခြားသူနဲ့တူတဲ့အခြားသူတွေကလည်း သူ့ကိုသိနေတဲ့ တစ်စုံတစ်ယောက်ရဲ့ အစိတ်အပိုင်းတွေနဲ့ ပြုလုပ်ထားတဲ့ ငါ (self) ဆိုတာဟာ စိတ်ကူးယဉ်တည်ဆောက်မှုတစ်ခုပါပဲ။ အဲဒီ self ကပဲ “contigent” ဆိုတဲ့မဖြစ်နိုင်တာကို အတည်ပေါက်လုပ်နေ/လေထဲ တိုက်ဆောက်နေတာကို ဖြစ်စေတယ်။ ဒါလည်း မှန်တာပဲ။ ဒါကြောင့် ကွန်တင်ဂျန်စီ “Contingency” လို့ခေါ်တဲ့ မဖြစ်နိုင်တာ(ဝါ) မဖြစ်သေးတာကိုပြုလုပ်မှုဆိုတာဟာ “self” ဆိုတဲ့ အတ္တဗဟိုပြုရှိနေသရွေ့ ရှိနေဦးမယ်။ ဟုတ်ပါပြီ။ “self” စိတ်ကူးယဉ်တည်ဆောက်မှု ဖြစ်တော့ ကဗျာမှာ ဘာဖြစ်သလဲ။ ဘာဆိုင်လို့တုန်း ကွန်းဆက်နဲ့ ငါ (self) ?။ ထပ်ပြောပါတယ်။ “The subject means the image self” ဆိုပြီး ထပ်ရေးတယ်။ ရှေ့က အယ်(လ)တွေ ပြတ်ပြတ်သားသား ဖယ်ထားတဲ့ “subject” ဆိုတာဟာ “The image self” “အတ္တရဲ့ရုပ်ပုံ”ပါပဲတဲ့။ မှန်တယ်လေ။ အဲဒီ subject ဆိုတာကြီးရော The image of self ဆိုတာကြီးရော ဘာဖြစ်တုန်း။ ဘာကို ဖန်တီးတုန်း ?။ ကွန်ဆက်ချူရယ် လစ်ဇင်တွေအတွက် ဘာထူးတုန်း? ။ အဲဒီ အတ္တ/ပုဂ္ဂလ/ငါဆိုတဲ့ self ရဲ့ ပုံရိပ်ဆိုတာက အတုအပကို ပြုလုပ်ပါတယ်တဲ့။ သူတို့က Mimicry (သို့) mimesis (ဟန်ဆောင်မှု) ရှိနေမှု “being” ဖြစ်နေမှုကို self ဆိုတဲ့ “subject” ကပေးတာ။ “လန်ကန်”ရဲ့ အလိုအရ အဲဒီ “self” ဆိုတာက contingent (မသေချာခြင်းကိုအားပြု) ကို ဖြစ်စေတယ်/ပြုလုပ်တယ်။ ရောဘတ်တို့၊ ဗနက်ဆာတို့ စကြာဝဠာနဲ့ချီပြီး ပြောပါရောလား။ အဲဒီ မဖြစ်နိုင်တာကို ကြိုတင်ပြုလုပ်ခြင်း (မရေရာခြင်းကို အားထားနေရခြင်း) သည်ပင် ထာဝရအမှန်တရားတစ်ခု ဖြစ်သည်တဲ့။ CP ကောင်တွေအဲဒီမှာ “အနတ္တ” ကိုတွေ့ပါတယ်။

            ဒီတော့ ဖလက်(ဖ)ကဗျာတုန်းကလိုပဲ ကွန်းဆက်ကဗျာသမားတွေဟာ အဘိဓါန်ရဲ့ မြောက်မြားလှတဲ့ စာလုံးတွေထဲက တစ်လုံးရွေးထုတ်လာတယ်။ “Mimesis” ပါ။ ဟန်ဆောင်မှု (ဝါ) တုပမှုပါ။ စကားတွေအများကြီး ပြောတယ်ဗျာ။ နမူနာလေးပေးပါဆိုရင်တော့ ရောဘတ်နဲ့ ဗနက်ဆာတို့ကငြင်းမှာ မဟုတ်ပါဘူး။ သူတို့က “Retype” လုပ်ပါတဲ့။ (ပြန်ကူး/ပြန်ရေး) ပေါ့။ ပြန်ကူးခြင်းဇာတ်လမ်းစပါပြီ။ သူက ထူးခြားတဲ့ တုပမှုတစ်ခုကို လုပ်ခိုင်းပါတယ်။ အဲဒါက “Redical Mimesis” အနေနဲ့နယူးယောက်တိုင်း(မ) သတင်းစာရဲ့ ကျပမ်းခေါင်းစဉ်တွေကို ပြန်ကူးပါလို့ ဆိုပါတယ်။ သူတို့ဟာအခြေခံကျတဲ့ စကားလုံး “Retype” ကို တိုက်ရိုက်သုံးစွဲခြင်းထက် “Replication” ဆိုတဲ့ပုံတူကူးခြင်းဆိုတဲ့ စကားလုံးကို သဘောကျပုံရပါတယ်။

- ဇော်ဇော်ထွန်း